May Honey Logo May Honey
Previous Next

၂၈။ ခေါင်းထဲက ပုံရိပ်များ

လင်းချင်းသည် ဝူယွဲ့လင်း ပစ်ပေးလိုက်သည့် မြေပြင်ပေါ်က စောင်ကိုကြည့်ကာ ဘာပြန်ပြောရမလဲ မသိတော့ပေ။

‘ဒီကလေးမလေးက ညဏ်အတော်ကောင်းတာပဲ။ ပြီးတော့လည်း ဂရုစိုက်တက်သေးတယ်။ ဟုတ်တယ်မလား?’

လင်းချင်းသည် ကန်ဘောင်ပေါ်သို့ ပြန်တက်လာကာ ခက်ခက်ခဲခဲကုန်းပြီး စောင်ကိုကောက်ယူလိုက်သည်။ သူမသည် ထိုစောင်ကို သူမ၏လက်သည်းများဖြင့် ပိုင်းလိုက်သည်။ စောင်သည် နှစ်ပိုင်းပြတ်သွားသည့်အခါ တစ်ပိုင်းကို သူမ၏ရင်ဘတ်နှင့် ပေါက်နေသည့် ဗိုက်ကိုဖုံးလိုက်ပြီး နောက်တစ်ပိုင်းကို ခါးမှစကတ်လို ပတ်ထားလိုက်သည်။
စောင်ကို ယာယီအဝတ်လို ဝတ်ပြီးသည့်အခါ လင်းချင်းသည် အနည်းငယ်စိတ်သက်သာရာရသွားပြီး အဝေးက ဝူယွဲ့လင်းအား ပြုံးပြလိုက်သည်။
ဝူယွဲ့လင်းမှာတော့ လင်းချင်း၏ ကြောက်စရာအပြုံးကြီးကြောင့် အနောက်သို့တောင် ဆုတ်သွားမိသည်။
လင်းချင်းသည် ဘာမှမပြောနိုင်တော့ပေ။

‘ငါ့အခုရုပ်ရည်က လက်ခံနိုင်စရာ မကောင်းတာတော့ ငါလည်းသိပါတယ်. . .ဒါပင်မယ့်လည်း ကလေးမလေးရယ် အရမ်းကြီးတော့ ဒီလိုလုပ်မပြပါနဲ့။ ခုနတုန်းကတော့ ငါသေသွားမှာကို နင်ပဲကြောက်နေတာမလား?’

လင်းချင်းသည် ကန်ဘောင်တွင် ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ တော်သေးသည်က သူမ၏ကိုယ်သည် ထုံကျဉ်နေသော်လည်း သူမသည် အထိုင်အထတော့ လုပ်၍ရသေးသည်။ သို့သော်လည်း မြန်မြန်လှုပ်ရှား၍တော့ မရပေ။
သူမသည် ကန်ရေမျက်နှာပြင်ပေါ်မှ သူမ၏အရိပ်ကို ကြည့်လိုက်သည်။ သူမ၏ဆံပင်များသည် ကောက်ကွေးကာ တစ်မွေးစီလန်လို့နေသည်။ ထို့ကြောင့် သူမ၏မျက်နှာကို သေချာမမြင်ရပေ။ သူမ၏ဆံပင်များကို သူမသိမ်းလိုက်သည့်အခါ သူမ၏မျက်နှာမှ ဒဏ်ရာများသည် ပျောက်ကင်းနေလေပြီ။ အမာရွတ်အညိုများသာ ရှိတော့သည်။ မျက်လုံးများသည်လည်း နက်မှောင်ကာ တောက်ပလို့နေသည်။
သူမ၏ ရုပ်မှာ တကယ်ကို ဆိုးဝါးလှသည်။ သူမသည် ပြုံးကြည့်လိုက်သည့်အခါ မျက်နှာသည် ရှုံ့တွသွားကာ အလွန်ကြည့်ရဆိုးလွန်းသည်။ ကလေးမလေးက သူမပြုံးသည်ကို မြင်ပြီး နောက်သို့ဆုတ်သွားသည်က မထူးဆန်းတော့ပေ။ ဆံပင်တွေ ကွယ်နေသည်က ကြည့်ရဆိုးသည် မှန်သော်လည်း မျက်နှာပေါ်လာခြင်းက ပိုဆိုးသောကြောင့် ဆံပင်များဖြင့် ဖုံးထားခြင်းကသာ ပိုကောင်းလိမ့်မည်။
သူမသည် မြက်ခင်းသို့ ပြန်လျှောက်လာကာ ရှင်းသည့်နေရာတွင် ထိုင်ချလိုက်သည်။ အခုအချိန်က သူမစဉ်းစားရန် အကောင်းဆုံး ဖြစ်လေသည်။ သူမကို အဝေးကနေ လှမ်းကြည့်နေသည့် ဝူယွဲ့လင်းကို ကြည့်ကာ ဒီကလေးမလေး ပြန်ကောင်းလာဖို့အတွက် သူမ၏နယ်မြေက လုပ်ပေးနေသလား တွေးမိသွားသည်။ ထိုကလေးမလေးသည် ဘာကိုမှ မစားရသေးတာတောင် ဆာလွန်း၍ သေမလိုဖြစ်မနေပေ။

‘ဒါက ပုံမှန် မဟုတ်ဘူး’

‘နယ်မြေထဲမှာ အချိန်က ရပ်နေလို့လား? မဖြစ်နိုင်ဘူး။ မြက်တွေကြီးလာကိုကြည့်ရင် ဒီနယ်မြေထဲမှာ အချိန်ကသွားနေတုန်းပဲ။ ရေကြောင့်လား? ကလေးမလေးက ကန်ရေသောက်လိုက်လို့ အဆာပြေသွားတာလား? ဒါပင်မယ့်လည်း ကန်ရေက ခန္ဓာကိုယ်လုပ်ဆောင်မှုတွေကို ထိန်းပေးထားတာ ဖြစ်နိုင်လို့လား?’
သူမ၏ နယ်မြေက ထူးဆန်းလွန်းသည်ဟု ခံစားရသည်။ ဘာကြောင့်မှန်းမသိ ကန်ရေတွင် ထူးခြားသည့် အာနိသင်များ ဘယ်လိုရှိနေမလဲ သူမမသိပေ။ သူမကိုယ်တိုင်လည်း ကန်ရေကို သောက်ထားသည် ဖြစ်သည်။
‘ဟုတ်သားပဲ’

လင်းချင်းသည် ဒီနယ်မြေထဲသို့ သူမရောက်စတုန်းက ရေစိမ်ရင်း အိပ်ပျော်သွားသည်ကို သတိရသွားသည်။ ဘယ်လောက်ကြာအောင် အိပ်ပျော်သွားသလဲ သူမမသိသော်လည်း သူမပြန်နိုးလာသည့်အခါတွင်တော့ ကိုယ်သည်ပျော့ပျောင်းနေခဲ့သည်။ ထိုအချိန်တုန်းက ကန်ရေကြောင့် မဟုတ်ဘဲ ဒီတိုင်းအပြောင်းအလဲ ဖြစ်သွားခြင်းဟုသာ သူမထင်ခဲ့မိခြင်းဖြစ်သည်။ အခုတော့ ကန်ရေကြောင့်မှန်း သူမသိသွားလေပြီ။

‘ကန်ရေက ဇွန်ဘီအဆင့်ကို မြင့်ပေးတဲ့နေရာမှာ အကူအညီဖြစ်တာပဲ’

ဒီအတွေးဖြင့် လင်းချင်းသည် ပျော်မြူးသွားသည်။ ဒီနယ်မြေသည် သူမပြန်ရှင်လာသည့်အခါ ရရှိလာသည့် တန်ဖိုးကြီး လက်ဆောင်ပဲ ဖြစ်ပုံရသည်။

သန္ဓေပြောင်းစတော်ဘယ်ရီသီးသည် ကန်ရေဖြင့် ဆေးလိုက်သည့်အခါ အနံ့ဆိုးပျောက်သွားသည်။

‘ကန်ရေက မကောင်းတာတွေကို ဖယ်ပေးလိုက်တာ ဖြစ်နေမလား?’

လင်းချင်းသည် ဒါကိုသိသည့်အခါ စိတ်ညစ်နေခြင်းတို့ ပျောက်သွားသည်။ ဝူယွဲ့လင်းကို ကြည့်ကာ ရင်ထဲမှ ဒေါသများ ထွက်လာသည်။

‘ဒီကလေးမလေးကို ငါပြန်ပေးမလို့ကို။ အခုတော့ မပေးတော့ဘူး။ ငါစိတ်ဆုံးဖြတ်လိုက်ပြီ’

‘ဝူချန်းယွဲ့က လူကောင်းပါလို့ ဘယ်သူပြောတာလဲ? နူးညံ့ပြီး ကြင်နာတက်တယ်လို့ရော ဘယ်သူပြောတာလဲ? အဲ့လူက ပြုံးနေတဲ့ကျားပဲ။ သတိမပေးဘဲနဲ့ မိုးကြိုးနဲ့ ငါ့ကိုပစ်ချတာ။ ငါအသေမှတ်ထားမယ်။ လုထန်ယုက သူ့ကိုမုဒိန်းကျင့်ခဲ့တယ်ဆိုပင်မယ့်လည်း. . .လုထန်ယုက သေသွားပြီလေ။ ပြီးတော့ ငါက သူနဲ့ဘာမှမဆိုင်ဘူးလေ’
ဒါပင်မယ့်လည်း သူမအခုတော့ ထွက်ဖို့ခက်နေလေပြီ။ အပြင်က အခြေအနေကို သူမမသိသောကြောင့် လူဘယ်လောက်စောင့်နေမလဲ သူမမသိပေ။

‘တကယ်လို့ ငါသာ နယ်မြေအတွင်းကနေ အပြင်လူတွေရဲ့ စိတ်ကို ဖတ်လို့ရရင်. . .ဒီနည်းနဲ့ဆိုရင် အပြင်မှာ ဘယ်လောက်ရှိလဲ သိလို့ရပြီပဲ’

လင်းချင်းသည် မျက်လုံးများကိုမှိတ်ကာ စိတ်ဖြင့်နားထောင်ကာ ခံစားကြည့်သည်။ သူမသည် ဒီလိုကြိုးစားကြည့်သည့်အခါ သူမ၏ခေါင်းထဲတွင် ဝေဝေဝါးဝါးအမြင်တစ်ခုက ပေါ်လာသည်။ ထိုအရာသည် သူမနယ်မြေထဲကို မဝင်ခင် ရှိခဲ့သည့် နေရာဖြစ်သည်။

‘ဟင်? ဒါကဘယ်လိုလုပ်ပြီးတော့?’

သူမသည် မျက်လုံးဖွင့်လိုက်သည့်အခါ ထိုပုံရိပ်က ချက်ချင်းပျောက်သွားသည်။ စိတ်ရှုပ်မှုဖြင့် လင်းချင်းသည် မျက်လုံးများကို မှိတ်ကာ ပြန်အာရုံစိုက်ကြည့်သည်။ သူမထင်သလိုပင် မျက်လုံးမှိတ်ကာ အပြင်အခြေအနေကို သိချင်စိတ်ပြင်းလာသည့်အခါ ထိုပုံရိပ်တို့က သူမစိတ်ထဲတွင် ပေါ်လာသည်။ ဒီတစ်ခါတော့ ပိုရှင်းလင်းလေသည်။ သို့သော်လည်း ထိုပုံရိပ်တို့သည် အဖြူ၊ အနက်၊ မီးခိုးရောင်တို့ဖြင့်သာ ဖြစ်လေသည်။ ထိုပုံရိပ်တို့က ပြတ်သားလာသည်နှင့်အမျှ သူမသည် လူတို့ကို မြင်ရသည်။
ထိုလူများသည် စစ်ဝတ်စုံများဖြင့် ဖြစ်ကာ မျက်နှာများသည် သန့်ရှင်းနေသည်။ သူတို့သည် သေနတ်များကိုကိုင်ကာ ဒီနေရာနားတွင် ကင်းစောင့်နေသည်။ ထိုလူများသည် ဇွန်ဘီများမဟုတ်ဘဲ လူသားများသာ ဖြစ်သည်။
ထိုပုံရိပ်များကလွဲလျှင် လင်းချင်းသည် ဘာကိုမှမခံစားမိပေ။ သို့သော်လည်း ဒါကအပြင်မှ လက်ရှိအခြေအနေဖြစ်ကြောင်း သူမသိလေသည်။

‘ဒါက လုံလောက်နေပါပြီ’

သူမသည် ခပ်လှမ်းလှမ်းမှ စစ်တပ်က ယာယီစခန်းချထားသည်ကိုတောင် မြင်နေရသေးသည်။ ထိုစစ်တပ်သည် ဝူချန်းယွဲ့မှ ဦးဆောင်လာသည်ဖြစ်ကြောင်းကို သူမသိလိုက်သည်။ ဒီနေရာမှ ဇွန်ဘီများသည် သုတ်သင်ခံရပြီဖြစ်သောကြောင့် လင်းချင်းသည် တစ်ကောင်မှကို မတွေ့ပေ။
သူမသည် မျက်လုံးများကို ရွှေ့ကြည့်သည့်အခါ ပုံရိပ်တို့က ပြောင်းသွားသည်။ သူမသည် ဘယ်နှင့်ညာတို့ကို ကြည့်လိုက်သည့်အခါ ညပိုင်းဖြစ်ကြောင်းကို သိလိုက်ရသည်။ အချို့စစ်သားများသည် ကင်းလှည့်နေကြကာ အချို့ကတော့ သူတို့လူစုလေးများဖြင့် စကားထိုင်ပြောနေကြသည်။
ဝူချန်းယွဲ့၏လူတွေက ဒီနေရာမှာ ယာယီစခန်းချလိုက်တော့ ဒီလိုအခြေအနေကြီးမှာ ငါက ဘယ်လိုလုပ် ခိုးထွက်ရမှာလဲ? ဒီလောက် လူတွေအများကြီးကို ငါကတော့ ထွက်မိတာနဲ့ ချက်ချင်းအဝိုင်းခံရမှာပဲမလား?’
လင်းချင်းသည် ချဉ်နေသည့် မျက်နှာဖြင့် အပြင်အခြေအနေကို အကဲခတ်နေသည်။ ဝမ်းနည်းစရာမှာ သူမသည် စိတ်ကိုဖတ်၍မရခြင်းပင်။ စိတ်ဖတ်ရပါက သူမသည် အခြေအနေကို သေသေချာချာနားလည်ကာ ထွက်ပြေးရဦးမှာ ဖြစ်သည်။
သူမသည် မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ အပြင်မှပုံရိပ်များသည် ပျောက်ကွယ်သွားသည်။ သူမ၏မျက်လုံးများသည် ခလုတ်လို ဖြစ်နေခြင်းပင်။ မျက်လုံးမှိတ်လိုက်သည်နှင့် အပြင်အခြေအနေကို သိလိုက်သလို ပြန်ဖွင့်လိုက်လျှင် အဆက်အသွယ်ပြတ်သွားသည်။ သူမအနားသို့ တစ်မီတာလောက် အကွာမှ အာရုံအစိုက်မခံချင်ဘဲ ခိုးလာကြည့်နေသည့် ဝူယွဲ့လင်းကို သူမပြန်တွေ့လိုက်ရသည်။

သူမမျက်လုံးပွင့်လာသည့်အခါ ဝူယွဲ့လင်းသည် မျက်လုံးလေးပြူးသွားကာ ပြန်လှည့်ပြေးချင်သွားသည်။ သို့သော်လည်း သူမ၏ခြေထောက်တို့က မရွေ့ဘဲ လင်းချင်းအား ဆက်ကြည့်နေမိသည်။ သူမသည် လင်းချင်းကို ကြောက်သော်လည်း အနားတွင်တော့ နေချင်နေသည်။

    	လင်းချင်းသည် သူမအား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် မလှုပ်ရှားဘဲ ဆက်ထိုင်နေသည်။ သူမသည် အပြင်အခြေအနေကို နှစ်ခါလောက် ကြည့်ပြီးသည့်အခါ စိတ်ကုန်သွားခြင်း ဖြစ်သည်။ သူမ၏ကိုယ်သည် ပင်ပန်းလို့သာ နေသည်။ သူမသည် ရုပ်ပိုင်းဆိုင်ရာအရ မပင်ပန်းနိုင်သော်လည်း စိတ်ကတော့ မောနိုင်သည်။ 
Previous Chapter 28 of 198 Next