May Honey Logo May Honey
Previous Next

၁၄၃။ ရေအစွမ်း

အခြားသူများသည်လည်း ပတ်ရှာကြည့်ပင်မယ့် လင်းချင်းက တကယ်ပျောက်သွားတာ ဖြစ်သည်။ 

“နယ်မြေထဲကို ပြန်ဝင်သွားတာလား?”   တူယွမ်ရှင်းက အသံထွက်ကာ တွေးရင်းပြောသည်။   “ကပ္ပတိန်ကြီး ခုနတုန်းက သူဘယ်လိုကုလဲဆိုတာ သိလား?”

လင်းဖန်သည် ခေါင်းခါကာ   “ငါ့ကိုဘယ်လိုကယ်လဲ မင်းတို့ရော မမြင်ဘူးလား? ငါကသတိမေ့နေတော့ ဘယ်လိုလုပ်သိမှာလဲ?”

“နယ်မြေထဲကို ခေါ်သွားတာ”   လင်းဟောင်က ပြောသည်။   “အဲ့ဒါကြောင့် ကျွန်တော်တို့လည်း သူဘယ်လိုလုပ်လိုက်လဲ ဆိုတာကို မသိလိုက်ဘူး။ ခွင့်ပြုချက်တောင် မတောင်းဘဲနဲ့ ခေါ်သွားတာ။ ခိုးသွားတယ်လို့တောင် ပြောလို့ရသေးတယ်”

လင်းဖန်သည် လင်းဟောင်၏ အသံတွင် မကျေနပ်မှုတို့ ပါနေသည်ကို ခံစားမိသဖြင့် လင်းဟောင်အား တအံ့တသဖြင့် မေးသည်။   “သူခိုးသွားတာ. . .ငါ့ကို လျှို့ဝှက်ခေါ်သွားတယ်ပဲ ထားပါတော့။ မင်းတို့မမြင်ဘူးလား? ဘယ်လိုခေါ်သွားလဲ ဆိုတာကို?”

ရုတ်တရတ် ဒီဇွန်ဘီက သူ့ဦးနှောက်ကို ဖောက်မစားသည်က ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ ဒီလိုဖြစ်ပါက ဒီလိုအပြင်သို့ ရောက်လာနိုင်မည်တောင် မဟုတ်တော့ပေ။ ဒါကိုတွေးမိရုံဖြင့် သူ့တစ်ကိုယ်လုံးတွင် ကြက်သီးများ ထသွားသည်။

အခြားသူများသည် သူ့မေးခွန်းကို ဖြေဖို့လုပ်ချိန်တွင် သဏ္ဍာန်တစ်ခုက ပေါ်လာသည်။ လင်းချင်းက ရေတစ်ခွက်ကိုင်ကာ ထွက်လာခြင်း ဖြစ်သည်။ ထို့နောက် တူယွမ်ရှင်းကို ကမ်းပေးကာ ယွမ်ထန်ရှင်းကို လက်ညိုးထိုးပြသည်။

“သူ့အတွက်လား? ဒါဘာရေလဲ?”   တူယွမ်ရှင်းသည် ရေခွက်ကိုကြည့်ကာ ဘာဖြစ်လို့လဲ ဆိုသည်ကို မသိပေ။ လင်းဟောင်ကို မပေးသေးဘဲ အခြားသူများကို တစ်ချက်ကြည့်လိုက်သည်။ ဒုခေါင်းဆောင်ကို မတိုက်ရဲသေးခြင်းမှာ ရေသောက်ပြီးရင် ဘယ်လိုဖြစ်မလဲ ဆိုသည်ကို မသိနိုင်သောကြောင့် ဖြစ်သည်။

လင်းချင်းသည် တူယွမ်ရှင်းဘေးကနေ စာအုပ်ထုတ်ကာ ရေးရပြန်သည်။ သူမထွက်လာသည့်အခါ လုံချင်းယင်ကလွဲ၍ အကုန်လုံးသည် နောက်သို့ ဆုတ်ထားကြသည်။ လင်းချင်းသည် ဇွန်ဘီဖြစ်နေသောကြောင့် လူများက သူမနှင့်ဝေးဝေးနေချင်ကာ အနားသို့ အကပ်ခံတာပဲ ကောင်းလွန်းနေတာဖြစ်ကြောင်း သိသဖြင့် ဂရုမစိုက်ပေ။ လင်းဖန်ကို သူမသာ ကယ်ပေးမထားရင် ဒီလူများသည် သူမကို ဒီလိုမျိုး ငြိမ်းချမ်းစွာ ရင်ဆိုင်ရဲမှာတောင် မဟုတ်ပေ။ မိသားစုကတောင် သူမကို ထူးဆန်းကာ အန္တရာယ်များသည့် ဇွန်ဘီဟု မြင်နေကြသည်။

လင်းချင်းသည် စာရေးပြီးသည့်အခါ စာရွက်ကို မဖြဲတော့ဘဲ တူယွမ်ရှင်းအား စာအုပ်လိုက် ပြလိုက်သည်။   ‘လင်းဖန်ကို ဒီလိုရေမျိုး များများတိုက်ပေးရုံအပြင် ငါဘာမှမလုပ်လိုက်ဘူး’

တူယွမ်ရှင်းဘေးတွင် အမျိုးသမီးလင်းပါ ရှိနေသဖြင့် သူမကလည်း စာကိုဖတ်ကြည့်သည်။

“ဒါက နင့်ရေကန်ကမလား?”
တူယွမ်ရှင်းသည် လင်းချင်း၏ နယ်မြေထဲတွင် ရေကန်ရှိကြောင်း သိသည်။ ရေကန်ကလွဲလျှင် သူမ၏နယ်မြေထဲတွင် အခြားရေမရှိပေ။ ထိုကန်က ယန်ချောင်းကို သေစေသည်။ ကန်ရေထဲတွင် လူသေနှင့် ဇွန်ဘီသေတစ်ကောင် စိမ်ထားသလို ဖြစ်နေခြင်းက. . . တူယွမ်ရှင်းသည် ဒီအကြောင်းကို အခြားသူများကို မပြောဖို့ တွေးလိုက်သည်။ အစတုန်းက သူလည်း အဲ့ဒီကန်ရေကို သောက်လိုက်သည်ဖြစ်သည်။
‘ဒါပင်မယ့် ကန်ရေက အတွင်းဒဏ်ရာတွေကို ကုနိုင်လို့လား?’

လင်းချင်း၏စာအရ လင်းဖန်သည် ရေသောက်ရုံဖြင့် ထကာလမ်းလျှောက်နေနိုင်ပြီ။ သို့သော်လည်း တူယွမ်ရှင်းသည် မယုံချင်ပေ။ ရေထဲသို့ ဒီဇွန်ဘီက တစ်ခုခုထည့်ထားမလား တွေးနေမိသည်။

လင်းချင်းက ခေါင်းငြိမ့်ကာ စာအုပ်ကို ပြန်ချလိုက်သည်။ ရေတွင် ကုသနိုင်စွမ်းပါကြောင်း သူမပြောထားသော်လည်း ဒီလူများက ယုံမယုံတော့ သူမလည်း မသိပေ။ သူတို့မယုံဘဲ ငြင်းလိုက်ပါက ယွမ်ထန်ရှင်းကို သူမ၏နယ်မြေထဲသို့ ကူညီပေးဖို့ ခေါ်သွားရမည်။

ထိုအချိန်တွင် အမျိုးသမီးလင်းသည် အရမ်းအံ့သြနေပုံရသည်။ ဒီဇွန်ဘီ၏ လက်ရေးကို သူမအရမ်းရင်းနှီးနေသလို ခံစားရသည်။ အထူးသဖြင့် လင်းဖန်ဟု ရေးထားသည့် နေရာတွင်ဖြစ်သည်။

တူယွမ်ရှင်းက ခနတွေးပြီးနောက် လင်းဟောင်ကို ရေပေးလိုက်ကာ   “ကြည့်လိုက်ပါဦး။ ကန်ထဲရေဆိုတော့ ငါကတော့ အဆင်ပြေမယ်ထင်တယ်”

လင်းဟောင်သည် ရေထဲသို့ လက်ချောင်းကိုနှစ်လိုက်ပြီးနောက်   “သူ့နယ်မြေထဲမှာ ရေကန်ရှိတယ်လား? ဘယ်လောက်ကြီးလဲ?”

တူယွမ်ရှင်းသည် တွေးပြီးနောက်   “ပေ၁သောင်းတစ်ပတ်လည်လောက်ရှိတယ်။ ရေကန်ကတော့ ဘောလုံးတစ်ကွင်းစာလောက်”

လင်းဟောင်သည် ခွက်ထဲကရေကိုကြည့်ကာ    “ဟင်? ဒီရေထဲမှာ ထူးခြားတာတစ်ခုခုကို ခံစားမိတယ်။ ဘာလည်းတော့ မပြောတက်ဘူး”

သူ့စကားသည် လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။ လင်းဖန်က   “ဘာလဲ?”

လင်းဟောင်က မျက်လုံးမှိတ်ကာ ရေကိုအနံ့ခံကြသည်။ ထို့နောက် မျက်လုံးပြန်ဖွင့်ကာ   “စွမ်းအင်တွေပြည့်နေတယ်. . .နူးညံ့တဲ့စွမ်းအင်။ ဘာလဲတော့ မသိဘူး”  
အခြားသူများသည် သူ့အားစိတ်ဝင်စားစွာကြည့်ကာ တစ်ယောက်က   “ဘာစွမ်းအင်လဲ နင်မသိဘူးလား? ဒါကအန္တရာယ်ရှိလား?”

“စွမ်းအင်? ငါလည်းခုနက ကန်ရေသောက်သေးတယ်။ ဒါပင်မယ့် ဘာစွမ်းအင်မှ မခံစားမိပါဘူး”   တူယွမ်ရှင်းက တအံ့တသြပြောသည်။

လင်းဟောင်သည် ခနတွေးပြီးနောက် ရေတစ်ငုံသောက်ကြည့်သည်။ ရေကိုငုံထားကာ လျှာဖြင့် အာရုံခံကြည့်သည့်အခါ သူ့ပါးစပ်ထဲတွင် နူးညံ့သည့်စွမ်းအင်စီးကြောင်း တစ်ခုကိုသိလိုက်သည်။ သူ့ပါးစပ်ထဲတွင် ကုသစရာ ဒဏ်ရာမရှိသဖြင့် စွမ်းအင်က သူ့အားသက်သောင့်သက်သာဖြစ်စေသည်။ သူမြိုချလိုက်သည့်အခါ သူ့ဗိုက်ကို တစ်ယောက်ယောက်က နှိပ်ပေးနေသလို ခံစားရသည်။ သူမကြာခင် အိမ်သာတက်ရလောက်တော့သည်။

လင်းဟောင်သည် ခေါင်းငြိမ့်ကာ   “အန္တရာယ်မများဘူး။ တကယ်ကောင်းတယ်”

ထို့နောက် ကျန်သည့်ရေများကို ယွမ်ထန်ရှင်း၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ လင်းဟောင်က ရေတိုက်ပြီးနောက် လင်းချင်းသည် ခွက်ကိုလာယူကာ နောက်သို့ဆုတ်လိုက်ပြီး ပျောက်ကွယ်သွားသည်။ အခြားသူများက ယွမ်ထန်ရှင်း၏ အခြေအနေကို ကြည့်နေစဉ်တွင် လင်းချင်းက ပျောက်သွားသည်။

“နယ်မြေထဲကို ဝင်သွားပြန်ပြီလား?”   လင်းဝမ်ဝမ်က မေးသည်။

“သူ့မှာရေကန်ကြီးရှိတယ်ဆိုတော့ နယ်မြေက ပိုကြီးတာမလား? တခြားဘာတွေရော အဲ့မှာရှိသေးလဲ?”   ချန်းဝမ်ရှုက မေးသည်။ အခုချိန်တွင် လင်းဖန်က သူမကိုတွဲပေးထားသည်။ သူမ၏ခြေထောက် ဒဏ်ရာကြောင့် မတ်တပ်မရပ်နိုင်လောက်အောင် ဖြစ်နေသောကြောင့် ဖြစ်သည်။  
“လူစိတ်နဲ့ ဇွန်ဘီကို ငါတို့ပထဆုံး တွေ့ဖူးတာပဲ။ ပြီးတော့ ဘာဖြစ်လို့ ကူညီတာပါလိမ့်?”   လင်းဖန်က မေးသည်။

“သူပြောတာကတော့ ကပ္ပတိန်ကြီးရဲ့ ခင်မင်ရတဲ့ လက်အောက်ငယ်သား ဖြစ်ဖူးတယ်တဲ့။ မမှတ်မိဘူးလား?”   တူယွမ်ရှင်းက မေးသည်။

လင်းဖန်သည် စိတ်ရှုပ်စွာဖြင့်   “ငါ့လက်အောက်ငယ်သား မိတ်ဆွေလား? ဒါပင်မယ့် သူ့လိုဇွန်ဘီကို ငါမသိဘူး”

“ဟင်?”   တူယွမ်ရှင်းလည်း လင်းဖန်ကို ကြည့်ကာ   “ဇွန်ဘီမဖြစ်ခင်က ထင်တယ်။ လက်အောက်ငယ်သားတွေက အရမ်းများလွန်းတော့ သူ့ကိုမမှတ်မိတာ ဖြစ်ရင်ဖြစ်မှာပါ”

လင်းဖန်သည် တူယွမ်ရှင်း၏ အပြောအရ ဒီဇွန်ဘီမျက်နှာကို ပြန်တွေးကြည့်သည်။ အမာရွတ်များကိုဖယ်ကာ ပုံမှန်ရုပ်ကို သူတွေးကြည့်သော်လည်း ဒီလိုလူကို သူမမြင်ဖူးပေ။ ဒီလိုတွေးနရင်း သူ့မျက်လုံးထဲတွင် အမျိုးသမီးရုပ်တစ်ခုက ပေါ်လာသည်။ သို့သော်လည်း ဒီအမျိုးသမီးရုပ်က စိတ်ထဲက မပျောက်ခင် ဇွန်ဘီသည် ရေထပ်ထည့်ထားသည့် ခွက်တစ်ခွက်ဖြင့် ပြန်ပေါ်လာသည်။  
Previous Chapter 143 of 198 Next