May Honey Logo May Honey
Previous Next

၁၀၁။ သရေပွဲ

တူယွမ်ရှင်းသည် သူ့အရှေ့က ဇွန်ဘီအုပ်ကြီးကို ကြည့်လိုက်ပြီးနောက် သူတို့အဖွဲ့သည် ထောင်ချောက်ထဲသို့ ကျသွားပြီဖြစ်ကြောင်း သိသွားသဖြင့် တခြားသူကို အော်လိုက်သည်။   “ဇူ လမ်းဖွင့်လိုက်”

“ဟုတ်ပြီ ဒါကိုကြည့်လိုက်!!!”   နောက်ခုံကလူသည် ချက်ချင်းဖြေသည်။ သူသည် ကားပြတင်းပေါက်ဖွင့်ကာ သူ့ခေါင်းနှင့် လက်ကိုထုတ်လိုက်သည်။ ထို့နောက် သူ့လက်ကို ပုခုံးနှင့်တစ်တန်းထဲမြှောက်လိုက်ကာ ကားရှေ့က ဇွန်ဘီများဆီသို့ ချိန်ရွယ်လိုက်သည်။

ထို့နောက် ကားရှေ့ကမြေကြီးသည် ကွဲအပ်လာကာ တစ်မီတာနှစ်မီတာလောက် နက်သည့်အထိ ကျွံကြသွားသည်။ ထို့အချိန်တွင် မြေကြီးမှအချွန်များသည် ဇွန်ဘီများ၏ခြေထောက်အောက်ကနေ ထိုးဖောက်လိုက်ပြီး ထိုမြေကြီးများသည်  ပြန်ဆက်သွားသဖြင့် ဇွန်ဘီများသည် မြေမြှုပ်ခံလိုက်ရတော့သည်။

ဇွန်ဘီနံရံကြီး ပျက်စီးသွားသည့်အခါ ချိုင်ဟုန်ချင်းသည် ကားကိုအရှိန်မြှင့်လိုက်ကာ မောင်းထွက်လိုက်သည်။ မြေမြှုပ်မခံလိုက်ရသည့် ဇွန်ဘီအချို့သည် လမ်းပေါ်တွင်ရှိနေကာ ကားဖြင့်တိုက်ခံလိုက်ရသဖြင့် လွင့်ပျံထွက်ကုန်သည်။ သို့သော်လည်း သူတို့သတ်နိုင်သည့် ဇွန်ဘီများသည် ထပ်ရောက်လာသည့် ဇွန်ဘီများလောက် မရှိသည့်အခါ ၂မိနစ်အတွင်းမှာ ကားသည် ထပ်ပိတ်ဆို့ခံလိုက်ရပြန်သည်။

လုံချင်းယင်သည် မျက်ခုံးများကိုကျုံလိုက်ကာ သူမ၏ဓားရှည်ကို ခါးကဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။ မကြာခင်တွင် သေသွားသည့် ဇွန်ဘီများ၏ ခေါင်းထဲမှ သံဆူးချွန်များသည် သူမ၏အရှေ့သို့ ပြန်ရောက်လာကြသည်။ 

သူမ၏စွမ်းအားကို မြှင့်တင်လိုက်သဖြင့် ပိုများသည် သံထည်များသည် သူမဆီသို့ပျံလာသည်။ သူမ၏ပတ်ဝန်းကျင်တွင် သံလိုက်စက်ကွင်းလိုမျိုး သံထည်ပစ္စည်းများက လွင့်မြောနေသည်။ သံထည်ပစ္စည်းများသည် နှစ်မီတာလုံးပတ်ရှိသည့် စက်လုံးကြီးဖြစ်လာကာ အရည်ပျော်သွားပြီးနောက် သံဆူးချွန်အသစ်များဖြစ်သွားကာ ဇွန်ဘီအုပ်ကြီးဆီသို့ ပစ်ခတ်လိုက်သည်။

သူမ၏တိုက်ခိုက်မှုသည် ကြီးမားလေရာ သာမန်ဇွန်ဘီများစွာသည် တစ်ချက်တည်းဖြင့် သံချွန်များခေါင်းသို့ ဝင်သွားပြီး ငြိမ်ကျသွားကြတော့သည်။ ထို့ကြောင့် ဇွန်ဘီအလောင်းများသည် သူမ၏အနားတွင် ပုံလာသည်။

လုံချင်းယင်က ဇွန်ဘီအုပ်ကြီးကို တားနိုင်မှသာ ကားထဲက လူများသည် သက်ပြင်းချနိုင်သည်။ ထိုအချိန်တွင် သူမသည် ကားအမိုးကိုခြေဖြင့် ဆောင့်ချကာ အေးစက်နေသည့်လေသံဖြင့်
“ဒီနေရာကို အဆင့်ငါးဇွန်ဘီခေါင်းဆောင်က ထိန်းချုပ်ထားတာ။ ဒါမှမဟုတ် အဆင့်လေး စိတ်စွမ်းအားရှိတဲ့ဇွန်ဘီ ဖြစ်လိမ့်မယ်”

သူမ၏စကားများကို ကြားသည့်အခါ ကားထဲကလူများသည် ရင်ထဲတွင် လေးလံကုန်ကြသည်။ သာမန်စွမ်းအားရှိသည့် ဇွန်ဘီက ဒီလိုဇွန်ဘီအုပ်ကြီးကို ထိန်းချုပ်နိုင်မှာ မဟုတ်ပေ။ သူတို့သတ်ထားတာ ဇွန်ဘီတစ်ရာ၊နှစ်ရာလောက်ရှိနေပြီဖြစ်သော်လည်း နောက်ထပ်ခြောက်ရာခုနှစ်ရာလောက်ကို သူတို့ရင်ဆိုင်ဖို့ ရှိနေသေးသည်။ အခြားဇွန်ဘီများက ဝင်ပေါင်းလျှင် ပိုဆိုးမှာ ဖြစ်သည်။

“ပြောတာက ဟုတ်လောက်တယ်။ လေစွမ်းအားဇွန်ဘီပါ ထပ်ဝင်လာရင် ငါတို့ဒီတစ်ခေါက် ပိုဆိုးမှာ”   တူယွမ်ရှင်းသည် ဇွန်ဘီအုပ်ကြီးကို ထိန်းချုပ်နေသည့် အဆင့်မြင့်ဇွန်ဘီကို ဇွန်ဘီအုပ်ထဲတွင် ရှာကြည့်ရင်း ပြောသည်။

“ဂါး! ဂါး! ဂါး!”

“ဂါး! ဂါး! ဂါး!”
“ဒိုင်း ! ဒိုင်း! ဒိုင်း!”

ဇွန်ဘီအော်သံများ၊ သေနတ်ပစ်သံများနှင့် လုံချင်းယင်၏ သံဆူးများက ဇွန်ဘီခေါင်းကို ထိုးဖောက်သံများသည် ဒီနေရာတွင် ဆူညံ့နေသည်။

“ဇွန်ဘီတွေကို ထိန်းချုပ်နေတဲ့ကောင်ကို အရင်ရှာကြ!”
လုံချင်းယင်သည် ကားထဲကလူများကို အရင်အော်သည်။

“ငါတို့လည်း ကြိုးစားနေတာပဲ။ ဒါပင်မယ့် သေချာကို ပုန်းနေတာ”
တူယွမ်ရှင်းနှင့် သူ့လူများသည် ဇွန်ဘီများကို သေချာရှာသော်လည်း သာမန်ဇွန်ဘီများထဲတွင် ထူးခြားနေသည့်ကောင်ကို လုံးဝကို ရှာမတွေ့သည်။

ဒီလိုဖြင့် တိုက်ပွဲသည် တဖြည်းဖြည်း သရေကျလာသည်။ ဇွန်ဘီသည် အကောင်အများကြီးကိုသုံးကာ တိုက်စေသော်လည်း လုံချင်းယင်တို့က သူ့ထောင်ချောက်ထဲသို့ မကျပေ။ သို့သော်လည်း နိုင်မည့်အရိပ်အယောင်လည်းမရှိကာ သာမန်ဇွန်ဘီများကို တိုက်နေရင်းသာ ဖြစ်သည်။ ဒီလိုဇွန်ဘီအုပ်ကြီးကို ဖြတ်ဖို့က သူတို့အတွက်လည်း ခက်ခဲသည်။

တစ်ဖက်တွင်တော့ ချူးလီလီသည် အေးတိအေးစက်ဖြင့် ပွဲကြည့်နေသည်။ သူမသည် လူသားများကို မသတ်သော်လည်း ကယ်ဖို့စိတ်ကူးတော့ မရှိပေ။ သူမကိုယ်တိုင်လည်း လူသားများထံမှ အမဲလိုက်ခြင်းကို ခံခဲ့ရသည်။ သူမသည် လက်စားမချေတာကိုပင် သူမကအရမ်းစိတ်ထားကောင်းသည့် ဇွန်ဘီမလေး ဖြစ်နေလို့ဟုသာ ယူဆထားသဖြင့် ဘယ်တော့မှ ဝင်ကယ်တာမျိုး မလုပ်ပေ။ 

ထို့ကြောင့် ဒီပွဲကို ဝင်မနွှဲပေ။ ရွံ့ဖို့ကောင်းသည့် ဇွန်ဘီဆီက အမြူတေကိုလည်း သူမစိတ်မဝင်စားပါ။ အထပ်မြင့်အဆောက်အအုံဆီက အကုန်မြင်နေရသည့်အခါ ဇွန်ဘီတွေက တောက်လျှောက်လာနေသည်ကို တွေ့ရသည်။ ဒီလူသားများသာ စွမ်းအားကုန်သွားမည်။ ပတ်ဝန်းကျင်က ဇွန်ဘီတွေက လာနေသည်ကတော့ ရပ်မှာမဟုတ်ပေ။

တူယွမ်ရှင်းနှင့် သူ့လူများကတော့ ချူးလီလီလို မြင်ရတာ မဟုတ်ပေ။ သူတို့ပတ်ဝန်းကျင်က ဇွန်ဘီများသာ မြင်နေရတာ ဖြစ်သည်။ သူတို့ပတ်ဝန်းကျင်တွင် ဇွန်ဘီများက ထောင်ချီအောင်ရှိနေသည်။ ဇွန်ဘီအုပ်က ဒီလောက်များသည့်အခါ သူတို့သည် ဇွန်ဘီခေါင်းများကို မမြင်ရပေ။ ဒီနေရာသည် နွေဦးပွဲတော်လာသဖြင့် လူများစည်ကားနေသည့် ဘူထာရုံကြီးလိုပင်။ သို့သော်လည်း ဇွန်ဘီများကတော့ အလာသာရှိသည်။ ထို့ကြောင့် သူတို့သည် အဆင့်မြင့်ဇွန်ဘီကို အမြန်ရှာဖို့ လိုနေပြီ။

လုံချင်းယင်သည် ဇွန်ဘီအုပ်ကို တားထားရင်းဖြင့် များလာသည်ကို မြင်သည့်အခါ
“ငါအကြာကြီး တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး”
သူမသည် ကားထဲကလူများကို ဘာလုပ်ညာလုပ်ဟု အမိန့်မပေးပေ။ သူမ၏အခြေအနေကို ကြိုတင်သတိပေးထားကာ သူတို့နောက်လုပ်စရာရှိသည်များကို ပြင်ဆင်ထားရန်သာ ဖြစ်သည်။

လုံချင်းယင်သည် ဒီလူများနှင့် ပထမဆုံးအလုပ်တွဲလုပ်ဖူးတာ ဖြစ်သည်။ တူယွမ်ရှင်းနှင့် သူ့အသင်းဖော်များသာ သူမအားကောင်းမွန်သည့် အစာများပေးမည်ဟု သဘောတူမထားလျှင် သူမသည် သဘောတူက လိုက်မှာမဟုတ်လောက်ပေ။ တူယွမ်ရှင်းနှင့် သူ့လူများသည် ဒီစခန်းကို သူမစွန့်ခွာဖို့ အစာလိုအပ်နေသည်ကို သိသဖြင့် သူမအား ဒီလိုကမ်းလှမ်းတာ ဖြစ်သည်။  
  
ဇွန်ဘီအုပ်ကြီးကိုကြည့်ရင်း တူယွမ်ရှင်းသည် နားလည်စွာ ခေါင်းငြိမ့်ကာ   “ကျေးဇူးပြုပြီး ခနတားထားပေးပါ။ ငါတို့လည်း မကြာခင် ဇွန်ဘီကို တွေ့တော့မှာပါ။ နင်ပင်ပန်းရင် နားလို့ရတယ်။ ငါတို့ဆက်တားထားမယ်”

“ဟုတ်ပြီ”   လုံချင်းယင်က ပြန်ဖြေသည်။

ထိုအချိန်တွင် ခေါင်းကြီးဇွန်ဘီသည် အချိန်ကြာအောင် သူဒီလောက်ဇွန်ဘီများ လွှတ်ထားတာတောင် လူသားများက လုံးဝမကြောက်သဖြင့် စိတ်တိုလာသည်။ သူ့ပါးစပ်ပြဲကြီးကို ဖြဲကာ ထူးဆန်းစွာ အော်သည်။ ထိုအသံက မကျယ်သော်လည်း အနားကိုတော့ ပျံ့သွားသည်။

ခေါင်းကြီးဇွန်ဘီနှင့် သိပ်မဝေးသည့် ချူးလီလီသည် ဒီအသံစူးစူးကို ကြားသည့်အခါ သူမဖျားချင်သလိုတောင် ဖြစ်သွားသည်။ မျက်မှောင်ကျုံ့ကာ သူမ၏တည်ရှိမှုကို မဖုံးထားသော်လည်း မဖြန့်ကျက်လိုက်ပေ။

“အာ?”   သို့သော်လည်း ခေါင်းကြီးဇွန်ဘီသည် အဆင့်ခြောက်ဇွန်ဘီ ချူးလီလီ၏ တည်ရှိမှုကို အာရုံခံမိသွားသည်။ သို့သော်လည်း ထိုအရှိန်အဝါက သေချာမသိခင် ပြန်ပျောက်သွားသဖြင့် ပတ်ဝန်းကျင်ကို စိတ်ရှုပ်စွာ ကြည့်လိုက်သည်။

လုံချင်းယင်နှင့် သူ့အသင်းဖော်များကတော့ ချူးလီလီထက် ပိုဆိုးအောင် ခံလိုက်ရသည်။ သူတို့သည် ဖျားချင်ရုံတင် မဟုတ်ဘဲ ခေါင်းထဲတွင်စူးကိုက်လာကာ လူတောင်တုန်လာသည်။ သူတို့၏ တစ်ကိုယ်လုံးသည် အားပျော့ကာ ခွေကျတော့မလိုတောင် ဖြစ်သွားတာ ဖြစ်သည်။  
Previous Chapter 101 of 198 Next