May Honey Logo May Honey
Previous Next

၁၇၂။ နောက်တစ်နေရာသွား

‘ဒါပင်မယ့် စခန်းသစ်ဆောက်ဖို့ တွေးထားတယ်ဆိုရင် တခြားနေရာရှာဖို့ အကြံပြုချင်တယ်။ ဒီနေရာက အကောင်းကြီး ဟုတ်မနေဘူး’   လင်းချင်းက ဆက်ရေးပြသည်။

ယွမ်ထန်ရှင်သည် လင်းဖန်ကို တစ်ချက်ကြည့်ပြီးနောက် မေးလာသည်။   “ဘာဖြစ်လို့လဲ?”

ဒီနေရာသည် နိုင်ငံ၏စည်ကားခဲ့သည့် နေရာမဟုတ်ပေ။ ဇွန်ဘီအနည်းငယ်လောက်သာ ရှိသဖြင့် ရှင်းထုတ်ဖို့ဆိုလျှင် သိပ်ပြီးတော့ အားမထုတ်ရပေ။ ဒီနေရာသည် ပင်လယ်မြို့တော်စခန်းနှင့်လည်း သိပ်မဝေးသဖြင့် တစ်ခုခုဖြစ်လျှင် အကူအညီသွားတောင်းရသည်။

လင်းချင်းက ရေးပြသည်။   ‘နင်တို့က လူနည်းနည်းလေးရယ်။ ပြီးတော့ အားနည်းသေးတဲ့သူများတယ်။ ဒီမှာသာနေမယ်ဆိုရင် သူများတွေက လာတိုက်ဖို့လွယ်တယ်။ အဲ့ဒါကြောင့် ငါ့အထင် ဇွန်ဘီမြို့တော်တစ်ခုလောက် ရှာသင့်တယ်။ ငါတို့အတူအလုပ်လုပ်နေင် ငါတို့အနေနဲ့ တခြားဇွန်ဘီတွေဆီကနေ ကာပေးလို့ရတယ်”

ယွမ်ထန်ရှင်းသည် မေးကိုလက်ဖြင့်ထောက်လိုက်လိုက်ကာ ခနတွေးကြည့်လိုက်သည်။ သူသည် လင်းချင်း၏ အတွေးကို သဘောတူမိချင်နေသည်။

ဇွန်ဘီမြို့တော်များသည် ဇွန်ဘီအများဆုံးရှိသည့် နေရာများဖြစ်သည်။ အရင်တုန်းက မြို့ကြီးများ ဖြစ်ကြရာ လူနေမှုအဆင့်အတန်းမြင့်စွာဖြင့် နေထိုင်ကြသူများသည်။ ဇွန်ဘီမြို့တော်ရှိ အဆောက်အဦးအမြင့်ကြီးများသည် လူနေဖို့အတွက် အရမ်းသင့်တော်သည်။ ထိုမြို့ထဲတွင် အစားအသောက်သိုလှောင်ထားသည့် ရေခဲခန်းများစွာနှင့် ရိက္ခာအကောင်းများကို တွေ့နိုင်သည်။

လက်ရှိတွင် စခန်းများသည် သူတို့၏တပ်ဖွဲ့များကို ဇွန်ဘီမြို့တော်များသို့ ဝင်ရောက်စေကာ ရိက္ခာစုဆောင်းချိန်တွင် ဇွန်ဘီအုပ်ကြီးနှင့် အဆင့်မြင့်ဇွန်ဘီမျိုးစုံကို တွေ့နိုင်သည်။ ဇွန်ဘီမြို့တော်ကြီးတွင် အဆင့်ငါးဇွန်ဘီအရည်အတွက်များကာ ဇွန်ဘီဘုရင်နှင့် ဘုရင်မတို့တောင် ရှိနေနိုင်သေးသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် ဇွန်ဘီမြို့တော်သို့ အဆင့်၇စခန်းခေါင်းဆောင်များသည် သူတို့၏တပ်များကိုခေါ်ကာ သွားကြတာဖြစ်သည်။

ယွမ်ထန်ရှင်းနှင့် လင်းဖန်တို့သည် ဖြစ်နိုင်ချေးတိုင်းကို တွေးနေကြသည်။ အမျိုးသမီးလင်းနှင့် လင်းဝမ်ဝမ်ကတော့ လင်းချင်းက စခန်းဆောက်ဖို့ အခြားနေရာကို အကြံပြုနေသလဲဆိုသည်ကို နားမလည်နိုင်ပေ။

‘ကမ္ဘာပျက်ခေတ်စတည်းက ဘယ်သူမှ ခြေမချရသေးတဲ့ မြို့ကြီးတစ်ခုကို သွားရှာ။ ငါတို့က ဇွန်ဘီတွေကို ရှင်းပေးမယ်။ အဆင့်မြင့်ဇွန်ဘီပေါ်လာတာနဲ့ ငါတို့ရှင်းပြီးသားဖြစ်စေရမယ်။ သာမန်ဇွန်ဘီတွေကတော့ အပြင်ကို ဒီတိုင်းမောင်းထုတ်ထားရတယ်။ မြို့ထဲမှာ စခန်းဆောက်ဖို့ အကောင်းဆုံးနေရာကို နင်တို့ကရှာပေါ့’   လင်းချင်းက ရေးပြလိုက်သည်။

ယွမ်ထန်ရှင်းသည် လင်းဖန်ကိုကြည့်ကာ အကြံဉာဏ်တောင်းဖို့ လုပ်လိုက်သော်လည်း လင်းဖန်သည် သူ့ကိုကြည့်ကာ ဆိတ်ဆိတ်သာ နေလေသည်။

လင်းချင်းသည် သူမရေးလိုက်သည့် စာများကို ဖြတ်လိုက်ပြီးနောက် ဆက်ရေးပြသည်။   ‘ဇွန်ဘီမြို့တော်မှာ ကျန်နေခဲ့တဲ့ အကောင်းဆုံးရိက္ခာတွေကို နင်တို့ရနိုင်တယ်။ ပြီးတော့လည်း ပတ်ဝန်းကျင်အနေအထားက လူနေဖို့ ပိုအဆင်ပြေတယ်။ ငါတိုနဲ့သာရှိနေမယ်ဆိုရင် ဇွန်ဘီတွေကို ကြောက်ဖို့မလိုဘူး’

လင်းချင်း၏ နောက်ဆုံးစာကြောင်းသည် အဓိကဖြစ်သည်။ ဖတ်ပြီးသည့်အခါ လင်းဖန်သည် ယွမ်ထန်ရှင်းကို ခေါင်းငြိမ့်ပြသည်။

“အင်း ငါသဘောတူတယ်”
ယွမ်ထန်ရှင်းက ပြောသည်။
“ဇွန်ဘီအုပ်ကိုသာ ငါတို့ထိန်းနိုင်ရင် ငါတို့ကို ကာကွယ်ဖို့အတွက် ဇွန်ဘီတွေကို သုံးလို့ရတယ်။ ငါတို့စခန်းဆောက်မှာက အချိန်ကြာမှာဆိုတော့ ဇွန်ဘီတွေနဲ့ ကာထားရရင် ကောင်းတယ်”

လင်းဖန်က သဘောတူညီစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ လင်းဖန်နှင့် ယွမ်ထန်ရှင်းက သဘောတူလိုက်မှ လင်းချင်းသည် သက်ပြင်းချနိုင်သည်။ ထိုအချိန်တွင် အမျိုးသမီးလင်းသည် တုံတုံကိုကြည့်ကာ   “ဒီကလေးအကြောင်းကိုရော သိလို့ရမလား?”

ကမ္ဘာပျက်ခေတ်တွင် ကလေးများသည် လူသားများ၏ အနာဂတ်ဟုတွေးကာ အမျိုးသမီးများလို တန်ဖိုးထားခံရသည်။ ထို့ကြောင့် တုံတုံသည် ဇွန်ဘီနှစ်ကောင်ဖြင့် အတူရှိနေသည့်အခါ ဒီအခန်းထဲက လူသားများသည် မမေးဘဲ မနေနိုင်ကြတော့တာ ဖြစ်သည်။

တုံတုံကို ပြောလိုက်သည့်အခါ ကျွင်းကျွင်းသည် လန့်သွားကာ သူမ၏မီးခိုးရောင် မျက်လုံးများ ပြူးကျယ်လာပြီး တင်းနေအောင် ဖက်ထားလိုက်သည်။ ထိုအခါ တုံတုံသည် သူ့ကိုယ်လေးကို လူးလိမ့်လာပြီး မကျေနပ်စွာဖြင့်   “အင့်! မေမေ နာတယ်!”   ထိုအခါမှ ကျွင်းကျွင်းသည် သူမအရမ်းစိုးရိမ်မိသွားကြောင်းကို အသိပြန်ဝင်တော့သည်။

လင်းချင်းက ကျွင်းကျွင်းအား စိတ်သက်သာရာရစေရန် ခေါင်းခါပြလိုက်ပြီးမှ စာပြန်လှည့်ရေးပြသည်။   ‘ဒီကလေးက သူ့သား။ သူတို့ကို တွေ့တုန်းက ကျွင်းကျွင်းက ဇွန်ဘီဖြစ်နေပြီးတော့ တုံတုံက အဟာရပြတ်နေတာ ရက်တော်တော်ကြာနေတယ်’   ထိုသင်ပုန်းသည် အရမ်းမကြီးသောကြောင့် လင်းချင်းသည် သူတို့ကိုပြပြီးသည်နှင့် ဖျက်၍ ထပ်ရေးပြရပြန်သည်။   ‘ဒါပင်မယ့် ကျွင်းကျွင်းက သူ့သားကို တခြားဇွန်ဘီတွေ အစားမခံရဖို့ ထိန်းသိမ်းထားပေးနိုင်ခဲ့တယ်။ ကန်ရေနဲ့ တုံတုံကို ကယ်ပေးလိုက်တယ်။ အဲ့ဒါကြောင့် စိတ်မပူကြနဲ့။ သူ့ကလေးမလို့ တုံတုံကို ထိခိုက်အောင် မလုပ်ပါဘူး’  
  
သူမသည် ဒီလူများကို ကျွင်းကျွင်းက မှတ်ညဏ်ပျောက်သွားကြောင်းနှင့် တုံတုံသည်လည်း သူမသားအရင်းဟုတ်မဟုတ် မသေချာခြင်းတို့ကို မသိသည့်အကြောင်း မပြောတော့ပေ။ အခြားသူများကတော့ အချင်းချင်းစိတ်သက်သာရာရပုံဖြင့် ပြန်ကြည့်နေကြသည်။

“ဒါပင်မယ့် နင်တို့က ဇွန်ဘီဆိုတော့ မစားလည်းရတယ်။ ကလေးကိုကျတော့ ဘယ်လိုကျွေးနေကြတာလဲ?”   လင်းဝမ်ဝမ်က မေးသည်။

‘ငါတို့အသီးအရွက်နဲ့ အသားတစ်ချို့တွေ့တယ်။ သူ့ကိုချက်ကျွေးကြတယ်။ စိတ်မပူနဲ့။ ဒီအစားအစာတွေက လူသားတွေအတွက် အန္တရာယ်မရှိပါဘူး’   လင်းချင်းက ပြန်ရေးပြသည်။

သူတို့သည် အချင်းချင်း အံ့သြစွာ ကြည့်လိုက်ကြသည်။ တုံတုံ၏ အားပြည့်နေသည့်ပုံအရဆိုလျှင် သူစားသည့်အရာများက အန္တရာယ်မရှိတာ သေချာလိမ့်မည်။

“ကလေးက ကစီဓာတ်ပြည့်ဖို့ လိုသေးတယ်”   အမျိုးသမီးလင်းက ကြင်နာစွာ ပြောသည်။   “နင်တို့က သူ့ကိုထမင်းမကျွေးဖူးပုံပဲ။ ငါတို့ဆီမှာ ဆန်တွေရှိတ်ယ်။ ထမင်းစားချိန်ရောက်ရင် သူ့အတွက်လည်း ပို့လိုက်မယ်။ ရတယ်မလား”

အမျိုးသမီးလင်းသည် ဆန်အချို့ပေးမည်ကိုပြောသော်လည်း တုံတုံကို သူမတို့ဖြင့် နေခိုင်းဖို့ မပြောပေ။ ကျွင်းကျွင်းသည် ဒီလိုမှ စိတ်သက်သာသွားသည်။ ကလေးသည်လည်း ကစီဓာတ်လိုတာဖြစ်သည်။ လင်းချင်းက အသီးအရွက်နှင့်အသားသာ ကျွေးသည်ဖြစ်ရာ ကြီးထွားဖို့အတွက် လိုအပ်သည့်အကုန်စားပေးရမည်။ မဟုတ်လျှင် ကြီးထွားရာမှာ မကောင်းသည့်လွှမ်းမိုးမှုများ ဖြစ်နိုင်သည်။ ကျွင်းကျွင်းသည် အမျိုးသမီးလင်းအား ကျေးဇူးတင်သည့်အနေဖြင့် ခါးကိုင်းပြလိုက်သည်။

‘ကျေးဇူးတင်ပါတယ်’   လင်းချင်းက ရေးပြသည်။   ‘အပြန်အလှန်အနေနဲ့ ကန်ရေလိုအပ်တိုင်း လာရှာလှည့်ပါ’

ကျန်သည့်လူများက ခေါင်းငြိမ့်ပြသည်။ လင်းချင်းသည် စခန်းထောင်မည့်အကြောင်းကို အကြမ်းဖျင်းဆွေးနွေးပြီးနောက် ကျွင်းကျွင်းတို့ဖြင့် အခန်းသို့ ပြန်လာခဲ့သည်။ မပြန်ခင် လင်းဖန်တို့အား အေးဆေးနားဖို့ ပြောခဲ့သေးသည်။ သူမတို့ ဒီမှာရှိနေသ၍ အဆင့်လေးအောက် ဘယ်ဇွန်ဘီမှ လာရဲမှာ မဟုတ်ပေ။

အခန်းပြန်ရောက်သည့်အခါ ကျွင်းကျွင်းသည် တုံတုံကို ကုတင်ပေါ်တင်ထားလိုက်သည်။ ချူးလီလီကတော့ ပြန်မရောက်လာသေးပေ။ တစ်နေရာရာမှာ သွားဆော့ကစားနေတာ ဖြစ်လိမ့်မည်။

ထို့နောက် ကျွင်းကျွင်းသည် လင်းချင်း၏ လက်ထဲမှာ သင်တုန်းကိုယူလိုက်ကာ ရေးပြသည်။   ‘ဘာဖြစ်လို့ နာမည်အရင်း မပြောတာလဲ? လင်းချင်း မလား?”

လင်းချင်း၏ ဇွန်ဘီမိတ်ဆွေတိုင်းသည် သူတို့တွေ့တုန်းက လင်းချင်းက နာမည်ရင်းကို ပြောထားသောကြောင့် သိကြသည်။ သူမသည် မိသားစုဖြစ်သည့် လင်းဖန်တို့ကို လာရှာကြောင်းလည်း အကုန်သိကြသည်။  
  
လင်းချင်းသည် ကျွင်းကျွင်းကိုကြည့်ကာ သင်ပုန်းပြန်ယူပြီး ရေးပြသည်။   ‘လုထန်ယုကလည်း နာမည်ရင်းပါပဲ။ ဒီခန္ဓာကိုယ်ရဲ့နာမည်’

ကျွင်းကျွင်းသည် သူမကို နားမလည်စွာ ပြန်ကြည့်သည်။ လင်းချင်းဆိုလိုသည်ကို မသိသလို ဟေးဒီးစခန်းခေါင်းဆောင် နာမည်သည်လည်း လင်းချင်းဆိုသည်ကို မသိပေ။ သိကောင်းသိနိုင်သော်လည်း သူမက အခုမှတ်ညဏ်မှမရှိတော့တာ။ ထို့ကြောင့် လုထန်ယုကိုယ်နှင့် လင်းချင်းဆိုသည်ကို ကျွင်းကျွင်းက နားမလည်ခြင်းဖြစ်သည်။

လင်းချင်းသည် စိတ်ရှုပ်နေသည့်ရုပ်ကိုကြည့်ပြီး အတွေးများကို သိနိုင်သဖြင့် ရေးပြသည်။   ‘နင်ရေးပြဖို့မလိုဘူး။ ငါနင့်အတွေးအကုန်လုံးကို သိတယ်။ ဒီကိုယ်က ငါ့ကိုယ်မဟုတ်ဘူး။ ပြီးတော့ ဒီမျက်နှာလည်း ငါ့ဟာမဟုတ်ဘူး’   ရေးပြပြီးသည့်အခါ သူမသည် မျက်နှာကို ပြန်ထိလိုက်သည်။ ထို့နောက် လက်ကခေါင်းပေါ်သို့ ရောက်သွားပြန်သည်။ သူမသည် ဆွံ့အလို့သာနေသည်။ သူမသည် တနေ့တည်းမှာပင် ခေါင်းကို ကိုင်မိတာ ငါးခါလောက်ရှိနေပြီ။  
Previous Chapter 172 of 198 Next