May Honey Logo May Honey
Previous Next

၁၉၅။ စွမ်းအားနှစ်ခုရှိသူ

လင်းချင်းသည် လုထန်ရိနှင် ကောင်းချင်းမင်းတို့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူမသည် သူတို့၏ ကျေးဇူးတင်ခြင်းများနှင့် စိတ်ရှုပ်နေခြင်းတို့ကို ခံစားနိုင်သည်။ ခနတွေးပြီးနောက် သူမသည် ခေါင်းကိုမော့လိုက်ကာ မျက်နှာကို သေချာမြင်ရအောင် ပြလိုက်သည်။ သူမမျက်နှာပြလိုက်သည်နှင့် လုထန်ရိနှင့် ကောင်းချင်းမင်တို့ မျက်နှာများသည် ပြောင်းလဲသွားသည်။ အခြားသူများကတော့ ဘာမှမထူးခြားပေ။

လုထန်ရိ၏အပြုံးသည် တောင့်ခဲ့ကာ ပျောက်ကွယ်သွားသည်။ သူ့မျက်လုံးများသည် ပြူးကျယ်နေကာ သူငယ်အိမ်သည် ကျဉ်းမြောင်းသွားသည်။ သူသည် လင်းချင်းကို လက်ညိုးထိုးကာ ဘာအသံမှ မထွက်နိုင်ပေ။ ထိုအခါ အခြားသူများသည် အံ့သြကုန်ကြသည်။

“ဆရာ ဘာဖြစ်လို့လဲ? ဒီမိန်းမလှလေးကို သိလို့လား?”   ဟွမ်ရှို့သည် လင်းချင်း၏ မျက်နှဦကိုကြည့်ကာ သူမ၏မျက်နှာကျပုံနှင့် နှုတ်ခမ်းလှလှလေးကြောင့် မိန်းမလှလေးဖြစ်ကြောင်း သိလိုက်သည်။ သူမ၏မျက်လုံးများကိုတော့ တကယ်မြင်ချင်နေသည်။

ထိုအချိန်တွင် ကောင်းချင်းမင်းသည် လုထန်ရိ၏ လက်ညိုးထိုးနေသည့်လက်ကို အတင်းဆွဲချကာ သူ့နားအနားကိုကပ်၍ အသံတိုးတိုးဖြင့်   “စိတ်အေးအေးထား ရုပ်ချင်းဆင်တာ ဖြစ်မှာပါ”

ကောင်းချင်းမင်း၏လုပ်ပုံကြောင့် အခြားသူများသည် ပိုရှုပ်ကုန်သည်။ လုထန်ရိသည် စိတ်အေးအောင်မနည်းထားကာ ခေါင်းငြိမ့်သည်။ ကောင်းချင်းမင်းသည် သူ့လက်ကိုလွှတ်လိုက်ကာ လုထန်ရိအား   “သူ့မှာ ဘာအစွမ်းမှ မရှိတာကို မင်းမမေ့နဲ့”

“ငါသိတယ်”   လုထန်ရိသည် ခေါင်းငြိမ့်ကာ မျက်လုံးကို ပိတ်လိုက်သည်။ မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ စိတ်ငြိမ်သွားပြီ။ သို့သော်လည်း ကောင်းချင်းမင်းပြောတာက အမှန်လို့ သူယုံချင်သည်။ သို့သော်လည်း ဒီမျက်နှာကို မိတ်ကပ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သူရင်းနှီးနေသဖြင့် မြင်ရုံဖြင့် မှတ်မိနိုင်သည်။ ဦးထုပ်နှင့် နေကာမျက်မှန်က ဖုံးမထားနိုင်ပေ။

သို့သော်လည်း ကောင်းချင်းမင်းက မမှားနိုင်ပေ။ ဟိုမိန်းမတွင် ဘာအစွမ်းမှမရှိသလို ဒီရှေ့ကတစ်ယောက်ကတော့ နေရာလွတ်အစွမ်းရှိနေသည်။ ဟိုမိန်းမဆိုလျှင် သူ့ကိုကယ်မှာမဟုတ်သလို ဒီလိုအန္တရာယ်များသည့် ဇွန်ဘီမြို့တော်ကိုလည်း လာစရာအကြောင်းမရှိပေ။ ပြီးတော့လည်း သူ့အရှေ့တွင်ရှိနေသည့်သူက သူ့မျက်စိရှေ့တွင် သူတို့ကို ကြုံ၍ကူညီပေးကြောင်း သိသာလွန်းသည်။

‘ဟိုမိန်းမမဟုတ်ဘူး ဒါပင်မယ့် ငါတို့က အတူကြီးပြင်းလာတာကို ဘယ်လိုဖြစ်လို့များ တခြားတစ်ယောက်နဲ့ သူ့ကိုငါမှားနေရတာလဲ?’   လုထန်ရိသည် သူ့စိတ်အပြောင်းအလဲများကြောင့် ရှုပ်ထွေးနေသည်။ လင်းချင်းကတော့ သူ့အတွေးများကို အခုအာရုံခံနိုင်လေသည်။ နှစ်အကြာကြီးအတူရှိနေသည့် ကောင်းချင်းမင်းကလည်း သူအခုဘယ်လိုတွေးကာ ခံစားနေရမည်ကို သိသဖြင့် ဘာမှမမေးဘဲ သက်ပြင်းချကာ လင်းချင်းကိုပဲ ကြည့်လာသည်။

ထိုအချိန်တွင် ဟွမ်ရှို့က စပြောသည်။   “အမ! နာမည်ကို ကျွန်တော်ကို မပြောပြရသေးတော့ အမလို့ပဲ ခေါ်လိုက်မယ်။ မေးချင်တာတစ်ခုရှိပင်မယ့် မေးလို့ရမလားမသိဘူး”

လင်းချင်းသည် ဟွမ်ရှို့၏နှစ်ဆယ်ကျော် မျက်နှာကိုကြည့်ကာ သူမအား အမဟုခေါ်ခြင်းက သင့်တော်သည်ဟု ခံစားလိုက်ရသဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် လူတိုင်းက ဟွမ်ရှို့ကို ကြည့်လာကြသည်။

ဟွမ်ရှို့သည် တံတွေးမြိုချကာ ဂရုစိုက်၍မေးသည်။   “စွမ်းအားနှစ်ခုရှိတဲ့သူလားမသိဘူး”

ထိုအခါ လူတစ်ဖွဲ့လုံးသည် မျက်နှာအမှုအယာများပြောင်းကာ လင်းချင်းကို ကြည့်ကြသည်။ ကြည့်ရသည်မှာ လင်းချင်းက အဖြေမပြောမချင်း သူမကို ဆက်ကြည့်နေကြမည့်ပုံများပင်။ ဟွမ်ရှို့နှင့်အခြားနှစ်ယောက်ကလွဲ၍ အခြားသူများသည် မြူခိုးနက်များကို မမြင်ဖူးပေ။ ထို့ကြောင့် ဒီလိုမေးသည့်အခါ အကုန်လုံးက အံ့သြသွားကြသည်။ 

စွမ်းအားနှစ်ခုရှိသူများသည် ကမ္ဘာပျက်ခေတ်တွင် အရမ်းရှားလွန်းသည်။ လူပေါင်းတစ်သန်းလောက်နေသည့် ပင်လယ်မြို့တော်စခန်းတွင်တောင်မှ တစ်ယောက်သာရှိသည်။ ဒီလူသည် သဘာဝစွမ်းအားနှစ်မျိုးရှိနေခြင်းဖြစ်သည်။ သူသည် အသက်ကြီးသူတစ်ယောက်ဖြစ်သည်။ သူ့ရေစွမ်းအားနှင့်အစွမ်းရောင်အစွမ်းတို့သည် သူ့ကိုယ်ကို အတိုင်းအတာတစ်ခုအထိ ထောက်ပံ့ပေးနေလေရာ အသက်၇၀ကျော် အဘိုးကြီးဖြစ်သော်လည်း သူ့ကိုကြည့်လျှင် ငါးဆယ်ကျော်သာ ထင်ရသည်။

ထိုအရာကလည်း သာမန်ပင်။ စွမ်းအားရှိသူများသည် သာမန်လူများထက် ပိုကျန်းမာကာ သန်မာကြပြီး အိုမင်းရင့်လျော့မှုနည်းသည်။ ထို့ကြောင့် စွမ်းအားရှင်များသည် အရှိန်အဝါအသစ်နှင့် အရည်အချင်းအသစ်များကြောင့် ကမ္ဘာပျက်ခေတ်တွင် ရုပ်သွင်များက နည်းနည်းပြောင်းနေကြသည်။ ပင်လယ်မြို့တော်စခန်းက လူများသည် စွမ်းအားနှစ်ခုရှိသူက ဘယ်လောက်အရေးပါကြောင်းသိသည်။ ထိုလူကြီးသည် အာဏာကိုမလိုချင်ကာ စခန်းခေါင်းဆောင်လည်း မလုပ်သလို အဆင့်၆သာဖြစ်သော်လည်း အဆင့်၇စခန်းခေါင်းဆောင်များထက် အားနည်းမနေပေ။

ဒါကအဓိက မဟုတ်ပေ။ အဓိကမှာ စွမ်းအားနှစ်ခုရှိသူသည် အရမ်းရှား၍ စခန်းတွင် တစ်ယောက်ပဲရှိခြင်းသာ။ သို့သောလည်း ဒီလူများသည် ဟွာရှားစခန်းတွင် စွမ်းအားနှစ်ခုရှိသူအချို့ရှိကြောင်းကို ကြားဖူးကြသည်။ ဟွာရှားစခန်းသည် ပင်လယ်မြို့တော်စခန်းထက် သုံးဆလောက်ကြီးသည့် စခန်းကြီးတစ်ခုဖြစ်သည်။

ဒီအဖွဲ့၏ မျက်လုံးတောက်တောက်များကို မြင်သည့်အခါ လင်းချင်းသည် မျက်လုံးကို လှန်မိသည်။ သူမက အစွမ်းနှစ်ခုသုံးတာကို မြင်နေတာတောင်မှ ဒီလိုခပ်တုံးတုံးမေးခွန်းကို မေးနေသေးသည့် ဟွမ်ရှို့၏ ဦးနှောက်က ဘယ်လိုအလုပ်လုပ်နေသလဲ သူမတွေးမိသည်။ သူမက မဖြေခင်တွင် ရှဲ့တုန်းသည် စာရေးပြီးနောက် စာရွက်ကိုခေါက်ကာ ဟွမ်ရှို့၏နဖူးကို ပစ်ပေါက်လိုက်သည်။

“အား! နာတယ်”   ဟွမ်ရှို့သည် ရှောင်ဖို့လုပ်သော်လည်း မရှောင်နိုင်ဘဲ အပေါက်ခံလိုက်ရသည်။ သူသည် စာရွက်ကို ဖြေဖတ်ကြည့်သည့်အခါ ရှဲ့တုန်းရေးထားသည်မှာ   “ငတုံး! မင်းမြင်တာက ထင်ယောင်ထင်မှားမဟုတ်ဘူး”

“ဪ”   သူ့စာကိုဖတ်ပြီးသည့်အခါ ဟွမ်ရှို့သည် လင်းချင်းက စွမ်းအားနှစ်ခုသုံးတာကို သူမြင်တာ သေချာသွားသည်။ သူမက စွမ်းအားနှစ်ခုရှိသူ အမှန်ပင်။

လင်းချင်းသည် လူသားအုပ်စုကို ကြည့်လိုက်သည်။ သူတို့က ပင်ပန်းနွမ်းနယ်နေကာ စွမ်းအားမရှိပုံရသည်။ ဒဏ်ရာကြီးကြီးမားမား မရထားသော်လည်း သေးသေးမွှားမွှားလေးအချို့တော့ ရှိသည်။ လင်းချင်းမပါဘဲ သူတို့သည် ဒီဇွန်ဘီမြို့တော်ကနေ ထွက်နိုင်မည့်အခွင့်အရေးမရှိပေ။ သို့သော်လည်း မြို့လည်သို့ သူမနောက်ကိုလိုက်ပါက အဆင့်မြင့်ဇွန်ဘီပိုများသဖြင့် အန္တရာယ်ရှိသည်။ ထို့ကြောင့် သူတို့အား သူမ၏နယ်မြေထဲတွင် ရက်ပိုင်းလောက် နေခိုင်းရတော့မည်။ သူမက မြို့ကိုစူးစမ်းပြီးမှသာ သူတို့ကို ပင်လယ်မြို့တော်သို့ ပြန်လိုက်ပို့ပေးတော့မည်။ 

ဒီလိုတွေးပြီးနောက် လင်းချင်းသည် သင်ပုန်းထုတ်ကာ ရေးသည်။ သူမရေးသည်ကို မြင်သည့်အခါ လူတိုင်းသည် ထပ်အံ့သြရသည်။ လင်းချင်းကို ကြည့်ကာ သူတို့တွေးမိနေသည်မှာ
‘ဘာဖြစ်လို့ ရေးနေတာလဲ? စကားမပြောနိုင်ဘူးလား?’
ရှဲ့တုန်းက အိတ်ဆောင်စာအုပ်တွင်ရေးပြီးတော့ သူမက သင်ပုန်းတွင်ရေးနေသည်။ ကြည့်ရသည်မှာ နှစ်ယောက်လုံးက စကားပြောဖို့ တကယ်အဆင်မပြေကြသည့်ပုံများပင်။

သူတို့တွေးနေချိန်တွင် လင်းချင်းသည် ရေးပြီးသွားကာပြ၍ သူတို့ကို လက်ဝေ့ယမ်းပြသည်။ သူတို့မြင်လိုက်သည့်စာမှာ   ‘နင်တို့ကို မြို့ပြင်ကို လိုက်ပို့ပေးဖို့ ငါ့မှာအချိန်မရှိဘူး။ ငါ့နယ်မြေထဲမှာ တစ်ရက်နှစ်ရက်လောက် နားနေလိုက်ကြပါလား’

လင်းချင်းသည် သူမတွင် လုပ်စရာရှိသဖြင့် သူတို့ကို ချက်ချင်းမြို့ပြင်သို့ ရောက်အောင် ကယ်ထုတ်မပေးနိုင်ကြောင်း သိစေချင်တာ ဖြစ်သည်။ ဒီလူများက ရက်အချို့စောင့်ဖို့လိုသည်။ လင်းချင်းက လက်နက်တပုံကြီးထုတ်ပေးရင်တောင်မှ လက်ရှိအခြေအနေအရ သူတို့သည် ထိခိုက်တာ သို့မဟုတ် သေတာမရှိဘဲ မြို့ပြင်ထဲကနေ ထွက်သွားနိုင်မှာ မဟုတ်သည့် အခြေအနေမျိုးဖြစ်သည်။

Previous Chapter 195 of 198 Next