May Honey Logo May Honey
Previous Next

၁၄၂။ ထူးဆန်းတဲ့ဇွန်ဘီ

သူ့ကိုမြင်သည့်အခါ လင်းဖန်သည် ထူးဆန်းစွာဖြင့်   “တူယွမ်ရှင်း ငါမင်းကို မေးမလို့။ ဘာဖြစ်လို့ စခန်းမှာ မနေတာလဲ? ပြီးတော့ မင်းပြောနေတဲ့သူဆိုတာက ဘယ်သူလဲ?”

တူယွမ်ရှင်းသည် လင်းချင်းကို လက်ညိုးထိုးပြကာ   “သူ. . .ကပ္ပတိန်ကြီးသိလား? သူကတော့ သိတယ်ပြောတယ်”

လင်းဖန်သည် ဖြည်းဖြည်းချင်း ထထိုင်သည်။ လင်းဟောင်က ကူဖို့လုပ်ပေးသော်လည်း လင်းဖန်က လက်မခံပေ။ သူထလိုက်သည့်အခါ သူ့လုပ်ရှားမှုများသည် ချောမွေ့နေပြီးနောက် ရင်ဘတ်က နာကျင်မှုသည် လုံးဝပျောက်သွားသည်ကို သိလိုက်ရသည်။   ‘ဘယ်လိုဖြစ်တာလဲ? ငါမေ့နေတုန်းမှာ အတွင်းဒဏ်ရာတွေက ကုပြီးသွားတာလား? ဘယ်လိုဖြစ်လို့ ငါတောင်မသိလိုက်ရတာလဲ?’

သူသည် တူယွမ်ရှင်းညွှန်ပြရာကို ကြည့်လိုက်သည့်အခါ ပုံမှန်အရပ်လောက်ရှိသည့် ယောက်ျားတစ်ယောက်သည် မျက်နှာတွင် အမာရွတ်အများကြီးရှိနေပြီးနောက် နေကာမျက်မှန်တပ်ထားသည်ကို တွေ့လိုက်ရသည်။ ဒီလူကို သူတစ်ခါမှ မမြင်ဖူးသောကြောင့် ဘယ်သူမှန်း မသိပေ။ ထို့ကြောင် လင်းချင်းအား ခေါင်းအစခြေအဆုံးကြည့်ပြီးနောက် ကျန်သည့်သူများကို ပြန်ကြည့်သည်။

လင်းဟောင်နှင့် အခြားသူများသည်လည်း ခေါင်းခါကာ   “ကျွန်တော်တို့လည်း မသိဘူး။ အကိုကြီးတောင် မသိတာကို ကျွန်တော်တို့က ဘယ်လိုလုပ်သိမှာလဲ?”

လင်းဖန်သည် တူယွမ်ရှင်းကို ကြည့်ပြီးနောက် လင်းချင်းကို ကြည့်သည်။ ထို့နောက်မှ သူ့မိသားစုအား   “ခုနက ဘာတွေဖြစ်ခဲ့တာလဲ? ဘယ်လိုလုပ်ပြီး ငါ့ကိုကုပြီးသွားတာလဲ? ယန်ကျင်းဟွာကရော?”

သူဘေးကိုကြည့်လိုက်သည့်အခါ ယန်ကျင်းဟွာရော စစ်ကားတွေရော မရှိတော့သည်ကို သေချာစွာ တွေ့လိုက်ရသည်။

“မီးဒိုင်းပျက်သွားတုန်းက ထန်ရှင်းက ငါတို့ကို ကာကွယ်ဖို့ မြေကျွင်းလုပ်ပေးတယ်။ ယန်ကျင်းဟွာရဲ့ ရေခဲလက်နက်တွေက အန္တရာယ်များတဲ့ အချိန်မှာ လွဲသွားတာပေါ့”   အမျိုးသမီးလင်းက ပြောသည်။   “ပြီးတော့ တခြားသူတွေ ပေါ်လာတာပဲ”

ဒီလိုပြောနေရင်း အမျိုးသမီးသည် တူယွမ်ရှင်းနှင့် လုံချင်းယင်တို့ကို ညွှန်ပြကာ   “ယန်ကျင်းဟွာကို ချလိုက်တာက အင်း. . .ကောင်မလေး”   သူမသည် ‘ဇွန်ဘီမလေး’ဟု ပြောဖို့လုပ်လိုက်သော်လည်း လင်းချင်းက ရှိနေသဖြင့် စကားကို ပြောင်းလိုက်သည်။

ဘာရည်ရွယ်ချက်ပဲရှိရှိ လင်းချင်းက အမှန်တကယ် သူတို့ကို ကူညီဖို့ ရောက်လာတာ ဖြစ်သည်။ အခုအထိ ထူးဆန်းသည့်ဇွန်ဘီသည် သူတို့အား ဖော်ရွေမှုပြနေသည်။ မှော်ဆန်စွာပဲ လင်းဖန်၏ အတွင်းဒဏ်ရာများကို အချိန်တိုအတွင်း ကုသပေးနိုင်ခဲ့သေးသည်။

“သူကသိတယ်ပြောပြီး လိုက်ရှာနေတာ။ လုံချင်းယင်နဲ့ ကျွန်တော်က တောင်ပိုင်းကနေ ကပ္ပတိန်ကြီးကိုရှာဖို့ သူနဲ့လိုက်လာတာ။ ဒုခေါင်းဆောင်ယွမ်ကတော့ ကျွန်တော်တို့ထက် နည်းနည်းလေးစောပြီး အန္တရာယ်များတဲ့အချိန်မှာ ရောက်လာတာပဲ”   တူယွမ်ရှင်းက ပြောသည်။

လင်းဖန်သည် လင်းချင်းအား တစ်ချက်ကြည့်ပြီးနောက် အသံတိုးတိုးဖြင့်   “ငါ့ကိုသိတယ်လား? ဒါပင်မယ့် ငါကတော့ သူ့ကိုသိတယ် မထင်ဘူး”

“သူကတော့ ဒီလိုပြောတာပဲ”   တူယွမ်ရှင်းသည် အသံတိုးတိုးဖြင့် ပြောသည်။

လင်းဖန်သည် သေချာတွေးကြည့်သော်လည်း ဒီအမာရွတ်တွေနဲ့လူကို မသိတာ သေချာသည်။ ထို့ကြောင့် လင်းချင်းအား အသံကျယ်ကျယ်ဖြင့်   “နာမည်သိလို့ရမလား? သူတို့အပြောအရဆိုရင် ငါ့ဒဏ်ရာတွေကို မင်းကုပေးတာ။ အခုတော့ ကျေးဇူးဆပ်နိုင်တာ မရှိသေးဘူး။ ဒါပင်မယ့် နောက်မင်းအကူအညီလိုရင် ငါ့ကိုလာရှာ”

သူ့စကားကို ကြားသည့်အခါ လင်းချင်းသည် ခေါင်းငြိမ့်ပြသည်။

လင်းဖန်သည် လင်းချင်း၏ တိတ်ဆိတ်စွာ တုန်ပြန်မှုကို ထူးဆန်းသလို ခံစားရသောကြောင့် တူယွမ်ရှင်းအား အသံတိုးတိုးဖြင့်   “ငါသူ့ကို မသိတာ သေချာတယ်။ ဘယ်သူလဲ? မင်းရော မသိဘူးလား? ဘယ်စခန်းကလဲ?”

“အင်း. . .သူက. . .”   တူယွမ်ရှင်းသည် ထူးဆန်းသည့်သူက လူမဟုတ်ဘဲ ဇွန်ဘီဆိုသည်ကို ပြောသင့်မပြောသင့် တွေးနေသည်။

“အကိုကြီး သူကလူမဟုတ်ဘူး။ ဇွန်ဘီ!”   လင်းဝမ်ဝမ်က ဖြတ်ပြောသည်။

သူ့စကားကို ကြားသည့်အခါ လင်းဖန်သည် လန့်သွားကာ လင်းဝမ်ဝမ်အား   “ဝမ်ဝမ် နင်ဘာပြောတာလဲ? လေကဆူနေတော့ နင်ပြောတာကို ငါသေချာ မကြားလိုက်ဘူး ထင်တယ်!”

လင်းဝမ်ဝမ်သည် မျက်လုံးကို လှန်လိုက်သည်။ အခြားသူများကတော့ ရယ်ချင်နေကြသည်။ လင်းဟောင်က ခေါင်းငြိမ့်ကာ   “အမှန်ပဲ အကိုကြီး။ သူက တကယ်ကို အင်း. . . ထူးခြားတဲ့ဇွန်ဘီ!”

လင်းဖန်သည် လင်းဟောင်အား ရူးနေသလားဟု ကြည့်နေသဖြင့် လင်းဟောင်သည် ဆွံ့အသွားသည်။ စိတ်ထဲတွင်မှု   ‘အမှန်ပြောနေတာဗျ! ဘာဖြစ်လို့ ဒီလိုကြီး ကြည့်နေတာလဲ? ကျွန်တော် မရူးဘူး!’  
ထိုအချိန်တွင် အမျိုးသမီးလင်းသည် လင်းရှောင်လု၏ ပုခုံးပေါ်လက်တင်လိုက်ကာ   “မယုံရင် ကိုယ်တိုင်မေးကြည့်လိုက်လေ”   ဒီလိုပြောပြီးသည့်အခါ လင်းချင်းကို ကြည့်လိုက်သည်။

လင်းဖန်သည် သူ့မိသားစုကြောင့် စိတ်ရှုပ်သွားကာ သူတို့စကားများကို မယုံနိုင်ပေ။ ထို့ကြောင့် လင်းချင်းအား ဆက်မေးသည်။   “ဘယ်လိုခေါ်ရမလဲ? ဘာဖြစ်လို့ ငါတို့ကို ကူညီတာလဲ?”

လင်းချင်းသည် လင်းဖန်၏ အကြည့်အောက်တွင် စာရေးလိုက်သည်။   ‘နာမည်က လုထန်ယုပါ။ တကယ်ဇွန်ဘီ။ သူတို့က မလိမ်ပါဘူး’   ရေးပြီးသည်နှင့် ထိုစာရွက်ပိုင်းဖြဲလိုက်ကာ ခေါက်ပြီးနောက် လင်းဖန်ကို ပစ်ပေးလိုက်သည်။

လင်းဖန်၏စိတ်သည် မရှင်းသေးသဖြင့် သူသည် စာရွက်ပိုင်းကို အလိုလိုဖမ်းလိုက်မိကာ ဖွင့်၍ဖတ်ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာသည် ထူးဆန်းသွားသည်။ လင်းချင်းကို သူပြန်ကြည့်သည့်အခါ လင်းချင်းသည် မျက်မှန်ကိုလျှောလိုက်ကာ သူမ၏မျက်ဝန်းနက်များကို ပြလိုက်သည်။ လင်းဖန်းသည် ကြောင်အသွားသော်လည်း ကျန်သည့်သူများကတော့ တည်ငြိမ်နေပြီ။ 

ထိုအချိန်တွင် ယွမ်ထန်ရှင်းသည် လဲကျသွားသည်။ လုံချင်းယင်သည် အရင်မြင်လိုက်သဖြင့်   “ဒုခေါင်းဆောင်ယွမ်!”   သူမ၏အသံကို ကြားသည့်အခါ လူတိုင်းသည် မြေပြင်တွင် လဲကျနေသည့် ယွမ်ထန်ရှင်းကို ကြည့်လိုက်ကြသည်။

ဘယ်သူမှ သူမအပေါ်တွင် အာရုံမရှိတော့သည်နှင့် လင်းချင်းသည် ပျောက်သွားသည်။ အခြားသူများသည် တူယွမ်ရှင်းကို ကူညီဖို့ လှည့်သွားကြသည်။ သူ့ကိုယ်ထဲက စွမ်းအားများသည် စိမ့်ထွက်နေပြီးနောက် သူ့အားသည် အရမ်းပျော့ကျနေပြီ။ သူ့မျက်နှာသည် သရဲလို ဖြူဖျော့နေကာ မျက်လုံးများကို တင်းနေအောင် မှိတ်ထားသည်။

“ခေါင်းဆောင်ယွမ်က ဘာဖြစ်တာလဲ?”   တူယွမ်ရှင်းက မေးသည်။  
လင်းဟောင်က ယွမ်ထန်ရှင်း၏ သွေးကြောကို စမ်းပြီးနောက် အခြေအနေကို စစ်ကြည့်သည်။ ထို့နောက် ယွမ်ထန်ရှင်း၏ အခြားအစိတ်အပိုင်းများကို စစ်ကြည့်ပြီးနောက် ရုပ်ကတည်သွားသည်။

“အကိုကြီးထန်ရှင်းက ငါ့အကိုကြီးထက် ပိုဆိုးဆိုးဝါးဝါးကို ဒဏ်ရာရထားတာ။ အကိုကြီးရဲ့ ဒဏ်ရာက ပိုဆိုးတာက အားကုန်သွားလို့ ဆိုပင်မယ့် အကိုကြီးထန်ရှင်းကတော့ ဒဏ်ရာရထားတာ ၁လလောက် ရှိနေလောက်ပြီ။ ဒီလောက်ဆိုးနေတာကို သည်းခံလာပြီးတာ့ မနားရသေးဘူး ထင်တယ်”

“သူပျောက်နေတာလည်း ၁လလောက်ရှိပြီ”   အမျိုးသမီးလင်းကပြောသည်။   “ဆိုးဆိုးဝါးဝါး သူလည်း ကြုံထားရပုံပဲ။ တချိန်လုံး ခက်ခဲနေခဲ့မှာကို ငါတို့ကိုရှာဖို့ ရောက်လာတာ ဖြစ်မယ်”

လင်းဖန်သည် သူ့အားဇွန်ဘီတစ်ကောင်က ကယ်ခဲ့သည် ဆိုသည်ကို အံ့သြနေရာမှ မသိဝင်လာကာ ယွမ်ထန်ရှင်းအား ကြည့်ပြီးနောက်   “ခုနကသူ. . .ငါ့ကိုကုပေးဖို့သူက ယွမ်ထန်ရှင်းလည်း ကုနိုင်မယ် ထင်တယ်။ ဘယ်ရောက်သွားလဲ?”

သူသည်စကားပြောရင်း လင်းချင်းရှိရာကို ကြည့်လိုက်သည့်အခါ ဇွန်ဘီကို မတွေ့တော့ပေ။   သူသည် ဘေးပတ်ပတ်လည်ကို ရှာသော်လည်း မတွေ့တော့ပေ။  
Previous Chapter 142 of 198 Next