May Honey Logo May Honey
Previous Next

၁၃၅။ ဇွန်ဘီပဲ

ယန်ကျင်းဟွာ၏ကိုယ်ကို ရေခဲလွှာက ကာထားသည်ကို မြင်ရသည်။ သူ့ကိုတိုက်လိုက်တိုင်း ရေခဲသားကို ထိမိသဖြင့် သံထည်ကို တိုက်မိသလို အသံမျိုးက ထွက်နေသည်။ 

ယန်ကျင်းဟွာသည်သာ ဒီအသံက ဘာဖြစ်လို့ ထွက်နေသလဲ သိလေသည်။ ဒါသည် မုန်တိုင်းထဲက လေဓားများဖြင့် တိုက်နေသောကြောင့် ဖြစ်သည်။ ပုံမှန်လေဓားများသည် မြင်ရသော်လည်း ဒီဇွန်ဘီမငယ်လေး၏ လေဓားများကတော့ လုံးဝကို မမြင်နိုင်ပေ။ လေဓားများသည် သူ့အား အလျားလိုက်လာဖြတ်နေပုံရသည်။

ယန်ကျင်းဟွာသည် လေဖြင့်ဒီလိုတိုက်ခိုက်နိုင်သည့် လေစွမ်းအားရှင်ကိုတောင် မမြင်ဖူးပေ။ ဖုံးကွယဉ်ထားသည့်တိမ်တိုက်ခေါင်းဆောင် လုကျိုးဖန်တောင်မှ အဆင့်၇ လေစွမ်းအားရှင်ဖြစ်သော်လည်း ဒီလိုမျိုး သန်မာသည့် လေစွမ်းအားမျိုး မရှိပေ။ လေမုန်တိုင်းကို ထိန်းချုပ်နေရင်း ဒီလိုလေဓားအများကြီးဖြင့် တိုက်ခိုက်နိုင်သည့် စိတ်စွမ်းအားသည် ဘယ်သူ့မှာမှ ဒီလိုရှိနိုင်မှာ မဟုတ်ပေ။

ဇွန်ဘီမငယ်လေး၏ စွမ်းအားကို သူအံ့သြနေရင်း ယန်ကျင်းဟွာသည် သူ့ကိုယ်သူကာကွယ်ဖို့ ရေခဲလွှာများလုပ်​နေရသည်ကို မရပ်နိုင်ပေ။ သို့သော်လည်း ဇွန်ဘီမငယ်လေးကတော့ မုန်တိုင်းထဲတွင် ပုန်းကွယ်ရင်း ဆက်တိုက်နေဆဲပင်။ ယန်ကျင်းဟွာသည် သူမကိုထိခိုက်အောင် မလုပ်နိုင်ပေ။ ပြင်းထန်စွာ တိုက်ခိုက်လိုက်သော်လည်း သူ့ရေခဲများသည် လေဓားများကြောင့် ကြေမွကုန်သည်။

လင်းချင်းသည် ချူလီလီနှင့် ယန်ကျင်းဟွာတို့ တိုက်ပွဲကို ကြည့်လိုက်သည်။ ချူးလီလီက ယန်ကျင်းဟွာကို ဖိအားပေးနိုင်ပြီးတော့ ပြင်းထန်စွာတိုက်မှ ဒီအခြေအနေကနေ ရုန်းမထွက်နိုင်မည်ကို သိလိုက်ရသည်။

လူများအပေါ်သို့ ရောက်လာသည့်အခါ ယွမ်ထန်ရှင်းသည် လင်းချင်းကို ခေါင်းအစ ခြေအဆုံးကြည့်ပြီးနောက် ယန်ကျင်းဟွာကို လှည့်ကြည့်လိုက်သည်။

လင်းချင်းထင်သလိုပင် ယန်ကျင်းဟွာသည် ပြင်းထန်စွာ စတိုက်လိုက်သည်။ အဖြူရောင်အလင်းများသည် ရေခဲထဲမှ တောက်ပစွာ ထွက်လာသည်။ အရမ်းပြင်းထန်လွန်းသည့် စွမ်းအင်များက ပေါက်ကွဲလာတာ ဖြစ်သည်။

မုန်တိုင်းထဲတွင် ပုန်းနေသည့် ချူးလီလီသည် မုန်တိုင်းမှ ထွက်လိုက်ကာ အရမ်းမမြင့်သည့် သစ်ပင်ထိပ်တွင် ရပ်နေလိုက်သည်။ သူမ၏ရပ်နေပုံသည် ရှေးခေတ်က သိုင်းသမားများလိုပင်။ ဘယ်လိုလုပ်ပြီး ဒီလိုနေနိုင်သလဲဆိုသည်ကို သူမအပြင် ဘယ်သူမှ မသိနိုင်ပေ။ 

ယန်ကျင်းဟွာကို သူမသည် အနိုင်ရလိုက်ပြီဆိုသည့်အရိပ်များပါနေသည့် မျက်လုံးနီနီလေးများဖြင့် ကြည့်နေသည်။ သူမသည် သူရှိရာသို့ လက်နှစ်ဖက်ကို ဆန့်ထားပြီးမှ လက်ချောင်းများကို ကွေးချလိုက်သည်။ ထို့နောက် လေမုန်တိုင်းသည် ယန်ကျင်းဟွာ၏ ကိုယ်ကိုကျုံ့သွားက တိုက်ခိုက်တော့သည်။

ဒီလိုကျုံ့သွားသည့် လေမုန်တိုင်းသည် ယန်ကျင်းဟွာ၏ ခြေထောက်အောက်မှ ကားကိုတစ်စစီဖြစ်စေသည်။ ချူးလီလီ၏ မုန်တိုင်းကြောင့် ယန်ကျင်းဟွာကို ကာကွယ်ပေးထားသည့် ရေခဲလွှာများသည် ကွဲအက်လာလေပြီ။ မကြာခင်တွင်ပဲ ထိုအဖြူရောင်ထူထဲသည့် ရေခဲလွှာသည် ဖောင်းခနဲ ပေါက်ကွဲသွားကာ ရေခဲစများသည် မြေပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။

ဒီလိုပေါက်ကွဲသံက လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်သည်။

“ဟင် ဒါ. . .ဒါက. . .ဇွန်ဘီပဲ! ယန်ကျင်းဟွာနဲ့ တိုက်နေတာ! ဒါကဇွန်ဘီဘုရင်မ ဟုတ်တယ်မလား?”   အမျိုးသမီးလင်းသည် ချူးလီလီကိုကြည့်ကာ တအံ့တသြပြောသည်။

အမျိုးသမီးလင်းသည် သဘာဝလွန်စွမ်းအားမရှိသော်လည်း အသက်အကြီးဆုံးဖြစ်သည်။ သူမသည် အမြင်စူးရှကာ အတွေ့အကြုံရျိသည်။ ထို့ကြောင့် လူတိုင်းသိချင်နေသည့် မေးခွန်းကို သူမထုတ်နိုင်တာ ဖြစ်သည်။ ကျန်သည့်သူများကတော့ ချူးလီလီကို တအံ့တသြ ကြည့်ကြသည်။

အဆင့်၆ ဇွန်ဘီဘုရင်နှင့် ဇွန်ဘီဘုရင်မအကြောင်းကို ကြားဖူးကြသော်လည်း မမြင်ဖူးကြပေ။ သို့သော်လည်း အမျိုးသမီးလင်းကတော့ ချူးလီလီက အဆင့်၆ဆိုသည်ကို သေချာနေသည်။ လူတိုင်းကတော့ ချူးလီလီက တကယ့်ကို သန်မာလွန်းသည်ကို ပြောနိုင်သည်။

“အမေ. . .ဇွန်ဘီဘုရင်မဆိုတာ သေချာလား?”   လင်းဟောင်သည် သတိလစ်နေသည့် လင်းဖန်ကို ထူပေးရင်း သူ့အမေကို သံသယဖြင့် မေးသည်။

“နင့်အမကြီးဆီက ဇွန်ဘီဘုရင်နဲ့ ဇွန်ဘီဘုရင်မတွေမှာ မျက်လုံးအရောင်စုံရှိတယ်လို့ ကြားဖူးတယ်။ သူတို့စွမ်းအားက အမြင့်ဆုံးရောက်သွားရင် မျက်လုံးအရောင်ပြောင်းတယ်”   အမျိုးသမီးလင်းသည် ချူးလီလီကို သေချာကြည့်နေရင်းက သူ့သားမေးသည်ကို ခေါင်းငြိမ့်ကာ ဖြေသည်။

“တကယ်လား? ဇွန်ဘီဘုရင်မက ဘယ်လိုမျိုးလဲ? သူ့ကိုကြည့်ရတာတော့ မျက်လုံးကလွဲရင် အကုန်လုံးက လူသားလိုပဲမလား?”   ချန်းဝမ်ရှုက မေးသည်။ သူမသည် ခြေထောက်နာနေသည်က အနည်းငယ် ပြန်သက်သာလာပြီ ဖြစ်သည်။

“ယန်ကျင်းဟွာရဲ့ အဆင့်၆ရေခဲစွမ်းအားကို ဖိအားပေးထားနိုင်တယ်ဆိုတော့ ဇွန်ဘီဘုရင်မ တကယ်ဖြစ်လောက်တယ်”   ယွမ်ထန်ရှင်းက ဝင်ပြောသည်။ သူသည်လည်း တိုက်ပွဲကို ကြည့်နေတာဖြစ်သည်။ ချူးလီလီ၏ မျက်နှာကို မြင်လိုက်ရတော့ အမျိုးသမီးလင်း၏စကားကို သူထောက်ခံသည်။

ချူးလီလီက ဇွန်ဘီဘုရင်မမှန်း ပြောသည်ကိုကြားမှ တူယွမ်ရှင်းနှင့် လုံချင်းယင်တို့သည် အံ့သြတကြီးဖြင့် အချင်းချင်းကြည့်ကုန်ကြသည်။

“သူက. . .သူကဇွန်ဘီဘုရင်မတဲ့လား?”   တူယွမ်ရှင်းသည် မပြောဘဲမနေနိုင်ပေ။ သူတို့သည် ဇွန်ဘီဘုရင်မဖြင့် တစ်ကားတည်း အတူထိုင်စီးလာသည်ကို တွေးမိသည့်အခါ ကြောက်ချွေးပြန်လာသည်။

ချူးလီလီကတော့ ယန်ကျင်းဟွာက သူမ၏မုန်တိုင်းကို ဖျက်နိုင်သဖြင့် စိတ်တိုသွားတာ ဖြစ်သည်။ သူမသည် နှုတ်ခမ်းလေးဆူကာ ယန်ကျင်းဟွာအား စိတ်မကြည်စွာ စိုက်ကြည့်နေသည်။   ‘မပျော်တော့ဘူး! ဒီလူသားက ငါ့ထက်အားနည်းတာကို ငါ့မုန်တိုင်းကြီးကိုများ ဖျက်ပစ်နိုင်တယ်လို့ပဲ!’

စိတ်မကြည်တော့သည့် ချူးလီလီလေးသည် လေထဲတွင် ခြေကိုဆောင့်လိုက်ကာ သူမ၏လက်များကို လွှဲယမ်းလိုက်သည်။ လေဓားများစွာသည် သူမ၏အရှေ့တွင်ပေါ်လာကာ ယန်ကျင်းဟွာဆီလို့ လျှပ်စီးထက်တောင်မြန်သည့်အလျင်ဖြင့် ပြေးသွားသည်။ 

ရေခဲဒိုင်းပျက်သွားသည့် ယန်ကျင်းဟွာသည်  ချူးလီလီ၏ တိုက်ခိုက်မှုကို မြင်သည့်အခါ ချက်ချင်းသူ့ကိုကာကွယ်ဖို့ ရေခဲမှန်ကို အမြန်လုပ်လိုက်ရသည်။ လည်နေသည့် လေဓားများသည် ရေခဲဒိုင်းတွင် စိုက်သွားသည်။

ထိုအချိန်တွင် အမျိုးသမီးလင်းသည် မေးခွန်းထပ်မေးသည်။   “ဟင်? ဇွန်ဘီဘုရင်မက မျက်လုံးအနီဆိုရင် မီးစွမ်းအားရှိရမှာ။ မီးစွမ်းအားက အနီရောင်လို့ ထင်ထားပင်မယ့် လေနဲ့ပဲ တိုက်နေတော့. . .ဒါက. . .”   အမျိုးသမီးလင်းသည် မျက်ခုံးပင့်ကာ အတွေးများနေသည်။ 

ထိုအချိန်တွင် လင်းချင်းသည် ကိုယ်ဖျောက်လိုက်သည်။ လူတိုင်းက ဇွန်ဘီဘုရင်မလေး ချူးလီလီကို အာရုံများနေချိန်တွင် သူမသည် လင်းဖန်အနားသို့ ရောက်သွားသည်။ ဘယ်သူမှ မသိချိန်တွင် သူမသည် လင်းဖန်၏ကိုယ်အား လက်ဖြင့်ထိလိုက်သည်။

လင်းဖန်သည် အရမ်းအန္တရာယ်များနေပြီး ချက်ချင်းကုသဖို့လိုအပ်သည်ကို သူမသိသည်။ သို့သော်လည်း သူမ၏အမေ၊ ညီမလေးနှင့် မောင်လေးတို့သည် သူမလို ထူးဆန်းသည့် ယောက်ျားလိုလူကို ကုသခွင့်ပေးဖို့က မဖြစ်နိုင်ပေ။ သူမအပေါ်သို့ သူတို့ရန်လိုမှုများ လျှော့ကျဖို့ အချိန်လိုဦးမည်ဖြစ်ရာ သူမထပ်မစောင့်နိုင်တော့ပေ။ သူမစောင့်လေလေ လင်းဖန်ရင်ဆိုင်ရမည့် အန္တရာယ်က ကြီးလေလေဖြစ်သည်။  
Previous Chapter 135 of 198 Next