May Honey Logo May Honey
Previous Next

၃၁။ နယ်မြေထဲမှာ စတော်ဘယ်ရီခင်းပျိုးမယ်

နောက်ဆုံးတော့ ကလေးမလေးက အစာစားသည်ကို မြင်မှသာ လင်းချင်းသည် အနည်းငယ် စိတ်သက်သာရာရသွားသည်။ သို့သော်လည်း စတော်ဘယ်ရီသီးပဲ စားနေ၍မဖြစ်ပေ။ ထို့ကြောင့် သူမသည် အခြားအစားအသောက်များ ရှာကျွေးရမည်။ သူမသည် ကလေးမလေးအား အချိန်တစ်ခုကြာသည့်အထိ ပြန်ပေးဖို့ အစီအစဉ်မရှိသဖြင့် သူမကိုယ်တိုင်ပဲ ရှာဖွေကာ ကျွေးမွေးထားတော့မည်။
သူမကိုယ်တိုင်လည်း အဝတ်တစ်ချို့လိုအပ်နေသေးသည်။ သူမ၏ကိုယ်အဆင်ပြေဖို့လည်း နည်းလမ်းရှာရဦးမည်။ ဒီလိုထုံကျဉ်နေခြင်းက အဆင်မပြေလှပေ။ သူမ၏အဆင့်ကနိမ့်သဖြင့် စွမ်းအားသည်လည်း နည်းသေးသည်။

‘ရှင်သန်ဖို့အတွက် အင်အားလိုတယ်’

လက်ရှိအခြေအနေတွင် သူမသည် အဆင့်ငါးဇွန်ဘီခေါင်းဆောင် သို့မဟုတ် သဘာဝလွန်စွမ်းအားရှင်နှင့် တိုးပါက သူမသည် အရိုက်ခံရမည်က အမှန်ပင်။ သူမ၏နယ်မြေထဲသို့ ပြေးပုန်းဖို့ အချိန်ရသည်က ကံကောင်း၍သာ။
ပြဿနာမှာ သူမက အင်အားကောင်းရန် ဘယ်လိုကြိုးစားရမလဲ မသိခြင်းသာ။

‘တခြားဇွန်ဘီတွေလို ငါလည်းဇွန်ဘီတွေ လိုက်သတ် အမြူတေတွေ စုသင့်လား? အဲ့လိုဆိုမှ အဆင့်သုံးအမြူတေက ငါ့အတွက် အကျိုးသိပ်မရှိသလိုပဲ။ ဒါမှမဟုတ် သဘာဝလွန်စွမ်းအားရှင်လူသားတွေပဲ အမြူတေအတွက် သတ်လိုက်ရမလား? ဒီတိုင်းလူသားကိုတော့ ငါမသတ်ချင်ပါဘူး။ ပစ်မှတ်က မကောင်းတဲ့သူတွေပဲ. . .ဒါကအဆင်ပြေလောက်တယ်။ ဒီကမ္ဘာပျက်ကပ်ခေတ်ကြီးမှာ မကောင်းတဲ့သူတွေကတော့ မရှိဘဲမနေပါဘူး။ လုထန်ယုက မကောင်းတဲ့သူမလား? သူ့ကိုသတ်သွားတဲ့သူတွေကရော?’

တကယ်လို့ လင်းချင်းက သူမ၏အင်အားများကို ပြန်ရပါက လင်းယုံးနှင့် အခြားရန်သူများကို စိတ်ပူနေစရာမလိုပေ။ သူမက အနိုင်ရဖို့ တန်းတိုက်လိုက်ရုံတင်သာ။
ပြီးတော့လည်း သူမသည် တောင်ဘက်သို့သွားကာ သူမ၏မိသားစုများကို သွားရှာဦးမည်။ သူမ၏အင်အားများကို ကြိုကောင်းအောင် လုပ်ထားခြင်းက ပိုကောင်းလိမ့်မည်။ သူမ၏လမ်းကြောင်းတွင် ဘယ်လိုအတားအဆီးများရှိနေသလဲ သူမမသိနိုင်ပေ။ ဒီကမ္ဘာတွင် ဇွန်ဘီတွေကသာ ကြောက်စရာဟုတ်မနေပေ။
လင်းချင်းက ဒါကိုတွေးပြီးသည့်အခါ နယ်မြေထဲက ထွက်လာရန် တွေးလိုက်သည်။ သို့သော်လည်း ကလေးမလေး၏ အပျောက်မခံချင်သည့် အမူအယာကို သတိရသည့်အခါ ကလေးမလေးက တစ်ယောက်တည်း ကျန်နေခဲ့သဖြင့် ပျင်းနေမှာ ကြောက်နေမှာကို နားလည်သွားသည်။
‘ဘာဖြစ်လို့ ယုန်နဲ့ပြေးတမ်းလိုက်တမ်း မကစားတာလဲ? ယုန်ကသေးပင်မယ့် သန်ပါတယ်။ ကိုက်မှာကြောက်လို့လား?’

လင်းချင်းက တွေးမိလိုက်သည်။

လင်းချင်းသည် နားကိုစွန့်ကာ ပတ်ဝန်းကျင်ကို သတိထားလိုက်သည်။ ထို့နောက် ယုန်နေရာကို အတိအကျသိရရန် အနံ့ပါခံလိုက်သည်. ထို့နောက် သူမသည် မြက်ခင်းထဲသို့ ထထွက်သွားသည်။
ဝူယွဲ့လင်းက သူမဘာလုပ်သလဲဆိုသည်ကို စိတ်ဝင်စားစွာ ကြည့်နေသည်။ ခနကြာသည့်အခါ လင်းချင်းက ယုန်ကိုသယ်လာသည်ကို သူမမြင်လိုက်ရသည်။
လင်းချင်းသည် ယုန်၏အမွေးပွနေသည့် ဂုပ်ကနေ မပြီးကိုင်လာသည်။ ယုန်သည် နားရွက်ကုပ်နေကာ မျက်လုံးရဲရဲလေးများက ပြူးကျယ်နေသည်။ ခြေနှစ်ဖက်က တွဲလောင်းကျနေကာ ရှေ့ခြေနှစ်ဖက်ကတော့ စားနေဆဲဖြစ်သည့် စတော်ဘယ်ရီသီးကို ကိုင်ထားသည်။
လင်းချင်းသည် ယုန်ကို ဝူယွဲ့လင်းဆီသို့ ပေးလိုက်သည်။ ကလေးမလေးက ခေါင်းကိုမော့ကာ သူမကိုကြည့်ပြီးနောက် ယုန်ကိုကြည့်လိုက်သည်။ သူမ၏အမူအယာကာ စိတ်ရှုပ်နေပုံရသည်။

‘ငါ့အတွက်လား? မလိုချင်ဘူး။ ယုန်က အရမ်းရုပ်ဆိုးတာပဲ။ မလိုချင်ဘူး’
ဝူယွဲ့လင်းသည် နှစ်ခါလောက် ပြန်ကြည့်ပြီးသည့်အခါ မကြိုက်သည့်ပုံဖြင့် ခေါင်းကို တစ်ဖက်သို့ လှည့်သွားသည်။

သူမ၏အတွေးများကို အာရုံရသည့်အခါ လင်းချင်းသည် ဆွံ့အသွားသည်။

‘ကလေးမလေးတွေက အမွေးပွအကောင်တွေကို ကြိုက်တယ်ဆို? သူများတွေက အဲ့လိုပြောကြတာပဲမလား? ဘယ်အရူးကောင်က အဲ့ဒီလိုပြောတာလဲဟ? ဒီရုပ်က မီးခိုးရောင်ဆိုပင်မယ့် ရုပ်မဆိုးပါဘူး။ မျက်လုံးကလည်း ဝိုင်းဝိုင်းလေး၊ နားရွက်ကလေး အရှည်ကြီး၊ ရှေ့သွားတွေကလေး ချစ်စရာလေးပါ။ တကယ့်ကို ချစ်စရာလေးပါ’

လင်းချင်းသည် ယုန်ကို အနားသို့ကပ်ကာ သေချာကြည့်ပြီးနောက် ချစ်ဖို့ကောင်းတာ သေချာမှ ဝူယွဲ့လင်းအား ထပ်ပေးပြန်သည်။ ဝူယွဲ့လင်းသည် ယုန်ကိုကြည့်တောင်မနေဘဲ ခေါင်းကိုလှည့်ကာ စတော်ဘယ်ရီသီးကိုသာ စားနေသည်။

ထို့ကြောင့် လင်းချင်းသည် ယုန်ကိုချပေးလိုက်ရတော့သည်။ ထို့နောက် ဝူယွဲ့လင်း၏ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ ကလေးမလေးသည် ခေါင်းမလျှော်တာကြာသဖြင့် စုစည်းထားသည့် ဆံပင်တို့မှာ စေးကပ်တောင်နေပြီ။ ဝူယွဲ့လင်းသည် သူမ၏ခေါင်းကို လာပုတ်သည့် လင်းချင်းကို မော့ကြည့်လိုက်သည်။

လင်းချင်းသည် ကောင်းကင်ကို လက်ညိုးထိုးပြပြီးနောက် သူမကိုပြန်ထိုးပြသည်။ ထို့နောက် ပျောက်ကွယ်သွားလေသည်။ ဒီအမူအယာက သူမပြန်တော့မည်ဖြစ်ကြောင်း ကလေးမလေးအား အသိပေးခြင်းသာ ဖြစ်သည်။
လင်းချင်းက ရုတ်တရပ်ပျောက်သွားသည့်အခါ ဝူယွဲ့လင်းသည် ခနတောင့်သွားကာ မျက်လုံးများကရဲလာပြီး နှုတ်ခမ်းကဆူထွက်လာသည်။ သူမသည် ဘေးကိုအလန့်တကြားကြည့်သော်လည်း လင်းချင်းကို မတွေ့ပေ။ ဒါမျိုးကို သူမခနခနကြုံရသဖြင့် လင်းချင်းမရှိတော့ကြောင်းသိသည့်အခါ ပြန်တည်ငြိမ်သွားသည်။
ထို့နောက် စားဆဲဖြစ်သည့် စတော်ဘယ်ရီသီးကို အကုန်စားလိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ ဘေးမှာရှိသည့် စတော်ဘယ်ရီသီးထဲမှ နောက်တစ်လုံးကို ယူလိုက်ကာ ဆက်စားနေသည်။

. . .

လင်းချင်းသည် နယ်မြေထဲမှ ထွက်လာသည့်အခါ စတော်ဘယ်ရီခင်းကို ကြည့်လိုက်သည်။ လရောင်က မြေပြင်ပေါ်သို့ ငွေရောင်အလင်းဖြင့် ဖြာကျလျှက်ရှိသည်။ စတော်ဘယ်ရီသီးများကို သူမ၏နယ်မြေထဲတွင် ကြာကြာခံအောင် သိုလှောင်၍မရသဖြင့် စတော်ဘယ်ရီပင်များကိုတော့ ပျိုးကာစိုက်၍ ရမလား တွေးမိသည်။
သူမသည် ဒီအတွေးပေါ်လာသည်နှင့် စတော်ဘယ်ရီသီးခင်းထဲသို့ ကုန်းထိုင်လိုက်ကာ အမြစ်များကို တူးတော့သည်။ သူမသည် ဘယ်လိုပြောင်းစိုက်ရသလဲ မသိသဖြင့် စတော်ဘယ်ရီအပင်အမြစ်သာမကာ မြေကြီးအချို့ကိုပါ တူးပြီးနောက် သူမ၏နယ်မြေထဲသို့ ပို့လိုက်သည်။
ကံကောင်းစွာဖြင့် သူမ၏လက်သည်းများသည် မြေကြီးတူးရာတွင် အလွန်အဆင်ပြေလေသည်။ သို့သော်လည်း သူမ၏လှုပ်ရှားမှုများသည် တောင့်နေဆဲပင်။ နောက်ဆုံးတော့ တစ်နာရီလောက် ကြာသည့်အခါ ဒီစတော်ဘယ်ရီသီးခင်းကြီးသည် လင်းချင်းဟု အမည်ရသည့် ဇွန်ဘီတစ်ကောင်ကြောင့် ပြောင်ရှင်းသွားတော့သည်။ စတော်ဘယ်ရီပင်များကို တူးထုတ်ပြီးသည့်အခါ လင်းချင်းသည် နယ်မြေထဲသို့ ဝင်လာသည်။
သူမနယ်မြေထဲသို့ ရောက်သည်နှင့် စတော်ဘယ်ရီသီးပင်များသည် မြက်ခင်းအလည်တွင် ပစ်ချခံထားရသည်ကို မြင်လိုက်ရသည်။ ထိုအချိန်တွင် ဝူယွဲ့လင်းသည် ဆေးထားသည့် နောက်ဆုံးကျန်သည့် စတော်ဘယ်ရီသီးနှစ်လုံးကို ကိုင်ထားကာ အဝေးကနေ လှမ်းကြည့်နေသည်။
စတော်ဘယ်ရီသီးပင်များတွင် စတော်ဘယ်ရီသီးများရှိနေကာ မဆေးကြောရသေးသဖြင့် အနံ့ဆိုးတို့က ပြင်းထန်နေသည်။ လင်းချင်းသည် အနံ့ဆိုးကို ဘယ်လိုမှမနေသဖြင့် စတော်ဘယ်ရီပင်များကို တစ်ပင်ချင်းစီခွဲလိုက်သည်။ ထို့နောက် ကျွင်းတူးကာ အပင်များကို တန်းထည့်ပြီးစိုက်လိုက်သည်။
ထိုအရာက အချိန်အတော်ကြာလေသည်။ သူမစတော်ဘယ်ရီပင်စိုက်ပြီးသည့်အခါ ဝူယွဲ့လင်းကို ထကြည့်လိုက်သည်။ ဝူယွဲ့လင်းသည် ကန်ဘေးတွင် မြက်ခင်းများပေါ်မှာ ကွေးကွေးလေးလှဲအိပ်နေပြီ ဖြစ်သည်။
လင်းချင်းသည် သူမ၏နဖူးကို ရိုက်လိုက်သည်။ သူမသည် ကလေးအိပ်ဖို့အတွက် တစ်ခုခုယူလာပေးသင့်သည်ကို သူမမေ့သွားခြင်းကြောင့်ဖြစ်သည်။

‘ကလေးမလေးက မြက်ခင်းပေါ်မှာ ဒီတိုင်းအိပ်နေတာက သနားစရာလေး’

သူမသည် ကန်ဘေးသို့သွားကာ လက်ဆေးလိုက်သည်။ သူမ၏လက်မှ မြေကြီးများကို သေချာစွာ ဆေးကြောပြီးသည့်အခါ သူမစိုက်ထားသည့် စတော်ဘယ်ရီခင်းကို ကြည့်လိုက်သည်။ စတော်ဘယ်ရီပင်များက ငိုက်စိုက်ကြနေသဖြင့် နောက်မှ သူမရေလောင်းပေးရလိမ့်မည်။
ထို့နောက် နယ်မြေထဲမှ ပြန်ထွက်လာသည်။ သူမသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ အနားတွင် အိမ်လိုသဏ္ဍာန်ကို တွေ့လိုက်သည်။ ဒါက ကမ္ဘာပျက်ကပ်မတိုင်ခင်က စတော်ဘယ်ရီခင်းပိုင်ရှင်၏ အိမ်ဖြစ်လောက်သည်။
သူမသည် ထိုအိမ်ရှိရာသို့ ခက်ခဲစွာ လျှောက်သွားလိုက်သည်။ ထိုအိမ်၏ တံခါးနှင့် ပြတင်းပေါက်များက ပျက်စီးနေကာ အိမ်ထဲတွင် ပွတနေကာ စွန့်ပစ်ခံရပုံပေါက်နေသည်။ ဒီအိမ်သည် ဖောက်ထွင်း လုယက်ခံရသည်မှာ ကြာပုံရပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အိမ်ထဲတွင် အခုတော့ ဖုန်တွေက အပြည့်ဖြစ်နေသောကြောင့်ပင်။
    	လင်းချင်းက အိမ်ထဲသို့ဝင်လာကာ လျှောက်ကြည့်လိုက်သည်။ အကုန်လုံးကို ယူသွားပုံရသဖြင့် ဘာမှသိပ်မကျန်တော့ပေ။ သူမသည် ဧည့်ခန်းနှင့် အိပ်ခန်းများကို လိုက်ရှာကြည့်သော်လည်း အိပ်ရာအဟောင်းတစ်ခုမှ မတွေ့ပေ။ သူမသည် ဝါးဖြင့်လုပ်ထားသဖြင့် အခုအချိန်အထိ မကျိုးပဲ့သေးသော ဖုန်တက်နေသည့်ဖျာတစ်ခုကိုသာ တွေ့သည်။ 
Previous Chapter 31 of 198 Next