May Honey Logo May Honey
Previous Next

၉၄။ အဆောက်အအုံထိပ်တွင် ရင်ဆိုင်ခြင်း

လင်းချင်းသည် နယ်မြေထဲသို့ ဝင်သွားတာဖြစ်သည်။ သို့သော်လည်း ကိုယ်ပျောက်နေသည့် အခြေအနေဖြင့်ထွက်လာကာ အဆင့်လေးဇွန်ဘီမ၏ အနောက်သို့ပတ်သွားသည်။ ထို့နောက် နယ်မြေထဲသို့ ပြန်ဝင်လိုက်ပြီးနောက် ကိုယ်ပြန်ဖော်ကာ ဇွန်ဘီမ၏လည်ပင်းကို လက်သည်းများဖြင့် ထိုးစိုက်ရန် ပြန်လိုက်သည်။ သို့သော်လည်း ဇွန်ဘီမသည် နယ်မြေထဲက သူမပြန်ထွက်လာသည်နှင့် သူမကို အာရုံခံမိကာ ချက်ချင်းရှောင်လိုက်သည်။ သို့သော်လည်း လင်းချင်း၏လက်သည်းမှ ထွက်သည့် လေဓားများသည် သူမ၏အသားကို ဖြတ်သွားသေးသည်။

ထို့နောက် လင်းချင်းသည် နယ်မြေထဲသို့ တန်းဝင်သွားသည်။ ထိုအချိန်မှာ ဇွန်ဘီမသည် လင်းချင်းအား ပြန်လှည့်ကာ လက်သည်းဖြင့် ခေါင်းကိုဖြတ်ရန် လုပ်လိုက်သော်လည်း လေကိုသာ တိုက်နိုင်လိုက်သည်။ လင်းချင်း၏ လှုပ်ရှားမှုက မြန်လွန်းတာ ဖြစ်သည်။ ဇွန်ဘီမ၏ ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် လေတိုက်လာသည်နှင့် သူမသည်ချက်ချင်း ဒုက္ခရောက်မည်မှန်းသိလိုက်ကာ နယ်မြေထဲသို့ အမြန်ဝင်သွားခြင်းပင်။ ထို့နောက် ကိုယ်ပျောက်အခြေအနေဖြင့် ပြန်ထွက်လာကာ ဇွန်ဘီမ၏ အနားတွင် လုံခြုံစွာ နေလေသည်။

လင်းချင်းသည် ဒီဇွန်ဘီမကို မြန်မည်ဟု မထင်ခဲ့ပေ။ သူမကို အာရုံခံမိသည်နှင့် ချက်ချင်းပြန်တိုက်နိုင်သည်။ ထို့အတူ လေစွမ်းအင်လည်း ရှိနေသေးသည်။ ထို့ကြောင့် ဒီတိုက်ပွဲကို သူမဘယ်လိုတိုက်ရမည်နည်း? သူမသည် လက်သည်းများဖြင့် အနီးကပ်တိုက်ပွဲစွမ်းရည်သာ ရှိသည်ကို နားလည်လိုက်သည်။ ဒါသည် သံသယဝင်စရာ မလိုအောင်ကို အသုံးမဝင်ပေ။ ဇွန်ဘီမ၏ လျင်မြန်မှုကြောင့် သူမ၏လက်သည်းများသည်လည်း အထိနာမည်ဖြစ်ကြောင်း သိလိုက်သည်။ သေနတ်လား? ဇွန်ဘီမ၏ လေအစွမ်းကြောင့် ကျည်ဆန်များသည် လေဖြင့်ပြန်ကန်ထွက်သွားမှာကို သူမစိုးရိမ်သည်။

လက်ရှိသူမတွင် အထိနာစေမည့်လက်နက်မရှိပေ။ ထိုကြောင့် အခြားနည်းကို တွေးဖို့လိုသည်။ အနီးကပ်တိုက်ပွဲသာဆိုလျှင် သူမမှာ အနိုင်ရချေများသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏တိုက်ခိုက်ရေးအရည်အချင်းနှင့် လက်သည်းများသည်လည်း ရန်သူ့လောက် ထက်နေသောကြောင့်ပင်။ သို့သော် ပြဿနာမှာ သူမက ဇွန်ဘီမ၏ အနီးမှ တိုက်၍မရခြင်း ဖြစ်နေသည်။

လေအစွမ်းထည့်ကာ လက်သည်းများဖြင့် သုံးတိုက်လိုက်သော်လည်း လင်းချင်းက ထပ်ပျောက်သွားသည့်အခါ ဇွန်ဘီမသည် ပေါက်ကွဲလာကာ သူမအနားတွင် လေတို့ကပြင်းလာသည်။ သူမ၏အဝတ်စုတ်များသည် လေနှင့်အတူ တလွင့်လွင့်ဖြစ်နေသည်။ သူမ၏အသားအရည်သည် အစိုဓာတ်မရှိတော့သဖြင့် ညိုကာခြောက်သွေ့နေသည်။ ကြွက်သားများသည်လည်း အသားခြောက်အတုံးများလိုပင်။ သူမသည် သာမန်ဇွန်ဘီနှင့်ကို မတူပေ။  
ဇွန်ဘီမသည် အရမ်းသတိကြီးနေသည်။ သူမသည် ရပ်သာနေသော်လည်း မျက်လုံးများက အမြန်လှုပ်ရှားနေကာ လင်းချင်း၏ နောက်လှုပ်ရှားမှုကို စောင့်နေသည်။ လင်းချင်းသည် အနားက ကျောက်တုံးကြီးပေါ်တွင်ရပ်ကာ သူမဘက်ကသာအောင် ဘယ်လိုလုပ်ရမလဲ တွေးနေသည်။ ထိုအချိန်တွင် လင်းချင်းသည် ဇွန်ဘီမ၏ကိုယ်ထဲက ဇွန်ဘီပိုးများနှင့် သဘာဝလွန်စွမ်းအားများကို မြင်နိုင်နေသည်။ ဇွန်ဘီမသည် အစွမ်းထုတ်သုံးသည့်အခါ သူမ၏တစ်ကိုယ်လုံးတွင် တိမ်အသွင်ရှိသည့် အစိမ်းရောင်များပြည့်နေသည်ကို သူမမြင်ရသည်။

လင်းချင်းသည် သူမ၏ခြေထောက်အောက်က ကျောက်တုံးကို ကြည့်ပြီး အကြံရသွားသည်။ ဒီကျောက်တုံးသည် အနားကအိမ်မှ နံရံဖြစ်ခဲ့ပုံရသည်။ လင်းချင်းသည်  ထိုဇွန်ဘီမအနားသို့ ပြေးသွားကာ ရန်လိုမှုအပြည့်ဖြင့် ကပ်အော်လိုက်သည်။

“ဂါး”
သူမပြောသည်မှာ ‘ငါ့ကိုလာတိုက်’

ဇွန်ဘီမသည် လင်းချင်းကို လှည့်ကြည့်လိုက်သည်။ အနီးကပ်တိုက်ပွဲတွင် လင်းချင်းက ထွက်ပြေးရာမှာ ဆရာတစ်ဆူဖြစ်သောကြောင့် အချိန်မရွေးပျောက်သွားနိုင်သဖြင့် နိုင်ချေနည်းသည်ကို သူမသိသည်။ ထို့ကြောင့် လင်းချင်းအား မတိုက်ရဲပေ။

“ဂါူ”   သို့သော်လည်း လင်းချင်းအား ဒေါသတကြီးဖြင့် ပြန်လှည့်အော်သေးသည်။ ထို့နောက် လေသည် ပြင်းထန်လာကာ လမ်းဘေးက သစ်ပင်များတောင် လဲကျသည့်အထိ ဖြစ်လာသည်။ သစ်ပင်ကျိုးများသည် လေထဲတွင်လည်နေပြီးမှ မြေကြီးသို့ ပြန်ကျတာ ဖြစ်သည်။

လင်းချင်းသည် သူမ၏နယ်မြေထဲသို့ ဝင်မပြေးတော့ဘဲ အနားရှိ ဆယ်ထပ်ရှိသည့် အဆောက်အဦးလှေကားဆီသို့ ပြေးလေသည်။ လေသည် အဆောက်အဦးဘက်သို့ ဦးတည်တိုက်လာသည်။ လေပွေလိုမျိုး အဆောက်အဦးကို တိုက်ခိုက်လာသည်။ 

လှေကားပေါ်ပြေးတက်နေစဉ် လင်းချင်းသည် လေမှာ ပြတင်းပေါက်နှင့် တံခါးများမှ ဝင်မလာနိုင်ကြောင်းကို သိလိုက်သည်။ သို့သော်လည်း အပြင်ဘက်မှ ဆူညံသံများကို ကြားနေရသည်။ သူမသည် အပြင်ကိုကြည့်လိုက်သည့်အခါ သဲနှင့်ကျောက်တုံးအချို့လို အနည်းငယ်ပေါ့သည့် ပစ္စည်းများက အဆောက်အဦးပတ်လည်တွင် မျောပါနေကြောင်း သူမမြင်လိုက်ရသည်။

လေသည်ပြင်းသထက်ပြင်းလာကာ လေပွေသည်လည်း မြန်သထက်မြန်လာသည်။ ဇွန်ဘီမသည် အဆောက်အဦးတစ်ခုလုံးကို သူမ၏လေဖြင့်ရစ်ပတ်ထားကာ ဖြိုချဖို့လုပ်နေတာဖြစ်သည်။ ပြိုကျသွားလျှင် လင်းချင်းလည်းသေမည်ဟု ယုံကြည်နေပုံရသည်။

သို့သော်လည်း ဒါကိုစိတ်မပူသည့် လင်းချင်းသည် ဆက်ပြေးတက်နေဆဲပင်။ အဆောက်အဦးတွင် ဆယ်ထပ်ရှိရာ လင်းချင်းသည်လည်း အမြန်ပြေးနေသဖြင့် ခနအတွင်းမှာ သူမသည် အဆောက်အဦးထိပ်သို့ ရောက်သွားလေသည်။

သူမအပေါ်သို့ ရောက်သည်နှင့် လေမုန်တိုင်းက အဆောက်အဦး၏အချို့နေရာများသည် လေဖြင့်ပါသွားသည်ကို သူမမြင်လိုက်ရသည်။ လင်းချင်းသည် ဒီဇွန်ဘီမက ဒီလိုမုန်တိုင်းမျိုးကို ဖန်တီးနိုင်မည်ဟု မထင်ပေ။ သူမသည် လှေကားနားတွင်ရပ်နေရင်း ပြင်းထန်သည့် လေမုန်တိုင်းကို ကြည့်နေသည်။ ရုတ်တရက် လေထဲတွင် သဏ္ဍာန်တစ်ခုသည် မျောပါလာကာ သူမကိုစိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ ဇွန်ဘီမသည် လေပွေလေးတစ်ခုပေါ်တွင် ရပ်နေကာ ပျံသန်းလာခြင်း ဖြစ်သည်။

လင်းချင်းသည် ဇွန်ဘီမကို မြင်လိုက်သည်နှင့် တွေးမိသွားသည်မှာ
‘ဝိုး အတော်မိုက်တာပဲ ငါ့ကိုလာကြည့်ဖို့ လေပွေပေါ်တက်ပြီး ပျံလာတယ်လား?’

လင်းချင်းသည် လေမုန်တိုင်းကြောင့် ဇွန်ဘီမကို တိုက်ခိုက်လို့မရပေ။ သူမသည် အဆောက်အဦးအပြင်ဘက်ကအရာများ တစ်ခုပြီးတစ်ခုလွင့်ပျံသွားသည့်အချိန်မှာ ရန်သူအား မျက်လုံးချင်းဆုံကာ တည်ငြိမ်စွာ ကြည့်နေသည်။  
  
လင်းချင်း၏အကြည့်ကြောင့် ဇွန်ဘီမသည် ပိုစိတ်တိုလာသည်။ လင်းချင်းက သူမ၏နယ်မြေကို လုဖို့ သို့မဟုတ် သူမ၏အမြူတေကိုလိုချင်၍ ရောက်လာကာ သူမကိုတိုက်ခိုက်နေခြင်းကို သိသည်။ ထို့အတူ လင်းချင်း၏ တည်ငြိမ်နေခြင်းက သူမကို  ပိုအာရုံနောက်စေသည်။ ထို့ကြောင့် လင်းချင်းအား စူးရှစွာစိုက်ကြည့်ရင်း သူမ၏ညစ်ပတ်ကာ တောက်ပနေသည့် အစွယ်များကို ဖြဲပြကာ အော်လေသည်။

လင်းချင်းက သူမ၏ခြိမ်းခြောက်မှုကို ဘယ်လိုမှမနေကာ တည်ငြိမ်စွာ ဆက်ကြည့်နေသည်။ ထို့အတူ ချေမိုးနေသည့် အပြုံးဖြင့်တောင် ကြည့်နေသေးသည်။ သူမ၏အပြုံးအဓိပ္ပါယ်မှာ   ‘နင်က ဘာများလုပ်နိုင်မှာမလို့လဲ? တိုက်နိုင်လို့လား?’  
Previous Chapter 94 of 198 Next