May Honey Logo May Honey
Previous Next

၁၀၈။ ကိုယ်ပျောက်ကာ ခိုးနားထောင်ခြင်း

တူယွမ်ရှင်းသည် သက်ပြင်းချကာ ပြောသည်။   “ဘာဖြစ်လို့ အရမ်းစိုးရိမ်နေတာလဲ? ဇွန်ဘီမှာ မကောင်းတဲ့စိတ်မရှိလောက်ဘူးလို့ ငါထင်တာပဲ။ မဟုတ်ရင် ငါတို့ကို ပျူပျူငှာငှာဆက်ဆံမှာ မဟုတ်ဘူး။ ဒီအမြူတေကို သူ့အစွမ်းတိုးဖို့ သုံးလို့ရနေတာကိုတောင်မှ ပေးသွားတာ။ 

“အေး”   လုံချင်းယင်သည် စိတ်တိုနေဆဲ ဖြစ်သော်လည်း ပြန်တော့ဖြေသေးသည်။

တူယွမ်ရှင်းသည် တံခါးကိုသွားပိတ်ကာ သက်ပြင်းထပ်ချသည်။   “ကမ္ဘာပျက်တာ ငါးနှစ်လောက်ရှိလာတော့ ဇွန်ဘီတွေတောင် ညဏ်အရမ်းကောင်လာပြီ။ ဒီဇွန်ဘီ၂ကောင်က ငါတို့စခန်းတစ်ခုလုံးကို ဖျက်စီးပစ်နိုင်တယ်လို့ မထင်ဘူးလား?”

“စခန်းကိုဖျက်မှာ ကြောက်ရင်လည်း နင်အခုသွားသတ်လိုက်လေ သွား သွား”   လုံချင်းယင်က ပြောသည်။

တူယွမ်ရှင်းသည် ပုခုံးကိုတွန့်ကာ ပြောသည်။   “ဒီလိုလုပ်ဖို့ငါမှ ဒီလောက်မသန်မာတာ။ ပြီးတော့လည်း သူကစခန်းကို ဖျက်မယ်လို့ ဘာဖြစ်လို့ ငါထင်ရမှာလဲ? ဖြစ်နိုင်တာကတော့ လူသားတွေနဲ့ အတူအလုပ်တွဲလုပ်နိုင်တယ်။ အခုက လုပ်သလိုပေါ့”

လုံချင်းယင်က သူ့ကိုကြည့်ကာ မေးသည်။   “ဖြစ်နိုင်မယ်လို့ထင်လား?”

တူယွမ်ရှင်းသည် ခနတွေးပြီးဖြေသည်။   “ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ? လူသားတွေက ပစ္စည်းပျက်နေတာ။ ဇွန်ဘီတွေသာ ငါတို့အတွက် အစာနဲ့ အဝတ်တွေကို လာလဲနိုင်ရင် ကောင်းတာပေါ့”  
လုံချင်းယင်သည် သူ့ကိုကြည့်ကာ ထပ်မေးသည်။   “ဘာနဲ့လဲမှာလဲ? လူ့အသားနဲ့လား?”

တူယွမ်ရှင်းသည် ဘယ်လိုစကားဆက်ပြောရမလဲ မသိတော့ပေ။ ကြည့်ရသည်မှာ သူတို့သည် ဇွန်ဘီများကို လူသားများအပြင် ပေးစရာဘာမှ မရှိတာလောက်ပေ။ ထို့ကြောင့် သက်ပြင်းချကာ ပြောသည်။   “လင်းဖန်းတို့တွေ ဘယ်လိုနေမလဲ သိချင်တယ်။ တော်သေးတာက ခေါင်းဆောင်က လင်းယုနဲ့ တခြားသူတွေကို ပင်လယ်မြို့တော်စခန်းကို ပို့ထားလို့။ ခေါင်းဆောင်သာ သူ့လူတွေကို လွတ်အောင် လုပ်ပေးနိုင်ရင် သူတို့က ပင်လယ်မြို့တော်ရဲ့ တနေရာရာမှာ ရှိနေနိုင်မှာ”

လုံချင်းယင်သည် ပြတင်းပေါက်မှနေ အပြင်သို့ကြည့်လိုက်သည်။ သူမသည် တူယွမ်ရှင်းနှင့် ဒီအကြောင်းများကို ဆက်မပြောတော့ဘဲ   “သူတို့နိုးလာတာနဲ့ ငါတို့ပြန်ကြမယ်”

တူယွမ်ရှင်းသည် အခြားသတိမေ့နေသည့်သူများကို ကြည့်လိုက်သည်။ ထို့နောက် လင်းချင်းပိတ်ထားသည့် တံခါးကိုသော့သွားချလိုက်သည်။ တူယွမ်ရှင်းသည် သူ့လက်ထဲက အမြူတေကို ကြည့်ကာ ပြောသည်။   “ငါတို့မှာ အမြူတေရှိပြီဆိုတော့ ပြန်မယ်။ လေစွမ်းအားဇွန်ဘီရဲ့ အမြူတေမရပင်မယ့်လည်း  ခေါင်းကြီးဇွန်ဘီရဲ့ အမြူတေကလည်း မဆိုးပါဘူး။ အဆင့်လေးဖြစ်စဆိုပင်မယ့် ရှားတဲ့စိတ်စွမ်းအားပဲ။ အဲ့ဒါကြောင့် ဒီအမြူတေနဲ့ အစာလုံလုံလောက်လောက် ဝယ်ရတယ်”

“နင်ပြောတဲ့ လေစွမ်းအားဇွန်ဘီက ဒီမှာလား?”   လုံချင်းယင်က မေးသည်။

“မသိဘူး။ ဒီနေရာက လေစွမ်းအားဇွန်ဘီရဲ့ နယ်မြေပဲ။ ဒါပင်မယ့် အဆင့်လေးဇွန်ဘီနဲ့ ထူးဆန်းတဲ့ တစ်ကောင်၊ မှန်းလို့မရတဲ့တစ်ကောင်တောင် ငါတို့တွေ့လိုက်ရတော့ လေစွမ်းအား ဇွန်ဘီက သေလိုက်ပြီထင်တယ်”   တူယွမ်ရှင်းက တွေးကာပြောသည့်အခါ လုံချင်းယင်သည်လည်း ခေါင်းငြိမ့်ပြသည်။ သူတို့ပြန်ဖို့ ဆုံးဖြတ်ပြီးသည့်အခါ သူတို့အဖွဲ့သားများနိုးလာဖို့ကို သူတို့စောင့်နေလိုက်သည်။ 

မကြာခင်တွင် တူယွမ်ရှင်းသည် ပြတင်းပေါက် မပိတ်ရသေးသဖြင့် သွားပိတ်လေရာ အဆင့်နှစ်နှင့်သုံး ဇွန်ဘီများသည် နံရံကနေ တက်လာဖို့လုပ်နေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း နှစ်ယောက်လုံး သတိမထားမိသည်ကတော့ လင်းချင်းသည် ထွက်သွားပြီးသည်နှင့် ကိုယ်ဖျောက်ကာ ပြတင်းပေါက်ကနေ ခိုးလာနားထောင်နေခြင်းကိုပင်။

ထို့ကြောင့် သူတို့ပြောသမျှကို ကြားရသည်။ သို့သော်လည်း အကုန်ကြားတာတောင်မှ အကုန်နားမလည်သော်လည်း သိလိုက်ရတာတော့ရှိသည်။ သူမ၏မိသားစုများသည် ပင်လယ်မြို့တော်ကို သွားနေတာဖြစ်ပြီး တစ်ယောက်တည်းမဟုတ်ဘဲ တစ်မိသားစုလုံး ဖြစ်သည်ဆိုတာပင်။ ကြည့်ရသည်မှာ သူမ၏အကိုသည် လူအချို့လိုက်ခံနေရပုံရကာ လက်ရှိအခြေအနေကို သူမနားမလည်ပေ။

တူယွမ်ရှင်းပြောသည့် ‘ခေါင်းဆောင်သာ သူ့လူတွေကို လွတ်အောင် လုပ်ပေးနိုင်ရင် သူတို့က ပင်လယ်မြို့တော်ရဲ့ တနေရာရာမှာ ရှိနေနိုင်မှာ’ ဆိုသည်မှာ သူတို့က အခုအထိ လွတ်အောင်မပြေးနိုင်သေးသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော်လည်း သူမ၏အကိုက ဘယ်သူက လိုက်နေလို့လဲ? နောက်တစ်ခုသည် သူမ၏မိသားစုများထဲက တစ်ယောက်က အခြေစိုက်စခန်းခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်ပုံရသည်။ ဒါဆိုရင် ဘယ်သူဖြစ်ခဲ့တာလဲ?

လင်းချင်းသည် ဒီအချက်အလက်များက အရေးကြီးသလို ခံစားရသည်။ အကယ်၍ မိသားစုထဲက တစ်ယောက်ယောက်သာ ခေါင်းဆောင်ဖြစ်ခဲ့လျှင် အရမ်းအားကောင်းမည့်သူ ဖြစ်လိမ့်မည်။ အခုတော့ စခန်းခေါင်းဆောင်သည် အသတ်ခံရကာ အကိုဖြစ်သူက ပင်လယ်မြို့တော်စခန်းသို့ မိသားစုများဖြင့်ပြေးနေရလေပြီလား?
ထိုစခန်းသည် ဒီကနေဝေးသဖြင့် လမ်းတွင် ဇွန်ဘီအုပ်များနှင့် တွေ့ရနိုင်သည်။ ထို့ကြောင့် ရန်သူက ဘယ်လောက်သန်မာ၍ ပြေးနေရသလဲ? ပြီးတော့ တူယွမ်ရှင်းတို့ပြောသည့် ခေါင်းဆောင်ကမရှိတော့လျှင် အခုစခန်းကို ဘယ်သူက ခေါင်းဆောင်နေသနည်း?

ကိုယ်ပျောက်နေသည့် လင်းချင်းသည် မေးခွန်းမျိုးစုံကို တွေးနေစဉ် လုံချင်းယင်နှင့် တူယွမ်ရှင်းတို့သည် စကားပြောတာ ရပ်လိုက်သည်။ သူတို့သည် ကိုမာဝင်နေသည့် အသင်းဖော်များ၏ အခြေအနေကို စစ်နေကြတာ ဖြစ်နိုင်သည်။ လင်းချင်းသည် သူတို့အဖွဲ့သားများနိုးရင် ပြန်မည့်အကြောင်းကို သိလိုက်သည်။

သူမစိတ်လှုပ်ရှားနေမိသည်မှာ မိသားစုက ဘာဖြစ်ခဲ့သလဲ ဆိုတာကိုပင်။ သို့သော်လည်း လုံချင်းယင်နှင့် တူယွမ်ရှင်းတို့သည် သူမအား ရန်အရမ်းလိုနေကြသဖြင့် ဘယ်လိုဖြစ်ခဲ့သလဲ ဆိုသည်ကို တန်းမေးလို့ကလည်း မရပေ။

ထူးဆန်းသည်မှာ သူမလည်း ဒီလမ်းကလာတာတောင် မိသားစုများကို လမ်းတွင်မတွေ့ပေ။ သူတို့လွဲသွားခဲ့တာလား? ဒီလိုဆိုလျှင် ဘယ်လမ်းကသွားလဲဆိုသည်ကို အတိအကျသိဖို့လိုသည်။ သူတို့က ပြေးနေဆဲဆိုလျှင် အကောင်းဆုံးပုန်းရင်း ပြေးကြမှာ ဖြစ်သည်။

လင်းချင်းက စိတ်ပူနေကာ တူယွမ်ရှင်းနှင့် လုံချင်းယင်တို့က အဖွဲ့သားများကို စောင့်နေစဉ်တွင် မော်တော်ကားတစ်စီးက ဒီလမ်းကို ရောက်လာသည်။ ထိုအရာသည် စစ်ဖက်သုံးကားနှစ်စီးဖြစ်ကာ ထိုကားများသည် သာမန်ဇွန်ဘီများထောင်ပေါင်းများစွာကို တိုက်ပစ်နိုင်သည်။

“ကျွန်တော့သူတင်းပေးက မမှားဘူးဆိုရင် လုံချင်းယင်က တူယွမ်ရှင်းတို့လူတွေနဲ့ ဒီလမ်းကိုလာတာ။ ဒီနေရာမှာ အဆင့်လေးလေစွမ်းအားဇွန်ဘီရှိတာ ကျွန်တော်သိတယ်။ တူယွမ်ရှင်းက သူမရှင်းနိုင်လို့ လုံချင်းယင်ကို အကူအညီတောင်းထားတာ”

“ငါ့တာဝန်က လုံချင်းယင်ကို သတ်ဖို့ပဲ။ တခြားဟာတွေက အကုန်လုံးကို စိတ်မဝင်စားဘူး။ လုံချင်းယင်က လင်းဝမ်ဝမ်နဲ့ ဟိုမိသားစုကို ကူညီပေးတည်းက ငါတို့ရန်သူပဲ။ လင်းဖန်းနဲ့ သူ့လူတွေ စခန်းအသစ်ထောင်မှာကို လက်ခံသမျှလူတိုင်းက ငါတို့ပစ်မှတ်ပဲ။ သူတို့ကို စခန်းသစ်မှာနေချင်တဲ့လူတိုင်းက သေရတာထက်ဆိုးတယ်ဆိုတာ ဘာလဲသိအောင် အခုလုပ်ရမယ်”

“ဟုတ်. . .ဟုတ်ကဲ့။ ဟုတ်ကဲ့။ သိပါပြီ။ သိပါပြီ။ ဒါကြောင့်လည်း လုံချင်းယင်ဘယ်မှာလဲဆိုတာ ကျွန်တော်ပြောပြတာပါ။ ကျွန်တော်က စခန်းအပေါ် အရမ်းသစ္စာရှိတယ်ဆိုတာ မြင်ရတယ်မလား?”

“ကောင်းတယ်။ မင်းသစ္စာရှိကြောင်းပြထားတော့ စခန်းက မင်းကိုကောင်းကောင်း ဆက်ဆံမှာပါ။ သူတို့နောက် လိုက်မသွားဘဲ ကျန်တဲ့သူတွေရောပေါ့”

“ဒုခေါင်းဆောင်ယန်က အခုလင်းဖန်ကို လိုက်ဖမ်းနေတာ။ လင်းဖန်းတို့ကိုသာ အောင်အောင်မြင်မြင် သတ်နိုင်ရင် သူတို့စခန်းကို ဂုဏ်ယူနေတဲ့ မိန်းမနှစ်ယောက်က ဒုခေါင်းဆောင်ယန်ရဲ့ လက်ထဲကိုရောက်သွားရင် ဘယ်လိုနေမလဲ မသိဘူးနော်?”

“ဒုခေါင်းဆောင်ယန်ဆိုတာက မင်းဘာပြောတာလဲ?ဟမ်”

“အာ ခေါင်းဆောင်ယန်ပါ ခေါင်းဆောင်ယန်”

“မင်းတော်တယ်။ လင်းဖန်းကို ငါတို့က သေချာပေါက်ရမှာ။ ပြီးတော့လည်း အဆင့်ခြောက်စွမ်းအားရှင်က သူ့ကိုကူညီပေးနေတော့ ငါတို့ခေါင်းဆောင်သစ်က လင်းဖန်းတို့တွေကို မသတ်နိုင်စရာမရှိဘူး”

Previous Chapter 108 of 198 Next