May Honey Logo May Honey
Previous Next

၁၉၉။ မိုးကြိုးဇွန်ဘီဘုရင်

အခြားသူများသည် ဘာဖြစ်လဲ မသိခင်တွင် သူတို့က အသံအကျယ်ကြီးကို ကြားလိုက်ရသည်။ ထို့နောက် အသံထွက်ရာကို ကြည့်လိုက်သည့်အခါ နံရံတွင် အပေါက်အသစ်ကြီးတစ်ခု ဖြစ်နေသည်။ ထို့နောက် ဇွန်ဘီအော်သံထွက်လာမှသာ သူတို့သည် အော်သည့်အကောင်ကို လှည့်ကြည့်လိုက်လေရာ ကြောင်အကုန်ကြသည်။

သူတို့သည် နှစ်မီတာလောက်ရှည်ကာ ထူးဆန်းပုံရသည့် အကောင်ကြီးက အပေါက်ဘက်ကို မျက်နှာမူကြည့်နေတာ ဖြစ်သည်။ ထိုအကောင်ထီးကြီးသည် အရမ်းအရပ်မြင့်ကာ ကြွက်သားများ အပြိုင်းပြိုင်းထနေသည်မှာ Hulkကို မြင်နေရသလိုပင်။ သို့သော် Hulkက အစိမ်းရောင်ဖြစ်သော်လည်း ဒီအကောင်ကြီးကတော့ သွေးချင်းနီရဲနေတာ ဖြစ်သည်။ လက်မောင်းများသည် လူကြီးတစ်ယောက်၏ ပေါင်လုံးလောက်ရှိကာ ပေါင်လုံးကတော့ ဓာတ်တိုင်တစ်လုံးစာ ဖြစ်သည်။ တစ်ကိုယ်လုံးသည် သွေးများပေနေကာ ခေါင်းပြောင်ကြီးက ပုံမှန်ထက်ပိုကြီးနေသည်။ အခုအချိန်တွင် သူ့ကိုယ်မှ ခရမ်းရောင်မိုးကြိုးများသည် တဖြတ်ဖြတ်ထွက်လို့နေသည်။

သူ့မျက်လုံးများသည် ခရမ်းရောင်တောက်ပစွာဖြင့် အပေါက်ထဲဝင်သွားရှာသည့် လင်းချင်းကို စိုက်ကြည့်နေကာ အခြားဘယ်သူ့ကိုမှ စိတ်မဝင်စားပေ။ သို့သော်လည်း အခုသူ့ကိုတွေ့သူများက မလှုပ်ရဲကြတော့ပေ။ လူတိုင်းသည် ထိုသတ္တဝါကြီးကို လန့်ဖြန့်ကာ ကြည့်နေကြသည်။ ဒီလောက်ကြီးကာ ခရမ်းရောင်မျက်လုံးများဖြင့် ကိုယ်ကနေ မိုးကြိုးတွေ တဖြတ်ဖြတ်ထွက်နေတဲ့ ဇွန်ဘီကို သူတို့တစ်ခါမှ မမြင်ဖူးကြပေ။

နံရံထဲကနေ ထွက်လာသည့် လင်းချင်းကတော့ ဇွန်ဘီဘုရင်ဖြစ်ကြောင်း သိလိုက်သည်။ ချူးလီလီ၏ အဆင့်မျိုးဖြစ်ကာ ဒီအကောင်ကြီးတွင် ရှားပါးသည့်မိုးကြိုးအစွမ်းရှိသည်။ လင်းချင်းသည် နံရံထဲကထွက်လာသည်နှင့် နေကာမျက်မှန်ကတစ်ဆင့် ဇွန်ဘီဘုရင်ကို စိုက်ကြည့်လိုက်သည်။ အခြားသူများက သူမ၏မျက်လုံးကို မမြင်ရသော်လည်း ဇွန်ဘီဘုရင်ကတော့ သေချာမြင်ရသည်။ လင်းချင်းသည် ဘာမှမဖြစ်ခဲ့သည့်အလား အေားဆေးထွက်လာကာ သူမကို တိုက်ခိုက်လိုက်ခြင်းက နည်းနည်းလေးတောင် ထိခိုက်ဒဏ်ရာ ရသွားပုံမရပေ။

စိတ်ပျက်သွားသည့် မိုးကြိုးဇွန်ဘီဘုရင်သည် လင်းချင်းကို ထပ်အော်ပြန်သည်။   “ဂါး”   ဒီလိုအော်ခြင်းဖြင့် သူမကသာ လက်မလျှော့ဖူးဆိုလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်လိုက်တာ ဖြစ်သည်။ 

ဒါကိုသိသည့် လင်းချင်းသည် ဇွန်ဘီဘုရင်၏ ခရမ်းရောင်မျက်လုံးများကိုကြည့်ကာ အရှေ့သို့ ဆက်လျှောက်လာသည်။ ဇွန်ဘီဘုရင်၏ သန်မာသည့်အရှိန်အဝါက ဖိနှိပ်ဖို့ လုပ်နေသော်လည်း လင်းချင်းအတွက်တော့ ထိုဖိအားသည် ပျော့လွန်းနေသည်။

ဇွန်ဘီဘုရင်နှင့်ဘုရင်မတို့က သူမကို ဖိအားမပေးနိုင်တော့ဘူး ဆိုသည်ကို လင်းချင်းသည် အခုသိလိုက်ပြီ။ အဆင့်မြင့်သွားသည့်အခါ ချူးလီလီ၏ အရှိန်အဝါသည် လင်းချင်းကို ဖိအားမပေးနိုင်ကြောင်း သိခဲ့သည်။ ဒီအကောင်ကြီးကတော့ ဘယ်အဆင့်တွင်ရှိနေသလဲ လင်းချင်းက မသိပေ။ သို့သော်လည်း သူမသည် ဒီဇွန်ဘီဘုရင်ဆီက ဖိအားအသေးအမွှားလောက်ကိုတော့ လုံးဝစိတ်ထဲမရှိပေ။

လင်းချင်းသည် ဇွန်ဘီဘုရင်နှင့် ငါးမီတာအကွာတွင် ရပ်လိုက်ကာ ခေါင်းနှင့်ပုခုံးများကို အကြောလျှော့လိုက်သည်။ ထို့နောက် သူမသည် လက်ကိုအသာလေး မြှောက်လိုက်သည့်အခါ သူမဆီမှ မြူခိုးနက်များ ထွက်လာသည်။

“ဂါး”
လင်းချင်းက လက်လျှော့ဖို့ မလုပ်သဖြင့် ဇွန်ဘီဘုရင်သည် သွားကိုဖြဲလိုက်ကာ အသံနက်ကြီးဖြင့် အော်လိုက်သည်။ မြူခိုးနက်များသည် ထွက်လာတုန်းက ဇွန်ဘီဘုရင်၏ အာရုံကို မဆွဲဆောင်နိုင်ပေ။ သို့သော်လည်း တဖြည်းဖြည်းချင်း လင်းချင်း၏အနက်တွင် မြူခိုးနက်များသည် ပိုပြီးထူလာသည်။ နောက်ဆုံးမှ ဇွန်ဘီဘုရင်သည် မဟုတ်တာကို သိသွားကာ ခရမ်းရောင်မျက်လုံးများ မှေးကျဉ်းလိုက်ပြီး ထူးဆန်းသည့် အလင်းရောင်များကို ဖြန့်ကျက်လိုက်သည်။

အသိဝင်လာသည့်အခြားသူများသည် လင်းချင်းပေးထားသည့် သေနတ်များကို အမြန်ကောက်ယူကြကာ ဇွန်ဘီဘုရင်ကို ချိန်ရွယ်ထားကြသည်။ သေနတ်သံများနှင့်အတူ လူများသည် ဇွန်ဘီဘုရင်ကိုပစ်ရင်း အကွာအကွယ်ယူပြေးကြသည်။ သို့သော်လည်း သေနတ်များက ပစ်မှတ်ကို ထိခိုက်အောင်လုပ်ဖို့ဆိုသည်က ခက်ခဲလွန်းလေရာ ဇွန်ဘီဘုရင်သည် ခေါင်းလှည့်လာကာ ထိုလူငါးယောက်ဘက်သို့ လက်ကိုလှုပ်ယမ်းလိုက်သည်။ ထို့နောက် ကောင်းကင်မှနေ မိုးကြိုးများက ကျဆင်းလာတော့သည်။

“မကောင်းတော့ဘူး”   ထိုလူများသည် အော်ဟစ်ရင်း လှိမ့်ရှောင်ကြသည်။

ဇွန်ဘီဘုရင်က ခေါင်းလှည့်လိုက်သည်နှင့် လင်းချင်းသည် အခွင့်ကောင်းယူကာ သူမရှိသည့်နေရာမှ ပျောက်သွားသည်။ ဇွန်ဘီဘုရင်သည် ခေါင်းပြန်လှည့်ကြည့်သည့်အခါ လင်းချင်းကို မတွေ့တော့သဖြင့် စိတ်တိုသွားသည်။

ကိုယ်ဖျောက်လိုက်သည့် လင်းချင်းသည် အနားက သစ်ပင်ပေါ်ကို တက်လိုက်ပြီး ဇွန်ဘီဘုရင်ရှိသည့်အနားက မီးတိုင်ပေါ်သို့ တက်လိုက်သည်။ ထို့နောက်မှ သူ့ခေါင်းရှိရာသို့ ခုန်ချလိုက်သည်။ ဇွန်ဘီဘုရင်က အံ့သြစွာလိုက်ရှာကြည့်နေစဉ် သူ့ခေါင်းထက်တွင် သုံးမီတာလောက် အလိုမှ လင်းချင်းက ကိုယ်ပြန်ဖော်လာသည်။ လေထဲတွင် ကျွမ်းထိုးလိုက်သည့် လင်ချင်းသည် သူမ၏လက်သည်းများဖြင့် တစ်ဖက်ပြီးတစ်ဖက် ဇွန်ဘီဘုရင်၏ခေါင်းကို ခုတ်သည်။

“ဂါး”   ဇွန်ဘီဘုရင်သည် သွက်သဖြင့် ချက်ချင်းပဲ ဘေးသို့လှိမ့်ရှောင်လိုက်သည်။ သူလှိမ့်သွားသည့်အခါ လင်းချင်း၏ခုတ်ချက်များသည် မြေပြင်ပေါ်သို့သာ ကျရောက်သွားသည်။

ထိုသို့လှိမ့်ရှောင်ပြီးနောက် ဇွန်ဘီဘုရင်သည် ချက်ချင်းပြန်ထကာ မြေပြင်က ခုတ်ရာများကို ကြည့်ပြီးနောက် ဒေါသတကြီးအော်သည်။ ထို့နောက် ရှေ့သို့ပြေးထိုးသည်။ မြေပြင်ပေါ်ကျလာသည့် လင်းချင်းသည် ဇွန်ဘီဘုရင်က သူမကို ကျွဲရိုင်းတစ်ကောင်လို ပြေးလာသည်ကို ကြည့်လိုက်သည်။ ထိုအချိန်ဝါင် ကောင်းကင်မှ မိုးကြိုးများက ကျလာသည်။

မိုးကြိုးများသည် သူမခေါင်းကိုထိတော့မည့် အချိန်မှာ လင်းချင်းက အမြန်ရှောင်လိုက်သည်။ ရှောင်လိုက်စဉ်တွင် လင်းချင်းသည် ဝူယွဲ့လင်းလေးကို သူ့အဖေ ဝူချန်းယွဲ့ကို ပြန်ပေးတုန်းက မိုးကြိုးအပစ်ခံလိုက်ရခြင်းကို ရုတ်တရက် တွေးမိသွားသည်။ အဲ့ကိစ္စနှင့်ပတ်သတ်၍ သူမအခုအချိန်အထိ သိပ်ကျေနပ်နိုင်သေးတာ မဟုတ်ပေ။

လင်းချင်းရှောင်လိုက်သည့်အခါ မြေပြင်ပေါ်သို့ မိုးကြိုးများပစ်ချသွားသလို ဇွန်ဘီဘုရင်သည် လင်းချင်းကို လျှင်မြန်စွာဖြင့် ထိုးဖို့လာပြန်သည်။ လင်းချင်းသည် နောက်ထပ်မရှောင်နိုင်တော့သဖြင့် အမြန်ကိုယ်ဖျောက်လိုက်ရင်း သူမ၏မြူခိုးနက်များကို ဇွန်ဘီဘုရင်ဆီသို့ လွှတ်လိုက်သည်။

လင်းချင်းကို လာထိုးဖို့လုပ်သည့် ဇွန်ဘီဘုရင်သည် ရုတ်တရက် ကန်းသွားသည်။ လင်းချင်းသည် မြူခိုးနက်များကြောင့် အမြင်အာရုံက အလုပ်မလုပ်တော့ချိန်တွင် လင်းချင်းက မြူခိုးများကို ထိန်းချုပ်ရင်း စိတ်စွမ်းအားဖြင့် မပြေးနိုင်အောင် ထိန်းချုပ်လိုက်သည်။ မြူခိုးနက်များသည် ချက်ချင်းပဲ သူ့အရေပြားကို ဖောက်၍စိမ့်ဝင်သွားကြသည်။

“ဂါး”   ဇွန်ဘီဘုရင်သည် နာကျင်မှုကြောင့် အကျယ်ကြီး အော်လာသည်။ အော်နေရင်းဖြင့် သူ့အားကပ်နေသည့် မြူခိုးနက်များကို ခွာချဖို့လုပ်နေသော်လည်း မြူခိုးနက်တိမ်တိုက်များကတော့ သူ့ကိုယ်အား ဆက်၍ရစ်ပတ်ထားဆဲ ဖြစ်သည်။ ဇွန်ဘီဘုရင်၏ အသွေးအသားများသည် စွမ်းအင်အပြည့်ရှိသောကြောင့် မြူခိုးနက်များက ဖြည်းဖြည်းချင်းသာ တိုက်စားနိုင်သည်။ သို့သော်လည်း ဇွန်ဘီဘုရင်ကို သွေးထွက်အောင်တော့ လုပ်နိုင်သည်။

“ဂါး ဂါး”
ဇွန်ဘီဘုရင်သည် သူ့ကိုယ်မှမြူခိုးနက်များကို လက်သည်းများဖြင့် ခြစ်ချဖို့လုပ်သော်လည်း အသုံးမဝင်ပေ။ ဒီလိုလုပ်လေလေ မြူခိုးနက်များက သူ့အားပို၍ ရစ်ပတ်ထားလေလေ ဖြစ်နေသည်။ မကြာခင်တွင် သူ့လက်မှာ အရေပြားမရှိတော့ဘဲ ကြွက်သားများသာ ကျန်ခဲ့တော့သည်။

Previous Chapter 199 of 198 Next