၁၁၄။ သူတို့ဘက်က သစ္စာဖောက်
“ဒါမြေနဂါးစခန်းက ဟောင်ဝူပဲ” ချိုင်ဟုန်ချင်းသည် ကားကိုအမြန့်လှည့်ရင်း ပြောသည်။ ကားသည် မီးနဂါး၏ တိုက်ခိုက်မှုမှ ရှောင်သွားနိုင်လိုက်သည်။
ပစ်မှတ်ကိုလွဲသွားသည့် မီးနဂါးသည် မကြာခင်တွင် ခေါင်းပြန်ထောင်လာကာ ကားကိုထပ်တိုက်ပြန်သည်။ ချိုင်ဟုန်ချင်းသည် ကားကိုရှောင်လိုက်ရာ အနားက နံရံတစ်ခုကို သွားတိုက်မိသည်။ ကားရပ်သွားသည့်အခါ မီးနဂါးလည်းရပ်သွားပြီး လေထဲတွင် မီးခိုးများက ပျံ့လွင့်နေသည်။
“ဒီနေ့ဘယ်သူမှ ထွက်မသွားရဘူး။ လုံ့ချင်းယင်နဲ့ အဆင့်လေးစိတ်စွမ်းအားအမြူတေကို ပေးလိုက်။ ငါပြောသလို လုပ်ရင် မင်းတို့ကို အမြန်သတ်ပေးမယ်” လူတစ်ယောက်၏အသံကို ကြားရသည်။
တူယွမ်ရှင်းသည် ကားထဲမှနေ ထွက်လာသည်။ လုံချင်းယင်သည်လည်း ကားအမိုးပေါ်ကနေ သူ့ဘေးသို့ ခုန်ဆင်းလာသည်။ သူတို့အား စကားပြောနေသည့်သူကိုကြည့်နေရင်း လုံချင်းယင်သည် အနီးနားမှ ဇွန်ဘီများကို သံဆူးချွန်ဖြင့် ပစ်သတ်နေသည်။
“ဟောင်ဝူ မင်းကမြေနဂါးစခန်းက ဆန်ကုန်မြေလေးပဲ! အနှေးနဲ့အမြန် လင်းဖန်းက မင်းကိုသတ်တော့မှာ။ တခြားစခန်းနှစ်ခုနဲ့ပေါင်းပြီးတော့ ငါတို့ဟေးဒီးစခန်းကို တိုက်ရုံနဲ့ အကုန်လုံးကို တစ်နိုင်ငံလို ပေါင်းနိုင်မယ်လို့ မင်းထင်နေတာလား? အိပ်မက်မက်မနေနဲ့! မင်းတို့စခန်းခေါင်းဆောင်က ငကြောက်! မိုးမီးစခန်းနဲ့ ဖုံးကွယ်ထားတဲ့တိမ်တိုက်စခန်းဆီမှာ သူ့ဖင်ကိုရောင်းစားထားတဲ့ကောင်ကို မင်းတို့က ကူညီနေသေးတယ်” တူယွမ်ရှင်းသည် ဟောင်ဝူအား အကြောက်အလန့်မရှိ အထင်သေးစွာ စိုက်ကြည့်ရင်း အော်ဟစ်သည်။
ဟောင်ဝူသည် နှာခေါင်းရှုံ့ကာ “မင်းတို့ရဲ့ စခန်းဒုခေါင်းဆောင်က သစ္စာမဖောက်ရင် ငါတို့စခန်းခေါင်းဆောင်က အောင်နိုင်မှာ မဟုတ်ဘူး။ မင်းတို့ပြဿနာက မင်းတို့လူဆီမှာ ပြီးတော့ ငါတို့က ကူညီလိုက်ရုံပဲ”
တူယွမ်ရှင်း၏စကားများကို ပြန်မချေပဘဲ အခြားတစ်ခုကို သူပြောလိုက်သည်။ တကယ်တော့ တူယွမ်ရှင်းပြောသည်က မမှားပေ။ သူတို့မြေနဂါးစခန်းခေါင်းဆောင်သည် လုံယုပိုင်ဖြစ်ရာ မိန်းမချော ချောလွန်းသည့်ယောက်ျားတစ်ယောက်ဖြစ်ပြီး ရေစွမ်းအားရှင်ဖြစ်သည်။
ရေစွမ်းအားရှင်များသည် အရင်ခေတ်က ရေအရင်းမြစ်များလို တန်ဖိုးထားကာ အခြားသူများက သူတို့ကို ကာကွယ်ပေးကြသည်။ မိုးမီးစခန်းနှင့် ဖုံးကွယ်ထားတဲ့တိမ်တိုက် စခန်းခေါင်းဆောင်များသည် ဒီလုံယုပိုင်၏ ရေအစွမ်းကိုသာမက သူ့၏လှပလွန်းသည့် မျက်နှာနှင့် ကိုယ်လုံးတို့ကို အရမ်းမျက်စိကျနေတာ ဖြစ်သည်။ မိန်းမရှားနေသည့် ကမ္ဘာပျက်ခေတ်တွင် အမျိုးသားချင်း လိင်တူနှစ်သက်မှုက မြင့်တက်လာခဲ့သည်။
တောင်ပိုင်းစခန်းနှစ်ခုတွင် ခေါင်းဆောင်နှစ်ယောက်ရှိရာ လုံယုပိုင်သည် ငရဲမီးစခန်းနှင့်အတူ စခန်းကြီးတစ်ခု တည်ထောက်ရန် ရည်ရွယ်သော်လည်း သူနှင့်အလုပ်အတူလုပ်ဖို့ ငြင်းဆန်ခဲ့သည်။ စခန်းခေါင်းဆောင်ငရဲမီးသည် အင်အားကြီးသူ ဖြစ်သည်။ သန်းချီနေသည့်လူများအတွက် စခန်းဆောက်ပေးရခြင်းသည် သူမအတွက်ခက်ခဲသော်လည်း ရာလောက်ထောင်လောက်အတွက်တော့ သူမစခန်းဆောက်ပေးနိုင်သည်။
ထို့ကြောင့် ငရဲမီးစခန်းကို သူမနှင့် သူမ၏နောက်လိုက်များအတွက် တည်ထောင်ခဲ့တာ ဖြစ်သည်။ မြေနဂါးစခန်းကတော့ အခြားစခန်းများက အင်အားကောင်းသူများဖြင့် တည်ထောင်ထားတာ ဖြစ်သည်။ အနောက်တောင်ပိုင်းစခန်းများမှ အားကောင်းစွာ ရှင်ကျန်ခဲ့သူများ၏ အကူအညီဖြင့် လုံယုပိုင်သည် မြေနဂါးစခန်းကို တည်ထောင်နိုင်ခဲ့သည်။
သို့သော်လည်း လုံယုပိုင်သည် သူနှင့်မဝေးသည့် ဟေးဒီးစခန်းကို မျက်စိကျနေတာ နှစ်အနည်းငယ်ရှိပြီ။ ထို့ကြောင့် အခြားစခန်းနှစ်ခုနှင့်အတူ ဒုစခန်းခေါင်းဆောင် ယန်ကျင်းဟွာတို့ဖြင့် ပူးပေါင်းကာ ဟေးဒီးစခန်းခေါင်းဆောင်ကို လုပ်ကြံခဲ့သည်။
စခန်းခေါင်းဆောင်ငရဲမီးသည် အယုံကြည်ဆုံးသူများထဲမှ တစ်ယောက်၏ သစ္စာဖောက်ခံရကာ အဆိပ်ခတ်ခံရသည်။ ပိုဆိုးသည်မှာ စခန်း၏အချက်အလက်များ ပေါက်ကြားသွားသလို သူမဘာဖြစ်နေသလဲ သိလိုက်ချိန်မှာပဲ ရန်သူတပ်များက ရောက်လာခဲ့သည်။
နောက်ဆုံးတော့ သူမ၏အစွမ်းဖြင့် စခန်းတစ်ဝက်ကို မီးတိုက်သွင်းပစ်ကာ ရန်သူတပ်များကို နောက်ဆုတ်စေသည်။ ဒီလိုလုပ်ခြင်းဖြင့် သူမ၏မိသားစုကို ရှောင်တိမ်းနိုင်အောင် လုပ်နိုင်ခဲ့သည်။ သူမသည် ပင်လယ်ချောက်ကမ်းပါးပေါ်တွင် အဆင့်ခုနစ်ငါးယောက်ဖြင့် တိုက်ခိုက်ခဲ့ရသည်။
နောက်ဆုံးရလဒ်ကို ဘယ်သူမှ သေချာမသိကြပေ။ လူတိုင်းသိသည့်က ထိုချောက်ကမ်းပါးသည် အဆိပ်မီးများဖြင့် ပြည့်နေသဖြင့် အရင်တည်းက တားမြစ်နေရာ ဖြစ်ခဲ့သည့်အကြောင်းဖြစ်သည်။ ပြောကြသည်မှာ အဆင့်ခုနစ်ငါးယောက်မှ လေးယောက်သာ ပြန်ထွက်လာနိုင်သည်။
ဟောင်ဝူက သူတို့လူသစ္စာဖောက်သည်ကို ပြောသည့်အခါ တူယွမ်ရှင်သည် ဒေါသတကြီးဖြင့် လက်သီးဆုတ်လိုက်သည်။ သူသာ ဒီလိုမျိုး ယုံကြည်ရသည့်သူထံမှ သစ္စာဖောက်ခံရလျှင် သွေးအန်လောက်မည်ဟု သူယုံကြည်သည်။ အခုသူသည် စခန်းခေါင်းဆောင် မဟုတ်တာတောင် သွေးအန်ချင်သလို ဖြစ်နေသည်။ ဒုစခန်းခေါင်းဆောင်သည် စခန်းကို ရောင်စားခဲ့သည်။ ဆိုလိုသည်မှာ ဟေးဒီးစခန်းကလူတိုင်းကို သစ္စာဖောက်သွားခြင်းပင်။
ပြီးတော့လည်း ဒီယုတ်မာသည့်သူသည် ခေါင်းဆောင်မိသားစုကို လိုက်ဖမ်းနေကာ ခေါင်းဆောင်၏ ညီမကို တပ်မက်နေသေးသည်။ ‘ရက်စက်’ ‘သွေးအေး’ဆိုသည့် စကားလုံးများက ဒီလူကို ဖော်ပြ၍တောင်မရသလို ခံစားရသည်။ ဒီလူသည် လူစိတ်ကို မရှိတော့တာ ဖြစ်သည်။
“အဲ့ဒီလူရေခြုံထားတဲ့ ယန်ကျင်းဟွာဆိုတဲ့ကောင်က ဘယ်လောက်ကြာကြာရှင်နိုင်မယ်ထင်လဲ? ဒီလိုကျေးဇူးကန်းတဲ့ကောင်ကို အနှေးနဲ့အမြန် သတ်ပစ်သင့်တာ။ အဲ့ဒါကြောင့် သူ့ဇာတ်သိမ်းကို မမြင်ရမခြင်း ငါတို့မသေနိုင်သေးဘူး” တူယွမ်ရှင်းသည် အံကိုကြိတ် မျက်လုံးကိုပြူးကာ အော်ဟစ်နေသည်။ သူ့အသံတွင် မုန်းတီးမှုနှင့် ဒေါသတို့က ထင်ဟပ်နေသည်။
အခြားသူများသည်လည်း ဒေါသထွက်နေကြသည်။ လုံချင်းယင်ဆိုလျှင် သတ်ချင်စိတ်ကို ထိန်းမရသည့်ရုပ်ဖြင့် ဖြစ်သည်။ သို့သော်လည်း သူမ၏သတ်ချင်စိတ်များသည် ဟောင်ဝူထက် ယန်ကျင်းဟွာကို ဖြစ်သည်။ သူမသည် ဘာမှမပြောဘဲ ဟောင်ဝူကို အေးတိအေးစက်ဖြင့် ကြည့်နေသည်။
ဟောင်ဝူသည် တူယွမ်ရှင်းကို လျစ်လျူရှုကာ လုံချင်းယင်ကို ခေါင်းအစခြေအဆုံးကြည့်ရင်း ပြောသည်။ “မင်းက မိန်းမဆိုတော့ ဘာဖြစ်လို့ ငါတို့နဲ့ ပြန်မလိုက်တာလဲ? ငါ့စခန်းကို လိုက်ခဲ့။ စခန်းခေါင်းဆောင်ကို မင်းအသက်ကို ညှာတာပေးဖို့ ပြောပေးမယ်။ ငါ့မိန်းမဖြစ်ပေးရင် မင်းရှင်နိုင်တယ်” ဒီလိုပြောနေသည့် သူ့မျက်လုံးများသည် တောက်ပနေသည်။
လုံချင်းယင်သည် သာမန်ရုပ်လေးဖြစ်သော်လည်း မျက်နှာကျလှကာ အသားအရည်သည် ချောမွေ့ကာ သန့်ရှင်းနေသည်။ သူမတွင် အေးစက်သည့်အရှိန်အဝါရှိကာ သူမ၏အမြင့်စီးထားသည့် ဆံပင်များကလည်း တင်ပါးအထိ လှပစွာ ဖြာကျနေသည်။ သူမသည် အေးစက်သော်လည်း လှပကာဖျက်လက်သည်။ ယောက်ျားတွေ ရင်နာလောက်သည့် ထူးကဲသည့်အရည်အချင်းလည်း ရှိနေသေးသည်။
ယောက်ျားအများစုသည် ဒီလိုစိတ်မာသည့် မိန်းမမျိုးကို သူတို့အောက်တွင်လှဲချကာ နှိပ်ဆက်ရခြင်းကို အရမ်းအလိုရှိကြတာ ဖြစ်သည်။လုံချင်းယင်၏ ဖြူဖွေးနူးညံ့သည့်ကိုယ်နှင့် ရှည်လျားသွယ်လျသည့် ခြေလက်များကိုကြည့်ကာ သူမ၏နာကျင်မှုကို ထိန်းချုပ်နေမည့် အမှုအယာကို တွေးကြည့်မိသည့်အခါ ဟောင်ဝူ၏ သွေားများသည် ဆူပွက်လာသည်။
သို့သော်လည်း လုံချင်းယင်သည် ဟောင်ဝူ၏မျက်လုံးထဲမှ သိသာလွန်းသည့်စိတ်များကို မြင်နေရသော်လည်း ဘယ်လိုမှမနေပေ။
“နင့်ခေါင်းကို နင့်ဟာနင်ဖြတ်လိုက်ရင် ငါ့ခြေထောက်ကို လာနမ်းပေးတယ်လို့ သဘောထားပေးမယ်”
သူမသည် အေးစက်စွာပြောသည်။ စကားဆုံးသည့်နောက် ဟောင်ဝူကို ခွေးတစ်ကောင်လို အထင်သေးစွာ သူမစိုက်ကြည့်လိုက်သည်။
“ကျက်သရေယုတ်တဲ့ ခွေးမ” ဟောင်ဝူသည် လုံချင်းယင်အား ကြောက်ဖို့ကောင်းအောင် စိုက်ကြည့်ရင်း “ငါ့စေတနာကို ပယ်လိုက်မှတော့ မင်းဒဏ်ခံရမယ်။ မင်းတို့စခန်းခေါင်းဆောင်လို ဇာတ်သိမ်းချင်နေမှတော့ ငါဆန္ဒဖြည့်ပေးရတာပေါ့” ဒီလိုပြောပြီးနောက် လက်နှစ်ဖက်ကိုမြှောက်လိုက်ကာ လွှဲလိုက်သည်။
မီးနဂါးသည် လုံချင်းယင်အား ပေါက်ဖို့လုပ်သည့်အခါ လေပူများက အရင်ရောက်လာသည်။ လုံချင်းယင်နှင့်အခြားသူများသည် ဟောင်ဝူ၏ တိုက်ခိုက်မှုကို အမြန်ရှောင်လိုက်ရသည်။ သူတို့ရှောင်သည်ကို မြင်သည့်အခါ ဟောင်ဝူသည် သူ့လက်ကိုထပ်လွှဲပြန်သည်။ သူ့လှုပ်ရှားမှုများ၏ နောက်တွင် မီးနဂါးသည် ပါးစပ်ကိုဟကာ လုံချင်းယင်ကို မြိုချတော့မည့်အလား ရောက်လာသည်။
အဖွဲ့သားတိုင်းသည် အားနည်းသည့်ပုံ လုံးဝမပြဘဲ သန်မာနေသလို အမြန်ဖြစ်နေသည်။ ကြည့်ရသည်မှာ သူတို့မရှင်နိုင်တော့တာ သိထားပုံပင်။ သူတို့သေမည်ကိုသိသော်လည်း ဂုဏ်ရှိစွာ သေချင်ကြသည်။ သူတို့၏ သေဆုံးမှုသည် အနည်းဆုံးတော့ မြေနဂါးစခန်း၏ လက်တစ်ဖက်သို့မဟုတ် ခြေထောက်တစ်ဖက်ကို ဖြုတ်သွားနိုင်ရမည်။