May Honey Logo May Honey
Previous Next

၂၃။ အန္တရာယ်၏နမိတ်

ဟွမ်ရှောင်း၏ မျက်နှာသည် နီရဲနေကာ လက်တစ်ဖက်ဖြင့် အကျီကိုလှမ်းဖမ်းလိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်ကာ ခါးတွင်ချည်လိုက်သည်။ သူ့၏နီရဲနေသည့်မျက်နှာသည် မည်းသည်းနေကာ အံကြိတ်ရင်း

“အဲ့ဒီကောင်ကတော့!”

ထိုသို့ရေရွတ်ရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ အဆင့်မြင့်ဇွန်ဘီ၏ အရိပ်အယောင်ကို မမြင်ရတော့ပေ။ အခြားသူများသည် သူ့စကားကြောင့် လန့်သွားကာ တစ်ယောက်က

“အဲ့ဒါဘယ်သူလဲ? ဇွန်ဘီတွေနဲ့ မင်းတွေ့ခဲ့လို့လား?”

ဟွမ်ရှောင်းသည် ဘယ်လိုပြန်ဖြေရမလဲ မသိပေ။
ရှဲ့တုန်းသည် နောက်ဆုံးတော့ မေးလာခဲ့သည်။

“ဒါနဲ့ မင်းလိုက်သွားတဲ့ အဆင့်မြင့်ဇွန်ဘီ ဘယ်မှာလဲ? ဒီနယ်ရာမှာ ဇွန်ဘီတစ်ကောင်မှ ရှိပုံမရဘူး”

သူသည် ဒီနေရာကိုကြည့်သော်လည်း ထူးဆန်းစွာဖြင့် ဇွန်ဘီတစ်ကောင်မှ ရှိမနေပေ။ အဆင့်မြင့်ဇွန်ဘီကိုထားပါဦး။ သာမန်ဇွန်ဘီတစ်ကောင်မှတောင် မရှိခြင်းဖြစ်သည်။ ဇွန်ဘီသဏ္ဍာန်များကို မိုင်ရာချီလောက်တွင်သာ တွေ့ရသည်။
ဟွမ်ရှောင်းသည် ဒီအချက်ကို စိတ်မဝင်စားနိုင်ပေ။ သူသည် အဝေးမှ ဇွန်ဘီများရှိရာသို့ အမြန်သွားပြီး အသန့်ပြန့်ဆုံးဟု ထင်ရသည့် အမျိုးသားဇွန်ဘီတစ်ကောင်၏ခေါင်းကို လေဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ ထို့နောက် ဇွန်ဘီ၏ဘောင်းဘီကို ချွတ်ချလိုက်သည်။

လင်းချင်းကို သူမသတ်လိုက်ရသည့်အတွက် မုန်းတီးနေမှုဖြင့် သူ့သွားတို့ကို ကြိတ်ထားသည်။ ‘ဒီတိုင်းအသိရှိသည့် ဇွန်ဘီတစ်ကောင်က ငါ့ကိုဆိုးဆိုးဝါးဝါး အရှက်ခွဲသွားတယ်။ ဇွန်ဘီတစ်ကောင်ဆီမှာ အနိုင်ကျင့်ခံရတာကို ဘယ်လိုလုပ်ပြီး ငါကဒီတိုင်းထားနိုင်မှာလဲ? နောက်တစ်ခေါက် အဲ့ဇွန်ဘီမကို တွေ့လို့ကတော့ အသားတွေလှီးပစ်ပြီး အရိုးခြောက်လုပ်ပစ်မယ်။ ပြီးတော့ သူ့ခေါင်းထဲက အမြူတေကို ဆွဲထုတ်ပစ်ရမယ်’

. . .

ဒီအဖွဲ့နှင့် မလှမ်းမကမ်းတွင် အဆောက်အအုံတစ်ခု၏ ထိပ်ဆုံးတွင် ရှည်လျားသည့် သဏ္ဍာန်တစ်ခုက ရပ်နေကာ သူတို့အား သတ်စားချင်စိတ်အပြည့်ဖြင့် အေးစက်သည့် မျက်လုံးများဖြင့် ကြည့်နေသည်။
မြေပြင်တွင် ရှဲ့တုန်းသည် သူ့ကိုယ်ပေါ်ကို ဖြတ်ပြေးသွားသည့် အန္တရာယ်ရှိသည့် ခံစားချက်ကြောင့် ရင်ခုန်သွားသည်။ သူသည် ဒီခံစားချက်ကြောင့် ပတ်ဝန်းကျင်ကို စိတ်ရှုပ်စွာဖြင့် ကြည့်နေသော်လည်း ဘာကိုမှ မတွေ့ပေ။
လမ်းတစ်ဖက်တွင်တော့ လင်းချင်းသည် အခြားအဆောက်အအုံတစ်ခုထဲတွင် ပုန်းနေကာ နံရံကိုမှီရင်း ပြတင်းပေါက်မှ ရှဲ့တုန်းတို့အဖွဲ့၏ နောက်ကျောကို ကြည့်နေသည်။ သူမသည် မျက်လုံးများကို မှေးကျဉ်းစွာ သူတို့အား ကြည့်နေသည်။
သူမသည် တစ်ဖက်က ၁၆ထပ်ရှိသည့် အဆောက်အအုံအပေါ်မှ အားကောင်းသည့် ခံစားချက်တစ်ခုကို ရလိုက်သည်။ သို့သော်လည်း သူမသည် ထိုသူ၏ ပစ်မှတ်မဟုတ်ပေ။ သေချာသည်က ထိုသတ္တဝါသည် ဒီလူသားအဖွဲ့အတွက် ရောက်ရှိလာခြင်း ဖြစ်လိမ့်မည်။
ဒီခံစားချက်က သူမကိုရည်ရွယ်တာ မဟုတ်သော်လည်း လင်းချင်းမှာ အန္တရာယ်ကို ခံစားမိသည်။ ထိုသတ္တဝါသည် အရမ်းအင်အားကြီးပုံပေါ်သည်။

‘ဒါပင်မယ့်လည်း ဒီခံစားချက်လေး တစ်ခုတည်းနဲ့ ဘာမှန်းငါဘယ်လိုလုပ် သိမှာလဲ? အဆင့်မြင့်ဇွန်ဘီလား? ဇွန်ဘီသားရဲကြီးလား? ဒါမှမဟုတ် သန္ဓေပြောင်းကောင်လား?’
ဘာပဲဖြစ်ဖြစ် သူမခံစားမိသည်က ဒီလူတွေ အန္တရာယ်ရှိနေပြီ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဒီသတ္တဝါနှင့် တိုက်ခိုက်နိုင်စွမ်းမရှိကြောင့် သူမသိနေ၍ ဖြစ်သည်။

လင်းချင်းသည် ထိုသတ္တဝါက ဘာလုပ်မလဲ တွေးနေစဉ်တွင်ပဲ သူမလုပ်စရာရှိတာကို မေ့နေခဲ့သည်။ ထို့ကြောင့် သူမသည် ထိုနေရာကို ကြည့်နေစဉ်တွင်ပဲ ထိုသဏ္ဍာန်က ပျောက်သွားခဲ့သည်။ သို့သော်လည်း ခံစားချက်ကတော့ မပျောက်သေးပေ။ သူမ၏ အန္တရာယ်ကို ခံစားရခြင်းက အကုန်လုံးမဟုတ်သော်လည်း ပျောက်တော့သွားပြီ။
ဒါကိုတွေးနေစဉ်တွင် သူမသည် လူသား၏အနံ့များနှင့် အခြားအငွေ့အသက်များကို ရုတ်တရက် ရလိုက်သည်။ နည်းနည်းလေးတော့ မဟုတ်ပေ. . .ထိုအနံ့များသည် လူအများကြီးက အတူတကွလာလို့သာ ထွက်ပေါ်လာခြင်း ဖြစ်သည်။ လူအချို့သည် အင်အားကြီးကြောင်းကို သူမသိလိုက်သည်။ ထိုအထဲက တစ်ယောက်သည် သူမကိုတောင် ဖိနှိပ်နိုင်သည်။
ဟိုသတ္တဝါသည်လည်း သူ့တည်ရှိမှုကို ဖုံးကွယ်လိုက်သလား ဒါမှမဟုတ် ခနထွက်သွားသလား သူမမသိပေ။ ဒီနေရာသို့ ချည်းကပ်လာသည့် ဒီအဖွဲ့ကို နိုင်မည်မဟုတ်သောကြောင့် ဖြစ်သည်။ လင်းချင်းသည် ဒီအခွင့်အရေးကို အသုံးချကာ ထိုအဖွဲ့က ဝေးနေစဉ်တွင် ထွက်ပြေးလာခဲ့သည်။
သူမသွားပြီး သိပ်မကြာခင်တွင်ပဲ လူတစ်ဖွဲ့သည် ပေါ်လာသည်။
“ကြည့်! စခန်းက ဇွန်ဘီအမဲလိုက်တဲ့ စစ်တပ်ပဲ”

ရှဲ့တုန်း၏လူတို့သည် စစ်တပ်ရောက်လာသည်ကို မြင်လိုက်သည်။

“တူသလိုပဲ”
“ဟုတ်တယ်။ ဒီတစ်ခေါက် ဝူချန်းယွဲ့ဦးဆောင်တဲ့ တပ်ဖွဲ့က ဇွန်ဘီလိုက်ပြီး သယံဇာတတွေ စုနေတာ။ သူတို့ပဲ ဖြစ်လိမ့်မယ်”
“သွားရအောင်။ အဆင့်မြင့်ဇွန်ဘီက ဒီမှာမရှိတော့တာ။ သူတို့သာရှိနေရင် ငါတို့တစ်ကောင်မှ ရမှာမဟုတ်တော့ဘူး”

ဇွန်ဘီ၏ဘောင်းဘီကို ဝတ်လာသည့် ဟွမ်ရှောင်းသည် မနာလိုမှုအပြည့်ဖြင့် ဒီကိုလာနေသည့် စစ်တပ်ဖွဲ့ကို ကြည့်ရင်း ပြောသည်။

ရှဲ့တုန်းသည် ခေါင်းကိုခါကာ ပြောသည်။

“မဟုတ်ဘူး။ ငါတို့သူတို့နဲ့ လိုက်သွားသင့်တယ်။ ဒီလိုမှ ပိုလုံခြုံလိမ့်မယ်”

ခုနတုန်းက ထူးဆန်းသည့် အန္တရာယ်ရှိသည့် ခံစားချက်ကို သူသိသည်။ ထိုခံစားချက်သည် အားကောင်းလွန်းသည့်သားရဲဆီမှ ပစ်မှတ်ထားခံရသည့် ခံစားချက်မျိုးဖြစ်သည်။ သူတို့အဖွဲ့သည် အားကောင်းသည့် ဇွန်ဘီထံတွင် ပစ်မှတ်ဖြစ်နေကြောင်း သူခံစားမိသည်။ ထိုအကောင်က သူတို့အား ဒီနေရာသို့ မျှားခေါ်လာခြင်းတောင် ဖြစ်နိုင်သည်။
ထို့ကြောင့် စခန်းမှ ဇွန်ဘီအမဲလိုက်စစ်တပ် ဖြတ်သွားတုန်းတွင် သူတို့အဖွဲ့လည်း လိုက်သွားသင့်သည်။ စစ်တပ်တွင် အားကောင်းသည့်သူများရှိသည်။ အများစုသည် အဆင့်လေးလောက်ဖြစ်ပြီး နှစ်ယောက်လောက်က အဆင့်ငါးတောင် ဖြစ်နေပြီ။ ထို့အပြင် စခန်းခေါင်းဆောင် ဝူချန်းယွဲ့သည်လည်း အဆင့်မြင့်စွမ်းအားရှင်ဖြစ်သည်။ ပင်လယ်မြို့တော်အခြေစိုက်စခန်းရှိ ခေါင်းဆောင်များတွင် သုံးယောက်သာ အဆင့်၇ဖြစ်သည်။ ထိုစခန်းခေါင်းဆောင် သုံးယောက်သည် ပင်လယ်မြို့တော်စခန်းကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။
ညဏ်ပညာကို အခြေခံ၍ လူသားများသည် သင့်လျောက်သည့် အစွမ်းမျာကို သင်ယူနိုင်ကြသည်။ လူသားရှင်သန်သူတို့သည် တည်ငြိမ်သည့်နှုန်းဖြင့် သန်မာလာကြသည်မှာ ကမ္ဘာပျက်စကတည်းက ဖြစ်သည်။
ပင်လယ်မြို့တော် အခြေစိုက်စခန်းတွင် အဆင့်၇အထိ အောင်မြင်သည့် စွမ်းအားရှင်များ ရှိရုံသာမက ကျန်သည့်ခေါင်းဆောင်များသည်လည်း အဆင့်၇နီးပါးများ ဖြစ်ကြသည်။ ကမ္ဘာပျက်ခေတ်တွင် ဇွန်ဘီများက လွှမ်းမိုးသည်။ ထို့ကြောင့် အင်အားရှိသူများက လေးစားခံရကာ ကမ္ဘာဉီးခေတ်လို စနစ်မျိုးဖြစ်နေသည်က ပုံမှန်ပင်။
ရှဲ့တုန်းပြောသည်ကို ကြားသည့်အခါ ဟွမ်ရှောင်းသည် မျက်မှောင်ကျုံ့သွားကာ

“လိုက်ရမယ်? သူတို့နောက်လိုက်ရင် ငါတို့က ဘာရတော့မှာလဲ? သူတို့က ငါတို့ကို ဇွန်ဘီကာဖို့ ဒိုင်းအနေနဲ့တောင် သုံးရင်သုံးမှာ”

သူသည် စစ်တပ်မှ အားကောင်းသူများနှင့် အတူသွားချင်သည်က သိသာလွန်းသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူများက ရသမျှ အဆင့်မြင့်ဇွန်ဘီများကို သိမ်းယူမည့်အကြောင်း သူသိသောကြောင့်ပင်။

‘ငါကဘာဖြစ်လို့ ဒီလူတွေအတွက် ပေးရမှာလဲ? စစ်တပ်ကို အဆင့်တစ်တို့ အဆင့်နှစ်တို့ ဇွန်ဘီတွေလောက်ပဲ ရှင်းဖို့လိုက်ကူနေရမှာ။ ပြီးတော့လည်း ဇွန်ဘီအမြူတေက တန်ဖိုးကြီးတယ်’

‘ငါစခန်းကနေ စွန့်စွန့်စားစားထွက်လာတာက ချမ်းသာဖို့နဲ့ ဂုဏ်ရှိဖို့ပဲ။ ငါ့အားထုတ်မှုတွေရဲ့ အကျိုးကို သူတို့ကို ပေးစရာလား? ပြီးတော့လည်း သူတို့အနေနဲ့ ဇွန်ဘီအမဲလိုက်အဖွဲ့ ဖွဲ့ကိုမထားသင့်တာ။ စစ်တပ်ကို ဝင်လိုက်တာနဲ့ ဇွန်ဘီအမြူတေကလွဲလို့ ကျန်တဲ့အထောက်အပံရနေတာပဲကို’
ရှဲ့တုန်းသည် ဟွမ်ရှောင်း၏ စကားများက အဓိပ္ပာယ်ရှိသည်ကို သိသော်လည်း အခြေအနေက မတူတော့သည်ကို သူသိသည်။ ခုနတုန်းက သူတို့အဖွဲ့သည် ပစ်မှတ်ဖြစ်သွားကြောင်း သူခံစားလိုက်ရသည်။ အမှန်သာဖြစ်ဖို့ကလည်းများသည်။ သူသည် အန္တရာယ်နှင့် ပတ်သက်လျှင် အမြဲမှန်တက်သူ ဖြစ်သောကြောင့်ပင်။
ထို့အပြင် စစ်တပ်၏ အင်အားက သူတောင်ခန့်မှန်း၍ မရသည့်အထိဖြစ်သည်။ အန္တရာယ်ရှိကြောင်းကို ခုနက သူမခံစားလိုက်ရပါက သူတို့အဖွဲ့ပစ်မှတ်ဖြစ်နေကြောင်းကို သူသိမှာတောင် မဟုတ်ပေ။ ထို့ကြောင့် အသက်ရှင်ဖို့က အရေးကြီးဆုံး ဖြစ်သည်။ သူတို့သာ သေသွားပါက လိုချင်တာ အားလုံးသည် ဘာအဓိပ္ပါယ်မှ မရှိတော့ပေ။
ပျက်ယွင်းနေသည့် မျက်နှာဖြင့် သူအတည်ပြောရတော့သည်။

“ငါတို့အဖွဲ့က ပစ်မှတ်ထားခံနေရပြီလို့ ငါခံစားရတယ်။ တကယ်လို့ ငါတို့ဘာသာသွားရင် အန္တရာယ်နဲ့ လွယ်လွယ်တွေ့ရလိမ့်မယ်”

ဟွမ်ရှောင်းသည် ရှဲ့တုန်း၏ စကားတို့ကို အထင်သေးပြီး လှောင်ပြောင်ကာ

“ခင်ဗျားက ကိုယ့်ကိုကိုယ် သိလွန်းတယ်လို့ အရမ်းပြောတယ်။ ဒါပင်မယ့် ခင်ဗျားနောက်ကို လိုက်လာတာ ရက်ကြာနေတာပဲ ကြည့်။ ငါတို့ဘာမှ မတွေ့ရသေးဘူး။ နေ့တိုင်းတိုက်နေရတဲ့ အဆင့်နိမ့်ဇွန်ဘီတွေအများကြီးကလွဲရင် အဆင့်မြင့်ဇွန်ဘီတစ်ကောင်မှ မတွေ့ရဘူး။ နောက်ဆုံး ငါဒီနေ့ တစ်ကောင်တွေ့ပြန်တော့လည်း ခင်ဗျားကြီး နှေးတိနှေးတုံ့လုပ်နေတာကြောင့် လွတ်သွားပြီ”

Previous Chapter 23 of 198 Next