May Honey Logo May Honey
Previous Next

၁၆၄။ နောက်ဇွန်ဘီတစ်ကောင်

ရှန်ချန်းမင်း၏ကားထဲက လူများနှင့်မတူဘဲ နောက်ကားထဲမှ လူများသည် ဝမ်းနည်းနေကြသည်။ လုတုယောင်က အခြားသူများကို ဘာဖြစ်သလဲဆိုသည်ကို ပြောပြသည့်အခါ သူတို့သည် ပူဆွေးသည့်အမူအယာဖြင့် မျက်မှောင်များကျုံ့လိုက်ကြသည်။

ကျောင်းလီတသည် သူတို့ကပ္ပတိန်ဖြစ်ကာ ရှန်ချန်းမင်းတို့၏ အဖွဲ့နှင့် ခနပူးပေါင်းခြင်း ဖြစ်သည်။ စခန်းတွင် ရှန်ချန်းမင်းတို့အဖွဲ့အား မကြာခနမြင်ဖူးသော်လည်း သူတို့ကိုတော့ သေချာမရင်းနှီးပေ။ သူတို့ကပ္ပတိန်သည် အခုသေဆုံးသွားလေရာ သူတို့အဖွဲ့သည် အားနည်းသွားလေပြီ။ ထို့ကြောင့် စခန်းရှိ သူတို့၏လုပ်ဆောင်ချက်များသည်လည်း အကန့်အသတ်ဖြင့်သာ ဖြစ်တော့မည်။

“ဘယ်သူလဲ? တကယ်လို့ သူကသာ အရမ်းအစွမ်းရှိနေရင် သူ့နာမည်ကို စခန်းမှာ ငါတို့ကြားဖူးရမှာပဲမလား?”   တစ်စုံတစ်ယောက်က မေးသည်။

လုတုယောင်သည် ခေါင်းကိုခါကာ ဖြေသည်။   “မိန်းမတစ်ယောက်ပဲ။ ဦးထုပ်နဲ့ မျက်မှန်နဲ့ဆိုတော့ အတော်ထူးဆန်းတဲ့ပုံပဲ။ စခန်းမှာတော့ သူ့ကိုတစ်ခါမှ မတွေ့ဖူးဘူး”

“မိန်းမ? စခန်းက အဆင့်၆ ဒါမှမဟုတ် အဆင့်၇ထဲမှာ မိန်းမဆိုလို့ ဒုခေါင်းဆောင်ယန်ပဲရှိတာ။ ဒီကိုရောက်လာလို့လား?”   တစ်ယောက်က တအံ့တသဖြင့် မေးသည်။

လုတုယောင်သည် ခေါင်းကိုထပ်ခါကာ   “ဒုခေါင်းဆောင်ယန်မဟုတ်ဘူး။ ငါတို့အကုန်လုံးက ဒုခေါင်းဆောင်ယန်ကို သိပင်မယ့် ဒီမိန်းမကိုတော့ ငါမသိဘူး”

အခြားသူများသည် သူတို့အချင်းချင်းကြည့်ကာ ဒီထူးဆန်းသည့်မိန်းမက ဘယ်သူဖြစ်နိုင်သလဲကို တွေးနေကြသည်။

တစ်ဖက်တွင်တော့ ချူးလီလီနှင့် ကျွင်းကျွင်းတို့သည် ဟိုတယ်၏အဝသို့ ရောက်လာကြပြီ။ ချူးလီလီသည် အထဲကို အနံ့ခံကြည့်လိုက်ပြီးနောက် ဝင်သွားသည်။ နှစ်လှမ်းလောက်လှမ်းပြီးသည့်အခါ အပေါက်ဝတွင် ရပ်ကျန်ခဲ့သည့် ကျွင်းကျွင်းအား ပြန်လှည့်ကြည့်ကာ    “အာ ယာ”   ‘ဝင်ခဲ့လေ’

ကျွင်းကျွင်းသည် တုံတုံကို ချီထားကာ ပျက်စီးနေသည့် ဟိုတယ်အဝကို ကြည့်လိုက်ပြီးနောက် သူမ၏သားကို ငုံ့ကြည့်လိုက်သည်။ ဒီဟိုတယ်ထဲတွင် လူသားများရှိနေသောကြောင့် သူမသည် ရုတ်တရက်ကြီး လူသားများအနားသို့ မသွားချင်တော့ပေ။ လူတွေကဝိုင်းနေကာ သူမကိုကြည့်နေမည်ကို တွေးရုံဖြင့် သူမအဆင်မပြေဖြစ်လာသည်။ 

ချူးလီလီက ခေါ်မှသာ အထဲသို့ သူမဝင်လာသည်။ သူတို့သည် ဧည့်ကြိုခန်းထဲသို့ လျှောက်လာကြသည်။ ချူးလီလီသည် ဖုန်များပေါ်တွင် လမ်းလျှောက်ရခြင်းကို မကြိုက်ပေ။ သူမသည် သစ်ပင်ထိပ်နှင့် အမိုးများပေါ်မှာ ခုန်သွားနေရခြင်းသာ ကြိုက်သည်။ အခုတော့ သူမသည် ကျွင်းကျွင်းနှင် တုံတုံကို ကာကွယ်ပေးဖို့အတွက် ဖုန်တောထဲကို လျှောက်နေရသည်။

သူတို့ဝင်လာသည့်အခါ အဆောက်အဦးထဲတွင် ဇွန်ဘီမရှိကြောင်းကို တွေ့လိုက်ရသည်။ မီတာရာချီသည့်နေရာတွင်တော့ ရှိသေးသော်လည်း ဇွန်ဘီများသည် သူမ၏တည်ရှိမှုကို ကြောက်ရွံ့ကာ ပုန်းအောင်းနေကြခြင်းဖြစ်သည်။ 

လင်းဟောင်နှင့် အခြားသူများသည် အပေါ်ထပ်တွင် ရောက်နေလေရာ ဧည့်ကြိုခန်းတွင် ဘယ်သူမှမရှိပေ။ ထို့ကြောင့် ချူးလီလီတို့ရောက်လာသည့်အခါ ဟိုတယ်ထဲသို့ လူသားအနံ့ကြောင့်  ရောက်လာကြသည့် ဇွန်ဘီအချို့က ဇွန်ဘီဘုရင်မ ရောက်လာကြောင်းကို သိချိန်တွင်တော့ ဟိုတယ်ထဲက လူသားများအကြောင်းကိုမေ့လိုက်ကာ ပြေးနိုင်သမျှ ဝေးဝေးကို ပြေးတော့သည်။ အချို့ဇွန်ဘီများသည် ကြောက်လန့်တကြား အပေါ်ထပ်သို့ တက်ပြေးလေရာ လင်းဖန်တို့လူများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

တံခါးတွင် စောင့်နေသည့် ဝေ့ကျင်းချန်သည် ဇွန်ဘီတက်လာသည်ကို မြင်သည်နှင့် ပစ်သတ်သည်။ ဇွန်ဘီတစ်ကောင်က လှေကားထိပ်သို့ ရောက်လာလျှင် သူပစ်လိုက်ပြီ ဖြစ်သည်။ အစောင့်အနေဖြင့် ဒီအထပ်သို့တက်လာသမျှ ဇွန်ဘီများကိုရှင်းရန် တာဝန်ရှိသည်။ ကျန်သည့်သူများက အဆောက်အဦးထဲတွင် အသုံးဝင်မည်များကို ရှာဖွေနေကြတာ ဖြစ်သည်။

သို့သော်လည်း သူပစ်လိုက်သည့် ကျည်ဆန်ကို သွယ်လျသည့် လက်လေးတစ်ခုက ဖမ်းလိုက်သည်။ ထိုအခါမှ ဝေ့ကျင်းချန်သည် သန့်ရှင်းနေသည့် အဖြူရောင်ဂါဝန်လေးဖြင့် ဇွန်ဘီမလေး ချူးလီလီကို မှတ်မိသွားသည်။

“ဂါး!”   ချူးလီလီသည် သူမအား သေနတ်ဖြင့် လှမ်းပစ်သည့် ဝေ့ကျင်းချန်းကို အော်လိုက်သည်။ ဘယ်သူမဆို ရုတ်တရက် သေနတ်ဖြင့် ပစ်ခံရလျှင် စိတ်ဆိုးတက်ကြသည်။

ဝေ့ကျင်းချန်သည် အရပ်ရှည်ကာ တောင့်တောင့်ဖြောင့်ဖြောင့်လူ ဖြစ်သော်လည်း ရိုးရှင်းသည့်သူဖြစ်သည်။ သူသည် ဇွန်ဘီမှားယွင်းကာ ပစ်မိသည်ကို သိလိုက်ပြီးနောက် ချူးလီလီ၏ ဒေါသထွက်သွားသည့် အော်သံကို ကြားသည့်အခါ သေနတ်ကို အမြန်ချလိုက်ကာ ဘာလုပ်ရမှန်းမသိတော့ဘဲ ခေါင်းကိုပွတ်ရင်း ချူးလီလီကို ကြည့်နေမိသည်။ 

ဒီဇွန်ဘီမလေးကို သူသေချာပေါက်ကို သိပါသည်။ ခုနတုန်းက ယန်ကျင်းဟွာကို ဒီဇွန်ဘီမလေးက မောင်းထုတ်လိုက်ခြင်းကို သူကိုယ်တိုင်မျက်မြင်တွေ့လိုက်ရသည်။ သူတောင်းပန်ချင်သော်လည်း ဇွန်ဘီဖြစ်ကြောင်း သတိရသွားသည်။ ဇွန်ဘီကို တောင်းပန်စကားပြောဖို့က အနည်းငယ်မှားယွင်းနေသလို သူခံစားရသည်။

ထိုအချိန်တွင် ကျွင်းကျွင်းသည်လည်း တုံတုံကို ချီကာ အပေါ်ထပ်သို့တက်လာသည်။ ဝေ့ကျင်းခန်သည် ကျွင်းကျွင်းပေါ်လာသည့်အခါ သေချာကြည့်လိုက်သည်။ ကလေးငယ်လေးသည် သူမ၏ပုခုံးကိုမှီထားကာ တွယ်ဖက်နေသဖြင့် မျက်နှာကိုမမြင်ရပေ။ ထို့ကြောင့် ကျွင်းကျွင်းနှင့် တုံတုံကို နားမလည်စွာ ကြည့်နေသည်။ ကျွင်းကျွင်းက ဇွန်ဘီဖြစ်ကြောင်း သေချာသော်လည်း ကလေးချီထားသည့် ဇွန်ဘီကိုတော့ သူတစ်ခါမှ မမြင်ဖူးပေ။ ထို့ကြောင့် ကလေးကိုလည်း ဇွန်ဘီလေးဖြစ်မည်ဟုသာ ထင်လိုက်သည်။

“ဂါး!”   တုံတုံကို ကြည့်နေသည်ကို မြင်သည့်အခါ ချူးလီလီက သူ့ကိုထပ်စိုက်ကြည့်ပြီးနောက် ကျွင်းကျွင်းတို့အား ကော်ရစ်တာဘက်သို့ တွန်းကာပေးထားသည်။ ထို့နောက်မှ အနည်းငယ်သန့်ပုံရသည့် အခန်းထဲသို့ ဝင်သွားသည်။

ထိုအချိန်တွင် ဝေ့ကျင်းချန်စောင့်နေသည့် အခန်းတံခါးသည် ပွင့်လာသည်။ လင်းဝမ်ဝမ်က အခန်းထဲကနေ ခေါင်းပြူထွက်ကြည့်ကာ သူ့အား   “ခုနတုန်းက ငါအသံတွေကြားတယ်။ ဇွန်ဘီတွေ လာလို့လား?”

ဝေ့ကျင်းချန်သည် အနေရခက်စွာ ခေါင်းကိုပွတ်မိနေသည့်လက်ကိုချလိုက်ကာ    “အာ! ဟုတ်တယ် ဇွန်ဘီတွေလာတယ်။ ယန်ကျင်းဟွာကို မောင်းထုတ်လိုက်တဲ့ ဇွန်ဘီမလေးနဲ့ ကလေးချီထားတဲ့ ဇွန်ဘီမတစ်ယောက်”

လင်းဝမ်ဝမ်၏ မျက်လုံးများသည် တောက်ပသွားကာ   “ဇွန်ဘီမလေး ပြန်လာပြီလား? နေကာမျက်မှန်တဲ့တစ်ယောက်ရော? ဘာဖြစ်လို့ နောက်ဇွန်ဘီမတစ်ကောင်ရှိနေတာလဲ?”

ဝေ့ကျင်းချန်သည် ခေါင်းကိုခါကာ   “သူ့ကိုတော့ မမြင်မိဘူး”

“ဇွန်ဘီ၂ကောင် ဘယ်ကိုသွားလဲ?”   လင်းဝမ်ဝမ်သည် ဘေးကိုကြည့်ကာမေးသည်။

“ဟိုအခန်း”   ဝေ့ကျင်းချန်သည် ချူးလီလီနှင့် ကျွင်းကျွင်းတို့ဝင်သွားသည့် အခန်းကို လက်ညိုးထိုးပြကာ ဖြေသည်။ 

လင်းဝမ်သည် ထိုဘက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အခန်းထဲသို့ ပြန်ဝင်လာသည်။ သူမဝင်လာသည့်အခါ အခန်းထဲကလူများက သူမကိုကြည့်ကြသည်။ အမျိုးသမီးလင်းက
“ဘာဖြစ်တာလဲ?”

လင်းဝမ်ဝမ်သည် ဆိုဖာနားသို့ လျှောက်လာရင်းက   “ကျင်းချန်ပြောတာက မနေ့က ယန်ကျင်းဟွာကို မောင်းထုတ်လိုက်တဲ့ ဇွန်ဘီမလေးကို တွေ့လိုက်တယ်တဲ့။ နောက်ထပ်ဇွန်ဘီမတစ်ယောက်နဲ့”

“ဟင်? နောက်ထပ်ဇွန်ဘီလား?”   ချန်းဝမ်ရှုက စပ်စုစွာဖြင့်   “သူကရော နေကာမျက်မှန်နဲ့တစ်ယောက်လို စကားကို နားလည်လား?”

“မသိဘူး”   လင်းဝမ်ဝမ်က ခေါင်းခါကာ   “မမြင်လိုက်ဘူး။ ကလေးနဲ့လို့တော့ ပြောတာပဲ။ ကလေးကရော ဇွန်ဘီပဲလား မသိဘူး”

လင်းဝမ်ဝမ်ရော ဝေ့ကျင်းချန်ရောက ဇွန်ဘီမ၏လက်ထဲမှ ကလေးသည် လူသားဖြစ်မည်ဟု မထင်ကြပေ။ ပုံမှန်ဆိုလျှင် ကလေးကသာ လူသားဖြစ်နေသေးပါက စားခံရလောက်ပြီ။ ပုံမှန်အသိအရ သူတို့ကဒီလိုတွေးသော်လည်း ဒီလိုဟုတ်မနေပေ။

လုံချင်းယင်သည် အခန်းထဲတွင် ရှိနေသော်လည်း ငြိမ်သာနေသည်။ ကလေးက လူသားဖြစ်ကာ ဇွန်ဘီများက သေချာပြုစုပျိုးထောင်ပေးထားကြောင်းကို သူမက သေချာပေါက်သိသည်။ ကလေးကသာ သက်ရှိလူသားမှန်းသိသွားကြချိန်တွင် သူတို့က ဘယ်လိုတုံ့ပြန်မလဲဆိုသည်ကို သူမသိချင်သွားသည်။  
Previous Chapter 164 of 198 Next