May Honey Logo May Honey
Previous Next

၆၉။ ထူးဆန်းသည့်စွမ်းအင်

လင်းချင်းသည် ဇွန်ဘီမကိုကြည့်ကာ စာရေးပြလိုက်သည်။   ‘နင်ဘာမှမမှတ်မိဘူးဆိုရင် အခုကစပြီး ကလေးကို ငါခေါ်ထားပေးမယ်။ ငါရှိနေရင် နင်သူ့ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး’

ဇွန်ဘီမသည် လင်းချင်းအား တအံ့တသြကြည့်လိုက်သည်။ တစ်ဖက်သူက သူမတွေးနေသည်ကို သိလိမ့်မည်ဟု မထင်ခဲ့မိပေ။ သူမ၏အတွေးများကို ခန့်မှန်းနိုင်သည်ဟု ထင်မိနေသော်လည်း လင်းချင်းမှာ သူမ၏အတွေးတိုင်းကို ပြတ်သားစွာ ကြားနေရတာဖြစ်သည်။

‘နင့်ကလေးကို အခြေစိုက်စခန်းတစ်ခုခုကို ပို့ပေးချင်လည်း ငါကူညီပေးလို့ရတယ်။ အခြေစိုက်စခန်းမှာတော့ လူသားတွေရှိနေတာပဲ။ ဇွန်ဘီနှစ်ကောင်နဲ့အတူနေရတာထက်တော့ နင့်ကလေးအတွက် ပိုလုံခြုံလောက်မှာပါ’   လင်းချင်းသည် ထပ်ရေးပြလိုက်သည်။

ဇွန်ဘီမသည် ခေါင်းငြိမ့်ပြလိုက်သည်။ ကလေးကို စခန်းသို့ပို့ခြင်းက အကောင်းဆုံးနည်းမှန်း သူမနားလည်ပါသည်။ သို့သော်လည်း စိတ်ထဲတွင် မလုပ်ချင်ပေ။ ဒီကလေးက သူမ၏သားဟု ခံစားနေရသောကြောင့် ကလေးကို တခြားသူများဆီသို့ ပေးမပစ်ချင်ပေ။ သူမ၏လက်ရှိအခြေအနေအရ ကလေးကို မပျိုးထောင်နိုင်သော်လည်း အဝေးကိုတော့ ပို့မပစ်ချင်ပေ။ 

လင်းချင်းသည် သူမကိုကြည့်လိုက်သည်။ အမေတစ်ယောက်၏ခံစားချက်ကို နားလည်သောကြောင့် လင်းချင်းသည် တွေးပြီးနောက် ရေးပြလိုက်သည်။   ‘အဝေးကိုမပို့ချင်ရင် နင်ခေါ်ထားလို့ရတယ်။ ဒါပင်မယ့် အရမ်းအန္တရာယ်များလိမ့်မယ်။ နင်ကလေးကို ကာကွယ်ချင်တယ်ဆိုရင် သန်မာဖို့တော့လိုမယ်’

လူသားတွေရော ဇွန်ဘီတွေမှာပါ တစ်စုံတစ်ရာကို ကာကွယ်ချင်လျှင် သို့မဟုတ် ကိုယ့်ကိုကိုယ် ကာကွယ်ချင်လျှင် ကမ္ဘာပျက်ခေတ်ကြီးထဲမှာ သန်မာနေဖို့တော့ လိုအပ်သည်။

ဇွန်ဘီမသည် လင်းချင်းအား စိတ်ရှုပ်စွာကြည့်လာသည်။ သူမဘယ်လောက်သန်မာလဲ သူမကိုယ်သူမမသိပေ။ ဇွန်ဘီဖြစ်နေတာတောင်မှ ဘယ်လိုအဆင့်မြှင့်ရမလဲ သူမမသိပေ။

လင်းချင်းသည် ဇွန်ဘီမ၏အနောက်က အခန်းကို ကြည့်လိုက်သည်။ ဒီတစ်ခါ ဘာမှရေးမပြသော်လည်း ဆုံးဖြတ်ချက်ချပြီးရင် လင်းချင်းက ကလေးကို သွားခေါ်၍ရမလားဟူ၍    ဇွန်ဘီမကို မျက်လုံးဖြင့်ကြည့်ကာ မေးလိုက်သည်။   
အကယ်၍ ဇွန်ဘီမသာ သူမကိုအထဲဝင်ခိုင်းလျှင် သူ့သားနှင့်အတူ သူမပါလိုက်လာမည် ဖြစ်သည်။ 

ဇွန်ဘီမသည် လင်းချင်းကိုကြည့်ရင်း တွေဝေနေသည်။ ထို့နောက် နောက်သို့ခြေနှစ်လှမ်းလောက်ဆုတ်လိုက်ကာ တံခါးဝမှနေ ဖယ်ပေးလာသည်။

ထိုအခါ လင်းချင်းသည် ဇွန်ဘီမကို ဝူယွဲ့လင်းနှင့်အတူဖြတ်၍ အိပ်ခန်းထဲသို့ ဝင်လာသည်။ အိပ်ခန်းသည် အခြားလူသားရှင်သန်သူများ မရောက်ဖူးခဲ့သဖြင့် သန့်ရှင်းသပ်ရပ်နေသည်။ အခန်းထဲမှ ပရိဘောဂအများစုသည် ကောင်းမွန်နေသည်။

အခန်းထဲသို့ဝင်လာသည့်အခါ ကလေးတစ်ယောက်က အိပ်ရာပေါ်တွင် လှဲနေကြောင်း သူမတွေ့လိုက်သည်။ သူမသည် အနားသို့ သေချာသွားကြည့်လိုက်သည်။ ကလေးသည် နှစ်ခြိုက်စွာ အိပ်နေကာ ဝူယွဲ့လင်းလေးထက် တစ်နှစ် နှစ်နှစ်လောက် ငယ်ပုံရကာ ၃နှစ်သားလောက်ပဲ ရှိလောက်ဦးမည်။ ကလေး၏မျက်နှာသည် အရိုးပေါ်အရေတင်ဖြစ်နေကာ ပါးများကချိုင့်နေပြီး မျက်တွင်းများသည် မည်းနက်နေသည်။ နှစ်နှစ်သားလောက်ပဲရှိသည်ဟု ထင်ရအောင်ကို ပိန်လွန်းသည်။ တစ်ချက်ကြည့်ရုံရင် လင်းချင်းသည် အာဟာရပျက်နေသည့် ကလေးမှန်းသိလိုက်သည်။

ဇွန်ဘီမသည် ကုတင်တစ်ဖက်သို့ ရောက်လာကာ ကလေးကိုကြည့်နေသည်။ သူမသည် လင်းချင်းက ကလေး၏လက်ကို ကိုင်လိုက်သည်ကို မြင်သည့်အခါ လန့်သွားသည်။ သို့သော်လည်း လင်းချင်း၏လက်များည် သန့်ရှင်းနေကာ မည်းနက်ပြီးချွန်ထက်နေသည့် လက်သည်းများ မရှိကြောင်း တွေ့လိုက်သည်။ ထိုအခါမှ သူမသည် အနည်းငယ် စိတ်အေးနိုင်တော့သည်။

လင်းချင်းသည် သူမ၏လက်များဖြင့် ကလေး၏လည်ပင်းကို ထိလိုက်ကာ သွေးခုန်နှုန်းကို အာရုံခံကြည့်သည်။ သွေးခုန်နှုန်းသည် အရမ်းနှေးနေကာ အချိန်မရွေးရပ်တော့မလားတောင် ထင်ရသည်။ သူမသည် လက်ကိုပြန်ရုတ်လိုက်ကာ ကလေး၏ ကိုယ်အခြေအနေကို သေချာစစ်ကြည့်သည်။ ထို့နောက် သူမသည် ထူးဆန်းသည့်တစ်ခုကို သတိထားမိသွားသည်။

သူမသည် ကလေး၏ဗိုက်ကို သူမ၏မျက်ဝန်းနက်များဖြင့် အလန့်တကြားမကြည့်မိအောင် သတိထားလိုက်ရသည်။ သူမ၏မျက်လုံးများသည် အေးစက်သည့်အလင်းနှင့်အတူ ရှုပ်ထွေးမှုတို့ဖြင့် တောက်ပနေသည်။

ဇွန်ဘီမသည်လည်း သူ့သားကို တစ်ခုခုထိခိုက်အောင် လုပ်မည်ကို စိုးရိမ်၍ လင်းချင်းကို အကဲခတ်နေတာ ဖြစ်သည်။ လင်းချင်းလန့်သွားသည့်အခါ သူ့သားတစ်ခုခုဖြစ်ပြီလားဟူ၍ ပိုလန့်လာရတော့သည်။

လင်းချင်းသည်လည်း တစ်ဖက်ကလန့်သွားသည်ကို ခံစားမိသည့်အခါ စိတ်အေးအေးထားဖို့ လက်ပြလိုက်ကာ သူမ၏မျက်လုံးများကတော့ ကလေး၏ဗိုက်ကို ကြည့်နေလိုက်သည်။ ကလေး၏ဗိုက်ထဲတွင် ထူးဆန်းသည့် အစိမ်းရောင်ဖျော့ဖျော့လေးက စီးဆင်းနေသည်ကို မြင်လိုက်ရသည်။ ဒါကဘာလည်းမသိသော်လည်း ရင်းနှီးနေသလို ဖြစ်သည်။ သေချာစေရန် သူမသည် ငုံ့လိုက်ကာ စောင်ကိုဖယ်ပြီး ကလေး၏ဗိုက်ပေါ်သို့ သူမ၏လက်ကို တင်လိုက်သည်။

ထင်သလိုပင် ရင်းနှီးသည့်စွမ်းအင်ကို သူမလက်ဝါးမှနေ ခံစားမိသည်။ ထိုစွမ်းအင်သည် နယ်မြေထဲက ကန်အောက်ထဲတွင် သူမသေမလိုဖြစ်သည့်အထိ နှိပ်စက်သညွားသည့် စွမ်းအင်ဖြစ်သည်။ သူမသည် မျက်လုံးကိုမှိတ်ကာ သေချာအာရုံခံပြီးနောက် ဆယ်စက္ကန့်အကြာတွင် တစ်ခုသေချာသွားသည်။ ထိုအားနည်းသည့်စွမ်းအင်သည် ကလေးအား သေမလိုမဖြစ်တော့ရန် ထိန်းပေးထားခြင်း ဖြစ်သည်။ ဇွန်ဘီမအား သူမပေးလိုက်သည့် ရေတစ်ခွက်တွင် ဒီစွမ်းအင်တို့က ပါလာပုံရသည်။ သူမသည် မျက်လုံးပြန်ဖွင့်ကာ လက်ကိုရုတ်လိုက်သည်။

ထို့နောက် စာရွက်ထုတ်ကာ ရေးပြလိုက်သည်။   ‘ခုနက နင့်ကိုငါပေးလိုက်တဲ့ရေမှာ ကုသနိုင်စွမ်းပါတယ်။ အခုဖြည်းဖြည်းချင်း ကလေးရဲ့ ရှင်သန်နိုင်စွမ်းကို ထိန်းပေးနေတယ်။ ငါ့အထင်တော့ သုံးနာရီ လေးနာရီလောက်ကြာရင် နိုးလာလိမ့်မယ်။ ငါနဲ့အတူ နင်သူ့ကိုခေါ်လာလို့ရတယ်။ ငါတောင်ဘက်ကိုသွားမှာမလို့ ဒီမှာကြာကြာမနေဘူး’

ဇွန်ဘီမ၏ မီးခိုးရောင်ဖျော့ဖျော့မျက်လုံးများသည် လင်းချင်း၏စာထဲမှ ရေထဲတွင် ကုသရေးအစွမ်းပါကြောင်းကို သိသည့်အခါ တောက်ပသွားသည်။ လင်းချင်းကို မျှော်လင့်ချက်အပြည့်ဖြင့် တအံ့တသြမော့ကြည့်သော်လည်း သူမသည် မယုံနိုင်သေးပေ။

လင်းချင်းသည် ခေါင်းငြိမ့်ပြကာ ဇွန်ဘီမအား သူမနှင့်လိုက်မလား နေခဲ့မလား ရွေးချယ်ဖို့ လက်ပြလိုက်သည်။ အစတုန်းက သူမသည် ကန်ရေထဲတွင် ဒီအစွမ်းရှိမှန်းမသိခဲ့တာ ဖြစ်သည်။ အခုတော့ ရေထဲတွင် ကိုယ်ကိုပြောင်းလဲနိုင်သည့်အစွမ်းပါနေသည့်အခါ သူမလည်း စွမ်းအင်ကို မြင်လိုက်ရသဖြင့် သိပ်မအံ့သြတော့ပေ။ သူမတွေးနေမိသည်မှာ   ‘ဘာဖြစ်လို့လဲ?  ငါဘာတွေဖြစ်နေတာလဲ?’

ဇွန်ဘီမ၏မျက်နှာမှ အံ့သြမှုကိုတွေ့သည့်အခါ သူမသည် ပုခုံးတွန့်လိုက်ကာ ရေးပြလိုက်သည်။   ‘ဒီအခန်းထဲကဟာ အကုန်လုံးကို ငါ့နယ်မြေထဲကို ထည့်လိုက်မယ်။ ဒါတွေအကုန် အသုံးဝင်တယ်’

ဇွန်ဘီမသည် ခေါင်းငြိမ့်ပြလိုက်သည်။ အခုကမ္ဘာပျက်ခေတ်ကြီးတွင် ဘယ်သူဒီအခန်းထဲက ပစ္စည်းများကို တွန့်တိုနေမည်နည်း? သူတို့ထွက်သွားလို့ ဒါတေါထားခဲ့ရင်တောင်မှ ဘယ်သူမှ သုံးလို့ရမှာ မဟုတ်ပေ။

ခွင့်ပြုချက်ရသည်နှင့် လင်းချင်းသည် ကုတင်ကလွဲ၍ အကုန်လုံးကိုသိမ်းလိုက်သဖြင့် အခန်းသည် ပြောင်ရှင်းသွားတော့သည်။ လင်းချင်း၏ဘေးတွင် တချိန်လုံးရှိနေသည့် ဝူယွဲ့လင်းသည် အခန်းထဲသို့ ရောက်လာသည်နှင့် အိပ်ရာပေါ်လှဲနေသည့် ကောင်လေးကို စိတ်ဝင်တစားကြည့်နေသည်။ ဒီလိုအရွယ်တူကလေးများကြားတွင် ခင်မင်လိုစိတ်ကတော့ အမြဲတမ်းရှိတက်သည်။ ထို့ကြောင့် ဝူယွဲ့လင်းသည် သူမထက်ငယ်သည့် မောင်လေးကို မြင်သည်နှင့် ဇွန်ဘီမကို ကြောက်နေခြင်းမှ ကလေးဆီတွင်သာ အာရုံရောက်သွားတော့သည်။

အခုတော့ လင်းချင်းသည် အခန်းထဲက ပစ္စည်းများကို လိုက်သိမ်းနေသည့်အခါ လင်းချင်း၏ဘောင်းဘီစကိုတင်းတင်းဆွဲထားကာ နောက်ကနေ လိုက်နေတော့သည်။ သို့သော်လည်း မျက်လုံးများကတော့ အိပ်ရာပေါ်က မောင်လေးကို ခနခနလှည့်ကြည့်နေသေးသည်။

လင်းချင်းသည် အခန်းတစ်ခုလုံးကိုအပိုင်သိမ်းလိုက်သည်။ သူမသည် စားပွဲခုံပေါ်မှ ခွက်များနှင့် ဖန်ခွက်များကအစ သိမ်းနေတာဖြစ်သည်။ သူမထိလိုက်သည့်အရာတိုင်းသည် လေထဲတွင် ပျောက်သွားသည်။ လူသားတို့က ဒီလိုပစ္စည်းလိုက်စုနေခြင်းသည် နားလည်စရာကောင်းသော်လည်း ဇွန်ဘီတစ်ကောင်က ဒီလိုလုပ်နေသည့်အခါ အနည်းငယ်တော့ အမြင်ဆန်းနေသည်။ 

သူမသည် ဗီရိုကိုဖွင့်လိုက်သည့်အခါ အဝတ်များစွာကို တွေ့လိုက်သည်။ လူကြီးဝတ်များသာမက ကလေးဝတ်များပါဖြစ်သည်။ ကလေးဝတ်များသည် အိပ်ရာပေါ်က ကလေးအရွယ်ဝတ်လေးများ ဖြစ်သည်။ အဝတ်များကို မြင်ပြီးသည့်အခါ လင်းချင်းသည် ဗီရိုတစ်ခုလုံးကို နယ်မြေထဲသို့ ထည့်လိုက်တော့သည်။  
Previous Chapter 69 of 198 Next