၁၄၉။ အရိုင်းနွယ်ကြီးများ
လင်းချင်းသည် ကန်ထဲသို့ လိပ်ကိုမကန်တော့သဖြင့် နွယ်များသည် တဖြည်းဖြည်းငြိမ်လာကာ ရေကန်ထဲသို့ ပြန်ဝင်သွားသည်။
လင်းချင်းသည် သူမ၏နယ်မြေထဲတွင် ဘယ်လိုရှင်အောင်ထားရမလဲကိုတွေးနေမိသည်။
‘မြေကိုလုပ်သလိုမျိုး ဒီလိပ်တွေကိုလည်း အကုန်သတ်လိုက်ပြီးတော့ အသားပုံးအနေနဲ့ ရေစိမ်ထားရမလား?’
သူမအတွေးမဆုံးခင်တွင်ပဲ အပြင်ဘက်မှ စွမ်းအားလှိုင်းကို အာရုံရလိုက်သည်။ ထိုအရာက ချူးလီလီ၏ အော်သံပင်။ “အား”
ထိုအခါ လင်းချင်းသည် သတိလစ်တော့မတက်ဖြစ်နေသည့် လိပ်ကိုပစ်ထားကာ နယ်မြေထဲကနေ ချက်ချင်းထွက်လာသည်။ ထိုအခါ သူမသည် ခြုံတောထဲကနေ လူလက်မောင်းစာလောက်ရှိသည့် နွယ်ပင်များကို တွေ့လိုက်ရတော့သည်။ သူမသည် အရောင်ကို မမြင်နိုင်သဖြင့် သူမ၏မျက်လုံးထဲတွင် မီးခိုးရောင်ရင့်ရင့်ဖြစ်သည်။ ထိုနွယ်များကြီးများတွင် စူးများပါနေသလို သစ်ရွက်များတောင် ရှိနေသေးသည်။
ထိုနွယ်ပင် ၂၀နှင့်၃၀လောက်သည် ခြုံတောထဲမှ ထွက်လာကာ ရေကန်ဘက်သို့ ဦးတည်လာသည်။ ထိုနွယ်ပင်များသည် လေထဲတွင် ကခုန်ကာ လင်းချင်း ပက်လက်လှန်ထားသည့် လိပ်များကို ရစ်ပတ်နေသည်။
ခုနတုန်းက ချူးလီလီသည် သူမဆော့နေသည် လိပ်ကိုလာယူဖို့လုပ်သည့် နွယ်ပင်အား ဒေါသထွက်ကာ အော်လိုက်ပြီးနောက် လက်သည်းထုတ်ကာ ပိုင်းချလိုက်သည်။ ထိုနွယ်ပင်ထဲမှ စေးကပ်ကပ်အရည်များက ထွက်လာသည်။ အပိုင်းခံလိုက်ရသည့်နွယ်ပင်သည် နောက်သို့ဆုတ်သွားသော်လည်း အခြားနွယ်ပင်များစွာက ခြုံတောထဲကနေ အခြားလိပ်များဆီသို့ လာနေသည်။
‘ဒါကရောဘာလဲ? နောက်ထပ် အသိရှိနေတဲ့နွယ်ပဲလား?’ လင်းချင်းသည် တွေးမိသည်။ ဒီနွယ်များကို ကြည့်လိုက်သည့်အခါ သူမ၏ကန်ထဲက နွယ်ပင်များက ဒီဟာကြီးတွေထက် အများကြီးကို ပိုလှသည်ဟု ယှဉ်တွေးမိသွားသည်။
“အား” ‘လိပ်တွေဆီကိုလာတာ’ ချူးလီလီသည် လင်းချင်းထွက်လာသည်နှင့် သူမကို အော်ပြောသည်။
လင်းချင်းသည် အားအပြည့်ဖြင့် လှုပ်ရှားနေသည့် နွယ်များကို သေချာကြည့်လိုက်သည့်အခါ သူတို့ဆီမှ စွမ်းအားလှိုင်းရှိနေသည်ကို ရုတ်တရတ် သိလိုက်ရသည်။ ထူးဆန်းသည့် စွမ်းအားသည် ဇွန်ဘီများနှင့် သဘာဝလွန်စွမ်းအားရှင်လူသားတို့ဆီမှ စွမ်းအားများလို မဟုတ်ပေ။ ဒါသည် ထူးခြားသည့် စွမ်းအားဖြစ်သည်။
‘သန္ဓေပြောင်းအပင်တွေဆီက စွမ်းအားလား? ကြည့်ရတာ ဒီနွယ်တွေမှာ အမြူတေရှိနေပုံပဲ’ ဒီအတွေးဖြင့် လင်းချင်းသည် ချူးလီလီကို အော်ပြလိုက်သည်။ ‘ဒီမှာခနစောင့်။ ငါတစ်ချက်သွားကြည့်လိုက်မယ်’
ထို့နောက် လင်းချင်းသည် ကိုယ်ဖျောက်လိုက်ကာ နွယ်ပင်များကို ဖြတ်ပြီးနောက် ခြုံတောထဲကို တိုးဝင်လိုက်သည်။ နွယ်ပင်များသည် ကိုယ်ပျောက်နေသည့် လင်းချင်းကို လျစ်လျူရှုကာ ချူးလီလီဆီသို့သာ သွားကြသည်။ ချူးလီလီအတွက်ကတော့ ဒီနွယ်များကို ရှင်းရသည်က အလွယ်လေးပင်။
လင်းချင်း၏အော်သံကို ကြားသည့်အခါ ချူးလီလီသည် လင်းချင်းက ထိုနွယ်များ၏ ပင်စင်ကို သွားရှင်းဖို့ လုပ်ကြောင်း နားလည်လိုက်သည်. ထို့ကြောင့် လိပ်များကို အလျှော့မပေးသေးဘဲ ကပ်ဖို့လုပ်နေသည့်နွယ်ပင်များကို အပျင်းပြေလိုက်ခုတ်ရင်းဖြင့် ဆော့နေသည်။
လင်းချင်းသည် ခြုံတောထဲတွင် အပင်ကို တွေ့လိုက်သည်။ ထိုအပင်သည် ကန်စပ်ကခြုံတောများနှင့် ဆယ်မီတာလောက် ဝေးရာတွင် ပေါက်နေခြင်း ဖြစ်သည်။ ဒီနေရာတွင် သူ့၏နွယ်များအပင် ဘာမှမရှိပေ။ နွယ်များ၏အလည်ပင်တွင် အသီးလိုမျိုးအကြီးကြီးဖြစ်နေသည့် ထူးဆန်းသည့် အပင်က ရှိနေသည်။
ထိုအပင်သည် နွယ်ပင်၏တစ်စိတ်တစ်ပိုင်းနှင့် မတူပေ။ သူတို့သည် နွယ်များထွက်လာသည့် အခြားအပင်မျိုးစိတ်လိုပင်။ သူတို့သည် အိတ်ကြီးများရှိကာ အရွက်များရှိနေသဖြင့် အင်းစက်စား ရေတကောင်းပင်နှင့်တူသည်။ သူတို့၏အရွက်များသည် ထူပြီးတော့ အစွန်းကတော့ စူးချွန်မာမာများ ရှိနေသည်။ ထိုအချိန်တွင် အိတ်များကိုဖုံးထားသည့် အရွက်သည် ပွင့်လာကာ အထဲကိုမြင်လိုက်ရသည်။
ထိုအိတ်သုံးအိတ်သည် အသီး၏တစ်ဖက်စီတွင် စောင့်ကြပ်သေနည်။ ဖွင့်လိုက်သည့် အိတ်များ၏အပေါက်သည် အပြင်ဘက်သို့လှည့်ထားကာ အသီးကို ကာကွယ်ထားပုံရသည်။ လင်းချင်းသည် ထိုအသီးထံမှ စွမ်းအားက ထွက်လာကြောင်းကို အာရုံခံမိသည်။ ကြည့်ရသည်မှာ အထဲတွင် အမြူတေရှိနေသည်။
ထိုစွမ်းအားအပြင် လင်းချင်းသည် ဒီအပင်များ၏ အိတ်များမှ ဆွဲဆောင်နေသည့် အနံ့ကိုလည်း ရနေသေးသည်။ သို့သော်လည်း လက်တွေ့မဆန်သဖြင့် ထိုအနံ့ကို သူမက မကြိုက်ပေ။
ကမ္ဘာမပျက်ခင်က ဒီလိုအပင်များသည် အင်းစက်များကို ဆွဲဆောင်ရန် အနံ့အချို့ထုတ်လွှတ်တက်သည့် အပင်အမျိုးအစားပင်။ အင်းစက်က အိတ်ထဲသို့ ဝင်လာသည့်အခါ သူတို့သည် အရွက်ဖုံးဖြင့် ပိတ်လိုက်ကာ သားကောင်ကို ဖမ်းလိုက်ပြီးနောက် ချေဖျက်သွားအောင် အရည်တစ်မျိုးထုတ်လွှတ်ကာ စားပစ်လိုက်သည်။
လင်းချင်းသည် နွယ်ထူထူပေါ်ကနေ အလယ်ခေါင်သို့ ခုန်ကူးဖို့လိုက်သည်။ နွယ်များသည် လင်းချင်း၏ အလေးချိန်ကို ခံစားလိုက်ရသော်လည်း ဘယ်လိုတည်ရှိမှုကိုမှ မရှာနိုင်သဖြင့် ခနရပ်တန့်သွားသည်။
နွယ်များက လင်းချင်း၏ ပေါင်လုံးလောက်ကြီးနေကာ ဆူးချွန်များသည်လည်း အရမ်းထက်ကာ ကြီးနေသည်။ လင်းချင်းသည် ထိုဆူးချွန်များကြားက နေရာလွတ်ကိုနင်းကာ သွားနေရသည်။ သူမသည် လမ်းလျှောက်နေရင်း လက်သည်းများကို ထုတ်ထားရသည်။ သူမတွင် မီးလောင်စေသည့်အရာက မပါသဖြင့် လက်သည်းများသာ သုံးရမည်။
သူမသည် နွယ်များ၏ အလယ်သို့ ခိုးကာရောက်လာသည့်အခါ အနံ့သည် ပိုပြင်းလာသည်။ သူမသည် ထိုအရွက်ဖုံးကနေ အိတ်ထဲကို ငဲ့ကြည့်လိုက်သည့်အခါ ကြွက်၊ငှက်နှင့် ပိုးကောင်တို့၏ အလောင်းများကို တွေ့ရသည်။ အိတ်သည် အရမ်းမကြီးသော်လည်း ရမ်းခါလို့တော့နေသည်။ နားမလည်နိုင်သည်က ဘယ်လိုဖြစ်လို့များ ဒီလိုအင်းစက်စားအပင်နှင့် နွယ်ပင်တို့က ပူးပေါင်းသွားသလဲ ဆိုသည်သာ။
သို့သော်လည်း ဒီအိတ်၏အပေါက်သည် ပုံမှန်လပ်တော့၏ မျက်နှာပြင်လောက် ကြီးသဖြင့် လိပ်များက ဝင်ဆံ့နိုင်မှာ မဟုတ်ပေ။ ထို့အတူ လိပ်၏အခွံ့ကိုလည်း အစာချေနိုင်မှာ မဟုတ်ပေ။ ဒါဆိုရင် နွယ်များက လိပ်တွေကို ဘာဖြစ်လို့ ဖမ်းနေသနည်း?
လင်းချင်းသည် နွယ်များ၏အဆုံးကို ကြည့်လိုက်သည့်အခါ အံ့သြစရာပင်။ အခြားသတ္တဝါများ၏ အလောင်းများကို သူမတွေ့လိုက်ရသည်။ အထူးသဖြင့် ကြောင်နှင့်ခွေးများပင်။ ထိုအလောင်းများကို နွယ်ပင်တို့က ဖိထားသဖြင့် ခုနက မမြင်လိုက်ရတာ ဖြစ်သည်။ ထို့ကြောင့် လင်းချင်းသည် အခြားအိတ်နှစ်ခုကို သွားကြည့်လိုက်သည့်အခါ ကြောင်အသေအချို့ကို တွေ့လိုက်ရသည်။ ထူးဆန်းသည်က ထိုအသေကောင်များသည် အိတ်ထဲတွင် စုပ်ယူပြီး၍ အောက်သို့ကျနေပုံရခြင်းဖြစ်သည်။ လင်းချင်းသည် ထိုအလောင်းများမှ အနံ့ကိုမရပေ။
အိတ်ထဲကအကောင်များသည် အစာချေခံလိုက်ရသော်လည်း အရိုးများဖြင့် အချို့အစိတ်အပိုင်းများသည် စုပ်ယူ၍မရပေ။ မတူသည်ကတော့ အိတ်အောက်က အလောင်းများသည် သွေးနှင့်အစိုဓာတ်အကုန် စုပ်ယူခံလိုက်ရသဖြင့် တွန့်ခြောက်နေပုံရတာ ဖြစ်သည်။
လင်းချင်းသည် အိတ်ကနေပြီးတော့ အသီးကို သေချာကြည့်လိုက်သည်။ အသီးသည် အရမ်းမကြီးဘဲ ယောက်ျားတစ်ယောက်၏ လက်သီးဆုတ်တစ်ခုလောက်ပင်။ အညှာပါနေသည့်တည်သီးနှင့်တောင် တူနေသေးသည်။
လင်းချင်းသည် ဒီအပင်က သန်မသန်မသိသဖြင့် လက်သည်းများကို ခုတ်ဖို့လုပ်လိုက်သည်။ သို့သော်လည်း အိတ်ထဲက အသေကောင်အလောင်းများအရ သုံးသပ်ရလျှင် ကိုင်တွယ်ရမှာက ခက်ခဲပုံပင်။ သူမသည် ကိုယ်ပြန်ဖော်လိုက်သည်နှင့် လက်သည်းများဖြင့် ဒီအပင်နှင့် အသီးကြားက ဆက်နေသည့်အပိုင်းကို ခုတ်ပစ်သည်။