May Honey Logo May Honey
Previous Next

၉၃။ ဇွန်ဘီအမဲလိုက်ခြင်း

ကမ်းစပ်သို့ပြန်ရောက်လာသည့်အခါ လင်းချင်းသည် အဝတ်ပြန်ဝတ်နေရင်း နယ်မြေလေးသို့ သွားလိုက်သည်။ သူမသည် အတွင်းခံအကျီမဝတ်ထားသော်လည်း ပြဿနာတော့မရှိပေ။ သူမ၏ရင်သားများသည် ဇွန်ဘီစားခံထားရပြီဖြစ်ရာ အတွင်းခံက လိုမနေတော့ပေ။ အစက ရင်သားကင်ဆာဖြစ်၍ ရင်သားဖြတ်ခံထားရသလိုမျိုး ခံစားနေရသော်လည်း နောက်တော့ အသားကျသွားသည်။ သူမ၏ကိုယ်အခြေအနေသည် ပိုဆိုးနိုင်စရာကို မရှိတော့ပေ။

နယ်မြေလေးသို့ သူမလျှောက်သွားသည့်အခါ ကလေးလေးသည် ထွက်လာသည်။ ကျွင်းကျွင်း၏ ခြေထောက်များအနောက်တွင် တွယ်ဖက်ထားစဉ်မှာ လင်းချင်းရောက်လာသည်ကို မြင်လိုက်သည်။ ထို့ကြောင့် ချက်ချင်းလှည့်ပြေးတော့သည်။ ကုတင်ပေါ်သို့ အမြန်တက်ကာ စောင်ကိုခေါင်းမြီးခြုံထားသည်။

လင်းချင်းသည် ထိုကလေးက သူမကို ကြောက်နေတာလား မကြိုက်တာလား ဆိုသည်ကို မသိတော့ပေ။ သူမသည် မြွေသားစွပ်ပြုပ်ချက်ကျွေးကာ စတော်ဘယ်ရီသီးများလည်း စားဖို့ပေးထားသည်။ သို့သော်လည်း သူမကို လုံးဝမကြည့်ရဲပေ။   ‘ငါကနေဖို့စားဖို့ ပေးထားတာတောင် ဒီလိုလုပ်နေတဲ့ ကျေးဇူးမသိတက်တဲ့ကလေး!’

 သူမသည် စိတ်ထဲတွင် တွေးနေမိသည်မှာ   ‘အရူးလေး! ဝူယွဲ့လင်းလေးဆိုရင် ဒီမှာနေတုန်းက စတော်ဘယ်ရီသီးလောက်ပဲ စားရရှာတာ။ ဒါတောင်မှ ငါ့ကိုမကြောက်တဲ့အပြင် ကာကွယ်ပေးနေသေးတယ်။ နင်ကသူ့လိုမဟုတ်ဘူး။ စိတ်ပုပ်တဲ့ ကလေးစုတ်!’

ကျွင်းကျွင်းသည် သူမ၏သားကိုကြည့်ကာ ရယ်ချင်သွားသည်။ သို့သော်လည်း လင်းချင်းအား ရေကန်ထဲတွင် ထူးထူးဆန်းဆန်း ဘာလုပ်နေသလဲဟု မေးချင်သေးသည်။

လင်းချင်းသည် စာရွက်တွင် ရေးပြသည်မှာ   ‘အပြင်ထွက်ချင်လား?’

ကျွင်းကျွင်းသည် ကလေးကိုကြည့်လိုက်ပြီးနောက် အပြင်တွင် ဇွန်ဘီမလေးရှိသေးသည်ကို သတိရသွားသည်။ ထို့နောက် ခေါင်းကိုတွင်တွင်ခါလိုက်သည်။ လင်းချင်းက ထိုဇွန်ဘီမလေးသည် ဇွန်ဘီဘုရင်မဖြစ်ကြောင်း ပြောပြထားလေရာ ကျွင်းကျွင်းမှာ ပိုကြောက်နေရတော့သည်။ သူမသည် အလိုလိုကို ချူးလီလီကို ကြောက်နေရတာ ဖြစ်သည်။

သို့သော်လည်း ဇွန်ဘီဖြစ်သည့် လင်းချင်းက ချူးလီလီအား ဘာဖြစ်လို့ ရင်ဆိုင်သလဲကို သူမသိချင်သည်။ လင်းချင်းသည်လည်း အဆင့်ခြောက်ဖြစ်မလားဟု သူမတွေးနေမိသည်။ သို့သော်လည်း ဒါကမဖြစ်နိုင်ပေ။ လင်းချင်းသည် သူမအား အမိန့်ပေးနိုင်သော်လည်း ကြောက်စိတ်ဖြစ်အောင်တော့ မလုပ်နိုင်ပေ။ ထို့ကြောင့် လင်းချင်းသည် အဆင့်ခြောက်ဖြစ်သည့် ချူးလီလီလို ထူးခြားမှုများဖြင့် သန်မာနေတာတော့ မဟုတ်ပေ။

ကျွင်းကျွင်းက ငြင်းသည့်အခါ လင်းချင်းသည် သူမကိုထပ်မခေါ်တော့ပေ။ ထို့နောက် သူမရှိခဲ့သည့်နေရာမှ ပျောက်ကွယ်သွားသည်။

ချူးလီလီမှာ အပြင်ဘက်တွင် ပျင်းနေလွန်း၍ ကားကိုပတ်လျှောက်နေသည်။ လင်းချင်းသည် ကားဘေးတွင်ပေါ်လာတော့မှ သူမသည် ခေါင်းလှည့်ကြည့်လိုက်သည်။ သူမသည် လင်းချင်းကို ကြည့်ကာ ထူးဆန်းစွာအော်သည်။   “အား ဂူးရူး”   ‘ဘာဖြစ်တာလဲ? ဘာဖြစ်လို့ ကားကိုရပ်ပြီး နယ်မြေထဲကို ဝင်သွားတာလဲ? တစ်ခုခုဖြစ်လို့လား?’

လင်းချင်းသည် ခေါင်းကိုခါကာ စာအုပ်တွင်ရေးပြသည်။   ‘အတည်ပြုချင်တာ တစ်ခုရှိလို့ပါ’

ချူးလီလီသည် ဘာမှထပ်မမေးတော့ပဲ ‘ဪ’ဟုသာပြောကာ ကားပေါ်သို့ ပြန်တက်သွားသည်။ 

လင်းချင်းသည် ကားမောင်းသည့်ခုံပေါ်သို့ ပြန်တက်လာကာ နောက်တစ်ကြောင်းရေးပြသည်။   ‘ဟေးဒီးစခန်းကို သွားတာကို ခနရပ်ရမယ်။ အခုတော့ ဇွန်ဘီအမဲလိုက်ဖို့လိုလို့’

‘ဇွန်ဘီအမဲလိုက်မယ်?’   ချူးလီလီသည် ဒီလိုအဓိပ္ပါယ်ပါသည့် မျက်လုံးများဖြင့် ပြန်ကြည့်သည်။

လင်းချင်းသည် ခေါင်းငြိမ့်ကာ ရေးပြသည်။   ‘နင့်တည်ရှိမှုကို ဖျောက်ထားလို့ရမလား? မဟုတ်ရင် ငါ့သားကောင်တွေက ထွက်ပြေးကုန်လိမ့်မယ်’  
  
ချူးလီလီသည် သူမကို မျက်လုံးပြူးကြည့်ကာ အော်သည်။   ‘မကြီးအတွက် ဇွန်ဘီတွေကိုလာဖို့ ထိန်းချုပ်ပြီး ခေါ်ပေးရမလား?’

လင်းချင်းသည် ခေါင်းခါလိုက်သည်။ တိုက်ခိုက်ရေးအရည်အချင်းကို မြှင့်တင်ချင်သဖြင့် အကူအညီမလိုချင်ပေ။ သို့သော်လည်း ချူးလီလီအား အဆင့်မြင့်ဇွန်ဘီများ၏ တည်နေရာကို ရှာပေးလို့ရမလားဟု မေးလိုကသ်ည်။ ချူးလီလီသည် မျက်လုံးမှိတ်ကာ ခေါင်းမော့လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။ ထို့နောက် သူမ၏အရှိန်အဝါသည် လုံးဝပျောက်သွားသည်။ ပတ်ဝန်းကျင်က ဇွန်ဘီများကို မပြောနှင့်။ အတူရှိနေသည့်လင်းချင်းတောင် သူမကို အာရုံမခံနိုင်တော့ပေ။

လင်းချင်းသည် ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်ပြီးနောက် မြို့လယ်သို့ ထွက်လာသည်။ ဇွန်ဘီအမဲလိုက်ရန် သူမသည် လူစည်သို့မြို့လည်သို့ ရွေးချယ်လိုက်တာ ဖြစ်သည်။ အဆင့်မြင့်ဇွန်ဘီအမြူတေကိုရရန် သူမသည် အဆင့်မြင့်ဇွန်ဘီများကို ရှာဖွေရမည်။ တကယ်တော့ ကားအမိုးပေါ်တွင် အဆင့်မြင့်ဇွန်ဘီနှစ်ကောင်ရှိသော်လည်း ချူးလီလီ၏ အစေခံများဖြစ်နေသဖြင့် လင်းချင်းက မသတ်ချင်ပေ။

ချူးလီလီ၏ တည်ရှိမှုကို ဖျောက်လိုက်သည့်အခါ လမ်းသည်ကျပ်သွားပြန်သည်။ သာမန်ဇွန်ဘီများသည် နွားအုပ်များလို သွားလာနေကြလေသည်။ သူမမောင်းထုတ်သော်လည်း သူတို့သည် ဖြည်းဖြည်းချင်းသာ သွားနေကြသည်။ သူတို့မြို့နားသို့ရောက်လေလေ ဇွန်ဘီများက ပေါလေလေဖြစ်သည်။ နောက်ဆုံးတော့ လင်းချင်းသည် ကားမမောင်းတော့ပေ။ သူမသည် လမ်းဘေးတွင် ကားကိုရပ်လိုက်ကာ နယ်မြေထဲသို့ထည့်လိုက်ပြီးမှ လမ်းလျှောက်ထွက်လာသည်။

“ဂါး?”   ‘ဇွန်ဘီဘယ်အဆင့်လောက် လိုချင်လဲ?’   ချူးလီလီည် သူမဘေးတွင် လိုက်လာရင်း မေးသည်။ လင်းချင်းသည် သူမကိုကြည့်ကာ လက်လေးချောင်းထောင်ပြလိုက်သည်။

ချူးလီလီသည် ခေါင်းငြိမ့်ပြပြီးနောက် မေးကိုပင့်လိုက်ကာ လေထဲတွင် အနံ့ခံကြည့်သည်။ လင်းချင်းသည် အဆင့်မြင့်ဇွန်ဘီများကို အာရုံမခံနိုင်ပေ။  လက်ရှိတွင် လင်းချင်းသည် အဆင့်သုံးနှင့် အောက်ဆင့်များကိုသာ အာရုံခံနိုင်သေးသလို သူမ၏အာရုံခံနိုင်စွမ်းနယ်ပယ်သည်လည်း အရမ်းမကျယ်ပေ။

အမြန်အနံ့ခံပြီးသည့်အခါ ချူးလီလီသည် တစ်ဖက်ကို လက်ညိုးထိုးပြသည်။ သူမသည် ပစ်မှတ်ကို ရှာတွေ့ပြီ။ လင်းချင်းသည် ချက်ချင်းထိုဘက်သို့ လျှောက်နေစဉ်တွင် ချူးလီလီသည် အနောက်ကနေ ပေါ့ပေါ့ပါးပါးသာ လိုက်လာလေသည်။ သူမသည် ကျောက်တုံးကြီးများပေါ်တွင် ခုန်ပေါက်နေရင်း လိုက်လာတာ ဖြစ်သည်။ သူမ၏ဂါဝန်အဖြူလေးသည်လည်း မညစ်ပတ်သေးသဖြင့် အသစ်လဲမဝတ်သေးပေ။

ထိုလမ်းအတိုင်းလျှောက်လာသည့်အခါ သဲများကျောက်တုံးများဖြင့် ဝန်းရံနေသည့် အဆောက်အဦးပျက်ကြီးတစ်ခုကို တွေ့သည်။ လင်းချင်းသည် အရှိန်အဝါတစ်ခုကို အာရုံခံမိသည်။ ထိုအကောင်သည် သူမထက်ပိုသန်မာကာ အဆင့်ငါးသို့မရောက်သေးရုံသာ ဖြစ်သည်။ 

အခြားဇွန်ဘီများလည်း ဒီနေရာတွင်မရှိပေ။ ဒီနေရာတွင် ဇွန်ဘီများမရှိသဖြင့် ရှင်းလင်းနေသည်။ လင်းချင်းသည် လမ်းအလယ်သို့ ဖြည်းဖြည်းချင်းလျှောက်လာသည်။ သူမ၏ခြေလှမ်းများကိုသာကြည့်ရင်း အေးအေးဆေးဆေး လျှောက်လာသည်။ သူမသည် ဇွန်ဘီအမဲလိုက်ထွက်နေသည့်အစား လမ်းလျှောက်ထွက်လာသလိုပင်။

သူမထင်သလိုပင် နှစ်မိနစ်အတွင်းမှာ အဆောက်အဦးပေါ်မှနေ သဏ္ဍာန်တစ်ခုက သူမ၏အနောက်သို့ ခုန်ဆင်းလာသည်။ ထိုသတ္တဝါတွင် သတ္တူလိုပြောင်နေသည့် လက်သည်းများရှိကာ သူမ၏ခေါင်းကို ချက်ချင်းထိုးဖောက်ဖို့ ရွယ်လာတာဖြစ်သည်။

ထိုအကောင်သည် မြန်သော်လည်း လင်းချင်းကလည်း မြန်သည်။ လေထဲကနေဆင်းလာတည်းက သူမသည် ရန်သူကို သတိထားမိတာ ဖြစ်သည်။ ရန်သူသည် နှစ်မီတာလောက်ကို ရောက်သည်နှင့် လင်းချင်းသည် သူမရှိနေသည့်နေရာမှ ချက်ချင်းပျောက်သွားသည်။

ထိုအကောင်သည် သူ့သားကောင် ပျောက်သွားသည့်အခါ ထိုနေရာတွင် နားမလည်စွာ ကျန်ခဲ့သည်။ ဇွန်ဘီမတစ်ကောင်ဖြစ်ကာ လင်းချင်းလိုမျိုး သူမ၏ဆံပင်တွေက မျက်နှာကို အုပ်နေသည်။ မျက်နှာကို သေချာမမြင်ရသော်လည်း လင်းချင်းလိုမျိုး လုံးဝနက်မှောင်နေသည့် မျက်လုံးများရှိပြီး သူမ၏ပါးစပ်သည် အကြီးကြီးပြဲနေသည်ကို မြင်ရသည်။ ဒီဇွန်ဘီမတွင် ဆိုးဝါးသည့်အနံ့ရှိကာ သူ့တစ်ကိုယ်လုံးမှ သတ်ချင်စိတ်ပြည့်နေသည့် ရက်စက်ယုတ်မာမှုတို့ ထွက်နေကာ သွေးဆာနေပုံရသည်။

သူမသည် ပတ်ဝန်းကျင်ကို သူမ၏မျက်လုံးနက်များဖြင့် လိုက်ကြည့်ရင်း ပြဲနေသည့် ပါးစပ်ကိုဖြဲကာ သွားစွယ်များထုတ်ထားသည်။ သို့သော်လည်း လင်းချင်း၏ အရိပ်အယောင်ကို လုံးဝမရှာနိုင်ပေ။ လင်းချင်းက ဘယ်ရောက်သွားသလဲဆိုသည်ကို သူမလုံးဝမသိနိုင်ပေ။

Previous Chapter 93 of 198 Next