၄၂။ ရုတ်တရတ်တိုက်ခိုက်မှု
ရှဲ့တုန်းသည် ထိုသူက နေရာလွတ်အစွမ်းရှိသူဟု ထင်လိုက်သည်။ အရင်တုန်းက ဟွမ်ရှောင်းနှင့် အခြားသူများသည် ဒီတစ်ယောက်ကို ရည်ချယ်ချက်ရှိရှိဖြင့် ကာကွယ်နေပေးခဲ့ကြသည်။ ထိုအချိန်တုန်းက သူမသိခဲ့ပေ။ သူတို့က ရင်းနှီး၍သာ ကာကွယ်ပေးနေကြသည်ဟု သူထင်မိသည်။ အခုတော့ သူအရာအားလုံးကို သေချာပြန်တွေးမိသည့်အခါ ဒီလူဆီမှာ နေရာလွတ်အစွမ်းရှိကြောင်းကို အစတည်းက သိနေ၍ဖြစ်လိမ့်မည်။
ထိုလူသည် နောက်သို့တမင်ရှောင်ထားကာ ဟွမ်ရှောင်းနှင့်ရှဲ့တုန်းကြားကို တိုက်ပွဲမြေသဖွယ်လုပ်လိုက်သည်။ သို့သော်လည်း ထိုအချိန်တွင် သူ့မျက်လုံးထောင့်တွင် တစ်ခုခုက လှုပ်ရှားသွားသည်ကို မြင်လိုက်သည်။ သူသည် ခေါင်းကိုလှည့်ကြည့်လိုက်သည့်အခါ ဟွမ်ရှောင်း၏အနောက်က ပြတင်းပေါ်ကမှ သဏ္ဍာန်တစ်ခုကို မြင်လိုက်သည်။ ထိုအရာက မျက်စိတစ်မှိတ်အတွင်း ဟွမ်ရှောင်း၏ လေဓားများကို လုံးဝလျစ်လျူရှုကာ ခေါင်းကို ချိန်ထက်နေသည့် လက်သည်းများဖြင့် ထိုးဖောက်လိုက်သည်။
ထိုသဏ္ဍာန်က လက်ကိုဝေ့လိုက်ရုံတင် ဖြစ်သော်လည်း ဟွမ္ရှောင်းသည် နာကျင်မှုဖြင့် ညည်းညူချိန်တောင်မရဘဲ လေထဲသို့ လွင့်ပျံသွားသည်။ သူ့၏ဦးခေါင်းခွံတစ်ဝက်ကတော့ ထိုသတ္တဝါ၏ လက်ထဲတွင် ကျန်ခဲ့သည်။
နေရာလွတ်စွမ်းအားရှင်သည် ဒီမမျှော်လင့်သည့် အဖြစ်အပျက်ကြောင့် မျက်လုံးပြူးကျယ်သွားသည်။ ထိုအချိန်တွင်မှာမှ ဒီသဏ္ဍာန်သည် ဇွန်ဘီမတစ်ကောင် ဖြစ်ကြောင်းကို သူသိလိုက်ရသည်။ ထိုဇွန်ဘီမသည် ဟွမ်ရှောင်းကို ပစ်ထုတ်လိုက်သည့်အချိန်မှာ နေရာလွတ်စွမ်းအားရှင်သည် ဒီဇွန်ဘီမကို သေနတ်ဖြင့် ပစ်လိုက်သည်။ သို့သော်လည်း ဇွန်ဘီမသည် ကျည်ဆန်ကို လက်ချောင်းလေးများဖြင့် အလွယ်လေး ဖမ်းယူလိုက်သည်။
ဒါကိုမြင်သည့်အခါ နေရာလွတ်စွမ်းအားရှင်သည် ကြောင်အသွားပြီး ဘာဖြစ်သွားသလဲ သိသည့်အချိန်မှာ ဇွန်ဘီမက လှုပ်ရှားလာသည်။ လေထဲတွင် ဖြတ်ခနဲပျောက်သွားပြီးနောက် ချက်ချင်းပင် သူ့အနားသို့ ရောက်လာကာ သူ့လက်မောင်းကို လက်သည်းများဖြင့် ဆုတ်ကိုင်လိုက်သည်။။ ထို့နောက် သူသည်လေထဲသို့ လွင့်မျောသွားသလို ခံစားရပြီးနောက် မျက်လုံးများသည် မူးဝေသွားသည်။
သူသတိပြန်ရှိသည့်အခါ မြင်ကွင်းသည် ပြောင်းလဲသွားလေပြီ။ သူသည် ရေကန်လေးနားတွင် ရပ်နေသည်။ ထို့နောက်တွင်တော့ သူ့လက်မောင်းကို လျော့ပေးသလို ခံစားရ၍ လှည့်ကြည့်သည့်အခါ ဇွန်ဘီမက အနားတွင် ရပ်နေသည်။ ထို့နောက်သူသည် တစ်မီတာအကွာလောက်မှာ သေနတ်ကိုကစားနေသည့် ရှဲ့တုန်းကိုပါ မြင်လိုက်ရသည်။
“ရှဲ့တုန်း ခင်ဗျားဘာလုပ်နေတာလဲ? ဇွန်ဘီကို မရှင်းဘူးလား? ဘာဖြစ်လို့ ငါ့သေနတ်ကိုပါ သိမ်းထားရတာလဲ?”
နေရာလွတ်စွမ်းအားရှင်သည် ရှဲ့တုန်းက သူ့သေနတ်ကို သိမ်းထားသည့်အခါ ဒေါသထွက်လာကာ ပြောသည်။ သူတို့ကြားတွင် ပြဿနာများရှိနေသည့်တိုင်အောင် ဒီဇွန်ဘီမကို နှစ်ယောက်ရင်ဆိုင်ရဦးမည်ဟု သူယုံကြည်နေသေးသည်။
လူတွေက ဇွန်ဘီဖြင့် တိုးသည့်အခါ ကိုယ်ရေးကိုယ်တာကိစ္စများကို ခနထားပြီး အတူတကွရင်ဆိုင်ကြသည်။ ထိုအရာသည် ကမ္ဘာပျက်ခေတ်ကြီးစဖြစ်တည်းက ဖြစ်တည်လာသည့် စည်းမျည်းဖြစ်သည်။ ဟွမ်ရှောင်းလုပ်သလို အဖွဲ့သားအား ဇွန်ဘီစာချကျွေးခြင်းသည် ယုတ်မာခြင်း ဖြစ်သဖြင့် စည်းကမ်းကို ချိုးဖောက်ခြင်းဟု ယူဆရသည်။
နေရာလွတ်စွမ်းအားရှင်သည် လက်ရှိအခြေအနေကို နားမည်သေးကာ အရင်ကလို ရှဲ့တုန်းက သူ့ကိုကာကွယ်ပေးလိမ့်မည်ဟု ထင်နေသည်။ သူတို့ကိုယ်တိုင်က ရှဲ့တုန်းအား ဇွန်ဘီစာဖြစ်ရန် တွန်းပို့ခဲ့ခြင်းအား မေ့လျော့လို့သာ နေလေသည်။
သူ့စကားများကို ကြားသည့်အခါ ရှဲ့တုန်းသည် ဘာမှမပြောသော်လည်း သူ့နှုတ်ခမ်းထောင့်များက အပေါ်သို့တွန့်ကွေးသွားကာ နှာခေါင်းရှုံ့လိုက်သည်။
ဒါကိုမြင်မှ ထိုနေရာလွတ်စွမ်းအားရှင်သည် သူတို့က ရှဲ့တုန်းကို သစ္စာဖောက်ခဲ့မိကြောင်းကို ပြန်သတိရတော့သည်။ အခုတော့ သူ့ကိုကာကွယ်မည့်သူ မရှိတော့ပေ။ သူသည် နေရာလွတ်စွမ်းအားရှင် ဖြစ်သည်။ ကမ္ဘာမပျက်ခင်တုန်းက သူသည် ရုံးအလုပ်သမားတစ်ဦးသာ ဖြစ်သောကြောင့် တိုက်ခိုက်ခြင်းမျိုးကို မတက်ကျွမ်းပေ။ ကံကောင်းစွာဖြင့် သူနေရာလွတ်စွမ်းအားသည် ဟွမ်ရှောင်းနှင့် အခြားသူများကို လွတ်မြောက်စေနိုင်သဖြင့် သူ့အားကာကွယ်ပေးနေကြခြင်း ဖြစ်သည်။ သို့သော်လည်း ဟွမ်ရှောင်းက ခုနကသေသွားပြီဖြစ်ရာ သူ့အားကာကွယ်ပေးမည့်သူ မရှိတော့ပေ။
ထိုအချိန်တွင် လင်းချင်းသည် သူမလက်ထဲမှ အမြူတေကို ရှဲ့တုန်းသို့ ပစ်ပေးလိုက်သည်။ ရှဲ့တုန်းက ဖမ်းလိုက်သည့်အချိန်တွင် သူမသည် နေရာလွတ်စွမ်းအားရှင်၏ လည်ပင်းကို ညှစ်နေပြီ ဖြစ်သည်။
“အ. . .အ. . .အင်း. . .” လည်ပင်းညှစ်ခံထားရသည့်အခါ အသက်ရှုရကြပ်လာတော့သည်။ သူ့ကို မျက်ဝန်းနက်များက စိုက်ကြည့်နေသည့်အခါ သူသည် ကြောက်လွန်း၍ တုန်ရီလာကာ ရုန်းဖို့တောင် မေ့သွားတော့သည်။ သူ့မျက်နှာတစ်ခုလုံးသည် အသက်ရှုရခက်နေသဖြင့် ရဲရဲနီလာကာ မျက်လုံးများတွင် ခြောက်ခြားမှုက အထင်းသားဖြစ်သည်။
လင်းချင်းသည် သူ့မျက်လုံးများကိုကြည့်ရင်း သူ့အတွေးကို ဖတ်လို့ရသည်။
‘ငါ. . .ငါ. . .ငါသေတော့မယ်. . .ဒီဇွန်ဘီက ငါ့ကိုစားတော့မှာပဲ. . .ငါ့မျက်နှာကို ကိုက်တော့မယ်. . .ငါ့ဗိုက်တွေကိုဖွင့်ပြီးတော့. . .ငါ့အသည်းနှလုံးတွေကို ဖောက်စားတော့မှာ. . .ဒါကအရမ်းကြောက်ဖို့ကောင်းတယ်. . .ကြောက်စရာကြီး. . .’
လင်းချင်းသည် ဒီလူ၏စိတ်ကိုဖတ်လိုက်သည့်အခါ ရယ်ချင်သွားသည်။ သူမက သူ့ကိုဘာမှလုပ်ရန် မရည်ရွယ်သော်လည်း သူကဒီလိုကြောက်ဖို့ကောင်းတာတွေကို သူ့ဟာသူတွေးပြီ ဖြစ်သည်။ သူကြောက်လို့သေသွားမှာတော့ မဟုတ်ဘူးမလား?
ထို့ကြောင့် သူမသည် စာရွက်ပိုင်းတစ်ခုဖြင့် စာရေးပြလိုက်သည်။
‘နေရာလွတ်’
ထို့နောက် သူ့အားဖတ်ရရန် မျက်လုံးအရှေ့သို့ ပြလိုက်သည်။ သူမသည် သူ့နေမြေထဲက အရာအားလုံး ထုတ်ပေးလျှင် သူ့ကိုလွှတ်ပေးမှာ ဖြစ်သည်။
သို့သော်လည်း ဒီလူက နေရာလွတ်ဟူသည့် စကားကိုမြင်သည်နှင့် လင်းချင်းမှာ သူ့နယ်မြေထဲက အရာများကို ဖွင့်ကြည့်စရာမလိုဘဲ မြင်လိုက်ရသည်။ မမျှော်လင့်ဘဲ အမြူတေအတွင်းမှာရှိသည်တိုင်းကို မြင်နေရခြင်းပင်။
‘အာ. . .ဟင်? ဘာတွေဖြစ်နေတာလဲ?’
လင်းချင်းသည် ဘာဖြစ်လို့ ဒီနေဖြစ်နေမှန်းကို မသိတော့ပေ။
‘ဘယ်လိုလုပ်ပြီးတော့ သူများနယ်မြေထဲကို မြင်နေရတာလဲ? နယ်မြေပိုင်ရှင်ကပဲ အထဲကိုဝင်ခွင့်ပြုမှ ရမှာမဟုတ်ဘူးလား?’
သူမသည် မျက်လုံးမှိတ်လိုက်သည့်အခါ ဒီလူ၏နယ်မြေထဲကို ပိုရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သို့သော် သူမပြန်လုံးပြန်ဖွင့်လိုက်သည်နှင့် နယ်မြေအပေါက်သည် ပြန်ပိတ်သွားသည်။ ထို့နောက် နေရာလွတ်စွမ်းအားရှင်၏ မျက်နှာကိုကြည့်လိုက်သည့်အခါ မေ့နေသဖြင့် မျက်ဖြူတောင် လန်နေပြီဖြစ်သည်။ ဒါကြောင့် လင်းချင်းသည် ဆွံအသွားသည်။
‘ငါတမင်လုပ်တာ မဟုတ်ပါဘူးဟယ်’
ထို့နောက် သူမသည် လက်ကိုလွှတ်ပေးလိုက်ကာ မြေပြင်ပေါ်သို့ သာသာလေး ချပေးလိုက်သည်။ ထိုအချိန်တွင် သူမခံစားခဲ့ရသည့် ဒီလူ၏နယ်မြေသည် ပိတ်သွားပြီ။ လင်းချင်းသည် ရှဲ့တုန်းအား နားမလည်စွာဖြင့် လှည့်ကြည့်လိုက်သည့်အခါ ရှဲ့တုန်းမှာလည်း သူမကို ဒီလိုကြည့်နေသည်။
ရှဲ့တုန်းမှာ ပိုပြီးတောင် သူမအား နားမလည်နိုင်ပေ။
‘ဘာဖြစ်လို့ လင်းချင်းက အခန်းထဲပြေးလာပြီး ဟွမ်ရှောင်းကို သတ်တာလဲ? သူ့ဟာသူ လက်စားချေလို့ သူမပြောထားတယ်မလား? ပြီးတော့လည်း ဘာဖြစ်လို့ ဒီနေရာလွတ်စွမ်းအားရှင်ကို သူမနယ်မြေထဲကို ခေါ်လာပြန်တာလဲ? ဒီလူက ဘာလုပ်မိလို့လဲ? သူ့ကြောင့်အခုကြောက်လွန်းလို့ ဒီလူကသေတော့မယ်’
ဒီလိုအပြောင်းအလဲများကို သူ့အားကြိုပြောမထားသဖြင့် သူ့မှာပိုပြီးတော့ စိတ်ရှုပ်နေရပြီ။
သူ့မျက်လုံးထဲကိုကြည့်ပြီးနောက် သူ့အတွေးများကို သိသွားသည့်အခါ လင်းချင်းသည် စာရွက်ပိုင်းတစ်ခုတွင် စာရေးပြသည်။
‘အဆင့်ငါးဇွန်ဘီက အပြင်မှာရောက်လာလို့’
ဒီစာကြောင်းသည် သူမ၏လုပ်ရပ်အားလုံးကို ဖြေရှင်းပေးလိုက်သည်။
နယ်မြေအပြင်ဘက်တွင် လင်းချင်းက သူတို့နှစ်ယောက်ကို ဆွဲသွင်းလိုက်ပြီးသည်နှင့် ကြမ်းတမ်းသည့်သားရဲတစ်ကောင်လို သဏ္ဍာန်တစ်ခုသည် လျင်မြန်စွာ ပေါ်ပေါက်လာသည်။