May Honey Logo May Honey
Previous Next

၁၄၆။ ပြေးလိုက်ရခြင်း

လင်းဝမ်ဝမ်သည် ခေါင်းငြိမ့်ကာ   “အာ အကိုကြီးတို့က စစ်သားဖြစ်ခဲ့ဖူးတယ်! ဒီလက်အမူအယာတွေက စစ်သားတွေပဲ သုံးတာတွေလား?”

လင်းဖန်သည် ခေါင်းငြိမ့်ကာ လမ်းလျှောက်ရင်း ပြောသည်။   “ဒါကြောင့် သူ့ကို အထူးတပ်သားဟောင်း ဖြစ်ခဲ့လောက်တယ်လို့ ငါပြောတာ”

“ဒါပင်မယ့် ဘာဖြစ်လို့ ကပ္ပတိန်ကြီးကိုမှ လုပ်ပြတာလဲ?”   တူယွမ်ရှင်းက မေးသည်။   “နားလည်မယ်ဆိုတာ သိလို့လား? ဒါဆိုရင် သူစာရေးနေစရာ မလိုတော့ဘူး။ ပြောစရာရှိရင် လက်အမူအယာပြလို့ ဖြစ်တာပဲ”

“ငါနားလည်မယ်ဆိုတာကို သူဘယ်လိုသိလဲ ငါလည်းတွေးနေတာ”   လင်းဖန်က ပြောသည်။

တူယွမ်ရှင်းက ခနတွေးကာ   “ကပ္ပတိန်ကြီးရဲ့ လက်အောက်ငယ်သားလို့ သူပြောတာ မထူးဆန်းတော့ပါဘူး။ ကပ္ပတိန်ကြီးကို သူသိပုံရတယ်။ ဒါကြောင့် ဒီလိုလုပ်ပြသွားတာ”

လင်းဖန်သည် ခနတွေးပြီးနောက် ခေါင်းငြိမ့်လိုက်သည်။ တူယွမ်ရှင်း၏ စကားများသည် ဖြစ်နိုင်သည်။

ထို့နောက် တူယွမ်ရှင်းက ထပ်မေးပြန်သည်။   “ဒါပင်မယ့် ဘာဖြစ်လို့ သူထွက်သွားတာလဲ? ဘာသွားလုပ်တာလဲ? တစ်ခုခု အရေးကြီးတာ တွေ့သွားလို့လား?”

လင်းဖန်လည်း ခေါင်းငြိမ့်ကာ   “ဒီလိုပဲထင်တယ်။ သူကဇွန်ဘီဆိုတော့ ငါတို့ထက် အာရုံခံနိုင်စွမ်းက ဆယ်စကျော်ကောင်းတယ်။ ဒီနေရာက မဟုတ်တာတစ်ခုခုကို ​တွေ့သွားလို့ ခနထွက်သွားတာ ထင်တယ်”

“အလျင်စလို သွားတာဆိုတော့ ဘာများဖြစ်လို့ပါလိမ့်?”   တူယွမ်ရှင်းသည် လင်းချင်းသွားရာဘက်ကိုကြည့်ကာ ပြောသည်။

. . .

အဆောက်အအုံပေါ်ရောက်သည်နှင့် လင်းချင်းသည် တစ်ဖက်သို့ ရှောင်လိုက်သည်။ ထို့နောက် သူမသည် ကိုယ်ဖျောက်လိုက်သည်။ ကိုယ်ဖျောက်လိုက်သည့်အခါ လူရော ဇွန်ဘီရော သူမကို မတွေ့နိုင်ပေ။ ကိုယ်ပျောက်ခြင်းသည် တိုက်ခိုက်မှုများကို မလုပ်နိုင်သော်လည်း စိတ်ကြိုက် လှုပ်ရှားနိုင်သည်။

အဆောက်အဦးများပေါ်မှ သူမသည် ခုန်သွားသည်။ အဆောက်အဦးများသည် သိပ်မမြင့်ပေ။ အများစုက ၆ထပ် ၇ထပ်သာဖြစ်ပြီးတော့ အချို့သည် ၃ထပ် ၄ထပ် စက်ရုံလို အဆောက်အဦးများပင်။ လူနေအဆောက်အဦးများထက် ပိုမြင့်သည်ဆို၍ ဆယ်ထပ်အဆောက်အဦးတစ်ခုသာ ရှိသည်။

သို့သော်လည်း ထိုအရာက လင်းချင်းကို မနှေးစေပေ။ မိနစ်၂၀လောက် ကြာသည့်အခါ သူမသည် အဆောက်အဦးအကုန်ဖြတ်သန်းကာ ပန်းခြံကြီးထဲသို့ ရောက်သည်။ ထိုပန်းခြံသည် ဟိုတယ်နှင့် ၁၀မိုင်လောက်ဝေးသည်။ အခုတော့ သူမသည် ထိုပန်းခြံမှ ထူးခြားသည့်တစ်ခုက သူမကို ဆွဲဆောင်နိုင်လိုက်သောကြောင့် ရောက်လာတာ ဖြစ်သည်။   ‘စားရတာ ရှိတယ်!’

ပန်းခြံသို့ ရောက်သည့်အခါ အပင်များသည် ရှင်သန်ကြီးထွားနေသည်ကို တွေ့ရသည်။ အပင်များသည် အရမ်းကြီးမားကာ မီတာ၃၀နှင့်၄၀လောက်ကို မြင့်နေပြီး အချို့ဆိုလျှင် မီတာ၅၀နှင့်၆၀လောက်တောင် ရှိသည်။

လင်းချင်းသည် ပန်းခြံအဝကို တွေ့လိုက်သည်။ ထိုပန်းခြံ၏နာမည်ဖြစ်ပုံရသည့် ဆိုင်းပုတ်ကို မီးလိုအနီရောင်ဖြစ်နေသည့် နွယ်ပင်များက ရစ်ပတ်ထားသဖြင့် နာမည်ကို ဖတ်မရတော့ပေ။ လင်းချင်း၏ မျက်လုံးထဲတွင်တော့ ထိုနွယ်များသည် မီးခိုရောင်ရင့်ရင့်ဖြစ်ကာ အခြားအရာများကတော့ မီးခိုရောင် ဖျော့ဖျော့ဖြစ်သည်။ သူမသည် ပန်းခြံကို တစ်ချက်ကြည့်ကာ အနံ့ခံပြီးနောက်မှ ကိုယ်ပြန်ဖော်ကာ ဝင်လိုက်သည်။

ဝင်ပေါက်နောက်တွင်တော့ ထူးဆန်းသည့် သန္ဓေပြောင်းအပင်မျိုးစုံရှိနေသည်။ လင်းချင်းသည် လမ်းလေးအတိုင်း ဝင်သွားသည်။ သူမသည် ငုံ့သွားရတာမျိုးလည်းရှိသည်။ မငုံ့ပါက အပင်အကိုင်းများ နွယ်ပင်များဖြင့် မျက်နှာက မိတ်ဆက်လိမ့်မည်။

သူမသည် သွားနေရင်းဖြင့် လမ်းကလုံးဝပိတ်သွားသည်ကို တွေ့လိုက်ရသည်။ သူမသည် လက်သည်းများကိုထုတ်က နွယ်နှင့်အကိုင်းအခက်များကို ခုတ်ရင်းသွားရသည်။ ဆယ်မီလောက်ကြာသည့်အခါ သူမသည် ထိုခြုံတောထဲမှ မြက်ခင်းသို့ ရောက်လာသည်။

မြက်ခင်းတွင် အလွန်ကြီးထားနေသည့် ပေါင်းပင်တို့ဖြင့် ရှုပ်နေသည်။ တကယ်တော့ ထိုအထဲတွင် ပိုးကောင်များစွာရှိသော်လည်း လင်းချင်းအတွက် ဘာမှမဖြစ်ပေ။ သူမသည် ခြုံတောကို ဖြတ်ပြီးနောက် ပိုးကောင်းများကို အာရုံရဿည်။ ဘာကြောင့်မှန်းမသိ ထိုပိုးကောင်များသည် သူမ၏ကိုယ်ပေါ်သို့ မလာကြပေ။ ပင့်ကူတစ်ကောင်သာ သူမ၏ပုခုံးပေါ်သို့ မတော်တဆပြုတ်ကျလာသော်လည်း သူမက ဖယ်ထုတ်လိုက်သည်။

‘ပိုးကောင်တွေက ဇွန်ဘီကို ကြောက်နေတာလား?’   သူမတွေးနေမိသည်။ ထို့နောက် ပိုးကောင်တွေကို ဂရုမစိုက်တော့ဘဲ မြက်ခင်းထဲသို့ သွားလိုက်သည်။ သူမသည် ခြုံတောကနေ မြက်ခင်းတစ်ဖက်ကို လှမ်းကြည့်လိုက်သည်။ ဒီနေရာတွင် ကန်တစ်ခုရှိကာ ကန်ရေသည် အစိမ်းပုပ်ရောင် ဖြစ်သည်။ လင်းချင်းသည် ထိုကန်ထဲတွင် ဇွန်ဘီပိုးကို မြင်နေရသည်။

အချို့သတ္တဝါအချို့သည် ကန်ထဲတွင် နေကြသည်။ လင်းချင်းလည်း ဒါတွေက ဘယ်လိုအကောင်တွေလည်း မပြောတက်ပေ။ သန္ဓေပြောင်း ရေသတ္တဝါများပဲ ဖြစ်နိုင်သည်။ သူမသည် အနံ့ခံကြည့်သည့်အခါ ကန်ထဲမှ ငါးညှီနံပြင်းပြင်းကို အာရုံခံမိသည်။ တစ်ချိန်တည်းတွင် ထိုစား၍ရသည့်အရာက လှုပ်ရှားနေသည်။   ‘ငါးလား? သန္ဓေပြောင်းငါး?’

သူမသည် ကန်ဆီသို့ လျှောက်သွားသည်။ လမ်းတွင် သူမရပ်လိုက်ရကာ ကိုယ်ပြန်ဖျောက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် အနားက မြက်ခင်းနားတွင် ငါးအရိုးများစွာကို သူမတွေ့လိုက်ရသောကြောင့် ဖြစ်သည်။ စားခံထားရသည့် ငါးရိုးများမှာ အသားအကျွင်းအကျန်များသည် ပုပ်နေသလို ငါးခေါင်းများလည်း ကျန်နေလေရာ ပုပ်အဲ့အဲ့အနံ့ကြီးက ထွက်နေသည်။

ငါးအလောင်းအချို့နှင့် ငါးခေါင်းအချို့သည် နေကြောင့် ခြောက်နေပြီ ဖြစ်သည်။ ထိုမြေသည် ရှုပ်နေကာ မြက်ခင်းများကလည်း တစ်ခုခုက တွားတွားသွားထားသဖြင့် ဖိခံထားရပုံပေါ်သည်။

လင်းချင်းက ဘာမှန်းမသိရသေးခင် အမူအယာပြောင်းသွားကာ ကန်ထဲကို လှမ်းကြည့်လိုက်သည်။ တစ်စုံတစ်ရာသည် ကန်ထဲကနေ တက်လာသည်။

ရေထဲက ထိုသတ္တဝါတက်လာသည့်အခါ လင်းချင်းသည် ဆွံ့အသွားသည်။ ပုံမှန်မဟုတ်သည့် ခြေလေးဖက်အပြင် ကျန်သည့်အရာများက ငါးလိုပင်။ ငါးကြင်းနှင့်တူသည်။ ပုံမှန်ငါးကြင်းများသည် တစ်ပေနှစ်ပေရှိနိုင်သော်လည်း ဒီအကောင်ကတော့ ၇ပေ ၈ပေ ရှိနေသည်။ 

လင်းချင်းသည် ခြေတိုလေးချောင်းက ဘယ်လိုများထွက်လာသလဲ သိချင်သွားသည်။ အဖြေသိဖို့ လင်းချင်းသည် ထိုသန္ဓေပြောင်းငါးကို အရင်ခွဲစိတ်ကြည့်ချင်နေသည်။ သူဒီငါးကို သေချာမမြင်ရသေးခင် ၇ပေ ၈ပေရှိသည့် ဒီငါးလို ငါးကြီးများသည် ရေထဲကတက်လာကာ သူမဆီသို့ အမြန်ပြေးလာသည်။ ဒါက အရမ်းမြန်သည်။

လင်းချင်းသည် ထိုငါးများက သူမခြေထောက်ကို ခုန်အုပ်မည်ကို စိုးရိမ်၍ အမြန်ဘေးသို့ ခုန်ရှောင်လိုက်ရသည်။ သို့သော်လည်း ငါးများသည် ကိုယ်ဖျောက်ထားသည့် သူမ၏ခြေထောက်ကို မထိပေ။ ထိုငါးဆီမှ ငါးညှီနံ့ကြီးက ထွက်လာသဖြင့် လင်းချင်းသည် နှာခေါင်းကို ပိတ်ထားလိုက်ရသည်။ အနံ့က အလွန်ဆိုးသည်။

ထိုအချိန်တွင် ကန်ထဲကနေ အခြားအသံများဖြင့် ရေမျက်နှာပြင်သည် လှုပ်လာသည်။ လင်းချင်းကလှည့်ကြည့်လိုက်သည့်အခါ လိပ်အုပ်စုကြီးကို တွေ့လိုက်ရသည်။ သူတို့သည် အမြန်ကူးလာတာဖြစ်သည်။ အခွံများသည် ထူပြီးကြီးသော်လည်း လျှင်မြန်စွာ ကူးခတ်ကာ ငါးအုပ်နောက်သို့ လိုက်လာခြင်း ဖြစ်သည်။ သူတို့သည် ထိုထူးဆန်းသည့် ငါးအုပ်ထက် ပိုတောင်မြန်သေးသည်။

Previous Chapter 146 of 198 Next