၄၃။ နေရာလွတ်စွမ်းအားရှင်
လင်းချင်းသည် အမြန်ဝင်လာကာ ဟွမ်ရှောင်းအား လက်စသတ်လိုက်ပြီးနောက် သူတို့နှစ်ယောက်ကို သူမ၏နယ်မြေထဲသို့ ခေါ်လာခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်ငါးဇွန်ဘီခေါင်းဆောင်၏ ရင်းနှီးနေသည့်ခံစားချက်ကို ရလိုက်သောကြောင့်ပင်။
ထိုဇွန်ဘီခေါင်းဆောင်သည် သူမတို့ခုနက တွေ့ခဲ့သည့် အကောင်ဖြစ်သည်။ ထိုဇွန်ဘီခေါင်းဆောင်သည် ဒီနေရာတွင် လင်းချင်း၏အနံ့ကို ရလိုက်သဖြင့် လိုက်လာခြင်း ဖြစ်မည်။ အဆင့်ငါးဇွန်ဘီသည် လင်းချင်းထက် အနံ့ခံအာရုံပိုမိုထက်မြက်သဖြင့် သူမနယ်မြေထဲက ထွက်လိုက်သည်နှင့် အနံ့ရတာ ဖြစ်နိုင်သည်။
မြေပြင်ပေါ်တွင် လဲနေသည့် နေရာလွတ်စွမ်းအားရှင်ကိုကြည့်ရင်း လင်းချင်းသည် အခုဘာဖြစ်သွားသလဲကို တွေးနေသည်။
‘ဘာဖြစ်လို့ ဒီလူရဲ့ နယ်မြေထဲကို မြင်နိုင်နေရတာလဲ? ဒါကငါရဲ့နောက်စွမ်းရည်များလား?’
ရုတ်တရပ် သူမသည် ဇွန်ဘီဖြစ်လာတည်းက သူမတွင် အရင်ကမရှိခဲ့သည့် စွမ်းအင်များ သိလိုက်ရသည်။ စိတ်ချင်းဆက်သွယ်ခြင်း၊ နေရာလွတ်၊ နယ်မြေထဲမှ ကိုယ်ပျောက်ခြင်း. . .ထို့အပြင် သူမ၏ကိုယ်သည်လည်း အရင်ကထက် ပိုပြီးတော့ သန်မာလာပြီဖြစ်သည်။ အခုတော့ သူမသည် အခြားသူများ၏ နယ်မြေထဲကိုပါ အာရုံခံနိုင်သည့် အစွမ်းတိုးတက်လာပြီ။ သို့သော်လည်း ဒီစွမ်းအင်များကို သူမလေ့ကျင့်ထားတာ မဟုတ်သလို အရမ်းတွင်တွင်ကျယ်ကျယ်လည်း သုံးလို့မရသေးပေ။
သူမ၏နယ်မြေသည် အလွန်ဆန်းကျယ်သည်။ သူမသည် လူများကို ခေါ်လာလို့ရသလို ကန်ရေသည်လည်း အကျိုးများစွာရှိပုံပေါ်သည်။ ထို့အပြင် သူမသေချာမသိသေးသော်လည်း သူမ၏နယ်မြေကို အခြားသူများကလည်း အသုံးပြုခဲ့ပုံရသည်။
စိတ်ချင်းဆက်သွယ်မှုတွင် သူမထက် အဆင့်နိမ့်သည့်ဇွန်ဘီများ၏ အတွေးများကို သူမချက်ချင်းဖတ်နိုင်သော်လည်း သူမထက် အဆင့်မြင့်ဇွန်ဘီများကို ဒီလိုလုပ်ရန် ခက်ခဲသည်။ လူသားများတွင်လည်း ဒီလိုပင်ဖြစ်ရာ သူမသည် သေချာသိရရန် သူတို့အနားသို့သွားဖို့ လိုအပ်ပုံရသည်။
နယ်မြေထဲမှ ကိုယ်ပျောက်ခြင်းကတော့ အမှန်တိုင်းပြောရရင် သူမလည်း ဒီစွမ်းရည်ကို ဘယ်လိုသုံးရမလဲ မသိပေ။ အခုတော့ သူများ၏ နယ်မြေကိုပါ အာရုံခံနိုင်သည့်စွမ်းရည်အသစ်ကိုလည်း ဘယ်လိုလုပ်ရမလဲ မသိပေ။ သူမသည် လက်တွေ့စမ်းသပ်မှုများစွာ လိုနေပြီ။
ဒီအတွေးဖြင့် လင်းချင်းသည် နေရာလွတ်စွမ်းအားရှင်၏ အကျီကော်လံကနေဆွဲခေါ်ကာ သူ့ခေါင်းကို ကန်ရေထဲသို့ နှစ်ချလိုက်သည်။ ခနအတွင်းမှာပဲ သူသည် သတိရလာကာ ရုန်းကန်တော့သည်။ သူနိုးလာသည့်အခါ လင်းချင်းသည် ပြန်ဆွဲတင်လိုက်သည်။
“အ. . .အဟွတ် အဟွတ်. . .ဖူး. . .”
နေရာလွတ်စွမ်းအားရှင်သည် ရေအများကြီးကို ရှုသွင်းလိုက်ရသဖြင့် ဆိုးဆိုးဝါးဝါးသီးနေသည်။
လင်းချင်းသည် သူ့ကိုနားချိန်တောင်မပေးဘဲ သူ့ရှေ့တွင်သွားထိုင်လိုက်ကာ သူမ၏လက်များဖြင့် သူ့နဖူးကိုဖျစ်လိုက်သည်။ ရေသီးနေသည့် နေရာလွတ်စွမ်းအားရှင်မှာ သူ့ခေါင်းကို လက်တစ်ဖက်က အတင်းလာဖျစ်နေသဖြင့် ရုတ်တရပ် ခေါင်းတောင်မူးလာသည်။
လင်းချင်းသည် ဒီနေရာလွတ်စွမ်းအားရှင်၏ခေါင်းကို ဖျစ်လိုက်သည့်အခါ တစ်ခုခုကိုခံစားလိုက်ရသည်. သူမသည် မျက်လုံးကိုမှိတ်လိုက်သည့်အခါ မြူခိုးအဖြူရောင်များကို မြင်လိုက်ရသည်။ ထို့နောက် ပြတင်းပေါက်ကြီးလို အပေါက်ဝိုင်းဝိုင်းတစ်ခုကို မြင်လိုက်ရသည်။
သူမသည် အပေါက်နားသို့ သွားရန်ကြိုးစားကြည့်သည့်အခါ ထိုအရာက သူမ၏အရှေ့သို့ ရောက်လာသည်။ သူမသည် အထဲတွင် စားစရာအမြောက်အများကို တွေ့ရသည်။ သူမနှင့် ရှဲ့တုန်းတို့က စားစရာမလိုသော်လည်း ဝူယွဲ့လင်းအတွက်တော့ လိုအပ်သည်။ သူမသည် ပြန်ထွက်လာပြီးနောက် မျက်လုံးဖွင့်လိုက်သည့်အခါ ဒီနေရာလွတ်စွမ်းအားရှင်သည် မျက်ဖြူလန်နေပြန်ပြီ။ ဒီတစ်ခါတော့ အရင်ထက်ကို ပိုဆိုးသွားသည်က သူ့ပါးစပ်တွင် အမြှုပ်များပါ ထနေခြင်းပင်။
လင်းချင်းသည် သူမ၏လက်ကို လျော့ပေးလိုက်ကာ သူမ၏မျက်လုံးများက အရောင်ဖျော့သွားသည်။ သူ့နယ်မြေထဲကို သူမဝင်ကြည့်ခြင်းက သူမအတွက်လည်း စိတ်ရောကိုယ်ပါ ပင်ပန်းစေသည်။
ရှဲ့တုန်းသည် နေရာလွတ်စွမ်းအားရှင်ကို အေးတိအေးစက်မျက်လုံးများဖြင့် ကြည့်သည်။ သူ့တွင် ဒီလူ၏လတ်ဆက်သည့်အသားကို စားချင်စိတ်ရှိနေသော်လည်း သူထိန်းချုပ်ထားသည်။ သူသည် အမြူတေကို ကိုင်ထားပြီးနောက် ဇွန်ဘီအမြူတေများကို စုပ်ယူတုန်းက လုပ်သလိုမျိုး သူ့တစ်ကိုယ်လုံး၏အပူများကို လက်တွင်စုလိုက်သည့်အခါ တဖြည်းဖြည်း အရည်ပျော်လာသည်။ ထို့နောက် သူ့လက်များမှတစ်ဆင့် အမြူတေ၏စွမ်းအင်များသည် သူ့ကိုယ်ထဲသို့ စွမ်းအင်လှိုင်းတစ်ခုအဖြစ် စီးဝင်သွားသည်။
သူစွမ်းအင်ကို စုပ်ယူပြီးသည့်အခါ လင်းချင်းသည် နေရာလွတ်စွမ်းအားရှင်ကို လွတ်ပေးလိုက်ပြီဖြစ်သည်။ ဒီတစ်ခါတော့ နေရာလွတ်စွမ်းအားရှင်သည် အခြေအနေဆိုးဝါးကာ ပါးစပ်ထဲမှအမြှုပ်ထနေပြီကို မြင်လိုက်ရသည်။
ရှဲ့တုန်းလျှောက်လာသည်ကိုမြင်သည့်အခါ လင်းချင်းသည် စာရွက်ပိုင်းပေါ်တွင် စာရေးပြသည်။
‘အမြူတေကြောင့် နင်ဘာတွေပြောင်းသွားပြီလဲ’
ရှဲ့တုန်းသည် သူ့ကိုယ်ကိုခံစားကြည့်ပြီးနောက် ခေါင်းခါပြသည်။ သူဘာကိုမှမခံစားရပေ။ ဟွမ်ရှောင်း၏အမြူတေက စွမ်းအင်သည် သူ့ကိုယ်ထဲတွင် ပျောက်ကွယ်သွားသလိုပင်။ ဇွန်ဘီအမြူတေများကို အရင်ကစုပ်ယူတုန်းကလိုမျိုး စွမ်းအားတိုးလာသလိုလည်း သူမခံစားရပေ။
လင်းချင်းသည် သူ့အားတအံ့တသြကြည့်လိုက်သည်။ ဇွန်ဘီအမြူတေကို သူမစုပ်ယူတုန်းက ဘာထူးခြားမှုမှ မဖြစ်သဖြင့် သူမ၏အခြေအနေကြောင့်သာဟု ထင်ခဲ့သည်။ အခုတော့ ရှဲ့တုန်းသည်လည်း သူမလို လာဖြစ်နေသလား?
ရှဲ့တုန်းသည် မေ့နေသည့် နေရာလွတ်စွမ်းအားရှင်ကို ကြည့်ပြီးသည့်အခါ ဒီတစ်ခါတော့ နီးကပ်လွန်း၍ သူတံတွေးကို မြိုချလိုက်ရသည်။ ချိုမြိန်သည့်အနံ့က သူ့အားဆွဲဆောင်နေသလိုပင်။ ဆာလောင်မှုက သူ့ကိုရူးသွပ်အောင်လုပ်ကာ သူတစ်ကိုက်လောက်ကိုက်စားချင်နေမိသည်။ သို့သော်လည်း သူ့ဂုဏ်သိက္ခာက ဒါကလူသားဖြစ်ကာ လူသားစားဖို့ဆိုသည်က သူ့စိတ်ထဲတွင် မသတီသလိုပင်။ သူ့ကိုယ်၏ဆာလောင်မှုနှင့် လူသားစားဖို့ ရွံ့ရှာစိတ်တို့က လွန်ဆွဲနေသဖြင့် ဒီအခြေအနေသည် သူ့အတွက် အတော်သက်သောင့်သက်သာမရှိလှပေ။
သူ့စားချင်စိတ်ကို အာရုံခံမိသည့် လင်းချင်းသည် စာရွက်ပိုင်းတွင် စာရေးပြလိုက်သည်။
‘နင်စားချင်ရင်စား။ ငါမတားဘူး။ လူသားစားတာက ဇွန်ဘီတွေရဲ့ ပုံမှန်တုန့်ပြန်မှုပဲ။ ပြီးတော့ လူသားက ဇွန်ဘီတွေရဲ့ စွမ်းအားကို ထောက်ပံ့ပေးနိုင်တယ်’
ရှဲ့တုန်းသည် ဒီစာကိုဖတ်ပြီးသည့်နောက် နားလည်သွားသည်။ ဒီစကားများ၏ အဓိပ္ပါယ်ကို သူသဘောပေါက်သွားသည့်အခါ ခေါင်းခါပြပြီးနောက် အဝေးကိုလျှောက်ထွက်သွားသည်။
သူ့နောက်ကျောကို ကြည့်ပြီးနောက် လင်းချင်းသည် ရုတ်တရပ်က အထီးကျန်မှုနှင့် စိတ်ကြည်လင်မှုမရှိခြင်းတို့ကို ခံစားလိုက်ရသည်။ ဒီရက်ပိုင်းတွင် သူမသည် ဇွန်ဘီဖြစ်ရခြင်းကို အသားကျလာသော်လည်း ဒီလူကတော့ ဇွန်ဘီဖြစ်နေသည့် အဖြစ်မှန်ကို လက်ခံနိုင်ပုံမရသေးပေ။ အရာအားလုံးက ပြောင်းလဲနေပြီဖြစ်သော်လည်း သူကတော့ နားမလည်သေးပေ။
လင်းချင်းသည် အကောင်းမြင်တက်ကာ အခြေအနေနှင့် လိုက်လျောညီထွေနိုင်စွမ်းက မြင့်မားသည်။ သူမသည် ဇွန်ဘီဖြစ်သွားတော့လည်း လက်ခံလိုက်သည်။ သူမသည် အရင်ကသူပဲ ဖြစ်နေဆဲဖြစ်သောကြောင့် မိသားစုနှင့် မိတ်ဆွေများကို သွားရှာဦးမည်။ သူမသည် ချက်ချင်းသူတို့ရှေ့တွင် ပေါ်ထွက်မလာနိုင်တောင်မှ သူတို့အဆင်ပြေမပြေကို အဝေးကနေ ကြည့်ရဦးမည်။ ဒါမှသူမစိတ်အေးရမည်။
သူမသည် အရင်က အထူးတပ်ဖွဲ့တပ်သားဖြစ်သောကြောင့် အသက်ဆုံးရှုံးနိုင်သည့် တာဝန်များကို ထမ်းဆောင်ရသည်။ သူမ၏မိသားစုကလည်း ဒါကိုလက်ခံထားသောကြောင့် စိတ်ကိုပြင်ဆင်ပြီးသားပင်။ ထို့ကြောင့် သူမသည် အခုတာဝန်ထမ်းဆောင်ရင်း သေခဲ့ရသူဟုသာ ကိုယ့်ကိုကိုယ်တွေးထားသည်။ ဒါပင်မယ့်လည်း သူမတွင် အခြားသူတစ်ယောက်အဖြစ် သူမချစ်ရသူများအနားတွင်နေဖို့ အခွင့်အရေးရှိနေသေးသဖြင့် ဒါကရပါသည်။ ထို့ကြောင့် မိသားစုကိုရှာဖို့ ပြန်မှာဖြစ်သည်။
သို့သော်လည်း ရှဲ့တုန်းကတော့ ဒီလိုမဟုတ်ပေ။ သူမလောက် စိတ်ကလက်ခံနိုင်စွမ်းမရှိ။ လင်းချင်းကလည်း သူ့ကိုဂရုစိုက်လှတာတော့ မဟုတ်ပါ။ သူတို့နှစ်ယောက်၏လမ်းက မတူညီသဖြင့် ရှဲ့တုန်းဘာပဲဖြစ်ဖြစ် သူ့ကိစ္စသာ။ သူမကတော့ ဘာမှဝင်ပြောမှာ မဟုတ်ပေ။ သူတို့အချင်းချင်း ဘာမှလုပ်စရာလည်းမရှိသလို ခင်မင်မှုလည်း မရှိပေ။ သူမကယ်ရခြင်းမှာ အထူးတပ်ဖွဲ့ဝင်တပ်သားတစ်ယောက်ကို သူ့အသင်းဖော်များ သတ်ခြင်းကို သူမကြည့်မနေနိုင်၍သာ။
စစ်တပ်တွင် စစ်သားများသည် နေ့တိုင်းလေ့ကျင့်ကြရကာ သူတို့၏အဖွဲ့စိတ်ဓာတ်သည် အရေးကြီးဆုံးဖြစ်သည်။ စစ်သားများကြားမှ ယုံကြည်မှုသည် အရေးကြီးသည်။ ထို့ကြောင့် အထူတပ်ဖွဲ့ဝင်တပ်သားများသည် သူတို့အသင်းဖော်များထံမှ သစ္စာဖောက်ခံရခြင်းကို လုံးဝလက်မခံနိုင်ကြကာ မုန်းတီးကြသည်။
သို့သော်လည်း လင်းချင်းသည် အင်အားမရှိခြင်းကြောင့် ကြာမြင့်သွားကာ ကယ်ဆယ်ရေးက အနည်းငယ်နောက်ကျသွားသည်။ အကယ်၍ သူမသာ အဆင့်ငါးဇွန်ဘီခေါင်းဆောင်ကို တိုက်ခိုက်နိုင်ပါက ဒဏ်ရာမရခင် သူမကယ်နိုင်မှာဖြစ်သည်။ ထို့ကြောင့် သူမပိုသန်မာရန် လိုအပ်လာပြီ။