ရှောင်ယွင်လုံသည် ဝူချန်းယွဲ့ကို စိတ်ရှုပ်စွာဖြင့်ကြည့်ကာ မေးသည်။ “ဟင်? ငါတို့အကူအညီမလိုဘူးဆိုရင်လည်း ဘာဖြစ်လို့ လူအများကြီးခေါ်လာတာလဲ?”
ဝူယွဲ့လင်းသည် သူ့အားခေါင်းတစ်ချက်မော့ကြည့်ပြီးနောက် ဝူချန်းယွဲ့၏ ပေါင်ပေါ်သို့တက်သည်။ သမီးများသည် အဖေတို့၏ အရင်ဘဝက ချစ်သူများဖြစ်ခဲ့သည် ဟူသည့် လူအချို့ကပြောခြင်းကို ရှောင်ယွင့်လုံသည် ဝူယွဲ့လင်းက သူ့အဖေကို အရမ်းကပ်တွယ်နေသည်ကို မြင်သည့်အခါ ယုံချင်သွားသည်။
ဝူချန်းယွဲ့သည် သူ့သမီးကို ဖက်လိုက်ကာ သူ့အားခပ်ဖွဖွပြုံးရင်းဖြင့် “မင်းကငတုံးလား? ငါဇွန်ဘီဘုရင်ကို သွားရှာတယ်လို့ပြောပင်မယ့် ငါတို့ကတော့ အထောက်အပံ့တွေ လိုက်ရှာဖို့လိုသေးတယ်။ ဇွန်ဘီအများကြီးရှိလို့ ဒီနေရာကို ငါတို့မရှင်းရသေးဘူး။ ဇွန်ဘီဘုရင်ကို တွေ့ပြီးသတ်လိုက်ရင် သူ့နယ်နမိတ်ထဲက အထောက်အပံ့တွေအကုန် ထုတ်ပိုးယူလာရုံပဲ။ ငါတို့မတွေ့ဘူးဆိုရင်လည်း ငါတို့အဓိက အလုပ်က ရိက္ခာစုဖို့ပဲလေ”
မုန့်ယွဲ့သည် မျက်လုံးကို လှန်လိုက်ကာ ရှောင်ယွင့်လုံအား “နင့်ဦးနှောက်က ဘယ်လိုများ အလုပ်လုပ်နေလဲ ငါတကယ်အံ့သြတယ်။ ဒါပင်မယ့် ထားပါတော့! နင့်စားသမျှ အဟာရတွေအကုန်လုံးက နင့်ကြွက်သားတွေထဲ ရောက်သွားတော့လည်း ဦးနှောက် ဘယ်အာဟာရဘယ်ရပါ့မလဲ” ဒီလိုပြောပြီးနောက် သူမသည် လမ်းအခြေအနေကို ကြည့်လိုက်သည်။
“ဟာ. . .ယွဲ့ နင်ကလည်း ငါတုံးတယ်လို့ ဒီတိုင်းပြောလည်း ရပါတယ်။ ဒါပင်မယ့် ဦးနှောက်က အာဟာရမရတာက ဘာကြီးလဲ? ရှင်းရှင်းပြောလို့မရဘူးလား?” ရှောင်ယွင့်လုံက ပြောသည့်အခါ မုန့်ယွဲ့သည် မျက်လုံးလှန်မိသွားပြီး ဝူချန်းယွဲ့ကတော့ ပိုပြုံးမိသွားသည်။
ဝူယွဲ့လင်းသည် သူမ၏မျက်လုံးတောက်တောက်လေးများဖြင့် သူတို့ကို ကြည့်နေသည်။ ရှောင်ယွင့်လုံသည် သူမ၏နှာခေါင်းထိပ်လေးကိုထိကာ မေးသည်။ “အန်တီယွဲ့ပြောတာကို သမီးသိလား? လေးလေးရဲ့ ဦးနှောက်က အာဟာရမရဘူးတဲ့။ လေးလေးကတုံးတယ်လို့ ပြောနေတာ။ တုံးတယ်ဆိုတာကိုသိလား? လင်းလင်းလေး နားလည်ရဲ့လား?”
ဝူချန်းယွဲ့သည် ဝူယွဲ့လင်း၏ ဆံပင်လေးကို သပ်ပေးရင်းက ရယ်ရင်းပြောသည်။ “သူနဲ့စကားမပြောနဲ့သမီး။ သူ့တုံးတာတွေ သမီးကို ကူးသွားမယ်”
ထိုအခါ ဝူယွဲ့လင်းသည် ချက်ချင်းပဲ ရှောင်ယွင့်လုံဖြင့်ဝေးအောင် သူမ၏ခြေလက်များကို ကွေးထားလိုက်တော့သည်။
ထိုအခါ ရှောင်ယွင့်လုံသည် မကျေနပ်ဖြစ်သွားကာ “ဟင်? ဘာဖြစ်လို့ကူးစက်တက်ရမှာလဲ? ငါက ဘယ်မှာတုံးလို့လဲ? သမီးရဲ့အဖေက လျှောက်ပြောနေတာ လေးလေးက အဲ့ဒီလိုမဟုတ်ဘူး”
စကားပြောနေရင်းဖြင့် ဝူယွဲ့လင်းလေးကို ထိဖို့လုပ်သော်လည်းကလေးမလေးသည် မျက်နှာကိုရှောင်ဖယ်ကာဖြင့် သူ့ဖြင့်ဝေးအောင်နေလေသည်။ ထိုအချိန်တွင် ရှောင်ယွင့်လုံသည် သူမ၏အိတ်ကပ်ထဲမှ မြက်လိုဟာကို တွေ့လိုက်သဖြင့် ထုတ်ယူလိုက်သည်။
“လင်းလင်း ဒါဘာလေးလဲ?” စကားပြောရင်းဖြင့် ထိုမြက်ခြောက်ကိုဆွဲထုတ်လိုကသော်လည်း ဝူယွဲ့လင်းသည် သူ့ကိုပြန်မကြည့်ပေ။ ထိုမြက်ပုစဉ်းရုပ်လေးသည် ညိုခြောက်နေပြီဖြစ်သော်လည်း လုပ်ထားသည်မှာ သေသပ်လွန်းသည်။
သူမ၏အိတ်ကပ်ထဲမှ တစ်ခုခုကိုထုတ်ခံလိုက်ရသည်ကို ခံစားမိသဖြင့် ဝူယွဲ့လင်းသည် ပြန်ကြည့်လေရာ သူမ၏ပုစဉ်းရုပ်လေးကို ကိုင်ထားသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် လက်ကိုဆန့်တန်းကာ ပြန်ဆွဲလုဖို့ လုပ်တော့သည်။ ထိုအချိန်တွင် သူမသည် ကူးစက်တက်တာ မကူးစက်တက်တာကို သတိမရတော့ဘဲ သူမအရုပ်လေးကိုသာ ပြန်လိုချင်တာပဲ သိတော့သည်။
သို့သော်လည်း ရှောင်ယွင့်လုံသည် လူကြီးတစ်ယောက် ဖြစ်လေရာ သူမလို ကလေးမလေးက ဘယ်လိုလုပ် လုနိုင်မည်နည်း? ရှောင်ယွင့်လုံသည် ပုစဉ်းရုပ်ကိုမြှောက်လိုက်ကာ လက်လက်တစ်ဖက်ဖြင့် ပြန်ဖမ်းလိုက်သည်။
“လင်းလင်း သမီးရဲ့ခေါင်းကိုင်ဖေဖေကို ပြောပြ။ ဒါကိုဘယ်ကရလာတာလဲ? လေးလေးက ဒါမျိုးသမီးကို မလုပ်ပေးဖူးဘူး” ရှောင်ယွင့်လုံသည် ဝူယွဲ့လင်းယူမရအောင် သူမနှင့်ဝေးရာတွင် ထားလိုက်ရင်း မေးသည်။
ဝူချန်းယွဲ့သည်လည်း ပုစဉ်းရုပ်ကို စိတ်ဝင်တစားကြည့်နေသည်။ သူ့သမီးတွင် ဒါမျိုးရှိမှန်း သူတောင်မသိပေ။ မုန့်ယွဲ့သည်လည်း လှည့်ကြည့်လာသည်။ ထိုမြက်ပုစဉ်းရုပ်လေးသည် ခြောက်သွေ့ကာ ညိုနေသော်လည်း ချစ်ဖို့ကောင်းနေသေးကြောင်း သိလိုက်သည်။
“ဟင်? ဒါလေးက တကယ်နူးညံ့တာပဲ!” သူမသည် ပြောရင်းဖြင့် ရှောင်ယွင့်လုံ၏ လက်ထဲကနေ ယူသွားကာ သူမလက်ပေါ်သို့ တင်ကြည့်သည်။
ဝူယွဲ့လင်းသည် သူမ၏ အဖိုးတန်အရုပ်လေးကို ပြန်ရဖို့ ရှောင်ယွင့်လုံဆီက လုသော်လည်း မရသလို အခုတော့ မုန့်ယွဲ့၏ လက်ထဲသို့တောင် ရောက်သွားသဖြင့် သူမပြန်ယူ၍မရလောက်သည်ကို သိသွားသည်။ ထို့ကြောင့် မျက်နှာကိုမဲ့၍ နှုတ်ခမ်းလေးဆူကာ သူ့အဖေပေါင်ပေါ်ကနေဆင်းပြီး အရင်နေရာသို့ စိတ်တိုစွာဖြင့် ပြန်ထိုင်နေသည်။
“ဟင်? လင်းလင်း? စိတ်ကောက်သွားတာလား?” ဝူချန်းယွဲ့သည် သူမကိုတအံ့တသြကြည့်ည်။ နှစ်စက္ကန့်လောက်တွင်းမှာ သူ့သမီး၏ မျက်နှာထားသည် သိသိသာသာကို ပြောင်းလဲသွားသည်ကို သူတွေ့လိုက်ရသည်။
ရှောင်ယွင့်လုံသည်လည်း သူ့ဘေးက ကလေးမလေးကို သေချာကြည့်ကာ “ဟုတ်တယ်ထင်တယ်” ထို့နောက် သူ့မျက်လုံးများသည် တောက်ပသွားကာ “ပြန်ရောက်လာတည်းက မျက်နှာမှာ အမှုအယာတော်တော်များများကို ပြလာတယ်ဆိုတာကို မင်းသတိထားမိလား? ဒါကတကယ်ကောင်းတာပဲ”
တကယ်တော့ သူတို့သုံးယောက်လုံးသည် ဒါကိုသတိထားမိတာ ကြာပြီ။ ဝူယွဲ့လင်းသည် အရင်ကလောက် လူမကြောက်တက်တော့ပေ။ အနည်းဆုံးတော့ ရှောင်ယွင့်လုံကိုမြင်တိုင်းလည်း အရင်လိုပုန်းမနေတက်တော့ပေ။ ထို့အတူ ကားမောင်းသည့်သူကိုလည်း အများကြီးဖော်ရွေလာသည်။
ထိုအချိန်တွင် မုန့်ယွဲ့၏လက်ထဲမှ အပင်ပေါက်လေးတစ်ခု ထွက်လာသည်။ ထိုအပင်လေးသည် ခပ်မှိန်မှိန်လေး တောက်ပနေရင်းက မြက်ပုစဉ်းရုပ်လေးဆီသို့ ကိုင်းညွတ်လာသည်။
“လင်းလင်း ဒီကိုကြည့်” မုန့်ယွဲ့သည် ဝူယွဲ့လင်းကို ပြုံးကြည့်ကာ ပြောသည်။ ဒီလိုပြောနေရင်း အစိမ်းရောင်ဖျော့ဖျော့လေးများသည် အပင်လေးကနေ မြက်ရုပ်လေးသို့ ကူးနေသည်။ မကြာခင်တွင်ပဲ မြက်ပုစဉ်းရုပ်လေးသည် အရင်လိုပြန်စိမ်းလန်းသွားတော့သည်။
ထိုအခါ ဝူယွဲ့လင်းသည် အံ့သြသွားသည်။ သူမသည် မြက်ပုစဉ်းရုပ်လေးကိုသာကြည့်ကာ ဒေါသထွက်နေသည်ကိုတောင် မေ့သွားလေသည်။ မုန့်ယွဲ့သည် သူမအား မြက်ပုစဉ်းရုပ်လေးကို ပြန်ပေးလိုက်သည်။ ကလေးမလေး၏ အမှုအယာအရဆိုလျှင် ဒီအရုပ်လေးကို အရမ်းတန်ဖိုးထားနေသည်မှာ သိသာလွန်းလှသည်။
“ဒီအရုပ်လှလှလေးကို ဘယ်သူလုပ်ပေးလဲဆိုတာကို ဖေဖေ့ကို ပြောပြပါလား?” ဝူယွဲ့လင်းက အရုပ်လေးကို ဂရုတစိုက်ဖြင့် ပြန်ယူနေသည်ကို ပြုံးကြည့်ရင်းဖြင့် ဝူချန်းယွဲ့ကမေးသည်။
ဝူယွဲ့လင်းသည် သူ့အားတစ်ချက်မော့ကြည့်သော်လည်း မေးခွန်းကို ပြန်မဖြေပေ။ အခြားသူများကို လျစ်လျူရှုလိုက်ကာ ပုစဉ်းလေကို သူမ၏အိတ်ကပ်ထဲသို့ ပြန်ထည့်ပြီးနောက် ဘယ်သူမှလုယူ၍မရအောင် သူမ၏လက်လေးဖြင့် ပိတ်ကာထားသည်။ ထို့နောက် ရှောင်ယွင့်လုံဖြင့် ဝေးရာသို့ ဝူချန်းယွဲ့ကို ကျော်ခွလိုက်ပြီး ဘေးသို့သွားထိုင်သည်။ ဤသို့ဖြင့် သူမသည် ဝူချန်းယွဲ့ကို သူမနှင့် ရှောင်ယွင့်လုံတို့ကြားတွင် ထားလိုက်ခြင်းဖြစ်သည်။
ထိုအခါ ဝူချန်းယွဲ့နှင့် ရှောင်ယွင့်လုံတို့သည် ဘာပြောရမလဲ မသိတော့ပေ။ မုန့်ယွဲ့ကတော့ သူတို့ကိုမဲ့ပြုံးဖြင့်ကြည့်ကာ “ငါတို့လင်းလင်းလေးက ကြီးလာပြီ။ နင်အနိုင်ကျင့်လို့မရတော့ဘူး။ မဟုတ်ရင် သူလက်စားချေလို့ နင်သေသွားလိမ့်မယ်”
ဝူချန်းယွဲ့သည် ဝူယွဲ့လင်း၏ခေါင်းကိုပွတ်ပေးရင်းက သူ့နှင့်နီးအောင် ပြန်ဆွဲထားလိုက်သည်။ ရှောင်ယွင့်လုံကတော့ သူမကိုကြည့်နေရင်းဖြင့် “ကလေးမလေးက ဒီမြက်ပုစဉ်းရုပ်ကို ဘယ်ကနေ ရလာတာလဲ? ခြောက်နေတော့ ရထားတာကြာပုံပဲ”
မုန့်ယွဲ့သည် ခေါင်းခါကာ “ငါလည်းလုပ်မပေးဖူးဘူး။ ဒါမျိုးကို ဘယ်လိုလုပ်ရလဲ ငါမသိဘူး။ ပြီးတော့လည်း ဒီမြက်ပုစဉ်းရုပ်မှာ ထူးဆန်းတာ မရှိဘူး။ ငါစစ်ကြည့်တော့ သန့်နေတယ်”
ရှောင်ယွင့်လုံသည် ဝူချန်းယွဲ့ကို ကြည့်သည့်အခါ ဝူချန်းယွဲ့က ပြုံးရင်းဖြင့် “ဘာဖြစ်လို့ ငါ့ကိုကြည့်တာလဲ? ငါဒါမျိုးလုပ်တာ မင်းမြင်ဖူးလို့လား?”
“ဒါဆိုရင် ဘယ်သူကပေးထားတာလဲ?” ရှောင်ယွင့်လုံသည် စိတ်ရှုပ်စွာဖြင့် ပြောသည်။
ဝူယွဲ့လင်းသည် ပြန်ရောက်လာတည်းက သူတို့သုံးယောက်အပြင် အခြားဘယ်သူများဖြင့် အချိန်ဖြုန်းတာမျိုးမရှိခဲ့သဖြင့် ဒီအရုပ်လေးက ဘယ်ကနေ ရောက်လာသနည်း? ရှောင်ယွင့်လုံသည် စိတ်ရှုပ်နေစဉ် ဝူချန်းယွဲ့ကတော့ ဖြစ်နိုင်ချေတစ်ခုကို တွေးမိသည်။ ဒီမြက်ရုပ်၏ အခြေအနေအရဆိုရင် လင်းလင်းသည် စခန်းသို့ ပြန်မရောက်ခင် ရခဲ့တာဖြစ်မည်။ သူမသည် တစ်ချိန်လုံးဖွက်ထားလေရာ ဖခင်ဖြစ်သည့်သူတောင် မသိခဲ့ပေ။