May Honey Logo May Honey
Previous Next

၁၆၃။ ထောင်ချောက်မိခဲ့တယ်

လင်းချင်းနှင့် ရှဲ့တုန်းတို့ ရုတ်တရက် ပျောက်သွားသည့်အခါ လူနှစ်ယောက်သည် အံ့သြတကြီးဖြင့် အချင်းချင်းကြည့်ကုန်ကြသည်။ သို့သော်လည်း သူတို့အံ့သြ၍မဆုံးသေးခင်တွင်ပဲ လင်းချင်းက ပြန်ပေါ်လာသည်။ သူမသည် လူသေအနားသို့လျှောက်သွားကာ ခေါင်းကိုကောက်ယူပြီးနောက် နယ်မြေထဲသို့ ပြန်ဝင်သွားသည်။ ထိုတစ်ချိန်လုံးတွင် သူတို့နှစ်ယောက်ကို လျစ်လျူရှုထားသည်။

ခုနတုန်းက သူမသည် ခေါင်းယူဖို့ကို မေ့သွား၍ ဖြစ်သည်။ သူမသတ်လိုက်သည့်သူက အဆင့်ငါးစွမ်းအားရှင်ဖြစ်ရာ အမြူတေသည် သူမအတွက် အကျိုးမရှိရင်တောင်မှ ကန်ထဲကနွယ်ပင်ကို အစာကျွေးရသည်။   ‘ငါမဖြုန်းတီးနိုင်ဘူး!’

သူမသည် ခေါင်းကိုယူ၍ နယ်မြေထဲသို့ ရောက်သည့်အခါ အမြူတေကို လက်ဖြင့်ခွဲထုတ်လိုက်၍ ကန်ထဲသို့ပစ်ချလိုက်သည်။ ထို့နောက် ခေါင်းကိုဘေးသို့ချလိုက်ကာ ကန်ထဲကရေကိုပုံးဖြင့်ခပ်၍ လက်ဆေးလိုက်သည်။ ထို့နောက်မှ သူမသည် ခုနကရထားသည့် ဇွန်ဘီအမြူတေတစ်ခုရှိသည်ကိုလည်း သတိရသွားလေရာ အိတ်ထဲကနေထုတ်၍ ကန်ထဲသို့ ပစ်ချလိုက်သည်။

ကျွင်းကျွင်းသည် ဒီနေရာတွင် ဟင်းချက်လေ့ရှိသဖြင့် ရေပုံးတစ်လုံးက အမြဲတမ်းရှိနေတက်သည်။ သူမသည် ထိုရေပုံးဖြင့် အပင်များကို ရေလောင်းတက်သည်။ လင်းချင်းသည် ကန်ထဲတွင် ရေကိုစိမ်မချိုးတော့ဘဲ ထိုပုံးဖြင့်ရေခပ်ကာ မြက်ခင်းပေါ်တွင်ချိုးခြင်း သို့မဟုတ် နယ်မြေ၏အပြင်သို့ထွက်ကာ ချိုးခြင်းမျိုးသာ လုပ်တော့သည်။

လင်းချင်းသည် ရှဲ့တုန်းက ခေါင်းထဲက ဦးနှောက်စားချင်နေသည်ကို ပြောနိုင်သည်။ ထို့ကြောင့် သူမသည် ဖန်ခွက်တစ်လုံးဖြင့် ရေကိုခပ်လိုက်ကာ သူ့အားပေးလိုက်သည်။ ရှဲ့တုန်းသည် ယူသောက်လိုက်သည်။ လင်းချင်းသည် ဖန်ခွက်အလွတ်ကိုကြည့်ကာ နောက်တစ်ခွက်ထပ်ခပ်ပေးလိုက်သည်။ ရေသောက်ပြီးမှ သူ့၏လူခေါင်းစားချင်စိတ်သည် ရုတ်တရက် လျှော့နည်းသွားလေသည်။ လင်းချင်းသည် သူ့အားခွက်ကိုပေးပြီးနောက် သောက်ချင်လျှင် ထပ်၍ခပ်သောက်ဖို့ အချက်ပြလိုက်သည်။

ကန်ရေသည် ဇွန်ဘီများအတွက် အသုံးဝင်သည်။ ကျွင်းကျွင်းသည်လည်း ပြောင်းလဲသွားသလို လင်းချင်းအတွက်လည်း အသုံးဝင်သည်။ ထို့ကြောင့် ရှဲ့တုန်းသောက်ပါက အကျိုးရှိမည်မှာ အမှန်ပင်။ ရှဲ့တုန်းသည် ဒုတိယတစ်ခွက်သောက်ပြီးနောက် နောက်တစ်ခွက်ကို ဘာဖြစ်လို့ သောက်ရမလဲ မသိသော်လည်း သောက်လိုက်သည်။

လင်းချင်းသည် သူ့အားအသံကျယ်ကျယ်ဖြင့် ပြောသည်။   “နား”

ရှဲ့တုန်းသည် ခနကြောင်သွားပြီးနောက် လင်းချင်းကို အံ့သြတကြီးမော့ကြည့်သော်လည်း လင်းချင်းသည် နယ်မြေထဲကနေ ထွက်သွားနှင့်ပြီ။

လင်းချင်းပျောက်သွားသည်နှင့် ကျန်ခဲ့သည့် အဆင့်ငါးနှစ်ယောက်သည် အခြေအနေကို သဘောပေါက်သွားကာ အမိုးပေါ်ကနေ အမြန်ခုန်ဆင်းသွားကြတော့သည်။

သူတို့သွားပြီးသိပ်မကြာခင်တွင်ပဲ လင်းချင်းသည် ပြန်ပေါ်လာသည်။ သူမသည် ထွက်ပြေးသွားသည့် ထိုနှစ်ယောက်ကို တစ်ချက်ကြည့်ပြီးနောက် ကိုယ်ကိုဖျောက်ကာ လင်းဖန်တို့ရှိသည့် ဟိုတယ်ဘက်သို့ သွားတော့သည်။

အဆင့်ငါးနှစ်ယောက် ဆင်းလာသည့်အခါ ကားထဲကလူများသည် ကားပြတင်းပေါက်နေ ခေါင်းထွက်ကာကြည့်ကြသည်။ သို့သော်လည်း တတိယမြောက်လူက ပေါ်မလာတော့ပေ။ ထို့ကြောင့် တစ်ယောက်က စမေးသည်။   “ဟမ်? ကျောင်းလီတရော? ဆရာ ဘာဖြစ်လို့ သူမဆင်းလာတာလဲ?”

“ဟုတ်တယ်သူရော? ဟိုကောင်သေပြီလား? ဇွန်ဘီအမြူတေရခဲ့လား?”

သူတို့အမေးများကိုကြားသည့်အခါ ထိုနှစ်ယောက်သည် မျက်နှာမည်းသွားသည်။ ရှန်ချန်းမင်းဟု အမည်ရသည့်သူက    “သေပြီ”   ဒီလိုပြောပြီးနောက် ကားအမိုးပေါ်ကနေဆင်းကာ အရှေ့ခုံကိုဝင်ထိုင်လိုက်သည်။ သူ့စကားကြောင့် လူတိုင်းကြောင်အကုန်သည်။

“ဘယ်လိုဖြစ်တာလဲ? ဘယ်လိုလုပ်သေသွားတာလဲ? သုံးယောက်က တစ်ချိန်လုံးအတူရှိနေတာမလား?”

“ဟုတ်တယ်! ဟိုကောင်က ဆိုးဆိုးဝါးဝါးထိထားတာ ကျောင်းလီတကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ?”

“ဒါပင်မယ့် အဲ့ကောင်က နည်းနည်းထူးဆန်းတယ်။ အထူးတပ်ဖွဲ့က တပ်သားဟောင်းမလို့ သူတို့ပဲတက်တဲ့အရည်အချင်းတွေရှိတယ်”

“ဘယ်လိုလုပ်သေတာလဲ?”
ကားထဲကလူများသည် မေးခွန်းများ ဆက်တိုက်ပင်။

လုတုယောင်ဟူသည့် နောက်ကားပေါ်ကလူကတော့ ကားအမိုးပေါ်က ဆင်းလာသည်နှင့်   “သွားရအောင် ကျောင်းလီတာသေတော့ ငါတို့အားက ၂၀ရာခိုင်နှုန်းလောက် ကျသွားပြီ။ အခုကစပြီး ပိုသတိထားကြတော့”   ဘယ်လိုသေသွားသလဲကို သူပြောမနေတော့ဖို့ အဖွဲ့၏အားကျသွားသဖြင့် ပိုဂရုစိုက်ရန်သာ သတိပေးသည်။ ကားထဲသို့ လူစုံရောက်မှသာ သူတို့မောင်းထွက်လာကြသည်။

ရှန်ချန်းမင်းက ပြောပြသည်။   “ဟိုကောင်က မသေဘူး။ သူ့ကိုကယ်ဖို့ အားကောင်းတဲ့သူတစ်ယောက် ပေါ်လာတယ်။ ကျောင်းလီတကို အဲ့မိန်းမက ခေါင်းဖြတ်သတ်လိုက်တာကို ငါတို့မြင်လိုက်ရတယ်။ သူ့လှုပ်ရှားမှုတွေကို ငါတို့တောင် သေချာမမြင်နိုင်တဲ့အထိပဲ”

လင်းချင်းသည် ဦးထုပ်နှင့်ပုဝါရှိသော်လည်း သူမ၏နှင်းလိုဖြူသည့်အသား၊ ထင်းနေသည့်မေးနှင့် ရင်သားတို့ကြောင့် နှစ်ယောက်လုံးသည် မိန်းမဖြစ်ကြောင်း သိလိုက်သည်။ သူမ၏မျက်နှာကျပုံ၊ နှာခေါင်းနှင့် နှုတ်ခမ်းတို့အရ အရမ်းလှကြောင်းလည်း သိလိုက်ရသည်။ နေကာမျက်မှန်တပ်ထားသဖြင့် မျက်ဝန်းများက ဘယ်လိုဖြစ်နေလောက်မယ်ဆိုသည်ကိုတော့ သူတို့မသိခဲ့ပေ။

သူ့စကားကြောင့် ရှန်ချန်းမင်း၏ကားထဲကလူများသည် အံ့သြတကြီးဖြင့်   “ဘာ? ကျောင်းလီတကို ဘယ်လိုသတ်လဲ မသိလိုက်ရဘူး? ဒီလောက်သန်မာတယ်လား? အဆင့်ငါးစွမ်းအားရှင်တွေတောင်မှ လှုပ်ရှားမှုကို မသိဘူးဆိုတော့”

“ဘယ်သူလဲ? ဒီလောက်သန်မာတာ။ စခန်းမှာနာမည်ကြီးဖြစ်ရမယ်”

“ဟုတ်တယ် ဟုတ်တယ်! အောက်ကနေ ဘာသံမှမကြားရဘဲ ဘယ်လိုလုပ်ရုတ်တရက် သေသွားတာလဲ? ဆရာတို့က ဘာဖြစ်လို့ ဘာမှမဖြစ်တာလဲ? ဟိုကောင်ကိုကယ်ဖို့ပဲ လာတာမလို့လား?”

ရှန်ချန်းမင်းသည် ခေါင်းငြိမ့်ကာ   “သူရောက်လာတာကို ငါတို့ထဲကဘယ်သူမှ မသိလိုက်ဘူး။ ငါတို့သိလိုက်တော့ ငါတို့နောက် ၂မီတာမှာရောက်နေပြီ။ ကံကောင်းတာက ငါနဲ့လုတုယောင်တို့က အမြန်​ရှောင်နိုင်လို့။ မဟုတ်ရင် ငါတို့ပါသေနေလောက်ပြီ”

“ဒီလောက်သန်တာ! အသံမထွက်ဘဲ ရောက်လာနိုင်တယ်လား? ဒါပင်မယ့် ဆရာတို့တောင် သူရောက်တာသိမှတော့ ကျောင်းလီတာက ဘာဖြစ်လို့ မရှောင်တာလဲ?”   သူတို့၃ယောက်သည် အဆင့်အတူဖြစ်ရာ လက်ဦးမှုယူကာ မရှောင်ဘဲ ဘာဖြစ်လို့ ဒီလိုအဆုံးသတ်သွားသလဲကို သိချင်ကြသည်။

“ထောင်ချောက်မိသွားတာ”   ရှန်ချန်းမင်းက ပြောသည်။   “အဲ့အချိန်တုန်းက ဟိုကောင်ကို သူကကန်နေတော့ အဲ့ကောင်က သူ့ခြေထောက်ကို ပြေးမလွတ်အောင် ခဲထားလို့ ဖြစ်သွားတာ”

ကျောင်းလီတသည် သူ့သေတွင်းသူတူးခြင်းဖြစ်သည်။ သူသာရှဲ့တုန်းကို မကန်ပါက ဟိုကလည်း ပြန်ကိုက်မှာမဟုတ်သလို သူလည်းထွက်ပြေးရနိုင်သည်။ သူ့တွင်လေစွမ်းရှိသောကြောင့် သူများထက် ပိုပြေးလွတ်နိုင်သည်။ သို့သော်လည်း သူ့လုပ်ရပ်ကြောင့် သူအသတ်ခံရခြင်းပင်။

“ဒါဆိုရင် သူသေရတဲ့အကြောင်းက ပြေးမလွတ်အောင် ဟိုကောင်က ကိုက်ထားလို့ပေါ့?”   အခြားသူများသည် မယုံနိုင်ဖြစ်ကုန်သည်။

ကျောင်းလီတသည် အသန်မာဆုံးဖြစ်သော်လည်း သေသွားပြီ။ ရှန်ချန်းမင်း၏ ကားထဲကလူများသည် သူ့သေခြင်းကို အများကြီးမခံစားရဘဲ အားကြီးအသင်းဖော်ကို ဆုံးရှုံးရလို့သာ ရင်နာနေတာဖြစ်သည်။

ရှန်ချန်းမင်းသည် ခေါင်းငြိမ့်ပြလိုက်သည်။

“ဒါဆိုရင် ဆရာတို့ဘယ်လိုလွတ်လာလဲ? အာရုံမစိုက်မိအောင် ရောက်လာနိုင်တည်းက အတော်သန်မာလို့ပဲ။ ဘယ်သူများပါလိမ့်?”

“မိန်းမတစ်ယောက်ပဲ”   ရှန်ချန်းမင်းက ပြောသည်။   “စခန်းမှာတော့ မမြင်ဖူးဘူး။ ငါတို့ကိုထားခဲ့လို့ ပြေးလွတ်တာ။ ငါတို့ကို မတိုက်ခိုက်ဘူး။ အဆင့်၆စွမ်းအားရှင်လို့ထင်တယ်။ နေရာလွတ်စွမ်းရှိမရှိကတော့ ငါလည်းမပြောတက်ဘူး”

သူရော လုတုယောင်ရောက လင်းချင်းပျောက်သွားသည်ကို မြင်ခဲ့ရဿည်။ ပုံမှန်ဆိုလျှင် နေရာလွတ်စွမ်းအားရှင်များသာ ဒီလိုလုပ်နိုင်ကြတာဖြစ်သည်။  
Previous Chapter 163 of 198 Next