၁၅၇။ ချင်းမရှိဘဲ
ဟိုတယ်ကိုသွားသည့်လမ်းတွင် လင်းချင်းနှင့် ချူးလီလီသည် ရုတ်တရက် ရပ်သွားကြသည်။ သူတို့ရပ်သွားသည့်အခါ ကျွင်းကျွင်းသည် နားမလည်နိုင် ဖြစ်သွားသည်။
လင်းချင်းသည် နေကာမျက်မှန်ကို ချွတ်လိုက်သည့်အခါ မျက်လုံးများက တောက်ပစွာ ထွက်လာသည်။ သူမသည် ထွက်သွားဖို့လုပ်နေသည့် ချူးလီလီ၏လက်ကိုဆွဲလိုက်ကာ ကျွင်းကျွင်းကို သူမဘက်သို့ တွန်းပို့လိုက်သည်။
“ငါ. . .သွား. . .နင်. . .သူနဲ့”
သူမသည် စကားအနည်းငယ်ပြောသည်။
ချူးလီလီသည် ရုတ်တရက်ပေါ်လာသည့် အဆင့်မြင့်ဇွန်ဘီနှင့် လင်းချင်းနေကြောင်းကို သိကာ သူမကိုတော့ ကျွင်းကျွင်းနှင့် တုံတုံကို ကာကွယ်ပေးစေချင်ကြောင်းကို နားလည်ပေ။ ချူးလီလီနှင့် လင်းချင်းတို့ ရပ်လိုက်ခြင်းသည် လင်းဖန်တို့ရှိရာ အဆောက်အဦးဘက်သို့ အဆင့်မြင့်ဇွန်ဘီတစ်ကောင်က လာနေကြောင်းကို သိလိုက်သောကြောင့် ဖြစ်သည်။ ချူးလီလီသည် ထိုဇွန်ဘီနှင့် ကစားဖို့ကို စိတ်ဝင်စားသောကြောင့် သွားချင်သည်။ ပြီးတော့လည်း အမြူတေကို ထုတ်ယူဖို့က ကောင်းလေသည်။
သို့သော်လည်း လင်းချင်းက သူမကိုတားကာ နေခိုင်းသည်။ ထို့ကြောင့် သူမက သိပ်မပျော်သော်လည်း ကျွင်းကျွင်းနှင့် တုံတုံတို့ကို ကာကွယ်ပေးထားဖြစ်လေရာ ရွေးစရာ မရှိတော့ပေ။ ချူးလီလီသည် အင်အားကြီးသော်လည်း လင်းချင်းကို နာခံသည်။ သူမသည် လင်းချင်းပြောသမျှ လုပ်ပေးမည့် သူမျိုး ဖြစ်သည်။ ထို့အပြင် သူမသည် တကယ်လည်း အဆင့်၄ သို့မဟုတ် အဆင့်၅ ဇွန်ဘီအမြူတေကို အရမ်းကြီးစိတ်ဝင်စားတာလည်း မဟုတ်သောကြောင့်ပင်။
လင်းချင်းသည် သူတို့ကို စောင့်မနေစေဘဲ ဟိုတကယ်ဘက်ကို လက်ညိုးထိုးကာ
“နင်. . .သွား. . .ဟို”
ဒီလိုပြောပြီးသည့်နောက် လင်းချင်းသည် ကိုယ်ဖျောက်လိုက်သည်။
တစ်ဖက်တွင်တော့ ဟိုတယ်တွင် တစ်ညအိပ်ပြီးသည့် လူတစ်စုသည် လင်းချင်းနှင့် တခြားဇွန်ဘီများ ရောက်လာသည်ကို မတွေ့ရသေးပေ။ သူတို့ရောက်သည်နှင့် အခန်းများကိုရွေးချယ်ပြီးနောက် ကြမ်းပြင်က ဇွန်ဘီများကို ရှင်းလင်းကာ ယွမ်ထန်ရှင်းအား ဖုန်ထူနေသည့် အိပ်ရာပေါ်သို့ တင်လိုက်သည်။ လင်းဝမ်ဝမ်နှင့် အခြားမိန်းကလေးအချို့ကတော့ အခန်းတစ်ခုတွင်နေသည်။ လင်းဟောင်နှင့် တူယွမ်ရှင်းတို့သည် အခြားသူများကို ဦးဆောင်ကာ ဟိုတယ်တွင် သိုလှောင်ခန်းလိုက်ရှာသည်။
လင်းဖန်ကတော့ အခန်းထဲတွင် စောင့်နေသည်။ အခုအချိန်တွင် သူသည် ပြတင်းပေါက်ကနေ အပြင်ကို ကြည့်နေသည်။
“လီကျန်းနဲ့ အခြားသူတွေ ပင်လယ်မြို့တော်စခန်းကို လုံလုံခြုံခြုံရောက်မရောက် သိချင်တယ်။ သူတို့တွေက စွမ်းအားရှိတဲ့ တိုက်ခိုက်နိုင်တဲ့သူတွေ။ ဒါပင်မယ့် သူတို့ခရီးက ရှည်ပြီးတော့ အန္တရာယ်များတယ်။ အဆင့်ငါးဇွန်ဘီနဲ့တွေ့ရင် သူတို့ဒုက္ခရောက်နိုင်တယ်”
အမျိုးသမီးလင်းသည် ကြမ်းပြင်က အဝတ်တစ်ခုကို ကောက်လိုက်ရင်းပြောသည်။ သူမက ခါပြီးနောက် ဖြန့်ကြည့်လိုက်သည့်အခါ သဘတ်ဖြစ်နေကြောင်း သိလိုက်သည်။
“သူတို့က အန္တရာယ်ကို ရှောင်တာကျွမ်းကျင်တော့ အဆင်ပြေမှာပါ။ အခက်အခဲတွေ့ရင်တောင် အကုန်လုံးတော့ မကျန်ခဲ့ပါဘူး။ တချို့လူလောက်ကတော့ ပင်လယ်မြို့တော်စခန်းကို အရောက်သွားမှာပါ။ စိုးရိမ်တာက အဲ့ဒီစခန်းက လူတွေပဲ။ အရင်က ချင်းနဲ့သူတို့က ကတိထားပင်မယ့် အခုသူမှမရှိတော့တာ။ အဲ့ဒါကြောင့် ကူညီမှာ ဟုတ်မဟုတ်ကို မသိတော့ဘူး” လင်းဖန်က အမှုမယာမဲ့စွာ ဖြေသည်။
အခုတော့ သူတို့သည် အဆင့်၇စွမ်းအားရှင်ဖြင့် မရှိတော့သည့်အခါ ပင်လယ်မြို့တော်စခန်းက လင်းချင်းဖြင့် ကတိထားခဲ့သည်ကို ဆက်တည်မတည်ကို မသိတော့ပေ။ ထိုစခန်းသို့ သွားရခြင်းမှာ ထိုလူများက သူတို့က စခန်းအသစ်ထောင်ရန် ကူညီပေးမှာ သို့မဟုတ် မြေနဂါးစခန်းအောက်ရောက်နေသည့် သူတို့စခန်းကလူများကို အကူအညီလွှတ်ကယ်ပေးမှာ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။
ဟေးဒီးစခန်းသည် ပင်လယ်မြို့တော်စခန်းနှင့် ဝေးသည်။ ထို့ကြောင့် ဟေးဒီးစခန်းသို့ စွမ်းအားရှင်များ လွှတ်လိုက်ရခြင်းသည် သူတို့စခန်း၏ အင်အားကို လျှော့ကျနိုင်သည်။ ထို့အပြင် ဒီလိုလုပ်ပေး၍ သူတို့ဘက်က ဘာမှပြန်မရနိုင်ဖို့ များနေသေးသည်။
အမျိုးသမီးလင်းက သက်ပြင်းချကာ “ချင်းမရှိတော့ စခန်းအသစ်ထောင်ဖို့တောင် ငါတို့အတွက် ခက်ခဲတယ်။ ပြီးတော့လည်း ထောင်နိုင်ရင်တောင် စောင့်ရှောက်ဖို့က ခက်နေသေးတယ်”
လင်းဖန်သည် သဘောတူညီစွာ ခေါင်းငြိမ့်လိုက်သည်။ သူတို့ထဲတွင် အသန်မာဆုံးဆို၍ အဆင့်၆ထိပ်ဆုံးရောက်နေသည့် ယွမ်ထန်ရှင်းသာ။ လင်းဖန်က အဆင့်၆သို့ ရောက်စဖြစ်သော်လည်း ယွမ်ထန်ရှင်းထက် အများကြီး အားနည်းသည်။ မဟုတ်လျှင် ယန်ကျင်းဟွာကြောင့် ဆိုးဆိုးဝါးဝါးဒဏ်ရာရမှာ မဟုတ်ပေ။ ယန်ကျင်းဟွာသည် အဆင့်၆ထိပ်ဆုံးဖြစ်ကာ အဆင့်၇သို့ပင် ဝင်ခါနီးပါ။ လုံယုပိုင်ကသာ ကူညီပေးရင် သူသည် မကြာခင်အဆင့်၇ ဖြစ်လာနိုင်သည်။ ထို့ကြောင့် လင်းဖန်နှင့် အခြားသူများသည် သူနှင့်မယှဉ်နိုင်ပေ။
ထို့ကြောင့် လင်းဖန်သည် သူ့မိသားစုကို ကာကွယ်ဖို့နည်းသာ ရှာနေခြင်း ဖြစ်သည်။ ဟေးဒီးခစန်းတွင် ကျန်ခဲ့သူများကတော့ သူတို့ကို စောင့်နိုင်လောက်ပါသည်။ လုံယုပိုင်နှင့် သူ့လူများ ဝင်တိုက်တုန်းက ဟေးဒီးခစန်းသည် ဆိုးဆိုးဝါးဝါးထိခိုက်ခဲ့သည်။ ရန်သူအရေအတွက် မများသော်လည်း စွမ်းအားရှင်များ ဖြစ်သည်။ ထို့ကြောင့် ဟေးဒီးစခန်းပျက်သွားခြင်းသည် ကျိုးကြောင်းစီလျော်နေသည်။
ဟေးဒီးစခန်းသည် မြေနဂါးစခန်းထက် အနည်းငယ်ပိုအားကောင်းခြင်းသည် အဆင့်ငါးစွမ်းအားရှင်များ ပိုရှိနေခြင်းကြောင့် ဖြစ်သည်။ သူတို့စခန်း၂ခုတွင် အဆင့်၇ခေါင်းဆောင်တစ်ယောက်နှင့် အဆင့်၆ဒုခေါင်းဆောင်နှစ်ယောက်ရှိခြင်းက တူသည်။ ဟေးဒီးခေါင်းဆောင်ငရဲမီးသည် ယန်ကျင်းဟွာ၏ သတင်းတုများကြောင့် ရန်သူကို လျှော့တွက်မိခဲ့သည်။ စစ်ဖြစ်သည့်အခါ အဆင့်၆နှစ်ယောက်မရှိသဖြင့် မြေနဂါးစခန်း၏ ဖြိုခွင်းသည်ကို မတက်နိုင်တော့ပေ။
ဟေးဒီးခေါင်းဆောင်သည် ချောက်ကမ်းပါးပေါ်တွင် သူမကိုယ်သူမဖောက်ခွဲခဲ့စဉ်တွင် ဟေးဒီးစခန်းမှ အဆင့်လေးနှင့် အဆင့်ငါး စွမ်းအားရှင်အများစုသည် သေခြင်း သို့မဟုတ် ဒဏ်ရာရခြင်းများ ရှိခဲ့သည်။ ကျန်သည့်သူများကတော့ ဖမ်းခံရခြင်း သို့မဟုတ် လွတ်မြောက်ခြင်းများရှိကာ ကျန်သည့်သာမန်လူများသည် သူတို့၏ ထိန်းချုပ်မှုအောက်တွင် ဖြစ်သည်။
အများစုက အညံခံချင်သဖြင့် မြေနဂါးစခန်းသည် လက်ခံခဲ့သည်။ သူတို့သာ ငရဲမီးခေါင်းဆောင်ကို သစ္စာဆက်မခံလျှင် သို့မဟုတ် သူမ၏လက်အောက်ငယ်သားများ ထွက်ပြေးနေခြင်းကို ကူညီပြီးရှင်းပေးလျှင် ဖြစ်သည်။ ဟေးဒီးစခန်းမှ အထောက်အပံ့များသည် လုံယုပိုင်၏လက်ထဲရောက်သွားသည်။ ယန်ကင်းဟွာသည် ဟေးဒီးစခန်းကိုသိမ်းလိုက်ပြီဟု ကြေညာနေသော်လည်း သူကတော့ ပိုင်ရှင်အသစ်မဖြစ်သေးပေ။
အမျိုးသမီးလင်း၏ စကားများကြောင့် အခန်းထဲကလူတိုင်းသည် မျက်နှာများ မည်းကုန်ကြသည်။
“ချင်းသာရှင်နေသေးရင်. . .” လင်းဖန်သည် စိတ်ညစ်စွာပြောသည်။ အခုအချိန်တွင် သူတို့သည် စခန်းအသစ်ထောင်နိုင် မနိုင်ဆိုသည့် မေးခွန်းဖြင့် ဖြစ်နေသည်။ ပင်လယ်မြို့တော်စခန်းသည် အကြောင်းမရှိဘဲ သူတို့ကို မကူညီလောက်ပေ။ ထိုစခန်းကိုဝင်ဖို့ကိုလည်း သူတို့မလုပ်ချင်ပေ။
ပင်လယ်မြို့တော်စခန်းသည် စခန်းကြီးဖြစ်ကာ ဟေးဒီးစခန်းထက် လူဦးရေအစများစွာ ပိုများသည်။ ထို့အပြင် စခန်းခေါင်းဆောင်သည် တစ်ယောက်တည်းမဟုတ်ဘဲ သုံးယောက်ဖြစ်သည်။ သူတို့တွင် ဒုခေါင်းဆောင်၇ယောက်လည်း ရှိသည်။ ထို့အပြင် သူတို့အောက်တွင် အဆင့်၄နှင့်၅ စွမ်းအားရှင်များလည်း အများကြီးရှိနေသေးသည်။ သူတို့သာ စခန်းထဲဝင်လိုက်ရင် အဆင့်၆ဖြစ်သည့် လင်းဖန်နှင့် ယန်ထန်ရှင်းတို့က ကောင်းမွန်သည့်အဆင့်တန်းရနိုင်သည်။ သို့သော်လည်း ထိုစခန်းက သူတို့အိမ်မဟုတ်ပေ။
အရင်က လင်းဖန်သည် အဆင့်ငါးသာ ဖြစ်သည်။ တိုက်ခိုက်နေရင်း မမျှော်လင့်ဘဲ အဆင့်တက်သွားသဖြင့် မိသားစုကို ကျိုးခရိုင်ထဲသို့ ခေါ်လာနိုင်ခြင်း ဖြစ်သည်။ သူသာအဆင့်မတက်ရင် ယန်ကျင်းဟွာ၏လက်ထဲမှာ ဖမ်းခံရတာ သို့မဟုတ် သေနေနိုင်သည်။
အခန်းထဲကလူတိုင်းသည် စိတ်ဓာတ်ကျနေချိန်တွင် အောက်ထပ်က တပ်သားတစ်ယောက်က ပြေးတက်လာသည်။ တပ်သားများသည် အရင်ထဲက အထူးတပ်ဖွဲ့တပ်သားများဖြစ်ရာ သူတို့သည် တိုက်ခိုက်ရာတွင် ကျွမ်းကျင်လှပြီး လင်းဖန်တို့နောက်ကို မလိုက်ဘဲ မနေနိုင်ကြသူများ ဖြစ်သည်။
ထိုတပ်သားငယ်လေးဖြစ်သည့် ရှင်းလော့သည် စေ့ထားသည့်တံခါးကို တွန်းဖွင့်ကာဝင်လာသည်။ ပျော်ရွှင်မှုအပြည့်ဖြင့် လင်းဖန်အား “ကပ္ပတိန်ကြီး ကျွန်တော်တို့ ဆိုလာသုံးသိုလှောင်ခန်းကို ဒီဟိုတယ်မှာ တွေ့တယ်”