May Honey Logo May Honey
Previous Next

၁၃၃။ အရေးအကြီးဆုံး အခိုက်အတန့်

ထိုအချိန်မှာ လင်းဟောင်၏ကျောပေါ်တွင်ရှိနေသည့် လင်းဖန်သည် ခါးကိုဆန့်လိုက်ကာ လက်ကိုမြှောက်လိုက်သည်။ ထို့နောက် အားကောင်းသည့် မီးတောက်ကြီးသည် သူ့မိသားစု၏ အရှေ့တွင် ပေါ်လာသည်။ ထိုမီးတောက်ကြီးသည် စက်ဝိုင်းကြီးလိုဖြစ်နေကာ သူတို့အား ရေခဲချွန်များမှ ကာကွယ်ပေးထားသည်။

သို့သော်လည်း မီးသည် ရေခဲချွန်တိုင်းကို ပျော်မသွားစေဘဲ ထိုမီးတွင်ကပ်နေကာ လင်းဖန်တို့မိသားစုကို ထိုးစိုက်ဖို့ ဖောက်ဝင်နေသည်။ လင်းဖန်၏မျက်နှာသည် ဖြူဖပ်နေပြီ။ သူသည် အံကိုကြိတ်ရင်း လက်ကိုမြှောက်ထားဆဲပင်။ သူသည် ရေခဲချွန်များကို မထိန်းနိုင်ဘူးဆိုသည်ကို သိသော်လည်း သူလက်မလျှော့ချင်ပေ။ သူလက်ကိုချလိုက်သည်နှင့် ရေခဲချွန်များသည် သူ့မိသားစု၏ ကိုယ်ထဲသို့ ဝင်သွားမှာ ဖြစ်သည်။

“နောက်. . .ဆုတ်!”   လင်းဖန်သည် အံကြိတ်ကာ စကား၂လုံးကို လင်းဟောင်အား မနည်းပြောလိုက်သည်။

သူ့အသံကိုကြားသည့်အခါ လင်းဟောင်နှင့် အခြားသူများသည် နောက်ကိုဆုတ်သည်။ လင်းဖန်၏မီးကတော့ သူတို့နှင့်အတူ လိုက်မဆုတ်ဘဲ ရေခဲချွန်များကို ဒိုင်းသဖွယ် ဆက်တားထားသည်။ တဖြည်းဖြည်းဖြင့် မီးဒိုင်းနှင့် သူတို့ကြားက အကွာအဝေးသည် များလာသည်။

ထိုအချိန်တွင် လင်းချင်းသည် စိုးရိမ်မှုအပြည့်ဖြင့် ချူးလီလီအား ဆက်သွယ်ကာ ယန်ကျင်းဟွာကို ကူရှင်းပေးဖို့ တောင်းဆိုနေရသည်။ ယန်ကျင်းဟွာသည် အဆင့်၆ရေခဲစွမ်းအားရှင် ဖြစ်သည်။ သူသည် အဆင့်၆သို့ ရောက်စပဲရှိသေးတာမဟုတ်ဘဲ အဆင့်၇ကို ချိုးဖျက်တော့မယ့် အနေအထားဖြစ်သည်။

လင်းချင်းသည် သူမ၏လက်ရှိအစွမ်းဖြင့် မတိုက်နိုင်သော်လည်း အချိန်ခနတော့ ဆွဲထားပေးနိုင်သည်။ သို့သော်လည်း သူမ၏မိသားစုကို ကယ်ဖို့အတွက် ယန်ကျင်းဟွာနှင့် သူ့၏လက်နက်အပြည့်ဖြင့် စစ်ကားများနှင့် စစ်သားများကတော့ သူမအတွက် ခက်ခဲသည်။ 

ထို့ကြောင့် ချူးလီလီကို အကူအညီတောင်းတာ ဖြစ်သည်။ ချူးလီလီသည် အဆင့်၆ဇွန်ဘီ ဘုရင်မဖြစ်လေရာ ယန်ကျင်းဟွာကလည်း အဆင့်၆စွမ်းအားရှင်လူသားဖြစ်သည်။ စွမ်းအားအရဆိုလျှင် ချူးလီလီကို ယန်ကျင်းဟွာသည် ယှဉ်နိုင်စရာကို မရှိပေ။ သို့သော်လည်း ယန်ကျင်းဟွာသည် တိုက်ပွဲအတွေ့အကြုံရှိသဖြင့် လင်းချင်းက သူတို့နှစ်ယောက်၏ တိုက်ပွဲသည် သရေပွဲဖြစ်လောက်မည်ဟု ထင်သည်။

လင်းချင်းသည် သူမ၏မိသားစုကို နယ်မြေထဲသို့ သွင်းချင်သော်လည်း တစ်ခါတွင် တစ်ယောက်ပဲ ခေါ်ရသဖြင့် အချိန်လိုကာ စစ်ကားများမှ လက်နက်များကို အရင်ဖျက်စီးပစ်ဖို့ လိုအပ်သေးသည်။ ထို့နောက်မှသာ လင်းဖန်တို့ကို သူမခေါ်လာနိုင်မည် ဖြစ်သည်။

အခုအချိန်တွင် လင်းချင်းသည် သူမ၏နယ်မြေထဲတွင် ချူးလီလီနှင့်အတူရှိနေကာ အပြင်အခြေအနေကို ကြည့်ပြီးနောက် စာပြလိုက်သည်။   ‘အပြင်ကလူတွေက ငါ့မိသားစုတွေ။ ငါသူတို့ကို ကယ်ဖို့လိုပင်မယ့် အဆင့်၆ကောင်ကို ငါယှဉ်လို့ မရဘူး။ သူတို့ကို ကယ်ပေးနိုင်မှာက နင်ပဲရှိတယ်။ ငါ့ကိုကူညီပေးဖို့လိုတယ်။ မကူညီချင်ရင် ငါ့ဘေးမှာ ဘာဖြစ်လို့ နင်နေမှာလဲ?’

ချူးလီလီသည် ယန်ကျင်းဟွာကို မတိုက်ခိုက်ချင်သော်လည်း လင်းချင်း၏ စိုးရိမ်နေသည့် မျက်နှာကို မြင်ရသည့်အခါ သူမသည် တွေဝေသွားသည်။ သူမသည် ဘေးကိုကြည့်လိုက်သည်။ သူမအတွက်တော့ ပထမဆုံးအကြိမ်အဖြစ် လင်းချင်း၏နယ်မြေထဲသို့ ရောက်ဖူးတာ ဖြစ်သည်။ ရောက်လာသည်နှင့် ဒီနေရာမှာတွင် သူမနေရသည်ကို သဘောကျလာသည်။

လင်းချင်းသည် ချူးလီလီသည် အနီရောင် မျက်လုံးလှလှလေးများကို စိုက်ကြည့်လိုက်သည်။ သူမသည် စိုးရိမ်စိတ်များနေသောကြောင့် သူမ၏မျက်လုံးသည် အစိမ်းရောင်တောက်လာပြန်သည်။ ထိုအစိမ်းရောင်က နေကာမျက်မှန်ကနေ ထွက်လာသည်။ လင်းချင်းသည် ချူးလီလီ၏ မျက်လုံးအရောင်ကို မမြင်ရသော်လည်း စွမ်းအင်များက မျက်လုံးကနေ ထွက်နေသည်ကိုတော့ သူမမြင်ရပါသေးသည်။

ချူးလီလီသည်လည်း လင်းချင်း၏ မျက်လုံးအရောင်ကို မမြင်ရပေ။ သို့သော်လည်း သူမသည် နေကာမျက်မှန်ကိုတောင် ဖောက်မြင်နေအောင် လင်းနေသည့် မျက်စံများကိုတော့ သူမမြင်ရသည်။

လင်းချင်းက တကယ်စိတ်ပူနေသည်ကို မြင်သည့်အခါ သူမသည် ခနတွေးပြီး ခေါင်းငြိမ့်ပြသည်။ သို့သော်လည်း သူမသည် အရင်အော်လိုက်သည်။   “အာ အာ အာ”   ‘ညီမလေး ဒီမှာနေချင်တယ်’   ဒီလိုအော်ရင်း သူမသည် နယ်မြေထဲကို လက်ညိုးထိုးပြသည်။

လင်းချင်းသည် ချက်ချင်းခေါင်းငြိမ့်လိုက်သည်။ ချူးလီလီသာ ကူညီပေးမယ်ဆိုရင် ဒီကောင်မလေးလိုချင်သမျှကို သူမလုပ်ခွင့်ပေးထားမှာ ဖြစ်သည်။ ချူးလီလီက သဘောတူလိုက်သည်နှင့် သူမသည် ချူးလီလီကိုခေါ်ကာ နယ်မြေထဲကနေ ထွက်လာသည်။ အဘယ်ကြောင့်ဆိုသော် လင်းဖန်တို့အခြေအနေပြောင်းနေပြီကို သူမသိလိုက်သောကြောင့်ပင်။

လင်းချင်းတို့ထွက်လာသည့်အချိန်တွင် ယန်ကျင်းဟွာသည် လက်ကိုမြှောက်လိုက်ပြီ။ လင်းဖန်ကတော့ မျက်လုံးအပြူးသားဖြင့် သွေးအန်နေပြီ။ ထို့နောက် လင်းဟောင်၏ကျောပေါ်သို့ ခေါင်းနှင့်လက်က ပြုတ်ကျသွားသည်။

“အကိုကြီး!”   လင်းဟောင်က အော်သည်။ လင်းဖန်၏လက်ချသည်နှင့် သူတို့ကိုကာထားသည့် မီးဒိုင်သည် မရှိတော့ကာ ရေခဲချွန်များသည် သူတို့ဆီသို့ ပျံလာပြီ။

ထိုအခါလင်းချင်းသည် ဘာမှကို မတွေးနိုင်တော့ဘဲ သူ့မိသားစုဆီသို့ ခုန်ချသွားသည်။ ချူးလီလီသည်လည်း စလှုပ်ရှားသည်။ သူမသည် ယန်ကျင်းဟွာဆီသို့ ခုန်ပြေးသွားကာ သူရပ်နေသည့် ကားပတ်ပတ်လည်ကို လေပြင်းပြင်းများဖြင့် တိုက်ခိုက်ဖို့ လက်ကိုမြှောက်လိုက်သည်။

“အား!!!”   သူမ၏အော်သံက အဝေးကြီးအထိ ပျံ့နှံ့သွားသည်။ အသံကြားလိုက်သည့် ဇွန်ဘီများသည် ရုတ်တရပ်ရပ်သွားကာ ချူးလီလီရှိရာသို့ ခေါင်းလှည့်ကြည့်ကြသည်။ သူတို့၏ ကြောက်ဖို့ကောင်းသည့် ဇွန်ဘီမျက်နှာများတွင် စိတ်ရှုပ်ခြင်းတို့က အထင်းသား။ ထို့နောက် သူတို့သည် သူမရှိရာသို့ ခြေထောက်များကို တရွတ်ဆွဲ၍ လျှောက်လာကြတော့သည်။ ချူးလီလီက ဆင့်ခေါ်လိုက်သံကို ကြားလိုက်သမျှ ဇွန်ဘီတိုင်းသည် သူမ၏အမိန့်ကို နာခံကာ သူမဆီသို့ ရောက်လာကြသည်။

လင်းချင်းသည် သူမ၏မိသားစုက အန္တရာယ်ကျသည့်အခါ အဆောက်အဦးပေါ်မှ ခုန်ချလိုက်သော်လည်း သူမသည် နှေးနေသေးသည်။ ယန်ကျင်းဟွာက ဆယ်မီတာလောက် ဝေးချိန်တွင် သူမက ဒီထက်ဝေးသည့်နေရာကနေ လာနေရတာ ဖြစ်သည်။

ရေခဲချွန်များလာသည်ကို မြင်သည့်အခါ လင်းဝမ်ဝမ်၊ ချန်းဝမ်ရှုနှင့် တပ်သားငါးယောက်သည် လင်းဟောင်၊ လင်းဖန်၊ အမျိုးသမီးလင်းနှင့် လင်းရှောင်လုတို့ကို သူတို့၏ကိုယ်ဖြင့် ကာလိုက်သည်။ သူတို့ထိခိုက်တော့မည့်အချိန်တွင် လင်းချင်းသည် အရမ်းစိုးရိမ်သွားသည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်မှာ လူအချို့ကလည်း အမြန်ရောက်လာကြသည်။

လင်းဖန်တို့မိသားစု၏အောက်မှ မြေသည် ရုတ်တရတ် လှုပ်သွားကာ အပေါက်ကြီးတစ်ခုအဖြစ်သို့ နစ်ဝင်သွားသည်။ လင်းမိသားစုနှင့် တပ်သားငါးယောက်သည် ပြုတ်ကျသွားသည်။
“အား!”
သူတို့၏အော်သံများက ထွက်ပေါ်လာသည်။ ရေခဲချွန်များသည်လည်း ပစ်မှတ်ဖြင့်လွဲသွားကာ မြေပြင်ပေါ်သို့ စိုက်သွားသည်။ အပေါက်ဖြစ်လာသည့်အချိန်တွင် လူအချို့သည် ချက်ချင်းရောက်လာသည်။

ယန်ကျင်းဟွာကတော့ ချူးလီလီ၏ အော်သံကြောင့် ကြောင်အသွားသည်။ ဘာဖြစ်လဲ မသိခင်တွင်ပဲ အဖြူရောင်သဏ္ဍာန်တစ်ခုက သူ့အားခုန်အုပ်လိုက်ကာ သူခြေချထားသည့် ကားပတ်ဝန်းကျင်တွင် ထူးဆန်းသည့် လေပြင်းများက တိုက်ခိုက်လာပြီ။  
Previous Chapter 133 of 198 Next