May Honey Logo May Honey
Previous Next

၁၀၇။ သတင်းအလဲအလှယ်

‘ငါ့သူငယ်ချင်းအရာရှိဖြစ်ခဲ့လို့’   လင်းချင်းသည် ရေးပြလိုက်သည်။

လုံချင်းယင်နှင့် တူယွမ်ရှင်းတို့သည် လင်းဖန်းကို သိလောက်သော်လည်း သူ့ညီမလင်းချင်းဆိုသည်ကို သိနေမနေကို လင်းချင်းမသိသဖြင့် သူမ၏နာမည်ကို ပြောမပြကာ လင်းဖန်း၏ လက်အောက်ငယ်သား သူငယ်ချင်းဟုသာ လိမ်လိုက်သည်။ သူငယ်ချင်းဟောင်း အရာရှိကို စိတ်ပူနေခြင်းက ကျိုးကြောင်း သင့်တော့်သည်။

လုံချင်းယင်သည် စာဖတ်ကြည့်ပြီးသည့်အခါ လင်းချင်းအား မေးသည်။   “ဖြစ်ခဲ့လို့? ဇွန်ဘီမဖြစ်ခင်ကလား?”

လင်းချင်းက ခေါင်းငြိမ့်ပြသည်။

“အခုအချိန်မှာ မင်းကိုယုံဖို့ ငါတို့အတွက် မလွယ်ဘူး”   တူယွမ်ရှင်းက ချက်ချင်းအပြတ်ပြောသည်။

လင်းချင်းသည် လက်ပိုက်လိုက်သည်။ ဒီလိုဆိုးဝါးသည့် သဘောထားမျိုးကို သူမဘယ်လိုမှ မနေသော်လည်း တူယွမ်ရှင်းအား ခေါင်းငြိမ့်ပြလိုက်သည်။ သူမလည်း သူတို့လိုသာဆိုလျှင် အခုမှပေါ်လာသည့် ဇွန်ဘီတစ်ကောင်ကို ယုံမှာမဟုတ်ပေ။ ထို့ကြောင့် စာရေးပြလိုက်သည်။   ‘မယုံလည်း ရပါတယ်။ ဒါပင်မယ့် ဒီသတင်းအတွက် ငါ့မှာအလဲအလှယ်လုပ်စရာရှိတယ်’

စာရေးပြီးသည့်အခါ လင်းချင်းသည် သူမ၏အိတ်ထဲက ဇွန်ဘီအမြူတေကို ထုတ်လိုက်သည်။ သူမသည် ကန်လယ်တွင် ဒီဇွန်ဘီအမြူတေဖြင့် ကုသမှုခံဖို့လုပ်ထားတာ ဖြစ်သည်။ တတိယအကြိမ်ဆိုလျှင် သူမ၏မျက်နှာမှ အမာရွတ်များ ပျောက်သွားလောက်မှာ ဖြစ်သည်။

သူမ၏လက်ထဲမှ အပြာရောင်အမြူတေကို မြင်သည့်အခါ လုံချင်းယင်နှင့် တူယွမ်ရှင်းတို့ နှစ်ယောက်လုံး မျက်လုံးများ တောက်ပသွားသည်။ အပြာရောင်သည် ဒီအမြူတေမှာ အဆင့်လေးဖြစ်နေကြောင်း ဖြစ်သည်။ ဒီအမြူတေဖြင့် စခန်းတွင် အစာနှင့်ရေကောင်းကောင်းများ ဝယ်လို့ရသည်။ ထို့အတူ အဆင့်လေးအမြူတေသည် သူတို့ခရီး၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။

လင်းချင်းသည် အမြူတေကို စာရွက်ဖြင့်ပတ်ပေးလိုက်သည်။ လုံချင်းယင်က ဖမ်းလိုက်ကာ စာကိုဖြေလိုက်သည်။ တူယွမ်ရှင်းကတော့ လုံချင်းယင်၏လက်ထဲက အမြူတေကို အပိုင်သိမ်းတော့မလိုကို စိုက်ကြည့်နေသည်။ 

သို့သော်လည်း လုံချင်းယင်က တူယွမ်ရှင်းအား တားလိုက်ကာ လင်းချင်းအား ပြောသည်။   “သတင်းရတာနဲ့ သူတို့ကို ထိခိုက်အောင် မလုပ်ဘူးဆိုတာ ငါတို့ဘယ်လိုလုပ်သိမှာလဲ? သူတို့နောက်သာ လိုက်မယ်ဆိုရင် ငါတို့သတင်းမရောင်းနိုင်ဘူး”

လင်းချင်းက ခပ်ဖျော့ဖျော့ပြုံးပြကာ စာထပ်ရေးပြသည်။   ‘မပြောလည်းရတယ်။ ဒါပင်မယ့် ငါတခြားသူတွေကို သွားမေးဦးမှာ။ ပြီးတော့ ဘာမှမပြောဖူးဆိုရင် အမြူတေကို ငါပြန်ယူမယ်’

လုံချင်းယင်တို့ဖြင့် သူမအပေးအယူမလုပ်ရလည်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အခြားလူသားများကို ထပ်မေး၍ ရနေသောကြောင့်ပင်။ သူတို့၏အမှုအယာအရဆိုလျှင် သူမ၏မိသားစုသည် ဒီနေရာတွင် နာမည်ကြီးပုံရသည်။ ထို့ကြောင့် မေးမြန်းဖို့က ပိုလွယ်သွားပြီ။ 

လုံချင်းယင်နှင့် တူယွမ်ရှင်းတို့သည် အချင်းချင်းကြည့်ကြကာ သူတို့ရင်ထဲတွင် လေးလံသွားသ်ည။ လင်းချင်းပြောသည်က မှန်သည်။ သူမသည် အခြားလူသားအဖွဲ့ကိုရှာကာ လင်းဖန်းတို့ မိသားစုအကြောင်း မေးလို့ရသည်။ ပြီးတော့လည်း ဒီဇွန်ဘီ၏ ရည်ရွယ်ချက်ကို သူတို့တား၍ရနိုင်သည်မှ မဟုတ်တာ။ သူတို့သည် ယှဉ်တိုက်၍လည်း မရပေ။

လင်းချင်းသည် သူတို့၏စိတ်ခံစားချက် အပြောင်းအလဲကို အာရုံခံမိသည်။ အတွေးများကို သေချာမသိသော်လည်း ထိုအတွေးများက သူတို့၏စိတ်ခံစားချက်တွင် မူတည်နေတာပဲ ဖြစ်သည်။ အစတုန်းက သူမ၏စိတ်ဖတ်သည့်စွမ်းရည် တိုးတက်လာသလားဟု သူမထင်ခဲ့သော်လည်း အခုတော့ သူမ၏အရှေ့က လူသားနှစ်ယောက်ထံတွင် အလုပ်မဖြစ်ပေ။ သူတို့အတွေးများကို သေချာမသိရပေ။ သူတို့နှစ်ယောက်သည် အဆင့်ငါးနှင့်အဆင့်ခြောက် သဘာဝလွန်စွမ်းအားရှင်များ ဖြစ်သောကြောင့် သူတို့၏အသိစိတ်ကို ကာကွယ်ခြင်းက မြင့်မားနေတာ ဖြစ်သည်။

ထို့နောက် တူယွမ်ရှင်းသည် လင်းချင်းကမ်းလှမ်းထားသည့် ဇွန်ဘီအမြူတေမှ အကြည့်လွှဲကာ ပြောသည်။   “လင်းဖန်းနဲ့ သူ့မိသားစုတွေက ငါတို့အပေါ် အရမ်းကောင်းတယ်။ အဲ့ဒါကြောင့် သူတို့ကို ထိခိုက်အောင် လုပ်ဖို့ မင်းကြံစီနေတယ်ဆိုရင် ငါတို့သတင်းမပေးနိုင်ဘူး။ သူတို့ကို ထိခိုက်အောင် မလုပ်ပါဘူးလို့ သက်သေပေးရမယ်”

လင်းချင်းသည်  ခနတွေးလိုက်သည်။    ‘ဘယ်လိုသက်သေပြရမှာလဲ? ငါ့မှာသက်သေပြစရာမှမရှိတာ. . .’

အဆင့်လေးဇွန်ဘီအမြူတေဖြင့်တောင် သူတို့၏ရန်လိုမှုများကို မလျှော့ကြစေနိုင်ပေ။ လင်းချင်းသည် သတင်းရဖို့ မလွယ်ကြောင်း သိလိုက်သည်။ ဒီလိုဆိုလျှင် ဒုတိယအစီအစဉ်ကိုသာ သုံးရတော့မည်။ သူမရေးပြသည်မှာ   ‘အပေးမယူမဖြစ်မှတော့ ငါ့ကိုအမြူတေ ပြန်ပေးတော့။ တခြားသူပဲ သွားရှာမေးတော့မယ်။  နင်တို့ကတော့ ကြုံလို့ကယ်လိုက်တာပဲ ထားပါတော့’   ထို့နောက် စာရွက်ကိုပေးကာ လက်ဝါးဖြန့် ပြန်တောင်းသည်။

လုံချင်းယင်သည် အမြူတေကို ကျစ်နေအောင် ဆုပ်ကိုင်ထားကာ တူယွမ်ရှင်းကို ကြည့်လိုက်သည်။ ဆုံးဖြတ်ချက် မချတက်သောကြောင့် ဖြစ်သည်။

လင်းချင်းကို မယုံသဖြင့် လင်းဖန်းနှင့်မိသားစုအကြောင်းကို ပြောပြဖို့ အစီအစဉ်မရှိပေ။ သို့သော်လည်း အမြူတေကို ပြန်ပေးဖို့ မပေးဖို့ကတော့ မဆုံးဖြတ်တက်ပေ။ သူမကို ဒီအဖွဲ့က ငှား၍ခေါ်လာသည်ဖြစ်သောကြောင့် အလုပ်လုပ်ပေးရုံသာ။ အဖွဲ့ခေါင်းဆောင် တူယွမ်ရှင်းကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသူ ဖြစ်သည်။

တူယွမ်ရှင်းသည် လုံချင်းယင်၏လက်ထဲမှ ဇွန်ဘီအမြူတေကို ယူလိုက်ကာ စိုက်ကြည့်လိုက်သည်။ ထို့နောက် လင်းချင်းကိုကြည့်ပြီးနောက် လုံချင်းယင်ကို ပြန်ကြည့်သည်။ သူ့အကြည့်များသည် တွေဝေမှုဖြင့် မပြတ်မသားဖြစ်နေသော်လည်း အမြူတေကိုတော့ တချိန်လုံး တင်းတင်းဆုပ်ကိုင်ထားသည်။ 

လင်းချင်းသည် တွန်းအားမပေးဘဲ သူ့ကိုဆုံးဖြတ်စေသည်။

တူယွမ်ရှင်းသည် တွေဝေပြီးနောက် အံကိုကြိတ်ကာ သူ့မျက်နှာတွင် ဆုံးဖြတ်ချက်ချထားပုံရတယ်။   “ငါပြောနိုင်တာက သူတို့က ဟေးဒီးစခန်းမှာ မရှိတော့ဘူး။ ခေါင်းဆောင်ကလွဲရင် ကျန်တဲ့သူတွေက အသက်ရှင်သေးတယ်။ ဒါဆိုရင် ရပြီလား?”

“တူယွမ်ရှင်း”   လင်းဖန်းနှင့်မိသားစုအကြောင်းကို အမြူတေအတွက် ပြောပြလိုက်သည့်အခါ လုံချင်းယင်သည် မျက်နှာကြီးအေးစက်သွားကာ ထအော်သည်။

တူယွမ်ရှင်းသည် သူမကိုမကြည့်ဘဲ လင်းချင်းသာ ကြည့်သည်။ လင်းချင်း၏ အကြည့်များက ဘယ်လိုဖြစ်သွားသလဲ သူမြင်ချင်သော်လည်း သူ့နေကာမျက်မှန်ကြီးကို တပ်ထားသဖြင့် မမြင်ရပေ။

လင်းချင်းသည် တူယွမ်ရှင်းက မလိမ်ပုံရသဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ဒီသတင်းက မတိကျသော်လည်း လုံလောက်သည်။ အသေးစိတ်ကို သူမကိုယ်တိုင်ရှာ၍ရသည်။ 

ဒီလိုတွေးပြီးနောက် သူမသည် ချူးလီလီဆီသို့သွားကာ သူမ၏ကျောကို ဖွဖွလေးပုပ်လိုက်သည်။ ချူးလီလီသည် လင်းချင်းနှင့် အခန်းထဲကလူသားများကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ပြတင်းပေါက်ကနေ ခုန်ချသွားသည်။ လင်းချင်သည်လည်း တံခါးကိုဖွင့်ကာ ထွက်သွားသည်။ လမ်းလျှောက်ရင်း သူမတွေးနေမိသည်မှာ
‘ပြတင်းပေါက်ကနေ ခုန်ချပြီးပျံသွားသလိုမျိုးက ရှေးခေတ်သိုင်းတက်တဲ့သူတွေလိုပဲ’

တကယ်တော့ လင်းချင်းသည် အမြူတေကို ပေးပြီးတည်းက ပြန်ယူဖို့အတွေးမရှိပေ။ သူမဒီလိုလုပ်သည်မှာ သူမ၏မိသားစုအကြောင်းကို ပြောထွက်ရန်သာ ဖြစ်သည်။ တူယွမ်ရှင်းနှင့် လုံချင်းယင်တို့သည် သူမ၏မိသားစုကို ကာကွယ်ပေးနေသဖြင့် သူမသည် ပေးဖို့တွေးပြီးသား ဖြစ်သည်။

ဇွန်ဘီနှစ်ကောင်က ထွက်သွားသည်နှင့် တူယွမ်ရှင်းသည် ငြိမ်သွားသည်။ လင်းချင်း၏နောက်ကျောကိုကြည့်ရင်း လူသားနှင့်တူလွန်းသည်ဟု တွေးနေမိသည်။

“ခေါင်းဆောင်ရဲ့မိသားစုကို အမြူတေအတွက် နင်ရောင်းစားလိုက်တာလား?”   လင်းချင်းပျောက်သွားသည်နှင့် လုံချင်းယင်သည် တူယွမ်ရှင်းအား ဒေါသဖြင့် မေးသည်။

တူယွမ်ရှင်း၏ မျက်နှာသည် မည်းသည်းသွားကာ ပြန်ဖြေသည်။   “ပိုဆိုးအောင် မပြောနဲ့။ ငါရောင်းစားလိုက်တာ မဟုတ်ဘူး။ ဇွန်ဘီကို သူတို့စခန်းမှာ မရှိတော့ဘူးဆိုတာပဲ ပြောလိုက်တာ။ လူတိုင်းကသိနေတော့ သူလွယ်လွယ်ရှာတွေ့မှာပဲ။ ငါတို့သာ သူ့ကိုသတင်းမပြောရင် အမြူတေကို တခြားသူတွေကို ပေးမှာ။ ဘာဖြစ်လို့ ငါတို့က မယူရမှာလဲ? ဒီအမြူတေနဲ့ဆိုရင် ငါတို့အစာတွေ အများကြီးဝယ်ရမလဲဆိုတာ သိလား? ဘယ်နှရက်စာရှိလဲ ဆိုတာရော သိလား?”

သူ့စကားများသည် အဓိပ္ပါယ်ရှိသောကြောင့် လုံချင်းယင်မှာ ဘာပြောရမလဲ မသိတာ့ပေ။ သူ့ကိုသာ တိတ်ဆိတ်စွာ ကြည့်နေမိသည်။  
Previous Chapter 107 of 198 Next