May Honey Logo May Honey
Previous Next

၈၄။ လမ်းပိတ်တဲ့ ဇွန်ဘီတွေ

လင်းချင်းမသိသည်က သူမရှာနေသည့်သူများသည် သူမနှင့်သိပ်မဝေးကြောင်းပင်။ သူမနှင့် နှစ်မြို့အကွာတွင်သာရှိနေသော်လည်း သူမသည် လွဲသွားလေပြီ! သူမက ဖူကျိုးမြို့ထဲသို့ မောင်းသွားသည့်အချိန်မှာ လင်းဖန်းနှင့် သူ့လူများသည် ဆန်းမင်းမြို့ထဲသို့ ရောက်သွားကြသည်။ လင်းချင်းက ပုထန်နှင့် ကွမ်ကျိုးမြို့များသို့ ဦးတည်သွားနေစဉ်တွင် လင်းဖန်းနှင့် သူ့မိသားစုများသည် နန်ပင်းမြို့သို့ မောင်းသွားကြလေပြီ။ ထို့ကြောင့် သူတို့သည် အချင်းချင်း လွဲသွားကြသည်။ လင်းချင်းသည် လိုက်ဖမ်းခံနေရသည့် လင်းဖန်းနှင့် သူ့မိသားစုများနှင့် မတွေ့လိုက်ဘဲ ကျွင်းကျွင်းနှင့်အတူ ဖူကျိုးမြို့သို့ ရောက်သွားကြသည်။

မင်နိုင်ငံကို ဖြတ်သွားသည့်လမ်းတွင် သူတို့လမ်းသည် ပိတ်ခံလိုက်ရသည်။ လမ်းပေါ်တွင် ဇွန်ဘီအုပ်ကြီးက ပြည့်ကျပ်နေသည်။ သို့သော်လည်း ဒီတစ်ခါကတော့ အရင်ကနှင့်မတူပေ။ အခုတော့ လင်းချင်းသည် မြို့ပေါ်မှာ စိတ်ခံစားချက်မဲ့စွာဖြင့် လျှောက်သွားနေသည့် ဇွန်ဘီအုပ်ကြီးဖြင့် တိုးတာဖြစ်သည်။ လင်းချင်းသည် ကားကိုရပ်လိုက်ကာ မီတာနှစ်ရာသုံးရာလောက်အကွာမှ ဇွန်ဘီအုပ်ကြီးကို ကြည့်လိုက်သည်။

ကမ္ဘာပျက်ခေတ်တွင် ဇွန်ဘီများသည် စုပေါင်းနေလေ့မရှိဘဲ သီးခြားသာ လှုပ်ရှားကြသည်။ သူတို့သည် စုစည်းနေလျှင် ဒါဟာရည်ရွယ်ချက်မရှိဘဲ တိုက်ဆိုင်သွားတာသာ ဖြစ်သည်။ သို့သော်လည်း အခုကတော့ ရာကျော်သည့် ဇွန်ဘီများသည် လမ်းပေါ်တွင်ရပ်နေကာ လင်းချင်းအား စိတ်ခံစားချက်မဲ့စွာဖြင့် ကြည့်နေကြသည့်ပုံမှာ ကျောချမ်းစရာကြီးပင်။

ကြည့်ရသည်မှာ ဒီနေရာရှိ ဇွန်ဘီအားလုံးက စုစည်းနေပုံရသည်။ အဘယ်ကြောင့်ဆိုသော် ဒီလမ်းမပေါ်ကအုပ်ကြီးကလွဲလျှင် အခြားဇွန်ဘီများကို မတွေ့ရသောကြောင့်ပင်။ လင်းချင်းသည် ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်နေစဉ်တွင် ကားနောက်ခုံမှ လင်းချင်းသည် နာကျင်စွာဖြင့် ထအော်လေသည်။   “ဂါး!”

လင်းချင်းသည် သူမကိုလှည့်ကြည့်လိုက်သည်။ သူမသည် လက်နှစ်ဖက်ဖြင့်ခေါင်းကို အုပ်ကိုင်ထားကာ သူမ၏မျက်နှာသည် ဖြူဖပ်နေပြီး ရှုံ့တွနေသည်။ သူမသည် အရမ်းနာကျင်နေပုံရသဖြင့် မျက်လုံးကိုစုံမှိတ်ကာ အံကိုတင်းနေအောင် ကြိတ်ထားသည်။ သူမသည် တစ်စုံတစ်ရာကို မနည်းခုခံနေရသဖြင့် သည်းခံနေရပုံပေါ်သည်။

“ဂါး?”   ‘ဘာဖြစ်တာလဲ?’  
သူမတွင် စာရေးပြနေဖို့ အချိန်မရှိတာကြောင့် ကျွင်းကျွင်းကာ အော်လိုက်ကာ မေးလိုက်သည်။ 

“ဂါး!”   ကျွင်းကျွင်းသည် မျက်လုံးကိုမဖွင့်နိုင်ဘဲ ပြန်အော်ပြသည်။

သူမ၏အသံနှင့်အတွေးမှတစ်ဆင့် လင်းချင်းသည် တစ်ခုကိုသေချာသိလိုက်သသည်။ သူမအား အားကောင်းသည့် စိတ်စွမ်းအားတစ်ခုက နာခံအောင် ထိန်းချုပ်နေတာဖြစ်သည်။ ဒီစိတ်စွမ်းအားကို အာရုံခံမိသည့်အခါ ကျွင်းကျွင်းမှာ ခေါင်းပေါက်ကွဲသွားမတက် နာကျင်မှုကို ခံစားနေရကြောင်းပါ သိလိုက်ရသည်။   ‘စိတ်စွမ်းအား?  ထိန်းချုပ်တယ်? နာခံရမှာလား?’

လင်းချင်းသည် ငြိမ်နေစဉ်တွင် အတွေးများစွာက သူမ၏စိတ်ထဲသို့ ဝင်လာသည်။ သူမသည် ကျွင်းကျွင်း၏လက်ကိုကိုင်လိုက်ကာ ကားထဲမှ နှစ်ယောက်လုံး ပျောက်ကွယ်သွားကြသည်။

နယ်မြေကို ဝင်လိုက်သည်နှင့် လင်းချင်းသည် ကျွင်းကျွင်း၏ အခြေအနေကို အရင်စစ်ကြည့်လိုက်သည်။ သူမထင်သလိုသည် ကျွင်းကျွင်းသည် သူမ၏မျက်နှာကို လျှော့လိုက်နိုင်ပြီ ဖြစ်သည်။ 

ကျွင်းကျွင်းသက်သာသွားပုံရမှ လင်းချင်းသည် သူမခေါင်းကို လက်ညိုးထိုးပြသည်။ ဘာမှမပြောသော်လည်း အကြည့်များဖြင့် မေးလိုက်သည်။ ကျွင်းကျွင်းသည် သူမ၏မေးခွန်းကို နားလည်သဖြင် သက်ပြင်းချကာ ခေါင်းငြိမ့်ပြသည်။ သူမပြောချင်သည်မှာ သူမ၏ခေါင်းထဲသို့ ဝင်လာသည့် စိတ်စွမ်းအားသည် ရပ်သွားပြီဖြစ်ပြီး သူမ၏ခေါင်းသည်လည်း ထပ်မကိုက်တော့ပေ။

လင်းချင်းသည် သူမ၏နယ်မြေက ခုနက ခေါင်းပေါက်တော့မလိုဖြစ်သည့် ဒီလိုနာကျင်မှုမျိုးကို တားဆီးပေးနိုင်ကြောင်း သိလိုက်ရသည်။ ကြည့်ရသည်မှာ သူမ၏နယ်မြေသည် အပြင်ကမ္ဘာနှင့် သီးသန့်ဖြစ်နေပုံဖြစ်ရသည်။ ထို့ကြောင့် ပိုအဆင်ပြေလေသည်။ သို့သော်လည်း လင်းချင်းနားမလည်သည်မှာ ကျွင်းကျွင်းလိုမျိုး သူမလည်း ဘာဖြစ်လို့ မခံစားရတာပဲ ဆိုတာပင်။

ထိုအချိန်တွင် ကျွင်းကျွင်းသည် ခေါင်းကိုက်သက်သာလာပြီဖြစ်ရာ လင်းချင်းလို မေးခွန်းမျိုး ပေါ်လာပြီး လင်းချင်းကိုကြည့်လာသည်။ လင်းချင်းသည် စာရွက်ပိုင်းပေါ်တွင် ရေးပြလိုက်သည်။   ‘ငါဘာမှ မခံစားရဘူး’

ထိုအခါ ကျွင်းကျွင်းသည် ပဟေဠိအပြည့်ဖြင့် လင်းချင်းကို ကြည့်နေတော့သည်။   ‘နှစ်ယောက်လုံးက ဇွန်ဘီတွေကို ငါနာနေရတာတောင် လင်းချင်းက ဘာမှမဖြစ်ဘူးလား?’  
လင်းချင်းသည် မျက်လုံးကိုမှိတ်ကာ အပြင်ကိုကြည့်လိုက်သည်။ ဇွန်ဘီအုပ်သည် ဒီအတိုင်းဒီလိုပဲရှိနေသည့်အခါ သူမသည် ဘာဖြစ်နေသလဲကို သေချာသိရအောင် ထွက်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ 

‘နင်ဒီမှာနေ။ ငါအပြင်ကို ထွက်ကြည့်လိုက်မယ်’   သူမသည် စာရွက်ပေါ်တွင် ရေးပြလိုက်သည်။ ကျွင်းကျွင်းသည် ဒီလမ်းသာရှိသဖြင့် ခေါင်းပြန်ငြိမ့်ပြသည်။ ထို့နောက် လင်းချင်းသည် ကျွင်းကျွင်းကို ထားခဲ့ကာ ထွက်လာသည်။

ထွက်လာသည့်အခါ လင်းချင်းသည် ဒါရိုက်ဘာခုံပေါ်တွင်သာ ဖြစ်သည်။ သူမသ်ည အရှေ့က စိတ်ခံစားချက်မဲ့စွာရပ်နေသည့် ဇွန်ဘီအုပ်ကြီးကိုကြည့်ကာ ဘာဖြစ်လဲသိရန် လုပ်ရတော့မည်။ သူမသည် ဇွန်ဘီအုပ်ဖြင့်ဝေးသေးသဖြင့် ဘာကိုမှ မခံစားမိသောကြောင့် အနားကိုကပ်မောင်းရန် ဆုံးဖြတ်လိုက်သည်။

ကျွင်းကျွင်းသည် ဒီနေရာတွင် ပြင်းထန်စွာ ထိခိုက်သော်လည်း သူမက ဘာမှမဖြစ်သဖြင့် အရမ်းထူးဆန်းသည်။ လက်ရှိအခြေအနေကို အခြေခံကာ သူမသည် ဘာဆုံးဖြတ်ချက်မှ မလုပ်နိုင်သေးပေ။ သူမသာ တစ်စုံတစ်ခုကို အာရုံခံမိပါက အဖြေရှာတွေ့လောက်မည်။

လင်းချင်းသည် ဇွန်ဘီအုပ်ဆီသို့ ကားကိုဖြည်းဖြည်းလေး မောင်းလာသည်။ ပုံမှန်ဆိုလျှင် ဇွန်ဘီများသည် သူမအနားသို့ရောက်လာသည်နှင့် နောက်ဆုတ်သွားကြတာဖြစ်သည်။ ထို့ကြောင့် အခုလည်း ဒီလိုဖြစ်မလား သိချင်သည်။

သူမ၏ကားသည် ဖြည်းဖြည်းချင်းရွေ့လျားလာကာ လင်းချင်းနှင့် ဇွန်ဘီများ၏ အကွာအဝေးသည် နည်းလာသည်။ လင်းချင်း၏ကားသည် တိုးလာသော်လည်း ဇွန်ဘီများသည် စိတ်ခံစားမှုမဲ့ကာ ဆက်ရပ်နေဆဲပင်။ သူတို့သည် ထိုနေရာတွင် ရပ်နေကာ လုံးဝမလှုပ်ရှားကြပေ။ ထူးဆန်းသည်မှာ ဒီလောက်နီးလာတာတောင် လင်းချင်းသည် ဘာကိုမှ အာရုံမရပေ။ သူမသည် ဘာအချက်အလက်မှ မရသလို အတွေးများပါ မကြားရပေ။ ‘ဗိုက်ဆာတယ်’ဟု ကြားနေကြ ဇွန်ဘီသံများကို မကြားရတော့ပေ။   ‘ဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲ? ဒီဇွန်ဘီတွေဆီက ဘာမှအာရုံမခံရဘူး’

သာမန်ဇွန်ဘီများသည် စားချင်သည့် ရိုးရှင်းသည့် ဆန္ဒနှင့်အတွေးများသာ ရှိသည်။ သို့သော်လည်း ကြောက်စရာဇွန်ဘီအများကြီးကို တွေ့နေရတာတောင် ဘာအတွေးမှ မကြားရပေ။ တစ်ခုခုက လွဲနေသလို သူမခံစားနေရသည်။

ကားသည်ခုနစ်မီတာ ရှစ်မီတာလောက် အကွာသို့ရောက်သည့်အခါ လင်းချင်းသည် ကားဘရိတ်ကို အုပ်လိုက်သည်။ သူမဒီလိုလုပ်ခြင်းမှာ အန္တရာယ်တစ်ခုထဲသို့ ကျရောက်သွားသလို ဖိနှိပ်ခံမှုအကြီးကြီးကို သူမခံစားလိုက်ရသောကြောင့် ဖြစ်သည်။ 

ကားကိုရပ်လိုက်သည့်အခါ ရပ်နေသည့် ဇွန်ဘီအုပ်ကြီးသည် လှုပ်ရှားလာကြသည်။ ဇွန်ဘီအုပ်ကြီးသည် လူတစ်ယောက်လျှောက်စာလောက် နှစ်ခြမ်းကွဲသွားသည်။ လင်းချင်းသည် ထိုအထဲမှ သဏ္ဍာန်တစ်ခုက လျှောက်ထွက်လာသည်ကို မြင်လိုက်ရသည်။

လင်းချင်းသည် ထိုသဏ္ဍာန်ကို မြင်လိုက်သည့်အခါ အကုန်ရှင်းသွားသည်။ ထိုသဏ္ဍာန်သည် သာမန်ဇွန်ဘီအုပ်ကြီးကို ထိန်းချုပ်နေသည့် အရမ်းအဆင့်မြင့်သည့် ဇွန်ဘီတစ်ကောင် ဖြစ်သည်။ ရာကျော်သည့် ဇွန်ဘီများကို ငြိမ်သက်စွာ သူ့ထိန်းချုပ်မှုအောက်တွင် ထားနိုင်ခြင်းသည် တော်ရုံစိတ်စွမ်းအားမျိုး မဟုတ်ပေ။ ထို့ကြောင့် ဒီထွက်လာသည့် ဇွန်ဘီသည် အစွမ်းကြီးလွန်းသည့် စိတ်စွမ်းအားကို ပိုင်ဆိုင်ထားကာ အရင်က လင်းချင်းတွေ့ဖူးသည့် အဆင့်ငါးဇွန်ဘီထက်တောင် ပိုသန်မာသေးသည်။

ထိုဇွန်ဘီမသည် ကျွင်းကျွင်းလိုမျိုး မျက်တွင်းများကျနေသော်လည်း သူမ၏မျက်နှာသည် မပျက်စီးဘဲ အကောင်းအတိုင်းပင်။ သူမ၏မျက်သားများသည် သွေးရောင်သန်းနေကာ မျက်စံများကတော့ အနက်ရောင်ဖြစ်သည်။ သူမ၏ချစ်ဖို့ကောင်းသည့် နှုတ်ခမ်းလေးများသည် ခရမ်းရောင်ပုပ်ပုပ်ဖြစ်ရာ သူမ၏ဖြူဖျော့နေသည့် မျက်နှာဖြင့် လိုက်ဖက်လွန်းကာ ရုပ်အဆိုးကြီး မဟုတ်ပေ။

ထို့အပြင် ဇွန်ဘီမသည် အရမ်းငယ်သေးသည်။ ကလေးမလေးပင်! သူမသည် ငါးပေနှစ်လက်မလောက်သာ အရပ်ရှည်ကာ ပိန်သွယ်သည့် ကိုယ်လေးရှိသည်။ သူမသည် အရုပ်မလေးလို မျက်နှာလေးဖြင့်ဖြစ်ကာ ဆံပင်ရှည်လေးများကို နှစ်ဖက်ခွဲကာ ကျစ်စာမြီးကျစ်ထားသဖြင့် ချစ်ဖို့ကောင်းနေလွန်းသည်။ သူမသည် သန့်ရှင်းနေသည့် အဖြူရောင်ဂါဝန်ဖားဖားလေးကို ဝတ်ထားကာ ဖိနပ်အနီလေးစီးထားသဖြင့် အရမ်းကို ချစ်ဖို့ကောင်းနေသည်။ သို့သော်လည်း ဒီချစ်စရာ ဇွန်ဘီမလေးသည် လင်းချင်းအား အန္တရာယ်ကြီးသည့် ဖိအားကို ပေးနေနိုင်သည်။

Previous Chapter 84 of 198 Next