May Honey Logo May Honey
Previous Next

၁၈၆။ စာအုပ်ဆိုင်ကဇွန်ဘီ

လင်းချင်းနှင့် ရှဲ့တုန်းတို့သည် ဟန်ကျိုးမြို့သို့ မောင်းလာကြသည်။ မြို့သည် သိပ်မဝေးသဖြင့် နာရီအချို့သာ မောင်းရသည်။

ထိုကားသည် အရင်ကရှဲ့တုန်းမောင်းသည့် ကားဖြစ်လေရာ ရှဲ့တုန်းသည် သူ့ကားကို မောင်းရခြင်းကို သဘောကျနေသည်။ ရှဲ့တုန်းသည် ၁၀ရက်လောက် ဝေးနေသဖြင့် သူ့ကားကို လွမ်းနေခဲ့တာဖြစ်သည်။

သုံးရက်လောက်ကြာသည့်အခါ သူတို့သည် မြို့ထဲသို့ ရောက်လာသည်။ ထင်သလိုပင် ဇွန်ဘီများသည် များသထက်များအောင် လျှောက်သွားနေသည်ကို တွေ့ရသည်။ သူတို့သည် မြို့လည်နှင့်နီးလာလေလေ ဇွန်ဘီတွေကို ပိုတွေ့ရလေလေဖြစ်သည်။ ဇွန်ဘီများကို လမ်းထောင့်များနှင့် အဆောက်အအုံမျိုးစုံ လမ်းမျိုးစုံတွင် တွေ့နေရသည်။ သာမန်ဇွန်ဘီများသည် လင်းချင်းကို အာရုံရသည်နှင့် သူမနှင့် ဆယ်မီတာလောက်ဝေးရာသို့ ရှောင်သွားကြကာ သူမ၏အနားသို့လာကာ ထိခိုက်အောင် မလုပ်ရဲပေ။

ရှဲ့တုန်းသည် လမ်းအတိုင်းမောင်းနေရာတွင် လင်းချင်းကတော့ ကားပြတင်းပေါက်ကနေ ခေါင်းထုတ်ကာ အပြင်ကိုကြည့်လိုက်လာသည်။ ကားသည် စာအုပ်ဆိုင်နားကနေ ဖြတ်ကျော်သွားသည့်အခါ လင်းချင်းသည် ရှဲ့တုန်းကို ကားရပ်ဖို့အချက်ပြလိုက်သည်။ ရှဲ့တုန်းသည် ကားကိုပြန်ကွေ့ကာ စာအုပ်ဆိုင်ရှေ့တွင် ရပ်ပေးသည်။ ထို့နောက် သူတို့သည် ကားပေါ်ကနေဆင်းကာ မဝင်ခင်တွင် ကွဲနေသည့်မှန်ကနေ အထဲကိုကြည့်လိုက်သည်။

“ဂါး”   သူတို့ဝင်လိုက်သည်နှင့် ဇွန်ဘီအော်သံကို ကြားလိုက်ရသည်။ ထိုအခါ လင်းချင်းနှင့် ရှဲ့တုန်းတို့မှာ သူတို့သည် အဆင့်သုံးလောက်ရှိမည့် ဇွန်ဘီ၏နယ်မြေသို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်သည်။ သူတို့သည် အသံလာရာကို ကြည့်လိုက်သည့်အခါ ဒုတိယထပ်တွင် လှေကားကိုမှီလျှက် သူတို့အား သွားဖြဲကြည့်နေသည့် ဇွန်ဘီကိုတွေ့လိုက်ရသည်။

လင်းချင်းသည် လျစ်လျူရှုလိုက်ကာ မြေပုံရှိရာသို့ လျှောက်သွားသည်။ တကယ်လည်း သူမသည် ဒီအဆင့်သုံးကောင်ကို အာရုံကိုမရှိတာဖြစ်သည်။ အဆင့်သုံးဇွန်ဘီ၏ အမြူတေတွင် စွမ်းအားသိပ်မပါသဖြင့် အသုံးသိပ်မဝင်ပေ။

ရှဲ့တုန်းကတော့ မရွေ့သဖြင့် လင်းချင်းကို တစ်ချက်ကြည့်သည်။ သူမက ရှေ့သို့သွားသည့်အခါ ထိုဇွန်ဘီသည် ဒေါသထွက်နေသည့် သားရဲတစ်ကောင်လို သူမအားစိုက်ကြည့်ကာ ထပ်အော်ပြန်သည်။   “ဂါး”

စာအုပ်ဆိုင်သို့ မဝင်ခင်တည်းက လင်းချင်းသည် အဆင့်သုံးဇွန်ဘီရှိသည်ကို သိသဖြင့် သူမ၏အရှိန်အဝါကို ထိန်းထားသည်။ ထို့ကြောင့်လည်း ဒီဇွန်ဘီက သူမကို အော်ရဲနေတာ ဖြစ်သည်။

လင်းချင်းသည် ဇွန်ဘီကိုလျစ်လျူရှုကာ ဆက်သွားနေသဖြင့် ဇွန်ဘီသည် စိတ်မရှည်တော့ပေ။ ထို့ကြောင့် ထုပ်တန်းပေါ်သို့တက်ပြီးနောက် လင်းချင်းရှိရာသို့ ခုန်ချလာသည်။ သူ့အော်နေသည်ကို သူမက ဘာတုန့်ပြန်မှုမှ မလုပ်သဖြင့် ဒီကျူးကျော်လာသူကို ဖြစ်နိုင်သမျှ မြန်မြန်ကို သူသတ်ပစ်ချင်လာတာ ဖြစ်သည်။

သို့သော်လည်း လင်းချင်း၏အနားသို့ မကပ်နိုင်လိုက်ပေ။ ဇွန်ဘီသည် တစ်မီတာလောက်အကွာသို့ ရောက်သည်နှင့် လင်းချင်းသည် လက်ကိုမြှောက်လိုက်ကာ လက်သည်းများကို ယမ်းလိုက်သည်။

ရွီး! ဒုန်း! ဒုန်း!
ထိုအသံများနှင့်အတူ ဇွန်ဘီသည် နှစ်ပိုင်းဖြတ်ခံလိုက်ရကာ ပြုတ်ကျသွားပြီး သူ့၏သွေးနက်များက ကြမ်းပြင်တွင် စီးကျလာတော့သည်။

ရှဲ့တုန်းသည် ဇွန်ဘီအလောင်းကို တစ်ချက်ကြည့်ပြီးနောက် လက်ကိုပိုက်လျှက် တံခါးဝကိုမှီရင်း အပြင်သို့ကြည့်နေတော့သည်။ နေ့ခင်းပိုင်းကြီးဖြစ်သဖြင့် နေသည်လောင်မြိုက်နေအောင်ကို ပူပြင်းနေသည်။ သို့သော်လည်း သူကတော့အပူချိန်ကို မခံစားနိုင်ပေ။

အာရုံခံစားမှုပြန်ရနေသည့် လင်းချင်းကတော့  သူမ၏ကတုံးပြောင်ကို နေရောင်အောက်တွင် မီးခိုးထွက်အောင် မလောင်စေချင်သဖြင့် ဦးထုပ်ဆောင်းထားသည်။ လင်းချင်းသည် မြေပုံကို ဆက်ကြည့်နေသည်။ စာအုပ်ဆိုင်သည် အရမ်းမကြီးသဖြင့် မြေပုံတွင် သူမရှာတွေ့သွားသည်။

ဒီနေရာကို အရင်ကရှင်ကျန်သူများက ရောက်လာဖူးပုံရသည်။ လင်းချင်းသည် မြေပုံထားသည့်နေရာတွင် မြေပုံတော်တော်များများ မရှိတော့သည်ကို တွေ့ရသည်။ ကံကောင်းသည်ကတော့ နောက်ဆုံးရောက်လာပုံရသည့်သူများက မြေပုံစာအုပ်အချို့ကို ချန်ထားခဲ့သည်။

သူမသည် တစ်ခုယူလိုက်ကာ ဖုန်များကို ယမ်းခါလိုက်သည့်နောက်ဆုံးမှ စာအုပ်၏ ဖုန်အလွှာအထူကြီးက မရှိတော့ပေ။ စာအုပ်ကို သူမလှန်ဖတ်ကြည့်သည့်အခါ စာအုပ်သည် ဒီခရိုင်အတွင်းမှ သွားလာရန်သင့်တော်သည့်နေရာများကို ဖော်ပြထားသည့် စာအုပ်ဖြစ်သည်။ အရမ်းအသုံးဝင်တာ မဟုတ်သော်လည်း နေရာများကိုတော့ မှတ်မိရလွယ်သည်။ သူမသည် နောက်စာအုပ်ကို ဖွင့်ကြည့်သည့်အခါ ကားသမားများအတွက် ခရိုင်မြေပုံဖြစ်သည်။

မြေပုံစာအုပ်နှစ်အုပ်ကို ယူပြီးသည့်အခါ လင်းချင်းသည် လင်းချင်းသည် အခြားစာအုပ်များကို ကြည့်လိုက်သည်။ သူမသည် အများစုကို ဖြန်းကြည့်လိုက်ပြီးနောက် စာအုပ်စဉ်များပါအပါအဝင် အကုန်လုံးကို နယ်မြေထဲသို့ ထည့်လိုက်သည်။ မိနစ်နှစ်ဆယ်လောက်ကြာသည့်အခါ စာအုပ်ဆိုင်သည် သူမကြောင့် ပြောင်ရှင်းသွားသည်။ ထို့နောက် သူမသည် အဆင့်သုံးဇွန်ဘီ၏ အမြူတေကို ခွဲထုတ်ယူလိုက်ကာ ရှဲ့တုန်းနှင့်အတူ ဆိုင်ကနေ ထွက်လာခဲ့သည်။

လင်းချင်းသည် ကားကို နယ်မြေထဲသို့ ထည့်လိုက်ပြီးနောက် သူတို့နှစ်ယောက်သည် ဦးတည်ရာတစ်ခုကို ရွေးလိုက်ပြီးနောက် လမ်းလျှောက်လာခဲ့သည်။ သူတို့သည် မြို့ထဲတွင်ဖြစ်ရာ ဒီနေရာသည် ဇွန်ဘီများပြည့်နေသဖြင့် ကားသည် မလိုအပ်တော့ပေ။ ဒီနေရာတွင် ကားမောင်းနေခြင်းသည် ဆီဖြုန်းနေခြင်းသာ ဖြစ်မည်။ လင်းချင်းသည် သူမ၏အရှိန်အဝါကို ထိန်းထားကာ အဆင့်မြင့်ဇွန်ဘီများကို အမဲလိုက်တော့မည် ဖြစ်သဖြင့် ကားမြန်မြန်မောင်းသွားဖို့လည်း မလိုတော့ပေ။

လင်းချင်းသည် ဆယ်မီတာလောက်ကို လမ်းလျှောက်ပြီးနောက် ဆယ်ထပ်ရှိသည့် အဆောက်အဦးတစ်ခုသို့ သွားလိုက်သည်။ သူမသည် ထိုအဆောက်အဦးရှေ့တွင် စွန့်ပစ်ထားခံရသည့် ဘတ်စကားတစ်စီးပေါ်ကို ခုန်တက်လိုက်ပြီးနောက် ထိုကားပေါ်ကနေတစ်ဆင့် အဆောက်အဦးကို တွယ်တက်သွားသည်။ မျက်စိတစ်မှိတ်တွင်းမှာ သူမသည် ခြောက်လွှာ၏ ပြတင်းပေါက်ကိုအားယူလိုက်ကာ ဝရံတာသို့ လွှဲခုန်သွားသည်။

ရှဲ့တုန်းသည် လင်းချင်းက ကားအမိုးပေါ်ကနေ အဆောက်အဦးထိပ်အထိ လင်းချင်းတက်သွားခြင်းကို ကြည့်နေသည်။ သူသည် လင်းချင်းလောက် မမြန်ဆန်သော်လည်း သူလည်းတက်နိုင်ပါသေးသည်။ 

အမိုးပေါ်သို့ရောက်သည့်အခါ လင်းချင်းသည် အနံ့မျိုးစုံထဲမှ သန်မာမည့်ဇွန်ဘီတစ်ကောင်၏ အနံ့ကိုခွဲရှာလိုက်သည်။ ရှဲ့တုန်းရောက်လာမည်ကို စောင့်မနေတော့ဘဲ နောက်အဆောက်အဦးပေါ်သို့ ခုန်တက်လိုက်သည်။ သူမနှင့် နှစ်မိုင်သုံးမိုင်လောက်အကွာအဝေးတွင် အဆင့်မြင့်ဇွန်ဘီမရှိသည်ကို သိသွားသဖြင့် သူမသည် ခွေးတစ်ကောင်လို အနံ့ခံနေခြင်း မလုပ်တော့ပေ။

သူမသည် လူသားနံ့များကို လေထဲတွင်ရလိုက်သဖြင့် လူသားများဒီမှာရှိမရှိ သို့မဟုတ် ဒီနေရာကိုရောက်ဖူးသလား မရောက်ဖူးသလား သိချင်သွားသည်။ ဒီနေရာသည် မြို့ဆိုပင်မယ့်လည်း မြို့စွန်လောက်သာ ရှိသေးသည်။ ဒီနေရာက ဇွန်ဘီများသည် လူများရှိနေခွင့်ပြုမှာ မဟုတ်ပေ။ လင်းချင်းသည် လူနံ့ရသော်လည်း ထိုအနံ့သည် မနေ့က သို့မဟုတ် တနေ့ကအနံ့မျိုးဖြစ်နေသည်။ လင်းချင်းသည် အဆင့်လေးဇွန်ဘီကို နှစ်မိုင်အဝေးတွင် အာရုံခံမိသဖြင့် ထိုနေရာသို့ သွားလိုက်သည်။

ရှဲ့တုန်းသည် အဆောက်အဦးထိပ်ကို ရောက်သည့်အခါ လင်းချင်းသည် နောက်ထပ်အဆောက်အဦးသုံးခုလောက်တွင် ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် သူမအနောက်သို့ အမြန်လိုက်ရသည်။ ဘာကြောင့် လင်းချင်းက ထိုဘက်ကို သွားနေသည်ကို မသိသော်လည်း ဂရုမစိုက်ဘဲ သူမ၏အနောက်ကိုသာ ဆက်လိုက်သည်။ 

သူသည် လင်းချင်းထက် အဆင့်နိမ့်သည်ဖြစ်ရာ သူမလောက်လည်း အင်အားမရှိပေ။ ထို့ကြောင့် သူ့၏အာရုံခံနိုင်မှုသည် သူမလောက် မထက်ပေ။ ထို့ကြောင့် သူမသည် သွားလိုက်သည့်ဘက်တွင် ဘာရှိမလဲ တကယ်သိချင်သော်လည်း လိုက်ကြည့်ရုံအပြင်မရှိပေ။

ဇွန်ဘီမပြောင်းခင်တွင် လင်းချင်းနှင့် တွေ့ဆုံခွင့်ရသည်မှာ အရမ်းကံကောင်းသည်ဟု သူခံစားရသည်။ မဟုတ်လျှင် သူသည်စိတ်ဝိညာဉ်မရှိသည့် ဇွန်ဘီတစ်ကောင်သာ ဖြစ်နေနိုင်သည်။ သားရဲများလို လူသားဝါးကာ လူ့ဦးနှောက်ကို စားနေနိုင်သည်။ ရှဲ့တုန်းသည် သူဒီလိုဖြစ်နေမည်ကို တွေးမိသည့်အခါ သေခြင်းထက် ပိုဆိုးဝါးသလို ခံစားရသည်။   
Previous Chapter 186 of 198 Next