May Honey Logo May Honey
Previous Next

၅၀။ လူသားစားပတ်ဝန်းကျင်

ရှဲ့တုန်း၏ကားသည် လမ်းမကြီးပေါ်တွင် မောင်းနှင်နေကာ လမ်းတွင်ပျက်ကာထိုးထားသည့် ယာဉ်များကို ကျော်ဖြတ်သွားသည်။ ကမ္ဘာပျက်ကပ်ခေတ်တွင် လမ်းမပေါ်တွင် ကားပျက်များဖြင့် လမ်းပိတ်နေခြင်းတို့က များပြားသည်။ သို့သော်လည်း လူတို့က ဇွန်ဘီအမဲလိုက်ထွက်ကြသဖြင့် တချို့လမ်းများကို ရှင်းလင်းထားတက်ကြသည်။

လူများသည် ကမ္ဘာပျက်ခေတ်စတုန်းက အလွန်ကြောက်လန့်သွားကြသည်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို မလိုက်နာနိုင်တော့ဘဲ လူတို့သည် မောင်းပြေးချင်သည်ကိုသာ သိကြတော့သည်။ ကားများသည် လမ်းပေါ်တွင် တစ်စတစ်စများလာသဖြင့် ရလဒ်ကို တွေးသာကြည့်ကြပါတော့။ ကားမတော်တဆမှုများဖြင့် တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်ပွားကာ ကားများသည် အပုံကြီးဖြစ်သွားသည်။ ထွက်မပြေးနိုင်သည့် လူများ၏အလောင်းများသည် အခုထိတိုင်အောင် ကားများအနားတွင် ရှိနေဆဲပင်။ အချို့ကလည်း ကားများကို ထားခဲ့ကာ ထွက်ပြေးလွတ်မြောက်သွားကြသည်။

ထို့ကြောင့် ကမ္ဘာပျက်ကပ်ခေတ်ဖြစ်ခဲ့သည်နှင့် နေရာအများစုသည် ဒီလိုသာဖြစ်သည်။ ရှင်သန်သူများသည် စခန်းများ ထောင်ပြီးသည့်အခါလူများသည် ဘာဖြစ်ခဲ့သလဲကို ဖြည်းဖြည်းချင်း နားလည်သွားကြကာ ဇွန်ဘီများကြားတွင် ရှင်သန်တက်အောင် နည်းလမ်းများ ရှာတွေ့သွားကြသည်။

လင်းချင်းနှင့် ရှဲ့တုန်းတို့သည် တောင်ဘက်သို့ နေ့မနား ညမနား မောင်းလာကြသည်။ ကားဆီကုန်သည့်အခါ နယ်မြေထဲကဆီကိုထုတ်ကာ ဖြည့်လိုက်ရုံပင်။ သူတို့သည် ဇွန်ဘီအမဲလိုက်အဖွဲ့များကို မြင်သော်လည်း ရှောင်သာသွားကြသည်။ သို့သော်လည်း ရှောင်လို့မရသည်ကတော့ ရှိတက်သည်။ ထိုအခါ ဒီလူများနှင့် ရှဲ့တုန်းက ဖြေရှင်းရတော့သည်။ အခုလိုမျိုးပင်။

“တစ်ယောက်တည်းလား? အဖွဲ့သားတွေရော?”

အဖွဲ့တစ်ခုသည် ရှဲ့တုန်း၏ကားရှေ့ လမ်းတွင် ပိတ်ထားကာ မေးနေခြင်း ဖြစ်သည်။

ရှဲ့တုန်းသည် ကားကိုရပ်လိုက်သော်လည်း ကားမောင်းသူခုံတွင် ဆက်ထိုင်နေဆဲပင်။ သူသည် ကားကိုဝိုင်းထားသည့် လူခုနစ်ယောက်ကို ကြည့်နေသည်။ သူတို့ကားဖြတ်လာသည်နှင့် ဒီလူများသည် ချက်ချင်းလမ်းကိုပိတ်ကာ ဝိုင်းထားခြင်း ဖြစ်သည်။ လူခုနစ်ယောက်သည် ကျည်ကာအကျီများနှင့် တိုက်ပွဲဝင်အနက်ရောင်ဆင်တူဝတ်စုံများကို ဝတ်ဆင်ထားကာ ရိုင်ဖယ်များကို လက်ကကိုင်ထားသည်။ ခါး၊ နောက်ကျောနှင့် ခြေထောက်တွင်လည်း သေနတ်များက ရှိနေသေးသည်။ ထိုသူများသည် လက်နက်ပြည့်ဖြစ်ကာ ရှဲ့တုန်း၏ကားရပ်လိုက်သည်နှင့် ချက်ချင်းဝိုင်းထားသည်။

ရှဲ့တုန်းတစ်ယောက်တည်းကိုသာ ကားထဲတွင် တွေ့လိုက်ရသည့်အခါ ခုနစ်ယောက်လုံးသည် အရမ်းအံ့သြသွားသည်။ သူတို့သည် ကားကိုလောဘတစ်ကြီး ကြည့်ကြသည်။ သို့သော်လည်း ဘာပစ္စည်းကောင်းမှ မမြင်သည့်အခါ လေသံမှာမာသွားကြသည်။

ထိုလူများ၏ပုံစံနှင့် လက်နက်တို့ကို မြင်သည့်အခါ ရှဲ့တုန်းသည် ကမ္ဘာပျက်ခေတ်က ဓားပြများဖြင့် တွေ့ရခြင်းဖြစ်ကြောင်းကို သိလိုက်သည်။ သူတို့သည် တိုက်ခိုက်နိုင်သည့်သူများဖြစ်သော်လည်း သူတို့သည် စခန်းကိုကာကွယ်စောင့်ရှောက်ခြင်းမျိုး မလုပ်ကြဘဲ ဇွန်ဘီများကို အမဲလိုက်ခြင်းမျိုးနှင့် စခန်းမှ အမဲလိုက်ရန်ထွက်သွားများထံမှ လု

ယက်ခြင်းမျိုးကိုသာ လုပ်ကြသည်။ သူတို့သည် စခန်းတွင်နေခိုက်လည်း သူများဆီက လိမ်လည်ကာ ခိုးယူတက်ကြသည်။ သူတို့သည် ကောက်ကျစ်ယုတ်မာသည့်သူများသာ။

အချိန်တစ်ခုကြာသည့်အခါ သူတို့အား အခြားသူများက တိုင်တန်းကြသည့်အခါ ခေါင်းဆောင်များသည် သူတို့ကို စခန်းမှ နှင်ထုတ်လိုက်သည်။ သူတို့သည် အပြင်ဘက်တွင် ကြမ်းတမ်းသည့်ဘဝမှာ နေရသဖြင့် စခန်းမှလူများကို ပိုငြိုးတေးထားကြသည်။ ထို့ကြောင့် ဇွန်ဘီအမဲလိုက်အဖွဲ့များကို မကြာခနတိုက်ခိုက်ကြကာ လုယက်သတ်ဖြတ်ကြသည်။ သူတို့ကို ထိန်းသိမ်းပေးမည့်သူများမရှိတော့သည့်အခါ သူတို့သည် ပို၍ရိုင်းလာကြတော့သည်။ သူတို့ထံမှ ပစ်မှတ်ထားခံရသူအများစုသည် စခန်းသို့ အသက်ရှင်လျှက် ပြန်မရောက်နိုင်တော့ပေ။

ဒီလူများ၏ပုံကိုကြည့်သည့်အခါ ရှဲ့တုန်းသည် သူတို့ဘယ်သူလဲဆိုသည်ကို သိသဖြင့် ဘာကိုမှမဖြေပေ။ ရှဲ့တုန်း၏ကားမှန်အနားမှလူသည် ကားမှန်ကို အတင်းခေါက်ကာ

“ဟေ့ကောင် ထွက်လာစမ်း”

ရှဲ့တုန်းသည် ကားပေါ်ကဆင်းသည်နှင့် ဒီလူများက ကားကိုသိမ်းမည်ဆိုသည်ကို သိသည်။ ထို့အတူ ဒီလူများသည် သာမန်လူမဟုတ် သဘာဝလွန်စွမ်းအားရှင်များလည်း ဖြစ်နေသေးသည်။ ထို့ကြောင့် သူသည် ကားပေါ်မှ တိတ်ဆိတ်စွာ ဆင်းလာသည်။

ဒီလူများသည် လူပေါင်းစုံသည်။ တစ်ချို့က အရပ်ရှည်ကာ တစ်ချို့က အရပ်ပုသည်။ တစ်ချို့က ဝကာ တစ်ချို့က ပိန်သည်။ ရှဲ့တုန်းကားပေါ်ကဆင်းလာသည်နှင့် သူတို့သည် ချက်ချင်းကားပေါ်သို့တက်ကာ ထောင့်တွေကအစ အသေးစိတ်ရှာကြသည်။ သို့သော်လည်း စားစရာမတွေ့ပေ။

“ဆိုးတယ်ကွာ။ ဒီကောင့်ကားမှာ ဘာမှမပါဘူး”

အရပ်ရှည်ကာ သန်မာသည့်သူသည် ကားပေါ်တွင် ဘာမှမတွေ့သည့်အခါ ဒေါသတကြီးထွက်လာရင်း ပြောသည်။ သူပြောသည်ကိုကြားသည့်အခါ ကျန်သည့်သူများသည်လည်း စိတ်တိုသွားကြသည်။

သူတို့သည် ဒီနေရာတစ်ဝိုက်ကို တစ်လလောက်ရှာနေခဲ့တာဖြစ်ပြီး ဒါကသူတို့တွေ့သည့် ပထမဆုံးကားဖြစ်သည်။ ဒီဆာလောင်နေသည့်သူများသည် ရှဲ့တုန်း၏ကားတွေ့သည့်အခါ အစာတွေ့မလားဟု ထင်ခဲ့တာဖြစ်သည်။ ကားကိုအတင်းတားသော်လည်း လူအပြင်ဘာမှမတွေ့သဖြင့် ရင်ထဲတွင် ခဲဖြင့်ဆွဲခံရသလို လေးလံသွားကြသည်။

ကားထဲတွင် လူတစ်ယောက်တည်းရှိသဖြင့် အစာသိပ်ရှိမှာ မဟုတ်သော်လည်း ဒီဓားပြခုနစ်ယောက်သည် ငတ်နေသည်မှာ ရက်အတော်ကြာလေပြီ။ မမျှော်လင့်သည်မှာ သူတို့သည် ကားနှင့် လူတစ်ယောက်အပြင် ဘာအစားအစာတစ်ခုမှကို မတွေ့ရပေ။ ဒီကားထဲတွင် အစာမရှိသည့်အခါ သူတို့သည် ရှဲ့တုန်းကို လှည့်ကြည့်ကာ

“ပြောစမ်း။ အစာဘယ်မှာလဲ? ဘယ်မှာဖွက်ထားလဲ?”

စကားပြောနေစဉ်တွင် ဓားပြတစ်ယောက်သည် သူ့အနားသို့ အစာရှာရန်ကပ်လာသည်။ ရှဲ့တုန်းမှာ နောက်သို့ဆုတ်လိုက်သည်။

‘အစာလို့မေးမနေနဲ့။ ငါ့အစာက မင်းတို့ရဲ့ အသွေးအသားပဲကွ’

ထိုအချိန်တွင် သူစကားမပြောနိုင်ပေ။ ထို့အတူ သူသည် လူသားအဖြစ် အနှစ်နှစ်ဆယ်ကျော်နေလာသည့် လူ့သိက္ခာကလည်းရှိနေသဖြင့် ဇွန်ဘီဖြစ်နေသည်တောင် လူသားမစားနိုင်ပေ။ ဒီလိုစားဖို့ သူ့စိတ်သည်လည်း အဆင်မပြေပေ။ ဒီလူသားတွေ၏အနံ့က သူအားအလွန်ဆွဲဆောင်နေသဖြင့် လည်ပင်းကိုခုန်ကိုက်ချင်စိတ်ကို မနည်းထိန်းနေရသည်။

ရှဲ့တုန်းနောက်ကိုဆုတ်သွားသည်ကို မြင်သည့်အခါ သူ့အနားသို့ကပ်လာသည့်သူသည် ဒေါသပိုထွက်သွားသည်။ သူသည် သေနတ်ဖြင့် ရှဲ့တုန်းအား ချိန်ထားကာ ကြိမ်းမောင်းသည်။

“မင်းကများ ဘာဖြစ်လို့ ရွေ့သွားတာလဲ? မသေချင်ရင် ငြိမ်ငြိမ်နေကွ! မဟုတ်ရင် မင်းအသားကို ငါတို့လှီးစားပစ်မယ်”

ဒီလူများ၏မျက်လုံးထဲတွင် လူသားသည် အသစ်အဆန်းမဟုတ်တော့ပေ။ သူတို့သည် ဆာလောင်နေသည့်အခါ သရဲများထက် ပိုကြောက်ကြသည်။ သူတို့သည် ဇွန်ဘီများပြည့်နှက်နေသည့် ဒီစခန်းအပြင်ဘက်တွင် အခြားသူများကိုမစားဘဲ ဘယ်လိုလုပ် ဆက်ရှင်သန်နိုင်မည်နည်း?

ထို့ကြောင့် သူတို့နှင့်တွေ့သည့်သူများသည် မရှင်ကြတော့ခြင်းဖြစ်သည်။ ထိုလူများကို သူတို့က စားပစ်လိုက်ကြသည်။ ကမ္ဘာပျက်ကပ်ခေတ်တွင် အစားအသောက်တို့က အရမ်းရှားပါးသည်။ ထို့ကြောင့် လူတို့သည် ရှင်သန်ရန်အတွက် ပိုရူးသွပ်လာကြသည်။ ပထမတစ်ကြိမ်၊ ဒုတိယတစ်ကြိမ်၊ တတိယတစ်ကြိမ် လူသားစားရခြင်းသည် လက်ခံဖို့ ခက်ခဲသော်လည်း အကြိမ်များလာသည့်အခါ သူတို့သည် အသားကျသွားတော့သည်။ ဆာလောင်ငတ်မွတ်ခြင်းက သူတို့အား ရူးသွပ်စေသည်။ ဒါက ကမ္ဘာပျက်ကပ်ခေတ်ကြီး ဖြစ်နေသောကြောင့်ပင်။

ဒီလူသည် ရှဲ့တုန်းအား ကြောက်အောင်ခြောက်လိုက်ခြင်း ဖြစ်သည်။ ဒါပင်မယ့်လည်း လူသားသည် အစာဖြစ်သောကြောင့် ရှဲ့တုန်းကို လွှတ်ပေးမှာမဟုတ်ပေ။ 

ကမ္ဘာပျက်ခေတ်တွင် ရှင်သန်သူများသည် စခန်းကထွက်လာသည်နှင့် လူသားစားသည့် ဇွန်ဘီ သို့မဟုတ် လူသားစားလူသားများဖြင့် တွေ့ရတက်သည်။ လူသားစားလူသားများသည် လူသားစာဇွန်ဘီများထက် ပိုကြောက်ဖို့ကောင်းသည်။

သူ့မျက်နှာထက်သို့ ချိန်ထားသည့် သေနတ်ကိုကြည့်ကာ ရှဲ့တုန်းသည် သူ့ခေါင်းကိုရှောင် လက်ကိုမြှောက်၍ ခုခံလိုက်သည်။ ရှဲ့တုန်းက ခုခံရဲသေးသည်ကို မြင်သည့်အခါ ဒီလူသည် ပိုဒေါသကြီးလာတော့သည်။ သူသည် ခြေထောက်ကိုမြှောက်ကာ ရှဲ့တုန်းအား ကန်လိုက်သည်။ ရှဲ့တုန်းသည်လည်း ချက်ချင်းရှောင်လိုက်သည်။ သူသည် သူ့ထက်ပုသည့် ဒီဓားပြကို တိုက်ခိုက်မနေဘဲ သူ့အနောက်က လူကိုသာ ခပ်ပြင်းပြင်းထိုးချလိုက်သည်။

ထိုလူသည် ခပ်ဝဝလူတစ်ယောက်သာ ဖြစ်သည်။ သူသည် လူသားဒိုင်းကြီးလိုမျိုး ရှဲ့တုန်းထွက်မပြေးအောင် တားထားသည်။ သို့သော်လည်း အံ့သြဖို့ကောင်းအောင် ရှဲ့တုန်းသည် ရှောင်လိုက်ပြီးလိုက်ပြီးနောက် သူ့နောက်သူကို တိုက်ခိုက်သည်။ ခပ်ဝဝဓားပြသည် ခုခံချိန်မရလိုက်သဖြင့် နှာနုကို ထိုးခံလိုက်ရကာ မျက်ရည်များ ထွက်လာသည်။

“အား”

ထိုလူဝကြီးသည် နှာခေါင်းကိုအုပ်ကိုင်ကာ ထိုင်ချလိုက်ရတော့သည်။

ရှဲ့တုန်းသည် ထိုးလိုက်တည်းက ဒီလိုဖြစ်မည်ကို သိသည်။ ထို့ကြောင့် သူသည် လက်ကိုပြန်ဆုတ်ကာ ဒီလူဝကြီးအပေါ်ကနေ ကျော်သွားလိုက်သည်။
Previous Chapter 50 of 198 Next