၁၆၆။ ရင်သားကြီးဇွန်ဘီပေါ်လာခြင်း
အခန်းထဲကလူများသည် လင်းချင်း၏ ရည်ရွယ်ချက်ကို တွေးနေချိန်တွင် လင်းချင်းမှာ ဟိုတယ်ဆီသို့ အမြန်လာနေကြသည်။ ဟိုတယ်အဝသို့ ရောက်သည့်အခါ သူမသည် အထဲကိုသေချာကြည့်ကာ နားစွန့်ပြီးမှ ဝင်လာသည်။
ထေးထပ်ရှိအခန်းများတွင် လူများနှင့် ချူးလီလီတို့ရှိကြောင်းကို အာရုံခံမိလိုက်သည်။ လေးလွှာကနေ ၇လွှာအထိတွင် အခြားဇွန်ဘီမရှိကြောင်းကိုလည်း သိလိုက်သည်။ ဒီအဆောက်အဦးထဲမှ ဇွန်ဘီများသည် အောက်ထပ်များသို့ ပြေးကုန်ကြတာ ဖြစ်နိုင်သည်။ ဇွန်ဘီဘုရင်မဖြစ်သည့် ချူးလီလီကသာ သူမ၏တည်ရှိမှုကို နည်းနည်းလောက်ထုတ်ထားရုံဖြင့် ဘယ်ဇွန်ဘီကမှ အနားသို့ မကပ်နိုင်ကြပေ။
ထို့နောက် သူမသည် ဘယ်ကိုမှသွားမနေဘဲ တန်းတက်လာသည်။ နေကာမျက်မှန်အောက်ဝါင် သူမ၏မျက်လုံးများသည် အေးစက်သည့်အလင်းများဖြင့် တောက်ပနေသည်။ သုံးလွှာလှေကားတွင် လူတစ်ယောက်က စောင့်နေကြောင်းကို သူမတွေ့လိုက်ရသည်။
“ရပ်စမ်း ဘယ်သူလဲ?” စွမ်းအားမရှိသည့် တပ်သားများထဲမှ တစ်ယောက်ဖြစ်သည့် စုလျန်သည် သူမရောက်လာသည်ကို သတိထားမိသွားသည်။ လင်းချင်းကလည်း ပုန်းအောင်းဖို့မလုပ်သဖြင့် စုလျန်က သူမတို့တက်လာသည့် ခြေသံကိုကြားနိုင်တာ ဖြစ်သည်။
အဝတ်ပွပွကြီးဝတ်ကာ နေကာမျက်မှန်တပ်ပြီး ဦးထုပ်ဆောင်းထာသည့် ထူးဆန်းသည့်သူကို တွေ့သည့်အခါ စုလျန်သည် ရပ်ဖို့လှမ်းအော်သည်။ သူတို့သည် ဒီနေရာကို ဦးထားသည်ဖြစ်ရာ ကမ္ဘာပျက်ခေတ်၏နည်းအရ အရင်ရောက်သည့်သူသည် နောက်လာသည့်သူမှာ မကောင်းသည့်ရည်ရွယ်ချက်ရှိနိုင်သောကြောင့် တားနိုင်သည်ဖြစ်သည်။
စုလျန်သည် နေကာမျက်မှန်ဖြင့် လင်းချင်းကို ရင်းနှီးသလို ခံစားရသည်။ သူမ၏မျက်နှာတစ်ဝက်ကို ဦးထုပ်ကြီးနှင့် နေကာမျက်မှန်တို့က ဖုံးအုပ်ထားသော်လည်း သူမ၏အကျီသည် ရင်ဘတ်များကို ဖုံးမထားနိုင်သဖြင့် အမျိုးသမီးမှန်း သိလိုက်သည်။
လင်းချင်းသည် နေကာမျက်မှန်ကို ဖြုတ်လိုက်ကာ သူမ၏မျက်ဝန်းနက်များကို ပြလိုက်သည်။
“မင်း. . .နင်က!” သူမ၏မျက်နှာနှင့် မျက်လုံးများကို မြင်လိုက်သည့်အခါ စုလျန်သည် မျက်လုံးများဝိုင်းသွားကာ မေးခွန်းများရှိနေသော်လည်း ထွက်မလာပေ။ သူတို့သည် မနေ့က ဒီမျက်လုံးများကို မြင်ဖူးခဲ့သည်။ နေကာမျက်မှန်ကို ရင်းနှီးသည်ထင်နေသည်ကလည်း မထူးဆန်းပေ။
‘ဒါက ငါတို့ကပ္ပတိန်ကြီးကို ခိုးသွားပြီးတော့ ဒုခေါင်းဆောင်ကို ရေတိုက်တဲ့ ဇွန်ဘီမလား? ဒါပင်မယ့် ဒါကယောက်ျားလေးဇွန်ဘီမဟုတ်ဘူးမလား? ဇွန်ဘီမျက်နှာမှာ အမာရွတ်တွေရှိနေပင်မယ့် အခုမရှိတော့ မိန်းမဇွန်ဘီဖြစ်သွားပြီလား?’
စုလျန်သည် လင်းချင်း၏ ရင်ဘတ်ကို ကြည့်နေသည်။
‘ရင်ဘတ်က မနေ့က ပြားချပ်နေပြီးတော့ အခုတော့ တစ်ညတည်းနဲ့ ရင်သားကြီးသွားတယ်လား?’
သူမ၏ရင်ဘတ်ကို သူကြည့်နေသည်ကို မြင်သည့်အခါ လင်းချင်းသည် သူမ၏ရင်ဘတ်ကို တစ်ချက်ပြန်ငုံ့ကြည့်ပြီးနောက် “ကြည့်လို့ဝပြီလား?”
ထိုအခါ စုလျန်၏ မျက်လုံးများသည် ပိုပြူးကျယ်သွားသည်။ ပါးစပ်ကိုဟကာ တစ်ခုခုပြောဖို့လုပ်သော်လည်း ဘာအသံမှ ထွက်မလာပေ။ ‘ဇွန်ဘီဟုတ်ပင်မယ့် မနေ့က ဇွန်ဘီရော ဟုတ်လို့လား? ဒါပင်မယ့် မနေ့က ဇွန်ဘီနဲ့တူတဲ့ ဇွန်ဘီလိုပဲ’
“အား!!!” စုလျန်သည် ရုတ်တရက်အော်ကာ အောက်ထပ်သို့ ဆင်းပြေးသွားသည်။ ‘ဇွန်ဘီက ဘယ်လိုလုပ် စကားပြောတက်မှာလဲ? ဘာတွေလဲ’
“အား!!!” စုလျန်သည် အော်ရင်းဖြင့် ဆင်းပြေးသည့်အခါ အောက်ထပ်ကနေ သူ့အသံကြား၍ တက်လာသည့် ရှင်းလော့ဖြင့် တွေ့သည်။
“အော်မနေနဲ့!” သရဲတွေ့၍ အော်ပြေးလာသူလို ဖြစ်နေသည့် စုလျန်အား ရှင်းလော့သည် သေနတ်ဖြင့် ချိန်ကာ အော်လိုက်သည်။ သူတို့အဖွဲ့ခေါင်းဆောင် လုကျွင်းကျားသည် ငါးလွှာကနေ ဆင်းလာကြည့်သည်။ အဆင့်မြင့်ဇွန်ဘီပေါ်လာသည်ဟု သူထင်လိုက်သော်လည်း လျှာထိုးဦးထုပ်ဖြင့်လူကိုသာ တွေ့လိုက်ရသည်။
သူသည် အမြန်ဆင်းလာကာ သေနတ်ဖြင့်ချိန်ရင်း “ဘယ်သူလဲ?” ထိုလူကို သေချာကြည့်နေရင်းက စုလျန်ကို အသံတိုးတိုးဖြင့် “ဘာတွေဖြစ်နေတာလဲ? မင်းကိုသူခြောက်လိုက်တာလား?”
စုလျန်က သူ့သူငယ်ချင်းများရောက်လာမှ အကြောက်ပြေသွားကာ လင်းချင်းအား လက်ညိုးထိုးပြပြီး ထောင့်ကွယ်ကနေ “အဲ့. . .အဲ့ဒါ. . .အဲ့ဒါ. . . အဲ့ဒါက. . .ဇွန်ဘီ”
လင်းချင်းသည် မနေ့ကအဝတ်ဖြင့် မနေ့ကနေကာမျက်မှန် တပ်ထားဆဲဖြစ်ရာ ဒီနေ့မှ ဦးထုပ်ဆောင်းထားတာဖြစ်သည်။ အောက်ထပ်က တက်လာသည့် ရှင်းလော့က စိတ်သက်သာရာရသွားကာ ချိန်ထားသည့်သေနတ်ကို ချလိုက်ပြီးနောက် စုလျန်အား “မနေ့က ငါတို့ကို ဒီကိုလာခိုင်းတဲ့ ဇွန်ဘီမလား? သူကဦးထုပ်ဆောင်းထားတာပဲကို မင်းက ဘာတွေအော်နေတာလဲ?”
လင်းချင်းသည် နေကာမျက်မှန်ကို ပြန်တပ်ထားပြီ ဖြစ်သဖြင့် သူမက မျက်လုံးလှန်လိုက်သည်ကို ဘယ်သူကမှ သတိမထားမိပေ။ လုကျွင်းကျားသည် သေနတ်ချိန်ထားဆဲဖြစ်ကာ မျက်နှာထားပြောင်း၍ “ရှင်းလော့ သေချာကြည့်! ဒါကမိန်းမ ရင်သားတွေရှိတယ်။ ပြီးတော့လည်း မျက်နှာမှာ အမာရွတ်တွေ မရှိဘူး!”
“ဟင်?” ရှင်းလော့သည် ခနတွေးပြီးနောက် လင်းချင်းကို ပြန်ကြည့်လိုက်ကာမှ သတိထားမိလိုက်သည်။
ဒီဇွန်ဘီသည် မနေ့က ဇွန်ဘီဖြင့် အရပ်တူတူပဲဖြစ်သဖြင့် ရှင်းလော့က ကွာခြားချက်ကို သတိမထားမိလိုက်တာဖြစ်သည်။ ခုမှသာ မျက်နှာက အမာရွတ်များမရှိတော့ဘဲ ရင်သားကြီးနေခြင်းကို လုကျွင်းကျားပြောသလို မြင်နိုင်တာဖြစ်သည်။ ထို့ကြောင့် လင်းချင်းအား သေနတ်ဖြင့် ပြန်ချိန်ထားလိုက်သည်။
ထိုအချိန်တွင် စုလျန်သည် စိတ်ငြိမ်သွားပြီဖြစ်ရာ သူ့သူငယ်ချင်းများအား လက်ကာပြရင်း “မဟုတ်ဘူး! မဟုတ်ဘူး! ငါပြောချင်တာက သူကစကားပြောနိုင်တယ်! ဇွန်ဘီမဆိုပင်မယ့် စကားပြောနိုင်တယ်လို့!!!”
သူ့စကားကိုကြားသည့်အခါ ကျန်သည့်နှစ်ယောက်သည်သူ့အား အရူးလိုကြည့်လိုက်သည်။ ‘ဇွန်ဘီက စကားပြောနိုင်တယ်? မင်းနောက်နေတာလား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?’
လင်းချင်းသည် သူမ၏အရှေ့က လူသုံးယောက်ကိုကြည့်ကာ သက်ပြေမပြမချင်း လွှတ်ပေးမှာ မဟုတ်သည်ကို သိလိုက်သည်။ လင်းဖန်နှင့် ယွမ်ထန်ရှင်းတို့အား သူမတိုက်ခဲ့သည့်ခွက်ကို ထုတ်ပြဖို့လုပ်ချိန်တွင် ဒေါသထွက်နေသည့်အော်သံတစ်ခုက ထွက်ပေါ်လာသည်။ “ဂါး!” ‘အရှေ့ကနေ ဖယ်ကြစမ်း!’
လင်းချင်းသည် အော်သံ၏ အဓိပ္ပါယ်ကိုသိသော်လည်း ဟိုသုံးယောက်က မသိသဖြင့် ချူးလီလီကို ပြန်လှည့်ကြည့်ကြသည်။ ထိုအခါ သူမကို လမ်းပိတ်ထားသည့် သူတို့ကို ခါးထောက်ကာ နှုတ်ခမ်းဆူကြည့်နေသည့် ချူးလီလီကို တွေ့လိုက်ရသည်။
ချူးလီလီ၏အရှိန်အဝါကြောင့် စွမ်းအားမရှိသည့်သုံးယောက်သည် အလိုလို သူမ၏မျက်နှာလေးကိုကြည့်ကာ နောက်ဆုတ်ပေးမိကြသည်။ ထိုအခါမှ သူမသ်ည စုလျန်နှင့် ရှင်းလော့တို့ကို သူမဖြတ်သွားဖို့ ဘေးကိုတွန်းလိုက်ပြီးနောက် လင်းချင်းဆီသို့ လျှောက်လာသည်။
ထိုသုံးယောက်ကတော့ ချူးလီလီသည် လင်းချင်း၏လက်ကိုဆွဲကာ သူမရွေးထားသည့်အခန်းထဲသို့ ခေါ်သွားသည်ကို ကြောင်အစွာဖြင့် ကြည့်နေမိကြသည်။