၁၀၉။ ဘယ်သူက ခေါင်းဆောင်လဲ?
တူယွမ်ရှင်းတို့အဖွဲ့နှင့် တစ်မိုင်လောက်အကွာတွင် ကားတစ်စီးသည် ရပ်သွားသည်။ ကားထဲက ဘယ်သူမှထွက်မလာသော်လည်း ကားထဲကလူများသည် စကားပြောစက်မှတစ်ဆင့် ပြောနေကြသည်။ “သူတို့ဘာလုပ်နေလဲဆိုတာကို သွားကြည့်။ ပုန်းဖို့မမေ့နဲ့။ ငါတို့လာလို့ ရန်သူက ပြေးသွားတာမျိုး မဖြစ်စေနဲ့”
“သွားကြစို့”
“ဟုတ်ကဲ့”
ထိုအချိန်တွင် လင်းချင်းခေါ်လာသည့် ဟိုတယ်ခန်းထဲမှ တူယွမ်ရှင်းတို့အဖွဲ့ကတော့ ရန်သူများ တိတ်တဆိတ်လာနေသည်ကို မသိကြချေ။ သူတို့၏အဖွဲ့သားများ နိုးလာဖို့ကိုသာ စောင့်နေသည်။
မကြာခင်တွင် ရုပ်ဖျက်ထားသည့် တပ်သားများသည် သေနတ်များကိုကိုင်ကာ သာမန်ဇွန်ဘီများကို ရှောင်ရင်းချဉ်းကပ်လာသည်။ သူတို့သည် ရှောင်မရသည့် ဇွန်ဘီများကိုတော့ ခေါင်းထဲကို ကျည်သွင်းပေးလိုက်သည်။ မကြာခင်တွင် လမ်းပေါ်မှာ ဇွန်ဘီအလောင်းများပုံလာသည်။ တူယွမ်ရှင်းတို့အား လင်းချင်းကယ်သည့်နေရာသို့ ရောက်လာသည့်အခါ ပတ်ဝန်းကျင်မှ ဇွန်ဘီအလောင်းများနှင့် လက်သည်းတစ်ချက်ဖြင့်ထိုးကာ သတ်လိုက်သည့် ခေါင်းကြီးဇွန်ဘီအလောင်းကို တွေ့သွားကြသည်။
“ဒါအဆင့်လေးဇွန်ဘီပဲ”
အဖွဲ့ခေါင်းဆောင်သည် ခေါင်းကြီးဇွန်ဘီကို ညွှန်ပြကာ ပြောသည်။
“ဘယ်လိုလုပ်သိတာလဲ?” သူ့ဘေးက တပ်သားတစ်ယောက်က သိချင်စိတ်ဖြင့် မေးသည်။
“အဆင့်မြင့် စိတ်စွမ်းအားဇွန်ဘီတွေအကုန်လုံးက အရပ်ပုပြီး ခေါင်းကြီးတယ်လို့ ကြားဖူးတယ်။ ဒီအလောင်းကိုကြည့်လေ။ ဇွန်ဘီနှစ်ကောင်ပေါင်းထားသလိုပဲ။ ဒီလိုဇွန်ဘီမျိုးက မသွက်လို့ သူတို့က ပစ်မှတ်ကို အဝေးကနေပဲ တိုက်ခိုက်ပြီးတော့ ပေါ်လာတာနဲ့ သေအောင်ကိုက်စားပစ်တယ်လို့ ကြားဖူးတယ်။ ဒါပင်မယ့် စိတ်စွမ်းအားဇွန်ဘီက ရှားပါးတော့ အမြူတေကလည်း တန်ဖိုးကြီးတယ်”
“တူယွမ်ရှင်းနဲ့ သူ့လူတွေ သတ်လိုက်တာလား? ဟမ်? သူတို့ပစ်မှတ်က လေစွမ်းအားဇွန်ဘီမလား? ဘယ်လိုဖြစ်ပြီး စိတ်စွမ်းအားဇွန်ဘီ ဖြစ်သွားတာလဲ?”
“မမျှော်လင့်တဲ့ အပြောင်းအလဲတွေ ဖြစ်သွားပုံရတယ်။ ကြည့်ရတာ သူတို့က အမြူတေရထားပြီးလောက်ပြီ။ ဖြစ်နိုင်တာက လေစွမ်းအားဇွန်ဘီကို ဒီတစ်ကောင်က သတ်လိုက်ပုံပဲ။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နေရာထဲမှာ ဇွန်ဘီနှစ်ကောင်ပေါ်လာရင် တိုက်ပွဲက ရှောင်လို့မှမရတာ”
“ဒီလိုကိုး”
“ဟုတ်ပြီ။ ထားလိုက်တော့။ သူတို့ဘယ်သွားလဲပဲ ရှာရအောင်။ ဒါကဦးစားပေးတာဝန်”
“ဟုတ်ကဲ့”
ပတ်ဝန်းကျင်ကို ကြည့်ပြီးသည့်အခါ တပ်သားများသည် ပတ်ဝန်းကျင်တွင် သူ့အဖွဲ့လေးများဖြင့် သွားရှာကြတော့သည်။ ဒီနေရာတွင် မရှိသည်မှာ သေချာသည့်အခါ သူတို့က အနီးအနားမှာပဲ ရှိလောက်သေးသည်ဟု သူတို့ယုံလိုက်ကြသည်။
တူယွမ်ရှင်းနှင့်လုံချင်းယင်တို့ကတော့ သူတို့ဆီလာနေသည့် လူများကို မသိကြသော်လည်း အခန်းထဲက ကိုယ်ပျောက်နေသည့် လင်းချင်းနှင့် အမိုးပေါ်က ချိုးလီလီတို့ကတော့ နောက်တစ်ဖွဲ့ရောက်လာသည်ကို သိလိုက်ကြသည်။
သံသယဝင်ဖို့မလိုအောင်ကို လူသားများထက် ဇွန်ဘီများသည် အနံ့ခံအာရုံပိုကောင်းသည်။ သူတို့၏ အရှိန်အဝါများကို ဖုံးထားနိုင်သော်လည်း အနံ့ကိုတော့ ဖမ်းလို့မရပေ။ ထို့အပြင် လင်းချင်း၏ အနံ့ခံအာရုံသည် ခွေးတွေထက် အစပေါင်းများစွာ သာလွန်းသည်။ ထို့ကြောင့် တံခါးပိတ်ထားတာတောင်မှ အနံ့ရတာ ဖြစ်သည်။
သူမသည် ခေါင်းကိုမော့ကာ ပြတင်းပေါက်နားသို့ ကပ်လိုက်ပြီး ပြတင်းပေါက်မှန်ကြားတွင် နှာခေါင်းကိုကပ်ကာ အနံ့ကိုသေချာအောင် ခံကြည့်လိုက်သည်။ ဒီလူအသစ်များက ဘယ်သူမှန်း မသိသဖြင့် သူမမျက်ခုံးများက တွန့်ကွေးသွားသည်။ အစတုန်းက သူတို့နိုးလာလျှင် တန်းသွား၍ရအောင် တူယွမ်ရှင်းတို့ကားကို အောက်တွင်ထားသော်လည်း အခုတော့ ဒါကိုတွေ့သွားမှာကို စိုးရိမ်နေရပြီ။ သူမထင်သလို အနံအရ ဒီလူများသည် ပိုနီးလာပြီ။
ထိုအချိန်တွင် ဘာမှမသိသေးသည့် တူယွမ်ရှင်းသည် လုံချင်းယင်၏ မကောင်းသည့် မျက်နှာကိုကြည့်ကာ မနေနိုင်ဘဲ ပြောသည်။ “ခေါင်းဆောင်ရဲ့ ညီမလေးနဲ့ နင်ရင်းနှီးတယ်ဆိုတာ ငါသိတယ်။ ဒါပင်မယ့် သူ့ကိုဂရုစိုက်တယ်ဆိုရင်လည်း ဘာဖြစ်လို့ သူတို့နဲ့ လိုက်မသွားတာလဲ? နင်က အားမနည်းတော့ လမ်းမှာ သူတို့ကို ကူညီလို့ရတာပဲ။ မဟုတ်ဘူးလား?”
သူ့စကားကိုကြားသည့်အခါ လုံချင်းယင်သည် ဘာမှမပြောဘဲ မော့ကြည့်လာသည်။ တကယ်တော့ သူမတွင်သွားဖို့ အစီအစဉ်ရှိသည်။ သို့သော်လည်း လင်းဝမ်ဝမ်က သူမကို မလိုက်စေချင်တာ ဖြစ်သည်။ ခရီးလမ်းက အန္တရာယ်များသောကြောင့် သူမကိုပါ မပတ်သတ်စေချင်တာ ဖြစ်သည်။
တူယွမ်ရှင်းသည် ခနတွေးပြီးနောက် ဆက်ပြောသည်။ “လင်းဝမ်ဝမ်က နင့်ကိုမလိုက်ခိုင်းတာမလား? ရန်သူတွေက အရည်အတွက်ရော အင်အားရောများတယ်။ ငါကြားတာတော့ မြေနဂါးစခန်းက အဆင့်ခြောက်တစ်ယောက်တောင် သူတို့ကိုကူညီဖို့ ရောက်နေတယ်တဲ့။ ယန်ကျင်းဟွာကလည်း အဆင့်ခြောက်ဆိုတော့ နှစ်ယောက်တောင် ဖြစ်သွားပြီ။ နင်တို့က ရင်းနှီးလွန်းလို့ နင့်ကိုဒါတွေကြား မပါစေချင်တာမလား?”
လင်းဝမ်ဝမ်၏ နာမည်ကြားသည်နှင့် သူမသည် ပြတင်းပေါက်ကနေ ခေါင်းချက်ချင်းလှည့်လာသည်။ ‘ခေါင်းဆောင်ရဲ့ညီမ? လင်းဝမ်ဝမ်? ငါ့ညီမလည်း လင်းဝမ်ဝမ်ပဲလေ။ တကယ်လို့ လင်းဖန်းနဲ့အတူပါသွားတာက လင်းဝမ်ဝမ်ဆိုရင် အဲ့ဒါငါ့ညီမပဲ။ သူတို့စကားအရဆိုရင် လင်းဖန်းက ခေါင်းဆောင်လောက်ပဲ။ စခန်းခေါင်းဆောင်နာမည်ကို မပြောသေးဘူး။ အဲ့ဒီစခန်းခေါင်းဆောင်က ဘယ်သူလဲ?’
လင်းဝမ်ဝမ်သည် မိသားစု၏ တတိယမြောက်ကလေးဖြစ်ရာ သူမသည် လင်းဖန်နှင့် လင်းချင်းတို့အောက်မှဖြစ်သည်။ လုံချင်းယင်ကို လင်းချင်းမသိသဖြင့် ကြည့်ရသည်မျာ သူမ၏ညီမလေးသည် ကမ္ဘာပျက်သည့်အခါမှ လုံချင်းယင်နှင့် ခင်သွားတာ ဖြစ်လိမ့်မည်။ တူယွမ်ရှင်းအရဆိုလျှင် လင်းဝမ်ဝမ်က စခန်းခေါင်းဆောင်၏ ညီမဖြစ်သော်လည်း လင်းဖန်းက စခန်းခေါင်းဆောင်မဟုတ်ပေ။ ဒါဆိုရင်. . .
ရုတ်တရပ် လင်းချင်းသည် ဟေးဒီးစခန်းတွင် လင်းချင်းဟု အမည်ရသည့် စခန်းခေါင်းဆောင်ရှိသည်ကို သတိရသွားသဖြင့် သူမသည် သတ်ခံလိုက်ရသည့် စခန်းခေါင်းဆောင် ဖြစ်လိမ့်မည်။ တူဘွမ်ရှင်းသည် စခန်းခေါင်းဆောင်ကလွဲ၍ လင်းဖန်းတို့မိသားစုက ရှင်သေးသည်ဟု ပြောခဲ့လေရာ ထိုခေါင်းဆောင်ဖြစ်သည့်သူမက ဘယ်လိုသေသွားသနည်း? ပြီးတော့လည်း လုံချင်းယင်က အမြူတေအတွက်နဲ့ ခေါင်းဆောင်မိသားစုကို ရောင်စားသည်ဟု စွပ်စွဲနေခဲ့သေးလေရာ သူမပြောသည်က လင်းဖန်းတို့ မိသားစုပင်။ ဒါဆိုရင် ခေါင်းဆောင်က ဘယ်သူဖြစ်မည်နည်း? အမှန်တရားက သူမထင်သလိုပဲလား? ဒီခေါင်းဆောင်ဆိုသည်က နောက်ထပ်လင်းချင်းလား? သူမကိုယ်တိုင်၏ နောက်တစ်ယောက်ပဲလား?
လင်းချင်းသည် သူတို့ပြောသည်ကို ကြားလေလေ မေးခွန်းများရှုပ်လာလေလေ ဖြစ်သည်။ လင်းဖန်းနှင့် အခြားမိသားစုများက ပင်လယ်မြို့တော်သို့ သွားနေသည်ကို သိလေရာ သူမသာ အခုအမြန်သွားရင် လိုက်မှီလိုက်သေးမည်။ ရှာရသည်ကခက်သော်လည်း ဒီနှာခေါင်းဖြင့်တော့ လိုက်ဖို့က လွယ်လွန်းသည်။ လူတွေ၏နေရာကို သိနိုင်မှတော့ သူမ၏မိသားစုကို အမြန်တွေ့နိုင်မှာပင်။
သို့သော်လည်း အခုအရေးကြီးသည်မှာ စခန်းခေါင်းဆောင်ဆိုသည်က ဘယ်သူလဲ ဆိုတာပင်။ သူမသိချင်သည်က ခေါင်းဆောင်သည် အခြားလင်းချင်းပဲလား? ဒါကထူးဆန်းနေပင်မယ့်လည်း တချိန်တည်းမှာ မိသားစုအနောက်သို့ လိုက်ဖို့က အရေးကြီးနေသေးသည်။ သူမသည် ဆုံးဖြတ်ချက် အမြန်ချရလိမ့်မည်။ မဟုတ်လျှင်လည်း တူယွမ်ရှင်းတို့အား ခေါင်းဆောင်နာမည် ဘယ်သူလဲ တန်းမေးလိုက်သင့်သည်။
ထိုအချိန်တွင် လူအသစ်များသည် လုံချင်းယင်တို့နေရာကို တွေ့သွားလေပြီ။ လုံချင်းယင်က တူယွမ်ရှင်းကို ဘာမှမဖြေပေ။ ထိုအချိန်တွင် ကုတင်ပေါ်က လူတစ်ယောက်ကလည်း နိုးလာပြီ။
“အား. . .ခေါင်းနာလိုက်တာ။ ဒီနေရာက? ဟမ်? ဘယ်ရောက်နေတာလဲ? ခေါင်းဆောင် ဘာဖြစ်လို့ . . .ဟိုတယ်ခန်းထဲ ရောက်နေတာလဲ?”
ချိုင်ဟုန်ချင်းသည် ခေါင်းကိုက်ပြီးနိုးလာသည်နှင့် ပတ်ဝန်းကျင်ကို ကြည့်ကာမေးသည်။