May Honey Logo May Honey
Previous Next

၁၅၁။ နယ်မြေက အဆင့်မြှင့်နေတယ်

လင်းချင်းသည် နယ်မြေထဲတွင် လိပ်ကိုရှာနေသည်။ ရေထဲတွင် မဖြစ်နိုင်သောကြောင့် သူမသည် မြက်ခင်းထဲတွင် ပုန်းနေမလား လိုက်ရှာကြည့်သေးသည်။ သူမသည် မျက်လုံးကို မှိတ်လိုက်ကာ နယ်မြေထဲကို သေချာနားစွန့်ကြည့်သလို အနံ့ခံကြည့်သည်။ ထို့နောက် မြက်ခင်းထဲသို့ လျှောက်သွားသည်။

သူမသည် နယ်မြေထဲက စိုက်ခင်းကို သိပ်ဂရုမစိုက်ဖြစ်တော့ပေ။ ကျွင်းကျွင်းကသာ ဒါတွေလုပ်နေတာ ဖြစ်သည်။ လင်းချင်းသည် စတောင်ဘယ်ရီခင်းထဲကို ဖြတ်လျှောက်လာသည့်အခါ ကြွက်ပေါက်လေးများ ဘယ်ရောက်နေသလဲကို တွေးမိသွားသည်။ ထိုကြွက်ပေါက်လေးများသည်လည်း စတော်ဘယ်ရီသီး လာစားလောက်သည်။ ယုန်ကတော့ စတော်ဘယ်ရီသီး ကြိုက်လေသည်။

လင်းချင်းသည် ဒီနေရာမှာ ကြွက်နှင့် ယုန်ကို လာမောင်းပေးနေရကြောင်းကို လင်းချင်းသိသည်။ သူမသည် နယ်မြေထဲတွင် တိရိစ္ဆာန်များ ထည့်ထားခြင်းမှာ အစာလှောင်ထားခြင်း ဖြစ်သော်လည်း ထိုအကောင်များကတော့ သူမ၏နယ်မြေထဲတွင် နေရသည်ကို ပျော်ရွှင်နေသည်။ ဝူယွဲ့လင်း၏ သူငယ်ချင်းဖြစ်ခဲ့သည့် ယုန်ကိုတော့ လင်းချင်းက မစားတော့ဖို့ ဆုံးဖြတ်ထားသည်။ ကြွက်များကတော့ အနည်းငယ်ကြီးအောင် စောင့်ပြီးမှ စားမှာဖြစ်သည်။ 

လင်းချင်းသည် လိပ်အနံ့နောက်ကိုလိုက်ရင်းဖြင့် လိပ်ကိုတွေ့သည့်အခါ အနားသို့ ခြေသံတိုးတိုးဖြင့် လျှောက်သွားသည်။ ထိုလိပ်သည် မြက်ခင်းနှင့် အဖြူရောင်မြူခိုးများဆက်ရာ နေရာကို ရောက်နေတာ ဖြစ်သည်။
‘ဒီလိပ်က ငါ့နယ်မြေထဲကနေ ပြေးဖို့လုပ်နေတာလား?’

လင်းချင်းသည် အနားသို့သွားကြည့်သည့်အခါ လိပ်သည် အဖြူရောင်မြူခိုးများနားတွင် ထွက်ပေါက်ရှာနေသလို ပတ်သွားနေကို တွေ့လိုက်ရသည်။ လင်းချင်းသည် သူမကို ချက်ချင်းသတိထားမိသွားပုံရသဖြင့် နောက်ကိုခေါင်းလှည့်ကြည့်သည်။ ထိုအခါ လင်းချင်းကို မြင်သည်နှင့် အခွံထဲသို့ ခေါင်းကို ပြန်ဝင်သွားသည်။

လင်းချင်းသည် ကန်ထဲက နွယ်များကြောင့် ကြောက်သွဦးသည့် လိပ်ကို ကြည့်ကာ ရယ်ချင်သွားသည်။ သူမသည် လိပ်ကိုကုန်းကောက်ယူဖို့ ထိုင်လိုက်သည်။

ဒီလိပ်ကို ဘယ်လိုလုပ်ရမလဲ သူမတွေးနေချိန်တွင် ရေကန်၏အလယ်ကနေ သူမအား ရုတ်တရပ် ဆင့်ခေါ်လာသည်။ ပထမအချိန် အခေါ်ခံရပြီး ရေနစ်သလို ဖြစ်တုန်းကနှင့် တူသည်။ ဒီတစ်ခါတော့ သူမ၏စိတ်သည် ရှင်းနေသည်။ 

သူမသည် ထလိုက်ကာ ကန်ဘက်သို့ လျှောက်သွားသည်။ သူမထထွက်သွားသည့်အခါ သူမ၏အနောက်မှ မြူခိုးများသည် တဖြည်းဖြည်းချင်း နောက်သို့ရွေ့သွားကာ ရှည်လျားနက်မှောင်သည့် အရိပ်များက ပေါ်ထွက်လာသည်။

ထိုအရိပ်များသည် ညဘက်တွင် လူများမြင်ရလေ့ရှိသည့် သစ်ပင်အရိပ်များပင်။ မြူခိုးဖြူများ ပါးသွားသည့်အခါ သစ်ပင်အချို့က တကယ်ကြီး ပေါ်လာသည်။ အရွက်များ အုပ်ဆိုင်းနေသည့် သစ်ပင်များသည် အရောင်အားဖြင့် အကုန်လုံးနက်နေကာ အမြင့်ကတော့ ဆယ်မီတာလောက်ရှိသည်။ 

မြူခိုးဖြူများသည် တဖြည်းဖြည်း နောက်သို့ဆုတ်ကုန်သည်မှာ ရေကန်၏ တစ်ဖက်ခြမ်းတွင်လည်း ဖြစ်သည်။ ကျွင်းကျွင်းနှင့် သူမ၏သားလေးတို့ နေသည့် နယ်မြေလေးကတော့ ပျောက်မသွားဘဲ နောက်သို့ဆုတ်လာတာဖြစ်သည်။

နယ်မြေလေးထဲတွင် တုံတုံဖြင့် ကစားနေရင်း ကျွင်းကျွင်းသည် ရုတ်တရတ် သူမ၏ခေါင်းပေါ်တွင် အလင်းတစ်ခုရှိလာသည်ကို အာရုံခံမိသွားသည်။ ခေါင်းမော့ကြည့်သည့်အခါ သူမတို့သည် နယ်မြေလေးထဲကနေ အပြင်သို့ ရောက်နေလေပြီ။ သို့သော်လည်း အပြင်ကို ဘယ်လိုရောက်လာသလဲတော့ မသိပေ။

ထို့ကြောင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ပိုပြီးတောင် ထူးဆန်းနေသေးသည်။ သူမတင်သာမဟုတ်ဘဲ ကုတင်နှင့် နယ်မြေလေးထဲက အရာအားလုံးသည် အပြင်ကို ရောက်နေတာ ဖြစ်သည်။

ထိုအခါမှ နယ်မြေလေးသည် သူ့ဟာသူ ရွေ့သွားကြောင်းကို သိလိုက်ရသည်။ သူမသည် လင်းချင်း၏ အပြင်က နယ်မြေသည်လည်း ပိုကျယ်သွားသလို ခံစားလိုက်ရသည်။ သူမသည် ခြေထောက်က မလှုပ်သော်လည်း တစ်မျိုးထင်ရသဖြင့် သေချာကြည့်လိုက်သည့်အခါ အောက်ကမြေသည် လှုပ်ရှားနေတာ ဖြစ်သည်။

တအံ့တသြဖြင့် ပတ်ဝန်းကျင်က မြူခိုးဖြူများကို ကြည့်လိုက်သည့်အခါ မြူခိုးဖြူနံရံကြီးသည် ပိုကြီးလာကာ မြက်ခင်းစပ်တွင်လည်း အသစ်ရောက်နေသည့် အပင်များကို တွေ့လိုက်ရတော့သည်။
‘ဘာ. . .ဘာတွေဖြစ်နေတာလဲ? လင်းချင်းက နယ်မြေကို တစ်ခုခုလုပ်နေတာလား?’

ကန်စပ်က လင်းချင်းကို ကြည့်လိုက်သည့်အခါ လင်းချင်းသည် အဝတ်ချွတ်နေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူမ၏သားလေး မျက်လုံးကို အမြန်လက်ဖြင့် ကာပေးလိုက်သည်။    ‘မကြည့်နဲ့!’

ထိုအချိန်တွင် လင်းချင်းသည် ကန်စပ်တွင် အကျီချွတ်ပြီးသည့်နောက် ကျွင်းကျွင်းကို လှည့်ကြည့်လိုက်သည်။ ထိုအခါ တုံတုံ၏ မျက်လုံးကို လက်ဖြင့်ကာပေးထားသည်ကို သူမမြင်ရသဖြင့် အဝတ်အကုန်လုံးကို စိုးရိမ်စရာမရှိဘဲ ချွတ်လိုက်နိုင်သည်။

ထို့နောက် လင်းချင်းသည် အဝတ်ဗလာဖြင့် ကန်ထဲကို ဆင်းလျှောက်သွားသည်။ ကန်ထဲကိုရောက်သည်နှင့် သူမ၏ခြေထောက်ကို တစ်စုံတစ်ရာက ဆွဲပတ်လာသည်။ လင်းချင်းက ငုံ့ကြည့်လိုက်သည့်အခါ နွယ်လေးပင်။ လင်းချင်းသည် နွယ်နှင့်အတူ ကန်ထဲသို့ ဆင်းလာသည့်အခါ ရေက သူမ၏ရင်ဘတ်လောက်ရောက်သည်နှင့် ရေငုပ်လိုက်ပြီး ကန်ခြေကို ကူးခတ်သွားသည်။

သူမသည် ကန်ထဲကို ရောက်သည့်အခါ ကန်၏စွမ်းအားများသည် အရင်ကထက် ပိုသန်မာလာပြီး တောက်ပနေသည့် အစိမ်းရောင်စွမ်းအင်များသည်လည်း ပိုပြီးတော့ အရောင်စိုကာနက်လာသည်။ သူမသည် အနည်းငယ် အံ့သြသွားသည်။ ဒီလိုအစိမ်းရောင်နက်လာခြင်းက သစ်စေ့ကြောင့်များလားဟု တွေးမိသွားသည်။

ကန်အလယ်သို့မရောက်ခင်တွင် နွယ်ပင်အချို့သည် သူမ၏ ခြေလက်များကို ရစ်ပတ်လာသည်။ ထို့နောက် နွယ်များသည် သူမအား ကန်အောက်ခြေရောက်အောင် အမြန်ခေါ်သွားသည်။ ထိုဖြစ်စဉ်ဖြစ်နေချိန်တွင် အခြားနွယ်များကလည်း သူမကို လာရစ်ပတ်သေးသည်.

ကန်အောက်ခြေကို သူမခြေထိမိသည့်အခါ သူမသည် အစိမ်းရောင်နွယ်များဖြင့် ပတ်ခံထားရသည့် ပိုးတုံးလုံးလို ဖြစ်နေပြီ။ သူမသည် တစ်ကိုယ်လုံးတွင် ထပ်ပြီးတော့ ထုံကျဉ်၍ ယားလားသည့် ခံစားချက်ကို ရသည်။   ‘မျက်နှာက အမာရွတ်တွေ ဖျက်ပေးလို့ရမလား? ဒီတစ်ခါတော့ မျက်နှာကို ပြင်ပေးဖို့ မျှော်လင့်ပါတယ်! မျက်နှာကို အရင်ပြင်ပေးပါနော် ကျေးဇူးပြုပြီးတော့!’   ဒီလိုခေါင်းကိုက်မှုကို သူမသည်းခံနေရင်းဖြင့် လင်းချင်းသည် စိတ်ထဲတွင် ရေရွတ်နေမိသည်။ နွယ်များက သူမ၏အတွေးများကို ကြားမကြားကိုတော့ သူမလည်း မသိပေ။

သူမသည် ဦးနှောက်ထဲတွင် နာကျင်မှုကို ခံစားရသည့်အခါ အသက်ဝဝရှုလိုက်ပြီး အဆင်သင့်ပြင်ထားလိုက်သည်။ သူမထင်သလိုပင် နာကျင်မှုက ခေါင်းပေါက်မတက်ပင်။ လင်းချင်းသည် အံကြိတ်ကာ မျက်လုံးမှိတ်ထားရင်း လက်သီးကိုကျစ်နေအောင် ဆုပ်ထားရင်း တစ်ကိုယ်လုံးသည် တောင့်နေသည်။ 

နွယ်တွေကတော့ အရင်လိုသန်မာဆဲပင်။ သူမအား တင်းနေအောင် ပတ်ထားကာ တစ်လက်မတောင် လှုပ်မရပေ။ ခေါင်းထဲက နာကျင်မှုသည် ပြင်းလာသည်။ လင်းချင်းသည် အံကြိတ်ရလွန်းသဖြင့် သူမ၏သွားများတောင် ကျိုးသွားမလောက် ခံစားနေရသည်. သို့သော်လည်း သူမသည် ပါးစပ်ဟကာ မအော်ပေ။

‘အသက်ကို ဝအောင်ရှု! အသက်ကိုပဲ ဝအောင်ရှု!’
ထိုအချိန်တွင် ခေါင်းထဲမှ ဒီအသံကို ကြားလိုက်ရသဖြင့် သူမသည် အသက်ကို ဝဝရှုတော့သည်။ ရုတ်တရတ် သူမ၏နှာခေါင်းမှ တစ်ဆင့် ဦးနှောက်ထဲသို့ စွမ်းအားအများကြီး ရောက်လာသည်ကို ခံစားမိသည်။ သို့သော်လည်း ဒီစွမ်းအားက နာကျင်မှုကို မပျောက်စေဘဲ ခေါင်းတောင်ကွဲမတက် ပိုဆိုးလာသည်။

သူမ၏ခေါင်းပေါက်မတက် နာကျင်မှုသည် အဆင့်မြင့်လာကာ တစ်ကိုယ်လုံးမှာ ဆိုးဆိုးဝါးဝါးပူလာပြီးနောက် ခေါင်းတောင် အရည်ပျော်မတက် ဖြစ်နေသည်။ သူမ၏ ခေါင်းသည် ထပ်ပြီးတော့ ပေါက်ကွဲတော့မှာ မဟုတ်သလို ခံစားရချိန်တွင် တစ်စုံတစ်ရာက ပိုကျယ်ပြန့်လာသလို ခံစားရသည်။ အခုတော့ သူမ၏ခေါင်းသည် အရင်ကထက် နည်းနည်းလောက် ပိုကြီးလာသလို ခံစားရသည်။

နာကျင်မှုသည် ခေါင်းတွင်ဖြစ်နေသော်လည်း စိတ်ကတော့ ရှင်းနေသည်။ သို့သော်လည်း သူမသည် ဒီလိုနိုးနေရသည်ထက် ပြီးလာမှသာ နိုးလာအောင် မေ့မျောချင်တာ ဖြစ်သည်။ သို့သော်လည်း စိတ်သည် အနည်းငယ်ချင်း ဝေဝါးလာကာ ပြင်းထန်သည့် နာကျင်မှုကြောင့် လန့်လာရသည်။  
Previous Chapter 151 of 198 Next