May Honey Logo May Honey
Previous Next

၁၄၀။ လင်းဖန်ပြန်လာခြင်း

“တကယ်ပြောတာ”   တူယွမ်ရှင်းသည် စိုးရိမ်လာသည်။   “အဲ့ဒီဇွန်ဘီကောင်က နေရာလွတ်စွမ်းအားရှိတယ်။ သူ့နယ်မြေက အကျယ်ကြီးပဲ။ ငါတို့ရောက်ဖူးတယ်”

လုံချင်းယင်သည်လည်း ခေါင်းငြိမ့်ကာ သဘောတူညီစွာဖြင့်   “ဟုတ်တယ်။ ငါတို့ရောက်ဖူးတယ်။ အတော်ကြီးတာ”

“လင်းဖန်ကို ကယ်ချင်ရင်လည်း ဘာဖြစ်လို့ ခိုးထုတ်သွားတာလဲ?”   အမျိုးသမီးလင်းက ပြောသည်။   “လင်းဖန်ကို ကူညီနေတာ ဟုတ်မဟုတ်ကို ပြောမရဘူးမလား? အနည်းဆုံးတော့ ငါတို့ရှေ့မှာ ကူညီလေ။ အကုန်လုံးကို လျှို့ဝှက်လုပ်နေတော့ ဘာဖြစ်နေလဲ ဆိုတာကို ဘယ်သူက သိမှာလဲ?”

“ဒါ. . .ဒါက. . .”   တူယွမ်ရှင်းသည် ဘယ်လိုဖြေရမလဲ မသိတော့သဖြင့် လုံချင်းယင်ကို ကြည့်လိုက်သည်။ 

အမျိုးသမီးလင်းပြောသည်က မှန်နေသဖြင့် လုံချင်းယင်လည်း ဘယ်လိုရှင်းပြရမလဲ မသိပေ။ လုံချင်းယင်သည် ခနတွေးပြီးမှ
“သူ့ကိုမယုံမှာ ကြောက်လို့နဲ့ စည်းရုံးရမှက အချိန်ကြာမှာစိုးလို့ ထင်တယ်။ ခုနတုန်းက လင်းဖန်က အခြေအနေအရမ်းဆိုးနေတာ မြင်လိုက်တယ်။ သူကမြန်မြန်ကူညီချင်လို့ ဒါမှပြန်သက်သာနိုင်ချေများမှာမလို့ ထင်ပါတယ်”

ခုနကအဖြစ်ကြောင့် လင်းမိသားစုသည် စိုးရိမ်နေသော်လည်း မျှော်လင့်ချက်ဖြင့် စောင့်နေရန်အပြင် မရှိတော့ပေ။ သူတို့သည် လုံချင်းယင်ချင်နှင့် တူယွမ်ရျင်းပြောသည်ကို မယုံချင်ယုံချင်ဖြစ်နေသည်။ သူတို့စကားများက အမှန်ဖြစ်ပါစေဟု စိတ်ထဲကမျှော်လင့်မိ နေကြသည်။

ဇွန်ဘီက သူတို့ကို တကယ်ကူညီချင်သည်ဟု မျှော်လင့်ရကာ လင်းဖန်ကို ကုသပေးနိုင်စေကာ အမြန်ပြန်ရောက်လာစေချင်ပြီ။ သို့သော်လည်း မဖြစ်နိုင်ဘူးဟု အသိစိတ်က ပြောနေသည်။ ‘ထူးဆန်းတဲ့ ဇွန်ဘီက ငါတို့ကို ကူမှာလား? ဘာလိုချင်လို့လဲ လင်းဖန်ရဲ့ အဆင့်ခြောက်အမြူတေ လိုချင်နေတာလား?’

လင်းမိသားစုသည် မျှော်လင့်ချက်နှင့် စိတ်ပျက်မှု ဒွန်တွဲနေချိန်တွင် သူတို့နောက်မှာ လင်းဖန်လှဲနေခဲ့သည့်နေရာမှ သဏ္ဍာန်နှစ်ခုပေါ်လာသည်။ လင်းမိသားစုသည် တူယွမ်ရှင်းနှင့် လုံချင်းယင်ကို ရှေ့တိုး၍ စကားပြောနေခဲ့တာ ဖြစ်သည်။

လင်းချင်းသည် သတိလစ်နေသည့် လင်းဖန်ဖြင့် ထွက်လာသည့်အခါ သူမ၏မိသားစုများ၏ နောက်ကျောကို မြင်လိုက်ရသည်။ သူမသည် မြင်လျှင်မြင်ချင်း မောင်လေးဖြစ်သည့် လင်းဟောင်၏ဖင်ကို အကျင့်ပါနေသည့်အတိုင်း ဆောင့်ကန်ချင်သွားသည်။ သို့သော်လည်း လင်းဖန်ကို ထိန်းထားရသည်ဖြစ်၍ ဒီလိုမလုပ်နိုင်ပေ။ ထို့ကြောင့် စိတ်လေစွာဖြင့် မျက်လုံးကို လှန်လိုက်မိသည်။

ထိုအချိန်တွင် ယွမ်ထန်ရှင်းက သူမကိုကြည့်နေသည်ကို မြင်လိုက်ရသည်။ သို့သော်လည်း သူက ဘာမှမပြောဘဲ ငြိမ်ကြည့်နေတာဖြစ်သည်။ လင်းချင်းသည် သူ့မျက်နှာက ဖြူဖပ်နေကာ သူ့ရင်ဘတ်ထဲတွင်လည်း အရိပ်ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုအရိပ်သည် သူ့ပုခုံး၊ ခါး၊ ဗိုက်နှင့် ခြေထောက်တွင်ပါ ရှိနေသည်။ 

‘သူဒဏ်ရာတွေက အတော်ဆိုးတာပဲ။ ခြေထောက်အထိတောင်ရှိနေတာ။ ဒါကိုတောင် အရင်လို နာနေတာကို ကြိတ်ခံပြီးတော့ သန်မာသလိုလုပ်နေတာက မပြောင်းလဲသေးဘူး။ မေ့မလဲခင်အထိ သူ့ကိုယ်သူထိန်းနေမယ့်ပုံပဲ’   လင်းချင်းသည် တွေးမိလိုက်သည်။

လင်းချင်းသည် နေကာမျက်မှန် တပ်မထားသဖြင့် ယွမ်ထန်ရှင်းကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်တာဖြစ်သည်။ ထို့ကြောင့် သူမ၏ယောင်းမက ချီထားသည့် သူမ၏တူမလေး လင်းရှောင်လုကို ကြည့်လိုက်သည်။

လင်းချင်းသည် လင်းရှောင်လု၏ခါးကို သွားတို့လိုက်ပြီး ပြန်ထိုင်နေသည့်အခါ လင်းရှောင်လုသည် လှည့်ကြည့်လာပြီးနောက် မျက်လုံးလေးများပြူးသွားကာ အသံပြဲကြီးဖြင့်   “ဖေဖေ”

လင်းချင်းနှင့် လင်းဖန်ကို သူမသည် ကြည့်နေပြီးနောက် အမေချီထားသည်ကနေ အတင်းရုန်းရင်း   “ဖေဖေ ပြန်လာပြီ”

သူမ၏စကားကို ကြားသည့်အခါ လူတိုင်းသည် သူမကိုကြည့်ပြီးနောက် နောက်က လှည့်ကြည့်လိုက်ကြသည်။ ထိုအခါ လင်းဖန်ကိုထိန်းထားပေးကာ သူတို့အား မျက်ဝန်းနက်များဖြင့် ကြည့်နေသည့် ဇွန်ဘီကို တွေ့လိုက်ရသည်။ သူတို့သည် အလိုလိုနောက်သို့ ဆုတ်သွားကြသည်။ ကမ္ဘာပျက်ခေတ်တွင် ဘယ်လူသားမဆို သူတို့နောက်တွင် ဇွန်ဘီပေါ်လာပါက လန့်သွားမှာ အမှန်ပင်။

“လင်းဖန်”   သို့သော်လည်း ချန်းဝမ်ရှုသည် သူမ၏ခြေထောက်က ဒဏ်ရာရနေသည်ကို လျစ်လျူရှုကာ ဇွန်ဘီက ထိန်းထားပေးသည့် သူ့ယောက်ျားဆီသို့သွားသည်။ သူမလာသည့်အခါ လင်းချင်းသည် မရှောင်ဘဲ ဆက်ထိုင်နေသည်။  အခြားသူများသည်လည်း ခနနောက် တွေဝေနေပြီးမှ လင်းချင်းသည် သူတို့ကို ရန်လိုမှုမပြသည့်အခါ လင်းဖန်အနားသို့ သတိဖြင့်ကပ်လာကြသည်။

“အကိုကြီး အကိုကြီး”

“အကိုကြီး ဘယ်လိုနေလဲ?”
လင်းဟောင်သည် အနားသို့ ကပ်လာသည်။

လင်းချင်းက လင်းဖန်ကို မိသားစုဆီသို့ တွန်းပို့လိုက်ပြီးနောက် သူမသည် ရပ်လိုက်ကာ နောက်သို့ခြေတစ်လှမ်းဆုတ်ပေးထားသည်။ 

လင်းချင်းက လင်းဖန်ကို ပြန်ခေါ်လာသည်နှင့် ဒဏ်ရာအသစ်မရှိသည်ကို စစ်ပြီးသည့်အခါ အကုန်လုံးသည် လင်းချင်းကို မယုံနိုင်စွာ ကြည့်လာသည်။  
လင်းဟောင်သည် လင်းဖန်ကို ထိန်းကိုင်ထားလိုက်ကာ ရင်ဘတ်ပေါ်တွင် လက်တင်လိုက်ပြီးနောက် အာရုံခံကြည့်သည်။ ထို့နောက် မယုံနိုင်စွာ မျက်လုံးများပြူးလာပြီး လင်းချင်းကို ကြည့်သည်။

“အကိုကြီးက. . .”   သူသည် သေချာမပြောရသေးခင် ကျန်သည့်အမျိုးသမီး သုံးယောက်က မေးခွန်းများ မေးလာသည်။

“ဘယ်လိုနေလဲ?”

“ငါတို့အကိုကြီး ဘယ်လိုလဲ? သက်သာလား?”

“သူ့ဒဏ်ရာကရော?”

လင်းဟောင်သည် လင်ဖန်၏ရင်လတ်ပေါ်တင်ထားသည့် လက်ကိုပြန်ရုတ်လိုက်ကာ မျက်ခွံကို လှန်ကြည့်ပြီးနောက် လက်ကောက်ဝတ်ကနေ သွေးကြောကို စမ်းကြည့်သည်။ ထို့နောက်မှ သူဆက်ပြောသည်။   “သူ. .. သူကကောင်းနေပြီ အရင်ကတော့ အများကြီး ပိုကောင်းသွားတယ် အခုအစွမ်းကုန်နေလို့  အားနည်းနေရုံတင်။ သူ့အသက်နဲ့စိတ်အင်အားနှစ်ခုလုံးက ပြန်သန်မာလာပြီ။ မကြာခင်နိုးလာတော့မယ် ထင်တယ်။ အကိုကြီး အကိုကြီး”   စကားဆုံးသည်နှင့် လင်းဖန်ကို နှိုးလေသည်။

လင်းချင်းသည် ချူးလီလီနှင့် ယန်ကျင်းဟွာတို့ မရှိတော့သည်ကို တွေ့လိုက်ရသည်။ အစက လင်းဖန်ကို ကုပေးနေသဖြင့် အပြင်အခြေအနေကို သူမအာရုံမစိုက်မိပေ။ လင်းဖန်ကိုကုပေးပြီးနောက် အပြင်ကိုမျက်စိမှိတ်ကြည့်သည့်အခါ သူမက လင်းဖန်ကို ခေါ်သွားသဖြင့် လူတိုင်းသည် လုံချင်းယင်နှင့် တူယွမ်ရှင်းတို့ ကိုက်စားမတက် စိတ်တိုနေကာ လင်းဖန်ကို စိတ်ပူနေကြောင်း သိလိုက်ရသည်။

လေထဲတွင် ဇွန်ဘီနံ့များ ပြည့်နေသည်။ ချူးလီလီသည် ဇွန်ဘီအများကြီးကို ဆင့်ခေါ်ခဲ့ပုံရသော်လည်း အခုဘယ်ရောက်နေလဲ လင်းချင်းမသိပေ။ ယန်ကျင်းဟွာနောက်ကို လိုက်တိုက်နေတာလား?

သူမသည် လေထဲတွင် အနံ့ခံလိုက်ရင်း နေကာမျက်မှန်ကို ပြန်တပ်လိုက်သည်။ ချူးလီလီ၏ အနံ့ရသည့်အခါ ယန်ကျင်းဟွာနောက် လိုက်နေကြောင်း သိလိုက်ရသည်။ ယန်ကျင်းဟွာ၏ မျက်နှာကို ပြန်မြင်ယောင်လိုက်သည်နှင့် သူမသည် ခေါင်းထပ်ကိုက်လာသည်။

မျက်လုံးကိုမှိတ်ကာ ခေါင်းကိုက်ပျောက်အောင် နားထင်ကို လက်ချောင်းဖြင့် ပွတ်လိုက်သော်လည်း အလုပ်မဖြစ်ပေ။ ထို့ကြောင့် သက်ပြင်းချကာ ယန်ကျင်းဟွာဆီကနေ အာရုံပြောင်းအောင် ယွမ်ထန်ရှင်းကို ကြည့်လိုက်သည်။

ယွမ်ထန်ရှင်းသည် လင်းဖန်ထက် အခြေအနေပိုဆိုးသည်။ သို့သော်လည်း သူ့စွမ်းအားသည် အရမ်းမြင့်မားသဖြင့် ရပ်နေနိုင်ခြင်း ဖြစ်သ်ည။ လင်းချင်းသည် အခုသူ့အား ရေတစ်ခွက်ပေးသင့်သည်ဟု ခံစားရသည်။ ကန်ထဲက ရေပဲဖြစ်မည်ကတော့ သေချာသည်။
Previous Chapter 140 of 198 Next