May Honey Logo May Honey
Previous Next

၁၃၉။ ယန်ကျင်းဟွာ တပ်ဆုတ်သွားခြင်း

စစ်ကားများသည် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည်ဖြစ်ရာ သာမန်ဇွန်ဘီများက ဘယ်လောက်ကြိုးစားပါစေ ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကားထဲက စစ်သားများသည် တည်ငြိမ်စွာဖြင့် ကားကိုမောင်းသွားကာ ဇွန်ဘီအုပ်ကြီးကို ထားခဲ့သည်။ နှစ်မိနစ်လောက် ကြာသည့်အခါ ယန်ကျင်းဟွာ၊ ချူးလီလီနှင့် ဇွန်ဘီအုပ်ကြီးကို စစ်ကားများက ချန်ထားခဲ့ကာ ခပ်ဝေးဝေးသို့ ရောက်သွားသည်။

မြေနံရံကို မှီနေရသည့် ယွမ်ထန်ရှင်းသည် ဒီအခြေအနေကို မြင်သည့်အခါ စိတ်ရှုပ်သွားသည်။ ယန်ကျင်းဟွာသည် လင်းမိသားစုကို ခြိမ်းခြောက်ဖို့ လုပ်ခဲ့သော်လည်း ထူးဆန်းသည့် ဇွန်ဘီဘုရင်မက လိုက်နေသဖြင့် ကြောက်ပြေးရသလို ဖြစ်သွားခဲ့သည်။ ယန်ကျင်းဟွာကိုယ်တိုင်လည်း ဒီအခြေအနေကို မမျှော်လင့်ထားခဲ့ပုံပေ။

ယွမ်ထန်ရှင်းသည် သူ့ဒဏ်ရာကို လျစ်လျူရှုကာ ယန်ကျင်းဟွာဖြင့် တိုက်ခိုက်ဖို့ ပြင်ထားခဲ့သည်။ သို့သော်လည်း ဘယ်ကမှန်းမသိသည့် ဇွန်ဘီနှစ်ကောင် ရောက်လာကာ တစ်ကောင်က လင်းဖန်းကို ခိုးထုတ်သွားပြီးနောက် တစ်ကောင်က ယန်ကျင်းဟွာကို မောင်းထုတ်လိုက်သည်။ ကြည့်ရသည်မှာ နောက်ဇွန်ဘီက ယန်ကျင်းဟွာ မထိခိုက်မချင်း မကျေနပ်သည့်ပုံဖြစ်သည်။

“ဒါက. . .ဘာဖြစ်လို့နံရံလဲ? ထန်ရှင်း? နင်အပြင်မှာလား?”   ယွမ်ထန်ရှင်းသည် အဖြေကို မသိသေးခင် လင်းဝမ်ဝမ်၏ အသံသည် မြေနံရံထဲမှ ထွက်ပေါ်လာသည်။

သူအသိပြန်ဝင်လာသည့်အခါ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ရွံ့စရာကောင်းသည့် သာမန်ဇွန်ဘီများသည် ယန်ကျင်းဟွာနောက်သို့ လိုက်နေဆဲဖြစ်သဖြင့် သူတို့နေရာတွင် ဇွန်ဘီမရှိတော့ပေ။ ဇွန်ဘီများ၏ နံစော်နေသည့်အသံကတော့ လေထဲတွင် ရှိနေသေးသည်။

“ဘာ. . .ဘာတွေဖြစ်နေတာလဲ?”   အမျိုးသမီးလင်းက မေးသည်။

ယွမ်ထန်ရှင်းသည် သူ့နှုတ်ခမ်းက သွေးများကို အရင်သုတ်လိုက်ပြီးမှ မြေနံရံကို ပြန်လျှော့ချလိုက်ကာ အထဲကလူများကို ထွက်လာစေသည်။  
“ဘာဖြစ်လို့ . . .နံရံနဲ့ ကာထားတာလဲ? အာ ခေါင်းက ခုနတုန်းက ဗလာဖြစ်သွားသလိုပဲ?”   လင်းဟောင်သည် စိတ်ရှုပ်စွာဖြင့် မေးသည်။

စကားပြောနေရင်းဖြင့် သူသည် ခေါင်းမော့ကြည့်လိုက်သည့်အခါ သူတို့အနားတွင် ဇွန်ဘီအလောင်းများစွာဖြင့် နီညိုရောင်သွေးများကို တွေ့လိုက်ရသည်။ ခပ်ဝေးဝေးတွင်လည်း ဇွန်ဘီအုပ်ကြီးက ရှိနေသေးသည်။

“ဒါ. . . ဘာဖြစ်နေတာလဲ? ဘာဖြစ်လို့ ဇွန်ဘီတွေများနေတာလဲ? ပြီးတော့ သူတို့က ဒီကိုလာတာလည်း မဟုတ်ဘူး!”   လင်းဝမ်ဝမ်သည် သူမတို့လို လူသားအုပ်စုကို လျစ်လျူရှုကာ တခြားကိုသာ သွားနေကြသည့် ဇွန်ဘီအုပ်ကို ကြည့်ကာ မေးသည်။

“ယန်ကျင်းဟွာတို့ ကားတွေအကုန် ထွက်သွားပြီ!”   လုံချင်းယင်သည် ချက်ချင်းပြောသည်။

“ယန်ကျင်းဟွာရော ဇွန်ဘီရော သွားတာ လုံချင်းယင် နေကာမျက်မှန်နဲ့ဇွန်ဘီက ဒီမှာရှိသေးတာ သေချာလား?”   လင်းဟောင်သည် လုံချင်းယင်ကို အသံကျယ်ကျယ်ဖြင့် မေးသည်။

ယန်ကျင်းဟွာနှင့် ချူးလီလီပျောက်သွားသည့်အခါ လင်းမိသားစုသည် ယွမ်ထန်ရှင်း၏ နံရံဖြင့် ကာပေးထားခြင်းကို မေ့လိုက်ကာ အရင်အခြေအနေကိုပဲ ပြန်စိတ်ပူတော့သည်။ 

လုံချင်းယင်နှင့် တူယွမ်ရှင်းတို့သည် အချင်းချင်း ကြည့်လိုက်ကြသည်။ ဘယ်သူကမှ အဖြေမပေးနိုင်ကြပေ။ လင်းချင်းနှင့် လင်းဖန်တို့ ခုနက ပျောက်သွားတုန်းကတော့ ဇွန်ဘီမငယ်လေးက ဒီနေရာတွင် ရှိခဲ့သေးသည်။

“လင်းဖန်. . .လင်းဖန်ကို စားလိုက်ပြီမလား?”   အမျိုးသမီးလင်းက ကြောက်လန့်တကြား ရေရွတ်သည်။ ထိုအခါ လူတိုင်း၏ အကြည့်များသည် လုံချင်းယင်နှင့် တူယွမ်ရှင်းတို့အပေါ်သို့ ရောက်လာကြသည်။

“ဟိုးတနေ့တုန်းက တောင်ပိုင်းမှာ နင်တို့အကြောင်းမေးရင်း သူပေါ်လာခဲ့တာ”   လုံချင်းယင်က ပြောသည်။   “ငါတို့နဲ့ကြုံလိုက်တော့ ငါတို့ကိုကယ်ပေးတယ်။ နောက်တော့ ငါတို့လည်း နင်တို့အကြောင်းမပြောရဘဲနဲ့ သူ့ဟာသူသိသွားတယ်။ နောက်တော့ ငါတို့မျှော်လင့်ချက်မရှိဘဲ ပိတ်မိနေတဲ့အချိန်မှာ ထပ်ကယ်သွားပြန်တယ်”

လုံချင်းယင်၏စကားကို ကြားသည့်အခါ တူယွမ်ရှင်းသည် ခေါင်းငြိမ့်ကာ    “ဟုတ်တယ်! ဟုတ်တယ်! အစက နင်တို့ကို ကူညီဖို့ လိုက်ရှာနေတာလို့ ပြောတယ်။ မယုံလို့ ငါတို့လည်း ပြောမပြပါဘူး။ နောက်တော့ ပင်လယ်မြို့တော်မှာ နင်တို့ကို သွားရှာမယ် ပြောတယ်။ ဟောင်ဝူက ငါတို့ကို သတ်ဖို့လုပ်တော့လည်း ထပ်ကယ်ပြန်တယ်။ အဲ့ဒါကြောင့် ငါတို့နဲ့အတူ လိုက်လာခိုင်းမိတာ”

လင်းဟောင်သည် နှာခေါင်းရှုံကာ   “မျက်စိတစ်မှိတ်အတွင်းမှာ မင်းတို့ကို သေစေနိုင်တဲ့ ဇွန်ဘီနှစ်ကောင်နဲ့ ခရီးအတူထွက်ရဲနေတယ်ပေါ့။ ဒါပင်မယ့် ငါ့အကိုကြီးနဲ့ အဲ့ဒီဇွန်ဘီကောင် ပေါ်မလာတာ အချိန်အတော်ကြာနေပြီ။ ဘယ်လိုရှင်းပြမှာလဲ?”

“အဲ့ဒီကောင်မလေးက. . . ဇွန်ဘီဘုရင်မဆိုတာကို ငါတို့မသိခဲ့ဘူး”   တူယွမ်ရှင်းက ရေရွတ်သည်။ သူတို့သာသိခဲ့ပါက အတူဘယ်လိုက်ရဲမည်နည်း။ အရင်က လင်းချင်းနှင့် ချူးလီလီတို့ကို အဆင့်၄ အဆင့်၅လောက်ဟုသာ ထင်ခဲ့တာဖြစ်သည်။ လူသားတွေဖြင့် စာရေးကာ ဆက်သွယ်နိုင်သည်ကတော့ သာမန်မဟုတ်ပင်မယ့် ဖြစ်သည်။

“နင်တို့က သေချာလည်း မသိဘဲနဲ့များ!”   လင်ဝမ်ဝမ်သည် လုံချင်းယင်နှင့် တူယွမ်ရှင်းကို စူးရှစွာ ကြည့်သည်။

လင်းဝမ်ဝမ်နှင့် အခြားသူများသည် တူယွမ်ရှင်းနှင့် စကားတစ်ခါမှ မပြောဖူးပေ။ အဆင့်ငါးစွမ်းအားရှင်ဖြစ်ကြောင်း နာမည်သာ သိသော်လည်း လင်းဖန်ကသာ စကားပြောဖူးသည့်သူ ဖြစ်သည်။ 

လုံချင်းယင်ကတော့ လင်းဝမ်ဝမ်နှင့် စခန်းစထောင်တည်းက တွေ့ကြတာဖြစ်သည်။ စခန်းအပြင်က ဇွန်ဘီအမဲလိုက်တာဝန်တစ်ခုတွင် လုံချင်းယင်ကို လင်းဝမ်ဝမ်က ကူညီလိုက်ဖူးသောကြောင့် ရင်းနှီးသွားကြသည်။ ထို့ကြောင့် လင်းချင်းက လုံချင်းယင်ကို မသိတာဖြစ်သည်။

“ဒါကအရေးမကြီးဘူး အရေးကြီးတာက ငါတို့ကို ထိခိုက်အောင် သူမလုပ်ဘူး။ ပြောင်းပြန်ဖြစ်နေပင်မယ့် ငါတို့အသက်ကိုတောင် ကယ်ပေးခဲ့တာ!”   လုံချင်းယင်က ပြောလာသည်။ သူမကိုယ်တိုင်လည်း ဒါကြီးက ထူးဆန်းသည်ဟု ခံစားရသည်။

ကမ္ဘာပျက်ခေတ်တွင် လူသားအချင်းချင်းတောင်မှ တစ်ခါတစ်လေ မကူညီနိုင်ကြပေ။ ကိုယ့်ကိုယ်ကို ကယ်တင်ဖို့ ခက်ခဲစွာ ကြိုးစားနေရသည့်အချိန်မှာ သူစိမ်းကို ဘယ်သူက ဂရုစိုက်မည်နည်း?

သို့သော်လည်း ထိုဇွန်ဘီက သူမနှင့် တူယွမ်ရှင်းကို ၂ခါတောင် ကယ်ခဲ့သည်။ ရည်ရွယ်ချက်ရှိမည်လား အစက သံသယရှိခဲ့သော်လည်း အသက်ကယ် ပေးထားသည့်အချက်ကတော့ လက်မခံဘဲ နေ၍မရနိုင်ပေ။ အနည်းဆုံးတော့ ဇွန်ဘီသည် သူမတို့အား ထိခိုက်အောင် မလုပ်ပေ။ သို့သော်လည်း သူမကတော့ ဒီဇွန်ဘီ၂ကောင်အပေါ်တွင် ရန်လိုမှုအနည်းငယ်က ရှိနေဆဲပင်။ ဇွန်ဘီက ကူညီချင်သည်ကို မယုံချင်သော်လည်း သူမက ဘာတက်နိုင်မည်နည်း? ဒီဇွန်ဘီနှင့် သူ့သူငယ်ချင်းမလေးတို့က လင်းဖန်ကို ရှာချင်နေမှတော့လည်း သူမတို့က ဝင်ပူးပေါင်းလိုက်ရုံတင်။

“ရည်ရွယ်ချက်ရှိရှိကယ်တာ။ သူကဇွန်ဘီလေ။ ဘာဖြစ်လို့ နင်တို့ကို ကယ်မှာလဲ? ရူးနေတာလား!”   လင်းဟောင်က ဝင်ပြောသည်။

လင်းမိသားစုသည် လုံချင်းယင်နှင့် တူယွမ်ရှင်းတို့ကို စိုက်ကြည့်နေကြသည်။ သူတို့သည် ဒီနှစ်ယောက်ကို ယုံချင်သော်လည်း လူသားစားသည့် ဇွန်ဘီက သူတို့ကို ကယ်သည်ဆိုသည်ကို နားမလည်နိုင်ပေ။ ထိုအပြင် ဇွန်ဘီတစ်ကောင်က လင်းဖန်ကို ဘယ်လိုလုပ် ကုသနိုင်မည်နည်း?

ယွမ်ထန်ရှင်းသည် ဘေးကနေ စကားမပြောချင်သောကြောင့် ရပ်ကြည့်နေသည်။ ချူးလီလီ၏ အော်သံကြောင့် သူ့အတွင်းဒဏ်ရာသည် ပိုးဆိုးသွားသဖြင့် မေ့လဲတော့မတက် ဖြစ်နေတာ ဖြစ်သည်။ ဒီအချိန်တွင် သူလဲကျ၍ မဖြစ်သဖြင့် စိတ်ကို မနည်းရှင်းအောင် ကြိုးစားရပ်နေရတာ ဖြစ်သည်။  
Previous Chapter 139 of 198 Next