၈၀။ မြွေသားစား မြွေသွေးသောက်
မုန့်ယွဲ့သည် သူမထင်တာမှန်သည်ဟု ထင်လိုက်သည်။ သူမသည် ရှောင်လီချန်းအား “ဟုတ်တယ်။ လင်းလင်းက သစ်သီးခြံထဲမှာ ရှိနေတာ။ ငါတို့က သူ့နောက်လိုက်နေတာပဲကို ဘာဖြစ်လို့ နင်ကအံ့သြနေတာလဲ?”
ရှောင်လီချန်းသည် ပြုံးကာ “ဟာ နင်ဒီလောက်မြန်မြန်ရှာတွေ့မယ်လို့ ငါမှမသိတာ။ ဒီနားမှာလို့ ခုနတုန်းက ပြောလည်းမသွားဘူး”
ရှောင်လီချန်းသည် ဝူယွဲ့လင်းအတွက်တော့ သူစိမ်းပင်။ သူ့ကိုမြင်သည့်အခါ ဝူယွဲ့လင်းလေးသည် သူ့အဖေ၏လည်ပင်းကို သိုင်းဖက်ထားကာ ငြိမ်နေသည်။ သို့သော်လည်း မျက်လုံးများကတော့ သစ်သီးခြံကို လှမ်းကြည့်နေသည်။ ကြည့်ရသည်မှာ လင်းချင်းအကြောင်းတွေးနေပုံရသည်။
ထိုအချိန်တွင် လင်းချင်းသည် နယ်မြေထဲသို့ ဝင်လိုက်ကာ ကားကိုပါ သူမနှင့်အတူ ထည့်သွားခြင်းပင်။ ထို့ကြောင့် ဝူချန်းယွဲ့တို့နှင့် အဝေးမှာ မရောက်သေးပေ။ အစတုန်းက သူမသည် နယ်မြေထဲသို့ဝင်ကာ ကိုယ်ဖျောက်လိုက်ခြင်းဖြစ်ပြီး အရင်တည်းက ဒီနားတွင်ပုန်းနေသည့် ကျွင်းကျွင်းကို သွားခေါ်တာ ဖြစ်သည်။
လင်းချင်းသည် ကျွင်းကျွင်းက သူမကိုလာရှာတည်းက သိလိုက်တာဖြစ်သည်။ ညဏ်ကောင်းသည့် ကျွင်းကျွင်းသည် သူမကိုဝန်ပိုမှာ စိုးရိမ်သောကြောင့် အနားတွင် လာမနေခြင်းသာ ဖြစ်သည်။ ထို့ကြောင့် လင်းချင်းသည် သူမကိုအလွယ်တကူရှာတွေ့ကာ နယ်မြေထဲသို့ အရင်ပို့လိုက်ခြင်း ဖြစ်သည်။
ထို့နောက် လင်းချင်းသည် သစ်သီးခြံထဲမှထွက်ကာ သူမကားကိုသွားယူသည်။ ထိုအခါ သူမ၏ကားဘေးတွင် နောက်ကားတစ်စီးနှင့် တပ်သားတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုတပ်သား၏ အာရုံစိုက်မှုကို မလိုချင်သဖြင့် သူမသည် ကိုယ်ပျောက်ဆဲအခြေအနေဖြင့် ကားထဲသို့ ဝင်လိုက်သည်။ ထို့နောက် နယ်မြေထဲသို့ဝင်ပြီး ကိုယ်ပြန်ဖော်ကာ လျင်မြန်စွာဖြင့် မောင်းထွက်လာခြင်းပင်။
ရှောင်လင်းချန်း၏မျက်နှာကို ကားထဲမှ နောက်ကြည့်မှန်မှ လှမ်းမြင်လိုက်ရသည့်အခါ သူမတကယ်ရယ်ချင်သွားတာ ဖြစ်သည်။ ကားအဝေးသို့ရောက်မှ သူမသည် ကားပေါ်ကဆင်းကာ ကားရော သူမပါ နယ်မြေထဲသို့ ဝင်လာခြင်းဖြစ်သည်။ သူမသည် အဝေးသို့မမောင်းသေးခြင်းမှာ အကယ်၍ ဝူချန်းယွဲ့နှင့် သူ့လူများပြန်သွားလျှင် ထိုသစ်သီးခြံကို သူမပြန်သွားစရာရှိသေးသောကြောင့်ပင်။
ထိုနောက်တွင် လင်းချင်းနှင့် ကျွင်းကျွင်းတို့မှာ မြွေကြီး၏ဘေးတွင် ထိုင်လိုက်ကြသည်။ လင်းချင်းသည် ဇလုံကြီးတစ်လုံးတွေ့သဖြင့် မြွေ၏သွေးကြောကို သူမ၏လက်သည်းချွန်များဖြင့် ဖြတ်လိုက်သည်။ သွေးများထွက်လာသည်နှင့် ဇလုံကိုအမြန်ခံလိုက်သည်။ သို့သော်လည်း မြွေသေသည်မှာ အနည်းငယ်ကြာပြီဖြစ်ရာ သွေးများထွက်လာသည်မှာ သိပ်မမြန်တော့ပေ။ လင်းချင်း၏ ဇလုံတစ်ဝက်လောက် ရသည့်အခါ ရပ်လိုက်သည်။
လင်းချင်းသည် ဇလုံကိုယူကာ အနံ့ခံကြသည့်သည်။ မြွေသွေးသည် ငါးညှီနံ့နည်းနည်းရနေသော်လည်း ကောင်းတော့ကောင်းသည်။ လင်းချင်းသည် ချက်ချင်းမသောက်သေးဘဲ ကျွင်းကျွင်းကို ကမ်းပေးလိုက်သည်။
ကျွင်းကျွင်းသည် သိချင်စိတ်ဖြင့် ဇလုံ့ကိုယူကာ အနံ့ခံကြည့်သည်။ သို့သော်လည်း သူမသည် ဘာအနံ့မှမရသည့်အခါ လင်းချင်းအား စိတ်ရှုပ်ထွေးသွားကာ ပြန်ကြသည့်သည်။
လင်းချင်းသည် သူမ၏အတွေးကို ဖတ်ရပြီး ကျွင်းကျွင်းမျာ သန္ဓေပြောင်းသတ္တဝါများ၏ လတ်ဆက်သည့် အသားနှင့်သွေးကို စားချင်စိတ်မရှိသည်ကို သိလိုက်ရသည်။ သို့သော်လည်း သူမသည် အလျှော့မပေးသေးဘဲ သူမ၏ပါးစပ်ကိုထိုးပြကာ သောက်ဖို့ညွှန်ပြလိုက်သည်။
ကျွင်းကျွင်းသည် မျက်မှောင်ကျုံ့သွားသည်။ သူမသည် မြွေများကို ကြောက်သည်။ မြွေကြီးသည် သေနေပြီဖြစ်သော်လည်း သူမအတွက်တော့ ကြောက်စရာကြီးပင်။ သို့သော်လည်း လင်းချင်းက မြွေသွေးကို သောက်ခိုင်းနေလေရာ သူမအတွက် အတော်လက်မခံချင်စရာ ဖြစ်လို့နေရှာသည်။
သူမသည် လင်းချင်းကို တွေဝေစွာ ကြည့်လိုက်သည့်အခါ သူမအား အသေအချာကို ခေါင်းငြိမ့်ပြနေသည်။ သူမသည် လင်းချင်း၏ ညွှန်ကြားမှုကို မလိုက်နာဘဲ မနေနိုင်သဖြင့် ရွေးချယ်စရာ မရှိတော့ဘဲ သက်ပြင်းချလိုက်ကာ မြွေသွေးကို သောက်ဖို့ပြင်လိုက်သည်။
စိတ်ထဲမှ လက်မခံနိုင်ခြင်းကို မနည်းတိုက်ထုတ်ကာ ကျွင်းကျွင်းသည် ဇလုံကို နှုတ်ခမ်းဖြင့်ထိကာ တစ်ငုံသောက်လိုက်သည်။ ထို့နောက်တွင်တော့. . . ‘ဘာအရသာမှမရဘူး။ မြွေသွေးက ပြစ်နေပင်မယ့် ဘာအရသာမှ မရှိဘူးဟ။ ငါထင်နေသလို အဆိုးကြီးလည်း မဟုတ်ပါဘူး’ သူမသည် နှုတ်ခမ်းကို သုတ်ကာ သွေးဇလုံကိုကြည့်ပြီးနောက် လင်းချင်းကို ကြည့်လိုက်သည်။
လင်းချင်းသည် သူမ၏ခံစားချက်များကို သိသည်။ မြွေသွေးကို မသောက်ချင်သော်လည်း မကြိုက်တာတော့ မဟုတ်ပေ။ ထို့ကြောင့် သူမကို ဆက်သောက်စေလိုက်သည်။ ကျွင်းကျွင်းသည် မျက်မှောင်ကျုံ့ကာ ဇလုံတစ်ခုလုံးကို သောက်ချလိုက်သည်။
လင်းချင်းလည်း ဒီမြွေသွေးက ကျွင်းကျွင်း၏ ဆာလောင်မှုကို ပြေစေမလားမသိပေ။ သို့သော်လည်း သောက်လိုက်လို့ မကောင်းတာတော့ မရှိလောက်ပေ။ အဘယ်ကြောင့်ဆိုသော် ဇွန်ဘီများမှာ ဝမ်းလျောခြင်းမှ မရှိတာ။
ကျွင်းကျွင်းက သောက်ပြီးသည့်အခါ လင်းချင်းကို ဇလုံပြန်ပေးလိုက်သည်။ ထို့နောက် သူမသည် မြွေကိုထပ်ဖြတ်ကာ သွေးကိုစုပြန်သည်။ ထို့နောက် သူမသောက်လိုက်သည်။ လင်းချင်းသည် မြွေသွေး၏ အေးစက်နေခြင်းကို မခံစားရသော်လည်း ချိုသလို ငန်သလို အရသာက သူမ၏ ပါးစပ်ထဲတွင် ပျံ့နှံ့သွားသည်။ သူမသည် ရေသောက်သလိုမျိုး အမြန်သောက်လိုက်သည်။
ထို့နောက်တွင်တော့ နောက်သွေးများကို ထပ်စုကာ ကျွင်းကျွင်းအား ပေးလိုက်သ်ည။ သို့သော်လည်း ကျွင်းကျွင်းမှာ ထရပ်ကာ ခေါင်းခါရင်း နောက်သို့ဆုတ်သွားသည်။ လင်းချင်းသည် ကျွင်းကျွင်းအား အတင်းတိုက်မနေတော့ဘဲ သူမသာ သောက်လိုက်တော့သည်။ နောက်တစ်ခေါက်တွင်တော့ သွေးအများကြီးမရတော့ပေ။ ထို့ကြောင့် ကျွင်းကျွင်းကို ပေးလိုက်ကာ သူမအား တစ်ခါတည်း ဆေးခိုင်းလိုက်သ်ည။ ထို့နောက် လင်းချင်းသည် မြွေအရေခွံကို နွှာတော့သည်။
သူမသည် မြွေကိုနွှာနေစဉ် မြွေအသားများကို သူမ၏ပါးစပ်ထဲသို့ ထည့်စားနေသည်။ သူမသည် ကျွင်းကျွင်းကိုပါ လာစားဖို့ ခေါ်ချင်သော်လည်း သူမ၏မျက်နှာမှ မနှစ်သက်မှုကို မြင်သည့်အခါ လက်လျော့လိုက်သည်။
ကျွင်းကျွင်းသည် ဇလုံကိုဆေးပြီးသည့်အခါ မြွေသားထိုင်စားနေသည့် လင်းချင်းဆီသို့ ပြန်လာသည်။ သို့သော်လည်း သူမသည် မြွေကိုစိတ်မဝင်စားပေ။ ထို့ကြောင့် နယ်မြေလေးသို့သွားကာ သူ့သားလေးကိုသာ သွားကြည့်လိုက်သည်။ ကလေးသည် အိပ်ယာပေါ်တွင် စတော်ဘယ်ရီသီးများကို ထိုင်စားနေသည်။
အစတုန်းက လင်းချင်းသည် မြွေကြီးတစ်ကောင်လုံးကို တစ်ခါတည်းကုန်မည် မဟုတ်ဟု ထင်ခဲ့သည်။ သူမသည် မြွေသားများကို မပျက်စီးဘဲ သူမ၏နယ်မြေထဲမှာ ဘယ်လောက်ခံမလဲ မသိပေ။ သူမ၏နယ်မြေသည် အလွတ်မဟုတ်သဖြင့် အချိန်က ဒီနေရာတွင် ရပ်တန့်မနေပေ။ ထို့ကြောင့် မြွေသားသည် ကြာလျှင် ကောင်းတော့မှာ မဟုတ်ပေ။ ထို့ကြောင့် သူမသည် ထိုင်လိုက်ကာ တစ်ခါတည်း စားလိုက်ရမလား ဝွေးလိုက်သည်။ သို့သော်လည်း သူမ၏ဗိုက်က. . .
သူမ၏ဗိုက်ကိုတွေးမိသည့်အခါ သူမသည် အလိုလိုငုံ့ကြည့်မိသည်။ သူမသည် အဝတ်များကိုသာ မြင်လိုက်ရသည်။ သူမသည် ဗိုက်ကိုလက်ဖြင့်ထိကြည့်ချင်သော်လည်း လက်များသည် မြွေသွေးဖြင့် ညစ်ပတ်နေသဖြင့် မကိုင်တော့ပေ။ ထို့ကြောင့် ဆက်စားလိုက်သည်။ စားနေရင်းဖြင့် အပြင်အခြေအနေကို ကြည့်နေသည်။
ဝူချန်းယွဲ့နှင့် သူ့လူများသည် ကားမောင်းထွက်သွားသည်ကိုမြင်မှ သူမသက်ပြင်းချနိုင်သည်။ နောက်ဆုံးတော့ သူတို့ထွက်သွားပြီဖြစ်ရာ သူမသည် အသီးအရွက်များကို သွားခူးရမည်။ ဟုတ်ပါသည်။ သူမ၏ မသွားချင်ရသေးခြင်း အကြောင်းမှာ သူမသည် အသီးအရွက်များကို ခူးချင်လို့ဖြစ်သည်။ ထို့အတူ ခူးရုံတင်မဟုတ်ဘဲ တူးလာကာ သူမ၏နယ်မြေထဲမှာ စိုက်မှာဖြစ်သည်။
ဒီလိုအတွေးဖြင့် သူမသည် ချက်ချင်းထလိုက်သည်။ ထို့နောက် သူမသည် မြွေတစ်ကောင်လုံး၏ တစ်ဝက်ကို စားပြီးသားဖြစ်နေပြီကို တွေ့လိုက်ရသည်။ မြွေကြီးမှာ တစ်ဝက်က အရိုးပဲကျန်နေ၍ တစ်ဝက်သည် အကောင်းအတိုင်းကျန်နေသည်ကို မြင်လိုက်ရသည့်အခါ အံ့သြသွားသည်။
‘ဟာ ငါအများကြီး စားမိသွားပြီ’
သူမသည် အရမ်းအံ့သြနေတာ ဖြစ်သည်။ မြွေကြီးသည် သူမ၏ပေါင်များထက်တောင် ကြီးမားသေးသည်။ ဆယ့်နှစ်မီတာလောက်ရှည်ကာ နှစ်ရာ့ငါးဆယ်ကီလိုလောက် ရှိတာဖြစ်သည်။ ဒါကိုသူမသည် တစ်ထိုင်တည်း တစ်ဝက်ကုန်သွားသည်။ သူမသည် အရိုးမစားသော်လည်း မြွေအသားတွေ အများကြီးကို စားပစ်လိုက်တာ ဖြစ်သည်။ သို့သော်လည်း ပြဿနာသည် စားသမျှက ဘယ်ရောက်သွားသနည်း? သူမသည် ဗိုက်ဆာနေဆဲ ဖြစ်နေသေးသည်။ သူမသည် မြွေကြီးကို ထက်ကြည့်လိုက်သည်။ သူမသည် အောက်ပိုင်းကို စားထားသည်ဖြစ်ရာ အပေါ်ပိုင်းကို မစားရသေးပေ။ မြွေ၏ကလီစာများကိုလည်း မဖယ်ရသေးပေ။ ထို့ကြောင့် သူမသည် မြွေသည်းခြေကို ထုတ်လိုက်သည်။ ထို့နောက် သည်းခြေကိုစားပြီးမှ အသီးအရွက်သွားတူးရန် ဆုံးဖြတ်လိုက်သည်။