လင်းချင်းသည် နေကာမျက်မှန်ကိုတောင် ချွတ်ကြည့်ရသည့်အထိ ဖြစ်သွားသည်။ ထိုလိပ်များသည် အကောင်သုံးဆယ် လေးဆယ်လောက်ရှိကာ မြက်ခင်းတွင် ပြေးနေသည်မှာ ယုန်တွေထက်တောင် မြန်သေးသည်။
ထိုလိပ်များသည် လက်ဆေးစင်လောက်ကို ကြီးမားကာ ပြေးနေစဉ်တွင် သူတို့သည် မြက်ခင်းကို ၃၀စင်တီမီတာ ၄၀စင်တီမီတာလောက် ဖိထားနိုင်သည်။ ဒီနေရာတွင် သူမအား စားနိုင်သည်အရာထဲမှ ဆွဲဆောင်နိုင်သည်က ယုန်လိုအမြန်ပြေးနေသည့် ထိုလိပ်များပင်။
ထိုငါးများသည် ဒီလိုမြန်သည့် လိပ်များထံတွင် အစားခံရခြင်း ဖြစ်နိုင်သည်။ သူတို့သည် ခြုံတောသို့ မရောက်ခင် ဒီလိပ်များက အမီလိုက်လာသည်။ ငါးတစ်ကောင်ကို လိပ်အချို့က ဦးတည်လိုက်နေကာ လိပ်များ၏ ပါးစပ်ကို ဖွင့်လိုက်သည်နှင့် သူတို့ထံမှ ထူးဆန်းသည့် သွားချွန်ချွန်များသည် ငါးများ၏ကိုယ်ထဲကို စိုက်ဝင်သွားသည်။
ထိုငါးများတွင် အကြေးခွံထူထူရှိသည်။ လင်းချင်းသည် သူတို့၏အကြေးခွံက အရမ်းထက်မည်ကို ပြောနိုင်သည်။ အဘယ်ကြောင့်ဆိုသော် မြေပြင်တွင် ပြေးနေနိုင်သောကြောင့် ဖြစ်သည်။ သို့သော်လည်း လိပ်သွားများထံတွင်တော့ ဒီအကြေးခွံများသည် အသုံးမဝင်ပေ။ ထိုငါးအကြေးခွံများကို လိပ်များသည် ကြေသွားအောင် ကိုက်လိုက်သည်နှင့် ငါးသွေးများက နေရာအနှံ့ထွက်လာသည်။ မကြာခင်တွင် လိပ်များသည် ငါးများကို တစ်စစီ စားပစ်လိုက်တော့သည်။ ထိုငါးများသည် လိပ်များဆီမှ ရုန်းနေသည်ကိုကြည့်ရင်း လင်းချင်းတောင် နာကျင်လာသလို ခံစားရသည်။
ထိုငါးများသည် အရွယ်အစားကြီးသော်လည်း လိပ်အုပ်၏ တိုက်ခိုက်မှုအောက်ကနေ မရှင်နိုင်ပေ။ ထို့အပြင် ဒီငါးများသည် ခြေထောက်ရှိကာ ကြီးနေသည်က လွဲလျှင် အရင်ခေတ်က ငါးများနှင့် သိပ်မကွာပေ။ တစ်ဖက်တွင်တော့ လိပ်များသည် အကုန်ကြောက်ရမည့် တောက်ပကာ ချွန်ထက်နေသည့် သွားများရှိနေကာ အကိုက်ခံရလျှင် ငရဲကျနေသလို ဖြစ်မှာပင်။
လင်းချင်းသည် ငါးများကို အမဲဖျက်နေသည့် လိပ်များကို ကြည့်လိုက်သည်။ သူတို့သည် နောက်ဆုံးမှ စားစရာရသည့် ခွေးရိုင်းအုပ်လိုပင်။ စားနေရင်း အချင်းချင်းတောင် တိုက်နေကြသည်။ သူတို့သည် ခေါင်းများထွက်ကာ အခြားလိပ်များကိုလည်း ပြန်ကိုက်သည်။ မကြာခင်တွင် ငါးအုပ်သည် အစာခံလိုက်ရကာ သွေးရွှဲနေသည့် ငါးရိုးများသာ ကျန်ခဲ့တော့သည်။ ငါးများ၏ ခြေထောက်များကိုတောင် အချို့လိပ်များက ဆွဲဖြဲကာ စားနေသေးသည်။
လင်းချင်းသည် ဒီအချင်းအရာကို အစအဆုံးမြင်လိုက်ရသည်။ ‘ဪ ငါးအရိုးတွေ ဒီနေရာမှာ များနေရခြင်း အကြောင်းကို ငါအခုသိပြီ။ ငါ့မျက်စိရှေ့တွင် ဖြစ်သွားတာဟ’
သူမသည် ငါးအရိုးများအနားတွင် ရှိနေသေးသည် လိပ်များကို ကြည့်လိုက်သည်။ ၈ကောင်ရှိသည့် ငါးအုပ်သည် ကီလို၂၀လောက်ရှိသော်လည်း သူတို့ကတော့ ရူးသွပ်စွာဖြင့် မိနစ်ပိုင်းအတွင်းတွင် မြိုဆို့လိုက်ကြသည်။ ထို့အပြင် ဒီကြောက်စရာ လိပ်များ၏အနံ့သည် လင်းချင်းကို ဆွဲဆောင်နေသည်။ ‘ဒီလိပ်တွေကို သတ်စားလိုက်ရမလား?’
လိပ်အချို့သည် ကန်ထဲသို့ ပြန်ဆင်းနေသည်ကို မြင်သည့်အခါ လင်းချင်းသည် ချက်ချင်းကိုယ်ပြန်ဖော်လိုက်ကာ သူမခြေထောက်ဘေးကနေ ဖြတ်သွားသည့် လိပ်၏အခွံကို တက်နင်းလိုက်သည်။
သူမနင်းလိုက်သည့် ထိုလိပ်သည် ကြောက်သွားကာ ချက်ချင်းရုန်းသည်။ ထိုလိပ်သည်လည်း အားသန်သည်။ လင်းချင်းသည် သူမက ခွေးကြီးတစ်ကောင်ကို တက်နင်းထားလိုက်သလို ခံစားရသည်။ သို့သော်လည်း အခွံကြီးကြောင့် လင်းချင်းသည် အားစိုက်ဖိချလိုက်သည့်အခါ ထိုလိပ်သည် ဘယ်လောက် ကြိုးစားပါစေ ပြန်တောင်မရပ်နိုင်တော့ပေ။
လင်းချင်း၏အားသည် ကျွဲတစ်ကောင်ထက်တောင် ကြီးမားလေရာ လိပ်ကတော့ လိပ်ပဲဖြစ်သည်။ ရုန်းနေရင်း လိပ်သည် သူ့အခွံကိုဖိထားသည့် ခြေထောက်ကို လှည့်ကိုက်ဖို့ လုပ်သည်။ သို့သော်လည်း လည်ပင်းက အရမ်းမရှည်သဖြင့် လင်းချင်း၏ ခြေထောက်ကို မထိနိုင်ပေ။
လင်းချင်းသည် ကုန်းလိုက်ကာ လိပ်ကိုပက်လက်လှန်အောင် လုပ်လိုက်သည်။ လိပ်၏ခြေလက်များသည် တလှုပ်လှုပ်ဖြစ်နေစဉ်တွင် လင်းချင်းသည် ရေထဲဆင်းဖို့ လုပ်နေသည့် အခြားလိပ်များကို ကြည့်လိုက်သည်။
သူမအကြည့်ခံလိုက်ရသည့် လိပ်များသည် အန္တရာယ်ကို သိပုံရသဖြင့် ပြေးတော့သည်။ အချို့လိပ်များသည် ကန်ဘက်သို့ အမြန်ပြေးကာ ရေထဲသို့ ခုန်ဆင်းကြသည်။ နောက်ကျကျန်ခဲ့သည့် လိပ်များကို လင်းချင်းသည် ချက်ချင်းဖမ်းလိုက်သည်။ ပထမတစ်ကောင်ကို အခွံကိုနင်းပြီးနောက် ပက်လက်ထားလိုက်သည်။ ထို့နောက် သုံးကောင်မြောက်ဆီသို့သွားသည်။
လိပ်များသည် မြန်သည်ဆိုသော်လည်း လင်းချင်းလောက် မဟုတ်လေရာ အများစုသည် ပြေး၍မလွတ်ပေ။ လင်းချင်းသည် အမြန်ဖမ်းလေးရာ လိပ်၇ကောင် မိလေသည်။ မြေပြင်ပေါ်တွင် ပက်လက်လန်နေသည့် လိပ်၇ကောင်ကို ကြည့်ရင်း လင်းချင်းသည် ပိုကြီးသည့်အကောင်နားိသု့ သွားလိုက်ကာ ထိုင်ချလိုက်သည်။
လင်းချင်းကပ်လာသည်နှင့် ထိုလိပ်သည် သူမကို ပြင်းထန်စွာကြည့်ကာ သွားများဖြဲ၍ တိုက်ဖို့ပြင်ထားသည်။ ‘နင်က ငါ့ကိုကိုက်ချင်တာလား? ငါနင့်ကို ဘယ်လိုသတ်မလဲ အရင်စောင့်ကြည့်လိုက်ဦး’
လင်းချင်သည် ဒီလိပ်ကိုပြုံးကြည့်လိုက်ကာ သူမ၏ လက်သည်းများကို ထုတ်ပြီး လိပ်ခေါင်းကို ဖြတ်ချလိုက်သည်။ သွားဖြဲနေသည့် လိပ်ခေါင်းသည် သူမကြောင့် ရှင်းနေအောင် ဖြတ်ခံလိုက်ရသည်။
လင်းချင်းသည် လိပ်သွေးမှထွက်လာသည့် စိတ်ရှင်းစရာအနံ့ကို ခံလိုက်ရင်း ခုတ်တော့သည်။ သူမ၏လက်သည်းများသည် ကျောက်တုံးနံရံတောင် ဖြတ်နိုင်သေးတာ။ ဒါလောက်ကတော့ ပြောစရာမလိုပေ။ သူမသည် လိပ်ကို အမြီးအထိ ခွဲချလိုက်သည်။ သူမ၏လက်သည်းဖြင့် လိပ်အခွံကို ဖြတ်လိုက်သည့်အခါ စူးရှသည့်အသံက ထွက်လာသည်။
သူမသည် လိပ်ကိုယ်ပေါ်တွင် လိုင်းဆွဲလိုက်သလောက်သာ လုပ်သော်လည်း လိပ်အခွံသည် ကွဲသွားကာ လိပ်သွေးများက ထွက်လာသည်။ သူမသည် လိပ်ကို နှစ်ပိုင်းခွဲပြီးသည့်အခါ မြက်ခင်းထဲတွင် အဖြူရောင် သဏ္ဍာန်တစ်ခုက ပေါ်လာသည်။
လင်းချင်းသည် ချူးလီလီကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမခွဲထားသည့် လိပ်ကို ပြန်ကြည့်လိုက်သည်။ ထို့နောက် အတွင်းကလီစာများကို ထုတ်ပြီးနောက် အသားကို စားလိုက်သည်။
ချူးလီလီ၏ မျက်လုံးနီနီလေးများသည် ပြူးကျယ်သွားသည်။ သူသည် နှုတ်ခမ်းဆူထားကာ စိတ်ကောက်နေသလို ရုပ်လေးဖြင့် ဖြစ်သော်လည်း မြက်ခင်းပေါ်တွင် လိပ်များက ပက်လက်လန်ထားခံရကာ ရုန်းနေသည်ကို မြင်သည့်နှင့် စပ်စုချင်သွားသည်။
သူမသည် ယန်ကျင်းဟွာ၏ အနောက်သို့ လိုက်သွားသော်လည်း ဖမ်းမမိပေ။ ထိုလူကြီးသည် အပုန်းကောင်းလေရာ သူမလည်း ကြာကြာမရှာနိုင်ပေ။ သူမသည် အလျှော့မပေးချင်သော်လည်း လင်းချင်းကို ပြန်လာရှာဖို့သာ ဆုံးဖြတ်လိုက်ရသည်။ လင်းချင်းသည် ကန်ဘေးတွင် ရှိနေသည်ကို အာရုံခံမိသဖြင့် သူမသည် ရောက်လာတာဖြစ်သည်။ ရောက်လာသည့်အခါ လင်းချင်းသည် တစ်ကောင်ကို ခွဲပြီးနေပြီ။
နောက်ဆုံးတော့ ချူးလီလီသည် အသေးဆုံးလိပ်ဆီသွားကာ သူမ၏လက်ဖြင့် လှည့်လိုက်သည်။ လိပ်ကိုလည်အောင် လုပ်နေရင်းဖြင့် သူမသည် လင်းချင်းက သူမ၏ချွန်ထက်လွန်းသည့် လက်သည်းများဖြင့် လိပ်ကိုပိုင်းကာ လိပ်သားစားနေသည်ကို ကြည့်လိုက်သည်။