၁၈၃။ သူတို့တွေ မရှိတော့ဘူး
ရှန်ချန်းမင်းအတွက် ဒါသည်ကြောက်ဖို့ကောင်းရုံတင်မကဘဲ အန္တရာယ်ကြီးတစ်ခုအဖြစ် ခြိမ်းခြောက်နေသည်။ ကားသည်ရပ်သွားသည့်အခါ သူသည်ဖင်ထိုင်လျှက် လဲကျနေရာမှ ထကာ သတိအပြည့်ဖြင့် ကားနားသို့ သွားကြည့်လိုက်သည်။
လက်တစ်ဖက်ကနေ ဓာတ်မီးကိုကိုင်ကာ သတိအပြည့်ဖြင့် ကားအနားကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ကားရှေ့ခန်းနားမှနေ ကားထဲကို ဓာတ်မီးထိုးကြည့်သည့်အခါ ကားထဲကလူအားလုံးသည် မရှိကြတော့ပေ။ သူသည် နောက်သို့ပြန်မဆုတ်ခင် ကားထဲသို့ စက္ကန့်အချို့လောက် ကြည့်ခဲ့သေးသည်။ အစက သူကားပေါ်ကနေ ခုန်ဆင်းလိုက်တုန်းက သူ့လိုမျိုး ကားပေါ်ကနေ ဘယ်သူမှ ဆင်းမလာပေ။ ဆိုလိုသည်မှာ ကားထဲတွင် လူတိုင်းသည် ပျောက်ကွယ်သွားခြင်းသာ။
သူတို့၏ခေါင်းများပျော်ကျသွားကာ ပျောက်ကွယ်သွားပုံကို သူပြန်တွေးကြည့်မိသော် သူ့တစ်ကိုယ်လုံးသည် အေးသထက်အေးလာသလို ခံစားရသည်။ ထို့နောက် သူသည် ကားနားကနေ အမြန်ဆုတ်ခွာလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ကားသည်လည်း အတွင်းထဲကနေ တဖြည်းဖြည်းချင်း ပျောက်နေပြီ ဖြစ်သည်။ သူ့လူများ ပျောက်သွားပြီးနောက် ခုံများပါ ပျောက်လာကာ အခုဆိုလျှင် ကားသည်လည်း အလိုလိုရင်းကို အထဲကနေ ပျောက်နေပြီဖြစ်သည်။
ထို့ကြောင့် သူအနောက်သို့ တစ်လှမ်းချင်းဆုတ်လိုက်ရသည်။ သူ့ခေါင်းမွေးများသည်လည်း ထောင်နေကာ သူ့မှာလည်း မကောင်းတာတစ်ခုခုဖြစ်တော့မလို သူ့ရင်ထဲက ခံစားနေရသ်။ သို့သော်လည်း ခံစားချက်က နောက်ကျသွားလေပြီ။ သူမရှောင်နိုင်ခင်တွင်ပဲ သူ့အနောက် တစ်မီတာလောက်အကွာကနေ လက်သည်းချွန်များဖြင့် လက်တစ်ဖက်က သူ့လည်ပင်းကို ပိုင်းဖြတ်လိုက်သည်။
လင်းချင်းသည် ရှေ့သို့တစ်လှမ်းတိုးလိုက်ကာ ရှန်ချန်းမင်း၏ ခေါင်းကိုဖြုတ်လိုက်ကာ အမြူတွေကို ဖွင့်ထုတ်လိုက်သည်။ ထို့နောက် ခေါင်းကိုအဝေးသို့ လွှတ်ပစ်လိုက်သည်။
သူမသည် နယ်မြေထဲသို့ဝင်လိုက်ကာ ကန်ထဲသို့ အမြူတေကို ပစ်ချလိုက်ပြီးနောက် ပြန်ထွက်လာသည်။ သူမသည် လက်ကိုကားရှိရာသို့ ဝေ့ယမ်းလိုက်သည်။ ကားထဲမှနေ အနက်ရောင်မြူခိုးများက ထွက်လာသည်။ ထိုမြူခိုးများသည် အရင်ကထက် ပိုထူလာသလို လင်းချင်းက ခံစားရခြင်းမှာ မြူခိုးများသည် ကားထဲကလူများ၏ အစွမ်းများကို စုပ်ယူလိုက်၍ ဖြစ်နိုင်သည်။ ထို့နောက် သူမသည် ကားကိုတစ်ချက်ကြည့်လိုက်သည်။ ကားသည်အပြင်ကကြည့်လျှင် အကောင်းအတိုင်းဖြစ်သော်လည်း အထဲတွင်တော့ ဘာမှမရှိတော့ပေ။
ထို့နောက် လင်းချင်းသည် ဟိုအဆောက်အဦးဆီသို့ ပြေးသွားလိုက်သည်။ အဆောက်အဦးနားသို့ ရောက်သည့်အခါ နံရံစွန်းတစ်ခုကိုကိုင်လိုက်ပြီးနောက် သူမကိုယ်သူမလွှဲလိုက်ရင်းဖြင့် အမိုးပေါ်သို့ တက်သွားလိုက်သည်။
ထိုလူများသည် လင်းဖန်တို့ကို ပစ်မှတ်ထားခြင်း မဟုတ်ပါက လင်းချင်းသည် သူတို့ကို ရက်စက်စွာ သတ်မှာမဟုတ်ပေ။ သို့သော်လည်း သူတို့သည် ဟိုတယ်ကိုတွေ့သွားသလို လင်းဖန်တို့က ဆိုလာပစ္စည်းများကို ချက်ချင်းအမြန်ဖြုတ်၍ ထွက်မသွားနိုင်သေးသည့် အချိန်ဖြစ်သည်။
ထို့အပြင် ဒီလူများသည် လင်းဖန်တို့အပေါ် ယုတ်မာသည့် အကြံအစီရှိနေလေရာ လင်းချင်းမှာ သူတို့အတွက် ညှာတာပေးဖို့ အကြောင်းရင်း မရှိတော့ပေ။ သူမသည် လင်းဖန်တို့ကို ခြိမ်းခြောက်သည့် ဘယ်သူမဆို သူမရှင်းပစ်မှာပဲ ဖြစ်သည်။ သူမသည် အမိုးပေါ်ကို တက်လိုက်သည့်အခါ ထိုလူများက အဆောက်အဦးထဲတွင် စောင့်နေဆဲဖြစ်ကြောင်းကို သိလိုက်သည်။
“သတင်းသွားပို့ခိုင်းလိုက်ပင်မယ့် ဒုခေါင်းဆောင်ကို ဒီအထိ တကယ်ခေါ်လာနိုင်ပါ့မလား?”
“ခေါ်နိုင်မယ် ထင်ပါတယ်။ ရှူး တိုးတိုး! တစ်ခုခုက လွဲနေပြီ”
“ဘာလဲ?”
“အစတုန်းက ဒီနေရာက ဇွန်ဘီမရှိဘဲ အရမ်းတိတ်ဆိတ်နေလွန်းတယ်။ နေ့လည်ထဲက ငါဟိုတယ်ကိုကြည့်နေတာ အနားမှာ ဇွန်ဘီတစ်ကောင်မှ မရှိဘူး။ သူတို့ကလည်း အစောင့်တောင် ထားမနေဘူး”
“ဘယ်လို? အစောင့်မထားဘူး? သူတို့က ဇွန်ဘီတိုက်မှာကို မကြောက်ဖူးလား?”
“သူတို့အခြေအနေကို ငါလည်းမသိဘူး။ ငါတို့ပိုသေချာသိအောင် အနားကို သွားကြည့်ဖို့လိုမယ်။ ပစ္စည်းတွေထုပ်ကြ! ငါတို့ဟိုတယ်နားက မီတာနှစ်ရာလောက်ကို ပြောင်းကြမယ်”
“ဟုတ်ကဲ့!”
လင်းချင်းသည် သူတို့အနောက်သို့ ရောက်နေပြီဖြစ်ကာ မြူခိုးနက်တွေကြားတွင် ပုန်းအောင်းနေသည်။ အခန်းသည် မှောင်နေသည်ဖြစ်ရာ အခန်းထောင့်တွင် သူတို့စကားကို နားထောင်နေသူရှိမှန်း ဘယ်သူကမှ မသိပေ။
‘စူးစမ်းတာက တကယ်ညံ့တာပဲ။ ဒီနေရာက ပုံမှန်မဟုတ်တာကိုသိဖို့ တနေ့ခင်းလုံးတောင် အချိန်ယူလိုက်ရတယ်လား’
လင်းချင်းက တွေးမိသည်။ ဒီနေရာသည် မြို့ဖြစ်သော်လည်း ဟိုတယ်ကတော့ မြို့လည်တွင် ရှိတာဖြစ်သည်။ မြို့လည်ဆိုလျှင် ဇွန်ဘီတွေ ပေါများနေရမည်ဖြစ်သော်လည်း ဇွန်ဘီကင်းရှင်းသည့်နေရာ ဖြစ်နေခြင်းက တကယ့်ကို ပုံမှန်မဟုတ်ပေ။ ဒီလူများသည် အစောကြီးတည်းက ဒါကိုသိထားသင့်သည်။
ဒီလူများ စလှုပ်ရှားစဉ်တွင် လင်းချင်းသည် ကိုယ်ဖျောက်လိုက်သည်။ နောက်ဆုံးလူထွက်မသွားခင်တွင် သူမသည် ကိုယ်ပြန်ဖော်လိုက်ကာ ထိုလူ၏ ပါးစပ်ကို သူမ၏လက်ဖြင့် ပိတ်လိုက်သည်။ တစ်ချိန်တည်းတွင် သူမ၏လက်ဝါးထဲမှ မြူခိုးနက်သည် သူ့ပါးစပ်နှင့် နှာခေါင်းထဲမှနေ ဝင်သွားသည်။
ထိုလူသည် မလှုပ်ရှားနိုင်တော့သည့်အခါ လင်းချင်းက သူ့ကိုယ်ကို ကြမ်းပြင်ပေါ်သို့ အသံမကြားရအောင် ချခဲ့သည်။ ထို့နောက် သူမသည် အခြားသူများနောက်သို့ လိုက်သည်။ လှေကားနားတွင် သူမသည် နောက်လူတစ်ယောက်ကို ဆွဲလိုက်ကာ မြူခိုးဖြင့် ချောချောမွေ့မွေ့သတ်ပစ်လိုက်သည်။ ထို့နောက် လှေကားကိုမှီကာ ချထားခဲ့သည်။
အခြားသူများသည် ကိုယ့်ဟာကိုယ်သွားလာနေကြရာ သူတို့လူနှစ်ယောက် ကျသွားပြီကို မသိလိုက်ကြပေ။ တစ်ယောက်ချင်းစီကို လင်းချင်းသည် သတိမထားမိအောင် သတ်ပစ်လိုက်သည်။ နောက်ဆုံးတစ်ယောက်သည် သူ့လူများကို ပြန်လှည့်ကြည့်ချိန်မှာတော့ လူတစ်ဝက်လောက်ကို မတွေ့တော့ပေ။
“အားလီ? ပေါင်? ဟေ့ မင်းတို့ကောင်တွေ ဘာဖြစ်လို့ နှေးနေကြတာလဲ?”
သူ့အသံကိုကြားမှ အခြားသူများသည် နောက်သို့လှည့်ကြည့်ကြသည်။ “ဘာဖြစ်လို့လဲ?”
“အားလီ၊ ပေါင်နဲ့ တခြားလူတွေ ပျောက်နေတယ်”
“သူတို့က ဘယ်သွားနေတာလဲ?”
“ငါလည်းဘယ်သိမလဲ”
သူတို့စကားပြောနေချိန်တွင် ဘယ်သူမှ ဆင်းမလာသလို ဘာသံမှလည်း မကြားရသဖြင့် လုတုယောင်သည် လူတစ်ယောက်အား “မင်းတက်သွားကြည့်လိုက်”
ထိုအချိန်တွင် လင်းချင်းသည် ခြောက်လွှာ၏ လှေကားဘေးမှ ပြတင်းပေါက်ကနေ ခုန်ဆင်းလိုက်ကာ အဆောက်အဦး၏ အပေါက်ဝတွင် သူတို့ကို စောင့်နေလိုက်သည်။
မကြာခင်တွင် ဒီအဖွဲ့သည် ကြောက်လန့်တကြားဖြင့် ဆင်းလာကြသည်။ သူတို့သည် လူတစ်ဝက်သည် ရုတ်တရက် ပျောက်သွားသော်လည်း သူတို့သည် ဘယ်ရန်သူကိုမှ သို့မဟုတ် မည်သည့်အရာကိုမှ မမြင်လိုက်မသိလိုက်ရပေ။ သူတို့သူငယ်ချင်းများသည် သေလား ရှင်လားမသိအောင်ကို ပျောက်ကွယ်သွားတာ ဖြစ်သည်။ ဒီလိုထူးဆန်းသည့် ရန်သူဖြင့်ကြုံရသည့်အခါ သူတို့သည် တည်ငြိမ်မနေနိုင်တော့ပေ။
သူတို့ဆင်းလာသည့်အခါ အပေါက်ဝတွင် ရပ်နေသူကို မြင်လိုက်ရသည်။ အချို့သည် ဓာတ်မီးဖြင့်ထိုးကြည့်လိုက်သည့်အခါ ညဘက်ကြီးတွင် နေကာမျက်မှန်တပ်ထားသည့် ကတုံးတစ်ယောက်ကို မြင်လိုက်ရသည်။
“မင်းဘယ်သူလဲ?”
လုတုယောင်သည် လင်းချင်းကို ဓာတ်မီးဖြင့်ထိုးကာ မေးသော်လည်း လင်းချင်းက သူ့ကိုလျစ်လျူရှုထားသည်။ ဒီလူများဆင်းလာတည်းက သူမ၏လက်ဝါးမှ မြူခိုးနက်များကို ဖြည်းဖြည်းချင်းထုတ်လွှတ်နေတာ ဖြစ်သည်။
လုတုယောင်၏နောက်ကလူများသည် လင်းချင်းကို သေနတ်ဖြင့် ချိန်လိုက်သည်။ လုတုယောင်သည်သာ သေနတ်မရှိတာဖြစ်သည်။ သူသည် ထက်မြတ်သည့်အာရုံသိရှိသောကြောင့် လင်းချင်းကို မြင်သည့်အခါ သူမ၏သတ်ချင်စိတ်ကို သိလိုက်သည်။ မကြာခင်တွင် ဟိုတယ်ကလူများကို တွေးမိသွားသည်။ ဒီလူများက သူတို့ကိုတွေ့သွားကာ အရင်တိုက်ခိုက်ခြင်းဟု သူထင်လိုက်သည်။
“ခုနက မင်းလား?”
သို့သော်လည်း လင်းချင်းက ပြန်မဖြေပေ။
“မင်း. . .ငါတို့သူငယ်ချင်းတွေကို ဘာလုပ်လိုက်တာလဲ?” လုတုယောင်၏နောက်ကလူက မေးသည်။
ထိုအချိန်တွင် အမှောင်ထဲမှာ မြူခိုးနက်များသည် သူတို့နားသို့ ချဉ်းကပ်လာပြီဖြစ်သော်လည်း သူတို့သည် လုံးဝကို သတိမထားမိကြပေ။ တဖြည်းဖြည်းချင်း ထိုမြူများသည် သူတို့ခေါင်းနားရောက်လာကာ သူတို့၏နှာခေါင်းနှင့် နားများထဲသို့ ဝင်သွားကြသော်လည်း သူတို့သည် မသိကြပေ။ အရင်လူများသည် သူတို့သည် ကျောက်ရုပ်များသဖွယ် တောင့်ခဲစွာ ရပ်တန့်သွားကြသည်။ လုတုယောင်သည်သာ သူ့အနားကို မြူခိုးနက်များ ရောက်လာသည်နှင့် ချက်ချင်းဆုတ်ကာ ရှောင်လိုက်ခြင်းဖြစ်သည်။