May Honey Logo May Honey
Previous Next

၈၂။ ကန်ရေနှင့် မြွေစွပ်ပြုတ်လုပ်မယ်

လင်းချင်းသည် ကလေး၏မျက်နှာကိုကြည့်ကာ နယ်မြေထဲမှ ထွက်လာသည်။ သူမသည် သစ်ချောင်းအခြောက်များကို စုဆောင်းရန် သစ်တောထဲသို့ သွားပြီးမှ ပြန်လာခဲ့သည်။ ထို့နောက် သူမသည် ကန်ဘေးတွင် မီးဖိုလေးတစ်ခုကို ကျောက်တုံးများဖြင့် ပြုလုပ်လေသည်။ 

သူမ၏နယ်မြေထဲတွင် အခုဘာမှသိပ်မရှိသော်လည်း အခုသူမလိုသည်က အိုးတစ်လုံးသာ ဖြစ်သည်။ အရင်တုန်းက ရှဲ့တုန်းသည် အိုးကိုဖျက်စီးလိုက်သောလည်း အခုတော့ သူမတွင် အများကြီးရှိနေပြီ။ ကျွင်းကျွင်းတို့၏ တိုက်ခန်းမှ သူမအသုံးဝင်သည့် ပစ္စည်းများစွာ ရခဲ့သလို အနားရှိစတိုးဆိုင်မှလည်း သူမရခဲ့သေးသည်။

လင်းချင်းသည် မြက်ခင်းပေါ်မှ ဖရုံသီးများကိုကြည့်ကာ စာရေးပြလိုက်သည်။   ‘ငါသူ့အတွက် မြွေသားစွပ်ပြုပ်လုပ်ပေးမယ်’

ကျွင်းကျွင်းသည် ခနတုန့်သွားကာ လင်းချင်းအား တွေဝေစွာကြည့်သည်။ လင်းချင်းက သူမ၏စိတ်ကိုဖတ်ရသဖြင့် သူမဘာတွေးနေသလဲသိသည်။ သူမတွေးနေသည်မှာ မြွေသည် သန္ဓေပြောင်းကောင်ဖြစ်ကာ ရောဂါပိုးရှိနေသည်။ ကလေးစားလို့ရပါ့မလား? ကလေးပါ ရောဂါကူးသွားမလား? စိုးရိမ်နေတာ ဖြစ်သည်။

လင်းချင်းသည် စာရွက်ထုတ်ပြီး ဆက်ရေးသည်။   ‘ငါပြောခဲ့ဖူးသလိုပဲ။ ဒီကန်ရေက ပိုးကိုသေစေတယ်။ မြွေသားက ကန်ရေထဲမှာ စိမ်ထားတာကြာပြီ။ နောက်ပြီးတော့လည်း ငါရေနဲ့ပြုတ်လိုက်ဦးမှာ။ ပိုးကမရှိလောက်တော့ပါဘူး’

ဒီစာကို ကျွင်းကျွင်းအား ပြပြီးသည်နှင့် သူမသည် မီးဖိုရန်လုပ်တော့သည်။ ချက်ပြုတ်ရခြင်းက သူမအတွက် မခက်ခဲပေ။ သူမတို့လေ့ကျင့်ရေးဆင်းတုန်းက အများကြီးလုပ်ဖူးခဲ့သဖြင့် တောထဲတွင် ဘယ်လိုချက်ရမလဲ သူမသေချာသိသည်။ ပြီးတော့လည်း သူမသည် စတိုးဆိုင်မှာ ကောင်းနေသေးသည့် မီးခြစ်တစ်လုံးတွေ့ခဲ့သေးသည်။ သို့သော်လည်း သူမတွင်ဆားမရှိသဖြင့် စွပ်ပြုတ်မှာ အရသာရှိမှာ မဟုတ်ပေ။ သို့သော်လည်း ဘာမှမရှိသည်ထက်တော့ ပိုကောင်းပါသေးသည်။

မီးမွှေးပြီးသည်နှင့် သူမသည် အိုးထဲသို့ရေဖြည့်ကာ မီးဖိုပေါ်တင်လိုက်သည်။ ထို့နောက် ရေပုံးထဲကမြွေသားများကိုယူကာ စွပ်ပြုပ်ပန်းကန်ပေါ်တင်လိုက်သည်။ ထို့နောက် သူမတွင်ဓားမရှိသဖြင့် အရိုးနှင့်အသားများကို ဖြတ်မရကြောင်းသိလိုက်ရသည်။ သူမတွင် ဓားမြှောင်ရှိသော်လည်း သေးလွန်းသဖြင့် အရိုးများကို ဖြတ်ရမှာ မဟုတ်ပေ။

ထို့ကြောင့် သူမသည် လက်သည်းများဖြင့် သေးသေးလေးများ ပိုင်းလိုက်ပြီးမှ ဓားမြှောင်ဖြင့် အသားများကိုနွှင်ချရသည်။ ဒီလိုလုပ်နေစဉ်တွင် သူမ၏ပါးစပ်ထဲသို့လည်း အသားတချို့က ရောက်သွားသေးသည်။ အသားအကုန်နွှာပြီးသည့်အခါ သူမသည် မြွေရိုးများကို ဘေးသို့ဖယ်လိုက်သည်။ ထို့နောက် မြွေသားများကို ကန်ရေဖြင့် သေချာထပ်ဆေးပြီးမှ ရေဆူလာဖို့ကို စောင့်နေသည်။

ကျွင်းကျွင်းသည် တစ်ချိန်လုံး သူမ၏ဘေးတွင် ရပ်နေခဲ့သည်။ သူမကကူညီပေးချင်သော်လည်း လင်းချင်း၏ လှုပ်ရှားမှုများသည် သွက်လက်မြန်ဆန်သဖြင့် အကူအညီမလိုလောက်သလို ခံစားလိုက်ရသည်။ 

လင်းချင်းသယ်လာသည့် သစ်ချောင်းများသည် အရမ်းခြောက်နေသည်ဖြစ်ရာ မီးမြန်မြန်စွဲလေသည်။ သူမသည် ရေအများကြီးထည့်မထားသဖြင့် ရေသည်လည်း မြန်မြန်ဆူလာသည်။ ရေဆူလာသည်နှင့် လင်းချင်းသည် စွပ်ပြုပ်ပန်းကန်ပေါ်မှ ဆေးကြောထားသည့် မြွေသားများကို ထည့်လိုက်သည်။ ထို့နောက် ရေအေးနည်းနည်းပါ ထပ်ထည့်လိုက်သေးသည်။ သူမသည် သစ်ချောင်းအခြောက်အများကြီးကို ထပ်ချိုးထည့်လိုက်သဖြင့် မီးသည်ပိုပြင်းလာသည်။ လင်းချင်းနှင့် ကျွင်းကျွင်းတို့သည် မီး၏အရောင်ကို မမြင်ရပေ။ သူတို့၏မျက်လုံးထဲတွင် မီးသည် ဖောက်ထွင်းမြင်နေရသလို အပူချိန်ကိုလည်း မခံစားရသော်လည်း နာကျင်စေမည့်အားတစ်ခုကိုတော့ သူတို့ခံစားနိုင်သည်။

ရေခန်းသွားသည့်အခါ သူမသည် နောက်ရေထပ်ထည့်ပြီး ကျိုပြန်သည်။ ရေတစ်ဝက်လောက်ခန်းသွားသည့်အခါ သူမသည် အာလူးများကို အခွံခွာကာအိုးထဲသို့ ထည့်သည်။ စွပ်ပြုပ်က အဆင်ပြေလောက်ပြီဟု သူမခံစားမိသည့်အခါ သူမသည် ပိုးမကူးသည့် အသီးအရွက်များကို ဆေးကြောကာ ထည့်လိုက်သည်။ မြွေသားစွပ်ပြုပ်နံ့ထွက်လာသည့်အခါ လင်းချင်းသည် အထဲမှမြွေသားကို စိတ်မဝင်စားတော့ချေ။ သူမသည် အသားစိမ်းကိုသာ စိတ်ဝင်စားသည်။ သို့သော်လည်း ဒီအနံ့မှာ ဘာပိုးမှမပါကာ လူသားများစားရကြောင်းကိုတော့ သူမသိသည်။ အနည်းဆုံးတော့ အာလူးများက ပျော်ကျသွားသဖြင့် စွပ်ပြုပ်သည် ပျစ်လာသည်။ 

“ဝါး”   လင်းချင်းသည် မီးဖိုပေါ်မှ အိုးကိုချပြီးနောက် ခွက်ထဲကိုထည့်၍ ဇွန်းတပ်ကာ ကလေးကိုပေးလိုက်သည့်အခါ ကောင်လေးသည် မျက်ရည်များကျအောင် အော်ငိုလေသည်။ သူမ၏ ရုပ်ဆိုးနေသည့်မျက်နှာက ကလေးကိုခြောက်သလိုဖြစ်ပြန်သည့်အခါ လင်းချင်းသည် ဆွံ့အရပြန်သည်။

‘ချီးပဲ ငါ့ကြင်နာတက်မှုတွေကို မမြင်ကြဘူး’   လင်းချင်းသည် ဒီလိုတွေးမိနေသည်။ ကျွင်းကျွင်းကတော့ သူမကိုအားနာသည့်အပြုံးဖြင့် ပြုံးပြကာ စွပ်ပြုတ်ကို ယူတိုက်သည်။

လင်းချင်သည် စွပ်ပြုပ်ကိုပေးလိုက်ပြီးနောက် နယ်မြေထဲက ထွက်လာသည်။ သူမသည် နယ်မြေကထွက်ပြီးသည့်နောက် စိုက်ခင်းဘေးမှ သူမ၏ကားကိုကြည့်ကာ တောင်ဘက်သို့ ဦးတည်၍ မောင်းလာသည်။

မကြာခင်မှာပဲ သူမသည် တောင်ဘက်သို့သွားသည့် အဝေးပြေးလမ်းမကြီးပေါ်သို့ ရောက်လာသည်။ သူမသည် ပင်လယ်မြို့တော်မှနေ ဇီခရိုင်သို့ရောက်လာပြီ ဖြစ်သည်။ သူမ၏လမ်းခရီးတွင် အခက်အခဲမရှိတော့ပေ။ အဆင့်ငါးဇွန်ဘီသည်လည်း သူမနောက်သို့ မလိုက်တော့ကာ ကလေးမလေးကိုလည်း သူ့အဖေဆီသို့ ပို့ပေးလိုက်ပြီဖြစ်သည်။ အခုတော့ ကျွင်းကျွင်းတို့ သားအမိသာ သူမတွင်ရှိလေသည်။    ‘ဇွန်ဘီနှစ်ကောင်နဲ့ ကလေးတစ်ယောက်. . .ထူးဆန်းတဲ့အဖွဲ့လေးပဲ’

သွားနေစဉ်တွင် လင်းချင်းသည် ကလေးအတွက် တနေ့လျှင်နှစ်ကြိမ် မြွေသားစွပ်ပြုပ်လုပ်ပေးသည်။ ကစီဓာတ်ရှိသည့် အာလူးလိုအစာများကြောင့် ကလေးသည် အရင်ကထက် ပိုအားရှိလာသည်။

လင်းချင်းသည် သူမ၏လက်သည်းများဖြင့် စနစ်မကျစွာစိုက်ထားသည့် နယ်မြေထဲမှ စိုက်ခင်းကိုလည်း တစ်ခါတစ်လေ စူးစမ်းကြည့်တက်သည်။ သူမ၏နယ်မြေအစွမ်းများသည် ရေကန်ထဲတွင်သာစုနေသည်ကို သိလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ကန်ရေလောင်းထားသည့် အပင်များသာ ရှင်ကြ၍ဖြစ်သည်။ အစကတော့ သူမသည် မြေကြောင့်ထင်ကာ အချို့အပင်များကို ကန်ရေမလောင်းဘဲ ထားလိုက်သည်။ ထိုအပင်များသည် မကြာခင်သေကုန်ကြသည်။ ထို့အတူ ကန်ရေက အသားများကို လတ်ဆတ်စေသည်ကိုလည်း သိလိုက်ရပြီ။ အဘယ်ကြောင့်ဆိုသော် ကန်ရေစိမ်ထားသည့် မြွေသားများသည် ဘယ်တော့မှ ပုပ်သွားမည့်ပုံမျိုး ပြမလာသောကြောင့်ပင်။

တောင်ဘက်သို့မြန်မြန်ရောက်စေရန် လင်းချင်းသည် နေ့မနားညမနား ကားမောင်းသည်။ အစပိုင်းတွင် ကလေးအတွက် ဟင်းချက်ပေးနေ၍ ရပ်ရတာမျိုးရှိသော်လည်း နောက်တော့ ကျွင်းကျွင်းသည် ဘယ်လိုချက်ပြုတ်ရမလဲကို တက်သွားသည့်အခါ သူ့သားစားဖို့ကို သူမသာ တာဝန်ယူလိုက်သည်။ 

ကျွင်းကျွင်းသည်လည်း တွေ့ရှိမှုများရှိလာသည်။ သူမသည် ဗိုက်အရမ်းဆာလွန်း၍ သားလေးကို ခုန်အုပ်ဖို့ လုပ်မိရန် ကြံရွယ်မိတာမျိုးရှိသည်။ သို့သော်လည်း ဒီလိုဖြစ်တိုင်း သူမသည် ကန်ဆီသို့ပြေးကာ ရေအများကြီး သောက်လိုက်သည်။ ဒီကန်ရေတွင် လူသားစားချင်စိတ်ကို ထိန်းပေးနိုင်သည့်အကြောင်း သူမသိသွားသည်။ ဒါကိုသိသည့်အခါ သူမအရမ်းပျော်သွားသည်။ အနည်းဆုံးတော့ ကန်ရေကြောင့် သူမသည် သားလေးကို ထိခိုက်အောင် စိတ်လွတ်ပြီး လုပ်မိတော့မှာ မဟုတ်ပေ။

မကြာခင်မှာ လင်းချင်းသည် ဇီခရိုင်ကိုဖြတ်ကာ မင်းခရိုင်သို့ ရောက်လာသည်။ သူမရှာနေသည့်သူများသည် မင်းခရိုင်ကို ရောက်နေပြီဖြစ်သည်။ သို့သော်လည်း ဆန့်ကျင်ဘက်သို့ သွားနေကြခြင်းသာ။ လင်းဖန်းနှင့် သူ့နောက်လိုက်များသည် မိသားစုကို ကာကွယ်ရင်း ယွဲ့ခရိုင်မှ ထွက်ပြေးလာကြသည်။ သူတို့လမ်းမှာ တပ်ဖွဲ့များစွာနှင့်လည်း ရင်ဆိုင်ခဲ့ရသေးသည်။

ဇီခရိုင်၏ လောင်ယန်မြို့တွင် လူတစ်စုသည် တိတ်တိတ်လေးပုန်းနေကြသည်။ ဒီနေရာသည် လေးထပ်စျေးဝယ်စင်တာ၏ ကာရာအိုကေဖြစ်ခဲ့သည်။ တံခါးများကို သေချာပိတ်ထားကာ တပ်သားနှစ်ယောက်က အယောင်ဖျောင်ကာ စောင့်ကြပ်နေသည်။ လူငယ်လေးတစ်ယောက်သည် မဲသည်းနေသည့် မျက်နှာဖြင့် တံခါးနားက ဘိလိယက်ခုံတွင် ခြေချိတ်ကာ ထိုင်နေသည်။ သူသည် လက်တစ်ဖက်တင် လက်မလောက်ထူသည့် သစ်သားချောင်းတစ်ခုကို ကိုင်ထားကာ နောက်လက်တစ်ဖက်က ဓားမြှောင်ကိုကိုင်ထားရင်း သစ်သားချောင်းကို ဓားမြှောင့်ဖြင့် ချွန်နေသည်။ တစ်ဖက်ကတော့ ချွန်ပြီးသားဖြစ်သည်။

အခန်းထဲတွင် လူများလှသည်။ အချို့ကထိုင်နေကြကာ အချို့ကရပ်နေကြသော်လည်း အကုန်လုံးက တိတ်ဆိတ်နေသည်။ ထိုလူများထဲတွင် အသက်သုံးဆယ်အရွယ်လူတစ်ယောက်ပါသည်။ သူ့မျက်နှာသည် ထောင့်ကျနေကာ အရမ်းတည်ကြည်လွန်းသည်။ မျက်လုံးများကထက်မြတ်ကာ နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်။ သာမန်လူများသည် သူ့အနားကို မကပ်ရဲလောက်အောင် တည်ကြည်လွန်းသည်။ ညဏ်ကောင်းပုံရသည့် ကလေးမလေးတစ်ယောက်ကတော့ သူ့ပေါင်ပေါ်တွင် ထိုင်နေသည်။

ကလေးမလေးသည် အရပ်မရှည်သော်လည်း နူးညံ့ကာချစ်ဖို့ကောင်းသည့် မျက်နှာလေးရှိသည်။ သူမ၏အဝတ်များက သန့်ရှင်းနေကာ မျက်လုံးများသည်လည်း တောက်ပနေလွန်းလှသည်။
Previous Chapter 82 of 198 Next