၁၇၅။ နွယ်လေးလို့ခေါ်
လင်းချင်းသည် လက်မြှောက်လိုက်သည့်အခါ သူမထင်သလိုပင် နွယ်ပင်သည် သူမရှိရာ ကမ်းစပ်နားသို့ ရောက်လာသည်။ ထိုအခါ လင်းချင်းသည် ထိုင်ချလိုက်ကာ နွယ်ပင်ကို ကိုင်လိုက်သည်။ နွယ်ပင်သည်လည်း သူမလိုချင်သည်ကို သိသည့်အလား သူမ၏လက်ကို ရစ်ပတ်ထားသည်။
‘မေမေ’
‘ဟမ်? ဘယ်သူကလဲ?’
‘မေမေ’
‘ချီး! ဘယ်သူ့ကို အမေလာခေါ်နေတာလဲ? ဒီထူးဆန်းတဲ့နွယ်ကောင်ကတော့ ငါ့ကိုမေမေလို့ ခေါ်မနေနဲ့!’
လင်းချင်းသည် စိတ်ထဲတွင်အော်လိုက်သည်။ သူမ၏လက်ကို ရစ်ပတ်လာသည်နှင့် အမေခေါ်နေသည့် ဒီနွယ်ပင်ကို လင်းချင်းသည် စိုက်မကြည့်ဘဲ မနေနိုင်ပေ။
‘ဝါး! မေမေပါ! မေမေပဲ!’ ထို့နောက် လင်းချင်း၏ ခေါင်းထဲသို့ ငိုနေသည့်အတွေးသံက ရောက်လာပြန်သည်။ ထိုနွယ်သည် လင်းချင်းအား အမေဟု ယုံကြည်နေသဖြင့် လင်းချင်းသည်လည်း ထိုနွယ်ပင်နှင့်အတူ ရောငိုချင်စိတ်ပေါက်လာသည်။ ‘ငါးနှစ်လောက် ဘာမှန်းမသိတော့ဘဲ ဇွန်ဘီဖြစ်နေတာက ထားဦး။ နွယ်ကိုမွေးလိုက်တာကြီးကတော့ မဖြစ်နိုင်ပါဘူး!!!’
‘မွေးတာမဟုတ်ဘူး။ စိုက်ပေးတာ!’ လင်းချင်း၏အတွေးများကို ကြားပုံရသည့် နွယ်ပင်သည် သူမ၏ခေါင်းထဲသို့ ထပ်ပို့လာသည်။
လင်းချင်းသည် ရယ်ရအခက် ငိုရအခက်ဖြစ်သွားသည်။ ထို့ကြောင့် ကူကယ်ရာမဲ့စွာဖြင့် တွေးမိသွားသည်။
‘နင့်ကိုဘယ်သူက ဒီနယ်မြေထဲမှာ စိုက်လို့လဲ? ငါကတော့ မစိုက်မိပါဘူး’
‘ဝါး! မေမေကလည်း! မေမေပါဆို!’ ထိုနွယ်ပင်သည် စိတ်နုနယ်လွန်းသည့် ကလေးတစ်ယောက်လို လင်းချင်းက အသိအမှတ်မပြုမည်ကို စိုးရိမ်နေသည့်အလား ငိုသံကြီးဖြင့် တစ်ချိန်လုံးပြောနေသည်။ ‘မေမေ! မေမေပါ! မေမေပါပဲ! မေမေပါပဲလို့! မေမေ! မေမေ! မေမေ!’
လင်းချင်းသည်လည်း ငိုချင်လာသော်လည်း မျက်ရည်များက ထွက်မလာပေ။
‘မေမေ’ဟု တစ်ချိန်လုံးတကာ ငိုနေခြင်းကြောင့် မကြာခင်တွင် လင်းချင်းသည် အရှုံးပေးလိုက်သည်။ သူမသည် မျက်လုံးများမှိတ်လိုက်ပြီး နွယ်ပင်အား ‘ဟုတ်ပြီ! ဟုတ်ပြီ! ငါသိပြီ! ငါကနင့်အမေပဲ! မအော်နဲ့! တိတ်တော့!’ သူမသည် ကလေးများနှင့် ပတ်သက်လာလျှင် အမြဲတမ်းကူကယ်ရာမဲ့နေတက်သည်။ ဒီနွယ်ပင်သည်လည်း ခေါင်းမာတက်သည့် ကလေးဆိုးလေးလို ဖြစ်နေပြန်သည်။
အခုတော့ သူမတွင် တခြားပြောစရာရှိနေသောကြောင့် ‘မေမေ’ဆိုသည့် ကိစ္စကိုခနထားလိုက်တော့မည်။ အချိန်ရသည့်နောက်ပိုင်းမှ သူမသေချာမေးတော့မည်။ ကံကောင်းသည်က ဒီနွယ်သည် ပြောစကားကို နားထောင်သည်။ လင်းချင်းက တိတ်ခိုင်းလိုက်သည်နှင့် ငိုသံကချက်ချင်းတိတ်သွားသည်။ သို့သော် သူမ၏လက်ကိုတော့ ဆော့ကစားနေသလို ရစ်ပတ်နေသေးသည်။
လင်းချင်းသည် အရွက်မဲ့နေသည့်နွယ်ပင်ကိုကြည့်ကာ သူမ၏ဇွန်ဘီသူငယ်ချင်းများကို ကုသပေးဖို့အတွက် ဘယ်လိုပြောကြည့်ရင် ကောင်းမလဲ တွေးကြည့်လိုက်သည်။ ထိုအချိန်တွင် သူမသည် နွယ်ပင်၏အမည်ကို အရင်မေးချင်သွားသည်။ အသိဉာဏ်ရှိနေမှတော့ နာမည်တစ်ခုတော့ ရှိသင့်သည်။ ‘နာမည်ရှိလား?’
ထိုမေးခွန်းကိုကြားသည့်အခါ နွယ်သည်နှစ်စက္ကန့်လောက်ငြိမ်သွားပြီးနောက် သူမအား ထိနေရင်းဖြင့် ‘မေမေ နွယ်လေးလို့ခေါ်’
‘နွယ်လေး? နွယ်ပင်? ဒါဆိုရင် နင့်မှာနာမည်ရှိတယ်ပေါ့။ ဒါပင်မယ့် အိမ်နာမည်ကြီးကျလို့’
‘သေချာပေါက်ရှိတာပေါ့!’ လင်းချင်းက အံ့သြသွားသည်ကိုသိသည်နှင့် နွယ်လေးသည် စိတ်ကောက်ချင်သလို ဖြစ်သွားသည်။ လင်းချင်းသည် ထိုနွယ်အား နောက်လက်တစ်ဖက်ဖြင့် ထိကြည့်လိုက်သည်။ ထိုနွယ်သည် နူးညံ့နေကာ သူမထင်သလို ချောချောကြီး မဟုတ်ပေ။
အခုက အတည်ပြောချိန်ရောက်သောကြောင့် သူမသည် နွယ်လေးအား ထိပေးနေရင်းဖြင့် ‘ဇွန်ဘီသူငယ်ချင်းတွေကိုရော နင်ကုပေးနိုင်လား? ငါ့ကိုလုပ်သလိုမျိုးလေ? သူတို့မျက်နှာတွေကို ပြန်ပြင်ပြီးတော့ စကားပြောအောင်လုပ်ရလား?’
ထိုအခါ နွယ်လေးသည် ချက်ချင်းတုန့်ပြန်သည်။ ‘ရတယ်! ရတယ်! ရတယ်! နွယ်လေးကလေ မေမေလုပ်စေချင်သမျှ အကုန်လုံးကို လုပ်ပေးနိုင်တယ်! ဒါပင်မယ့် နွယ်သေးသေးလေးက အစွမ်းသိပ်မရှိဘူး။ ဒါကြောင့် မေမေက စွမ်းအားတွေ အများကြီးကူရှာပေးနော်’
နွယ်လေးက ကူညီဖို့ သဘောတူသည်နှင့် လင်းချင်းက ပျော်သွားသည်။ ကူညီချင်စိတ် ရှိမည်လို့တောင် သူမက မထင်ထားတာဖြစ်သည်။ နွယ်လေးပြောသည့် စွမ်းအားဆိုသည်မှာ ဇွန်ဘီ၊လူနှင့် သန္ဓေပြောင်းအပင်များမှ အမြူတေကို ဆိုလိုမှန်း လင်းချင်းသိသည်။ ထို့ကြောင့် သူမသည် ခေါင်းငြိမ့်ပြကာ ‘ဟုတ်ပြီ! ငါနင့်ကိုဇွန်ဘီနဲ့ တခြားသတ္တဝါအမြူတေတွေ ထောက်ပံ့ပေးမယ်’
ထိုအခါ နွယ်လေးသည် မြွေတစ်ကောင်လို တွန့်ကွေးလာကာ ‘ဟို. . . အမျိုးအစားတူတာမျိုးလေး ရှာပေးမယ်ဆိုရင် ပိုကောင်းမှာ’
လင်းချင်းသည် သိပ်နားမလည်လိုက်သောကြောင့် ထပ်မေးသည်။ ‘အမျိုးအစားတူတာ? အပင်လား? ဒါမှမဟုတ် နွယ်မှလား?’
နွယ်လေးက ပြန်ဖြေသည်။ ‘ဟင်? အပင်ဆိုတာက ဘာကြီးလဲ? အရင်တစ်ခါက အဆင့်မြင့်ဖို့ ပေးတာမျိုးလေး လိုချင်တာ’
နွယ်လေးက ‘အဆင့်မြင့်ကြောင်း’ ပြောသည့်အခါမှ လင်းချင်းသည် အပြင်က နွယ်ပင်၏သစ်စေ့ကို သတိရတော့သည်။ ထိုနွယ်က ဘာအဆင့်ရောက်နေသလဲ မသိသော်လည်း သူမ၏နယ်မြေကိုတော့ ပိုကြီးမားအောင် လုပ်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် မေးလိုက်သည်။ ‘နင့်ဘယ်နေရာက အဆင့်မြင့်တာ?’
လင်းချင်း၏နားမလည်မှုကြောင့် နွယ်လေးသည် သူမ၏နွယ်များကို ယိမ်းနွဲ့ကာ ‘အင်း. . .အဆင့်မြင့်တာက အဆင့်မြင့်သွားတာလေ! နွယ်သေးသေးလေးရဲ့ အမြူတေက ပိုကြီးလာတာ’
လင်းချင်းသည် နွယ်လေးကို တအံ့တသြကြည့်ကာ ‘နင့်မှာအမြူတေရှိတာက ပုံမှန်ပဲဆိုတာ ထားပါတော့။ ဒါပင်မယ့် ဘယ်လိုအဆင့်မြင့်သွားမလဲကိုတော့ ငါမသိဘူး’
‘ကြီးလာရင် ပြောင်းသွားမှာ! ပြီးတော့ ရွေ့လို့လည်းရပြီ!!!’ နွယ်လေးက သူမအား ပြောပြလာသဖြင့် လင်းချင်းသည် အံ့သြကြီးစွာဖြင့် ကြည့်လိုက်သည်။ နွယ်လေးသည်လည်း သူရွေ့ရတော့မည်ကို တွေးကြည့်နေပုံရကာ တလှုပ်လှုပ်တယမ်းယမ်းဖြစ်နေသည်။
နွယ်လေးက သဘောတူပြီးသည့်အခါ လင်းချင်းသည် အပြင်ထွက်ဖို့ ခေါင်းငြိမ့်ပြလိုက်ပြီး ‘ဟုတ်ပါပြီ။ ကန်ထဲကို ပြန်သွားတော့။ ငါ့မှာလုပ်စရာတွေ ရှိသေးတယ်။ နင်ရွေ့နိုင်ရင် အပြင်မှာ ဆော့ဖို့အတွက် ခေါ်သွားပေးမယ် ဟုတ်ပြီလား’ သူမသည် ဒီလိုပြောပြီးထလိုက်သည်။
သူမထလိုက်သည်နှင့် နွယ်ပင်သည်လည်း လက်ကနေလျှောဆင်းသွားကာ ကန်ထဲသို့ မပြန်ချင်သည့်ပုံဖြင့် ပြန်ဆင်းသွားတော့သည်။
သူမသည် လှည့်လိုက်သည့်အခါ မြက်ခင်းပြင်ပေါ်က လိပ်များကို တွေ့လိုက်ရသည်။ ‘အာ ဒီအစာတွေကို သိမ်းထားဖို့ ငါနည်းရှာဖို့ လိုသေးတာပဲ။ ရေထဲလည်း ထားမရ။ နယ်မြေထဲကိုလည်း ပျက်စီးအောင် လွှတ်ပေးထားလို့မရနဲ့။ လှောင်ချိုင်ထဲ ထည့်ထားမှလားမသိ?’
လှောင်ချိုင့်ဆိုမှ သူမသည် လုံချင်းယင်ကို သတိရသွားသည်။ သူမတွင် သတ္တုအစွမ်းရှိသောကြောင့် ဒီလိပ်တွေအတွက် သံလှောင်ချိုင့်ကြီး လုပ်ပေးနိုင်မလားတွေးမိသွားသည်။ ဒီအကြံဖြင့် လင်းချင်းသည် နယ်မြေထဲကနေ ထွက်လာခဲ့သည်။
သူမထွက်လာသည့်အခါ အခန်းထဲတွင် ကျွင်းကျွင်းနှင့် ရှဲ့တုန်းတို့က ထိုင်နေကြသည်။ ကျွင်းကျွင်းသည် အိပ်ပျော်နေသည့် တုံတုံကို ပွေ့ထားကာ ကုတင်ပေါ်ထိုင်နေခြင်း ဖြစ်သည်။ ရှဲ့တုန်းကတော့ ပြတင်းပေါက်နားက ဆိုဖာပေါ်တွင်ထိုင်ကာ ပြတင်းပေါက်ကိုငေးကြည့်နေသည်။ သို့သော်လည်း ကျွင်းကျွင်းကတော့ သတိအပြည့်ဖြင့် တချိန်လုံး ရှဲ့တုန်းကို ကြည့်နေသည်။
လင်းချင်းပေါ်လာသည့်အခါ နှစ်ယောက်လုံးလှည့်ကြည့်သည်။ ရှဲ့တုန်းက မျှော်လင့်ချက်ကြီးဖြင့် ကြည့်လာကာ ကျွင်းကျွင်းကတော့ သတိကိုလျှော့နိုင်၍ သက်ပြင်းချကြည့်သည်။
လင်းချင်းသည် ကျွင်းကျွင်းက ရှဲ့တုန်းကို မကြိုက်ကြောင်းသိလိုက်၍ ရှဲ့တုန်းကို ကြည့်လိုက်သည်။ ရှဲ့တုန်းသည် အရင်လို အဝတ်စုတ်ဖြင့် ဒဏ်ရာများရှိနေသောကြောင့် ရွံ့ဖို့ကောင်းနေသည်။ သို့သော်လည်း သူ့အရှိန်အဝါသည် ဇွန်ဘီဖြစ်စကနှင့် မတူတော့ကြောင်းကို လင်းချင်းသည် အခုမှသိလိုက်သဖြင့် ထူးဆန်းသလိုဖြစ်သွားသည်။ ထို့ကြောင့် အမှုအယာကင်းမဲ့စွာဖြင့် “လူစားလား?”