May Honey Logo May Honey
Previous Next

၇၄။ မြွေကြီး

လင်းချင်းသည် ထိုအနံ့နှင့်နီးရာသို့ တိုးသွားရင်း ရုတ်တရပ် ထိုထူးဆန်းသည့်အနံ့မှာ ငါးညှီနံ့ရလာသည်ကို သိလိုက်ရသည်။ သူမသည် လှည့်ကြည့်လိုက်သည့်အခါ သူမလိုက်နေသည့်အနံ့က ချက်ချင်းပျောက်သွားသည်။

သူမသည် မျက်လုံးများကို မှေးကျဉ်းလိုက်ကာ လှုပ်ရှားနေခြင်းကို ရပ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် တစ်စုံတစ်ရာ၏ ပစ်မှတ်ဖြစ်သွားသလို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ ထိုငါးညှီနံ့လိုကောင်က သူမ၏သားကောင်ကို ခြောက်လိုက်ခြင်းလား ဒါမှမဟုတ် ထိုအနံ့ချိုချိုလေးက သူမအတွက် ငါးစာလိုချပေးထားခြင်းလား ဘာမှန်းမပြောတက်တော့ပေ။

သူမသည် ရောက်နေသည့်နေရာမှပဲ ငြိမ်ငြိမ်နေကာ ပတ်ဝန်းကျင်ကို သတိအပြည့်ထားသည်။ နေ့ခင်းကြီးတွင် သူမသည် သစ်တော်သီးခြံထဲမှာ သစ်တော်သီးပင်များကြား ရောက်လို့နေသည်။ မြေပြင်တွင် မြက်ပင်များရှိနေကာ လေညင်းလေးက တိုက်သွားသဖြင့် သစ်ရွက်များက လွင့်လာသည်။ ထိုအချိန်တွင် သူမသည် အနည်းငယ်တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။ လူသားများဆိုလျှင် ဒီလိုတုန်ခါမှုကို သိမှာမဟုတ်သော်လည်း သူမကတော့ လူသားမဟုတ်ပေ။

သူမသည် နောက်သို့မလှည့်ဘဲ အရှေ့ကိုသာကြည့်နေရင်း တည်ငြိမ်စွာ ရပ်နေသည်။ သူမသည် ပတ်ဝန်းကျင်ကို တစ်ခုခုအားရှာဖွေနေသလို ဟိုကြည့်ဒီကြည့် ခေါင်းလှည့်နေသော်လည်း သူမ၏အာရုံအပြည့်မှာ သူမ၏ကျောအနောက်တွင်သာ ရှိနေသည်။ ထိုတုန်ခါမှုက တဖြည်းဖြည်းနီးလာသဖြင့် ထူးဆန်းလာသည်ကို သူမခံစားရသည်။ 

ထိုတုန်ခါမှုသည် လှိုင်းတစ်ခုမဟုတ်သလို တစ်စုံတစ်ယောက်က ကြိုးအကြီးကြီးတစ်ခု၏ အဆုံးစဖြင့် မြေပြင်ကို ပွတ်တိုက်လာသောကြောင့် ထွက်လာခြင်းမျိုး ဖြစ်သည်။ ငါးညှီနံ့ကလည်းပြင်းလာသဖြင့် လင်းချင်းသည် ထိုအရာမှာ သူမဆီသို့ လာနေပြီဖြစ်ကြောင်း သေချာသိသည်။

တုန်ခါမှုရပ်သွားသည်နှင့် လင်းချင်းသည် လက်သည်းများကိုထုတ်၍ ခေါင်းကိုချက်ချင်းလှည့်လိုက်သည်။ သူမ၏ကိုယ်ကိုလှည့်လိုက်ကာ နောက်ဆုတ်လိုက်သည်နှင့် တောက်ပသည့် လက်သည်းများဖြင့် ချက်ချင်းကုတ်လိုက်သည်။

ကြည့်ရသည်မှာ သူမ၏လှုပ်ရှားမှုက မှန်ကန်သွားပုံရသည်။ သူမသည် လှည့်လိုက်ရင်း နောက်သို့ဆုတ်လိုက်သည့်အခါ သူမကုတ်လိုက်သည့်ဘက်တွင် မြေကြီးတစ်ကောင်က သစ်တော်ပင်ကနေ တွဲလောင်းကျနေသည်ကို မြင်လိုက်ရသည်။

မြွေကြီးသည် အရွယ်ရောက်လူတစ်ယောက်၏ပေါင်ထက်တောင် ပိုကြီးသေးသည်။ သစ်တော်ပင်ကို သူ့တစ်ကိုယ်လုံးနီးပါးဖြင့်ရစ်ပတ်ထားကာ ခေါင်းကအောက်သို့ စားဖို့ကျနေခြင်း ဖြစ်သည်။ သန္ဓေပြောင်းသစ်တော်ပင်သည်  ပုံမှန်သစ်တော်အပင်တွေထက် ရှည်ကာသန်မာသဖြင့် ဒီမြွေကြောင့်ကျိုးကျမလာပေ။

“ရွှီး!”   ထိုမြွှေသည် လင်းချင်းကိုကြည့်ရင်း လှမ်းပေါက်လာတာဖြစ်သည်။ 

သူမသည် ရုတ်တရပ်နောက်သို့ဆုတ်လိုက်သော်လည်း မရှောင်လိုက်ပေ။ သူမ၏ လက်သည်းရှည်များဖြင့် ခုတ်ချလိုက်သည်။ သို့သော်လည်း မြွေအရေခွံသည် အရမ်းမာလွန်းနေသည်။ သူမ၏ လက်သည်းများသည် သစ်ပင်များနှင့် ဇွန်ဘီခေါင်းတို့ကို ဖြတ်ရသော်လည်း ဒီမြွေကိုတော့ ပြတ်သွားအောင် မလုပ်နိုင်ပေ။

လက်သည်းဖြင်ခေါင်းကို ကုတ်ခံရသည့်အခါ မြွေသည်လည်း အရမ်းနာကျင်သွားသည်။ ထို့နောက် သစ်ပင်ကိုပတ်ထားသည့် သူ့ကိုယ်ကြီးကို တင်းနေအောင် ရစ်ပတ်လိုက်သည်။

‘ချီး! ဒီမြွေက ဘာတွေစားပြီး ကြီးလာတာလဲဟ?’   လင်းချင်းသည် ဒီလိုတွေးရင်း အန္တရာယ်က ကြီးလာပြီဖြစ်ကြောင်း သိလိုက်သည်။ ဒီမြွေက သစ်ပင်ကို အများကြီးပတ်ထားကာ အမြီးကလည်း မြေပြင်ပေါ်တွင် ရှိနေသေးသဖြင့် ဘယ်လောက်ရှည်မလဲ သူမမသိပေ။

‘ဘာမြွေကြီးလဲ?’   လင်းချင်းက တွေးမိသည်။ ဘယ်လိုမြွေအမျိုးအစားဆိုသည်ကိုလည်း သူမမသိပေ။ တစ်ကိုယ်လုံးနက်နေသဖြင့် မြွေဟောက်နှင့်တူကာ အကြေးခွံများက သတ္တုလိုတောက်ပနေသည်။ သို့သော်လည်း ပင်လယ်မြို့တော်တွင် မြွေဟောက်များက ရှားပါးသလို ဒီနေရာတွင် တွေ့ရလေ့ရှိသည့်မြွေများမှာ မြွေပွေးနှင့် လင်းမြွေများသာ ဖြစ်ကြသည်။

ဘာမြွေပဲ ဖြစ်ပါစေ အခုချိန်တွင်တော့ အတော်အာရုံနောက်စရာ မြွေဆိုးတစ်ကောင်သာ ဖြစ်နေတော့သည်။ မျက်ခွံများမှာ လင်းချင်းကုတ်လိုက်သဖြင့် သွေးတို့ယိုစီးနေသော်လည်း ကန်းတော့မသွားပေ။ ထိုမျက်လုံးတို့မှာ အေးစက်မှုနှင့် ဒေါသတို့အပြည့်ဖြင့် လင်းချင်းကို ကြည့်လို့နေသည်။

ဒီမြွေသည် ဒီဒေသ၏ မြွေဘုရင်ဖြစ်သည်။ သူ့၏ကြီးမားသည့် အရွယ်အစား၊ သန်မာသည့်အင်အား၊ လျင်မြန်သည့်အမြန်နှုန်း၊ မာလွန်းသည့်အကြေးခွံတို့ကြောင့် ဘယ်သတ္တဝါမှ ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပေ။ အခုတော့ သူ့အစာဖြစ်သည့် လင်းချင်းကြောင့် ဒဏ်ရာရသွားပြီဖြစ်သည်။ သူ့အစာက သူ့ကိုထိခိုက်အောင် လုပ်လိုက်သဖြင့် ​ဒေါသအရမ်းထွက်နေသည်မှာ မထူးဆန်းပေ။

လင်းချင်းသည် မြွေသွေးနံ့ကို အနံ့ခံကြည့်လိုက်သည်။ သူမသည် ခေါင်းကိုမော့ကာ သေချာအနံ့ခံကြည့်သော် ပျော်လို့သွားသည်။ အနံ့ကကောင်းလွန်းသည်။ ခုနက ငါးညှီနံ့ကြီးရနေတာ ဖြစ်သော်လည်း မြွေသွေးနံ့ကို ရသည့်အခါတွင်တော့ သူမသည် သောက်ချင်စိတ်ကြီးလာတော့သည်။ ကြီးမားရှည်လျားလွန်းသည့် မြွေကြီးကိုကြည့်ပြီးနောက် လင်းချင်း၏နှုတ်ခမ်းများသည် ပျော်ရွှင်စွာ ကွေးညွတ်သွားသည်။ သူမသည် မြွေကြီးအား လူသားတွေ့သည့် ဇွန်ဘီများလို အစာကြီးရလိုက်သလို ကြည့်နေတာ ဖြစ်သည်။

မြွေကြီးသည့် သူ့အစာက သူ့အားအစာလို ပြန်ကြည့်နေသည်ကိုမြင်သော် ပိုဒေါသထွက်လာသည်။ သစ်ပင်ကို တင်းနေအောင်ရစ်ပတ်ရင်း လင်းချင်းအား ဒေါသတကြီးကြည့်ကာ ပါးစပ်ကိုဖြဲရင်း လျှာနှစ်ခွကို ထုတ်ပြလိုက်သည်။ ထို့နောက်တွင်တော့ လေးငါးမီးတာလောက် အကွာမှာရှိသည့် လင်းချင်းကို လှမ်းပေါက်လိုက်သည်။ သူသည် သစ်ပင်မှလျှောလိုက်ကာ လင်းချင်း၏ခေါင်းကို ကိုက်ရန်လုပ်လိုက်တာ ဖြစ်သည်။ အကောင်ကြီးသော်လည်း မြွေသည်မြန်လွန်းသည်။ မျက်စိတစ်မှိတ်အတွင် လင်းချင်းဆီသို့ သစ်ပင်ပေါ်မှ မြှားတစ်စင်းလို ပြေးဝင်လာသည်။

လင်းချင်း၏မျက်လုံးများသည် မူးဝေသွားသည်။ ဘာဖြစ်နေသလဲ သေချာမသိခင် သူမ၏မျက်နှာထက်သို့ လေပြင်းတစ်ခုတိုက်ခိုက်လာမှုနှင့်အတူ သွေးနံပြင်းပြင်းကို အနံ့ခံမိလိုက်သည်။ သူမသည် မသိစိတ်အရခုန်ရှောင်မိလိုက်သည်။ ထိုအချိန်တွင် သူမ၏လက်သည်းများဖြင့် မြွေခေါင်းကို အားအစွမ်းကုန်ထည့်ကာ ကုတ်ချလိုက်ပြန်သည်။

နားကန်းလောက်အောင် စူးရှသည့်အသံကြီး ထွက်လာသည်။ သူမ၏လက်သည်းများသည်လည်း သတ္တူမျက်နှာပြင်ကို ကုတ်လိုက်ရသလို ဖြစ်သောကြောင့် ထုံကျဉ်သွားသည်။ မြွေသည်လည်း ဒီတစ်ခါတော့ ပိုနာသွားသဖြင့် ဒီလိုအကျယ်ကြီး အော်လိုက်တာ ဖြစ်မည်။

လင်းချင်းသည် နောက်သို့ဆုတ်ကာ မြွေကိုထပ်ကြည့်လိုက်သည်။ မြွေကြီးသည် မြေပြင်ပေါ်တွင် တွန့်လိမ်ကာ လဲကျနေသည်။ သူမသေချာကြည့်လိုက်သည့်အခါ အရင်ပေးလိုက်သည့်ဒဏ်ရာပေါ်တွင် သူမထပ်ပြီးတော့ နာကျင်အောင် လုပ်လိုက်မိကြောင်း တွေ့လိုက်ရသည်။  
   
လင်းချင်းသည် မြေပြင်ပေါ်က မြွေကိုကြည့်ရင်း နောက်သို့ဆုတ်လိုက်သည်။ ဒီလိုလုပ်ခြင်းမှာ အမြီးဒဏ်ကို မခံချင်သောကြောင့်သာဖြစ်သည်။ မြွေသည် ပြင်းထန်စွာ တွန့်လိမ်နေသဖြင့် အမြီးသည် ခါယမ်းလာကာ အနားရှိအပင်များသည် ကျိုးကျကုန်ကာ မြက်ပင်များသည်လည်း ပွလို့သာနေသည်။

မြွေကြီးက အရမ်းနာကျင်နေပုံရသည့်အခါ လင်းချင်းသည် စိတ်ထဲတွင် အားတောင်နာသွားသည်။ ထို့နောက်တွင်မှ အသိပြန်ကပ်ကာ   ‘ဘာဖြစ်လို့ ငါကစိတ်မကောင်းဖြစ်နေရမှလဲ?’

မြွေကြီး၏ကိုယ်သည် ဆယ်မီတာလောက်ရှည်ကာ တဖြည်းဖြည်းကွေးလို့သာ လာသည်။ တစ်ကိုယ်လုံးက တွန့်လိမ်နေသော်လည်း သူ့မျက်လုံးတစ်စုံကတော့ လင်းချင်းကို ဒေါသတကြီး သေချာစွာ ကြည့်နေသည်။ 

လင်းချင်းသည် မြွေဆီမှ သတ်ချင်စိတ်အပြည့်နှင့် ရန်လိုမှုတို့ကို မျက်လုံးမှတစ်ဆင့် မြင်နေရသည်။ မြွေသည် သူမကိုကိုက်နိုင်လိမ့်မည်ဟု ယုံထားပုံရသော်လည်း သူမက ဒီလိုဆိုးဆိုးဝါးဝါးထိခိုက်အောင် ပြန်လုပ်နိုင်လိမ့်မည်ဟု မထင်မိပုံရသည်။ ထို့ကြောင့် မြွေကြီးသည် သူမကို သတိလက်လွတ်မတိုက်ရဲတော့ပေ။

လင်းချင်းသည် သူမ၏ကျဉ်သွားသည့် လက်များကို ခါလိုက်သည်။ မြွေကြီး၏ခေါင်းမှာ ဒီလောက်မာလိမ့်မည်ဟု သူမလည်းမထင်ခဲ့ပေ။ မြွေခေါင်းကို သူမ၏လက်သည်းများဖြင့် ကုတ်စဉ်ထွက်လာသည့်အသံကို သုံးသပ်ရလျှင် ကျည်ဆန်တောင် သူ့ခေါင်းကို ဖောက်နိုင်မှာ မဟုတ်လောက်ပေ။  
Previous Chapter 74 of 198 Next