May Honey Logo May Honey
Previous Next

၂၂။ လမ်းလာပိတ်တဲ့လူသား

ရှဲ့တုန်းသည် ဟွမ်ရှောင်းမြင်လိုက်သည့် ဇွန်ဘီ၏အဆင့်ကို မသေချာသဖြင့် မျက်မှောင်ကျုံ့နေသည်။ အကယ်၍ အဆင့်လေးသာ ဖြစ်နေပါက ပြဿနာအကြီးကြီးပင်။
အဆင့်လေးဇွန်ဘီများသည် အလွန်ရှားပါးပြီး အဆင့်ငါးများသည် မြင်ဖို့တောင် ခဲယင်းသည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း အဆင့်ငါးဇွန်ဘီခေါင်းဆောင် နှစ်ကောင် သုံးကောင်လောက်သာ ပေါ်ထွက်လာခဲ့ဖူးသည်။ သူတို့အားလုံးသည် အလွန်တရာကို အင်အားကြီးကာ သူတို့နှင့် တွေ့ကြုံရသည့် လူသားတိုင်းသည် ကံဆိုးစွာဖြင့် သေဆုံးကြသည်က များလှသည်။
လက်ရှိတွင်၍ အဆင့်လေးသည် လူတို့မကြာခနတွေ့ရတက်သည့် အမြင့်ဆုံးအဆင့် ဖြစ်သည်။ အသိညဏ်ရှိ အဆင့်သုံးဇွန်ဘီများသည် အဆင့်လေးများထက် ပိုတွေ့ရတက်သေးသည်။ ရှဲ့တုန်းတို့အဖွဲ့၏ အင်အားအရ သူတို့သည် အဆင့်လေးဖြင့် တွေ့ပါက ပြဿနာကြီးနှင့် တိုးခြင်း ဖြစ်လိမ့်မည်။

. . .

ပြေးနေစဉ်တွင် လင်းချင်းသည် ရုတ်တရက် လူသားအနံ့ကို အနောက်ကနေ ရလိုက်သည်။ အမဲလိုက်အဖွဲ့တစ်ခုက ထိုနေရာတွင်ရှိကြောင်းကို သူမသည် ဖြတ်သွားရင်း အနံ့ရလိုက်သည်။ သူမသည် သူတို့ကို ဒီတိုင်းထားခဲ့သဖြင့် သူတို့လည်း ဒီလိုပဲလုပ်မည်ဟု ထင်ကာ အများကြီး တွေးမနေခဲ့ပေ။ ဒီလူတွေက သူမအား ရန်လာစလို့ကတော့ ဘယ်လိုမှ ပြန်မခုခံနိုင်အောင် လုပ်ပစ်မည်ဟုတောင် သူမမစဉ်းစားခဲ့မိပေ။
သူမသည် ရပ်လိုက်ကာ သူမကိုမီလုနီးပါး ဖြစ်နေသည့် လူသားကို လှည့်ကြည့်လိုက်သည်။ ထိုလူသည် အလွန်မြန်သည်။ လင်းချင်းသည် သူ့ထံမှ သဘာဝအစွမ်းများ ထွက်နေခြင်းကို ခံစားမိသည်။ သူမ၏အထင်အရဆိုလျှင် ထိုလူသည် လေစွမ်းအားရှင် ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူ့၏ခြေလှမ်းများက ဘယ်လောက်မြန်ကာ ပေါ့ပါးနေကြောင်းကို မြင်နေရသောကြောင့်ပင်။
ဇွန်ဘီက ရုတ်တရက် ရပ်လိုက်သည့်အခါ ဟွမ်ရှောင်း၏ရင်သည် ပျော်ရွှင်စွာဖြင့် ခုန်ပေါက်သွားသည်။ သူသည် လင်းချင်းနှင့် နှစ်မီတာအကွာလောက်အထိ သွားလိုက်ကာ အမျိုးသမီးဇွန်ဘီအား ခေါင်းအစ ခြေအဆုံး ကြည့်လိုက်သည်။
ထိုဇွန်ဘီ၏ ဆံပင်များသည် ဖြန့်ချထားသော်လည်း အနည်းငယ် သန့်ရှင်းနေသည်။ သူမ၏မျက်နှာက ပျက်စီးနေသဖြင့် အရင်ရုပ်ဘယ်လိုရှိသလဲ ခန့်မှန်းလို့တောင် မရပေ။ အဆင့်မြင့်ဇွန်ဘီများတွင်သာရှိသည့် မျက်ဝန်းနက်တစ်စုံကရှိနေပြီး နှုတ်ခမ်းတို့ကို တင်းတင်းစေ့ထားသည်။ သူမသည် ဂါဝန်ပွပွကြီးကို ဝတ်ထားကာ မတ်မတ်ရပ်နေသဖြင့် ခန္ဓာကိုယ်အချိုးအစားကို သေချာမသိရပေ။ သူမသည် သူ့အား တည်ငြိမ်စွာဖြင့် စိုက်ကြည့်နေခြင်း ဖြစ်သည်။
အမျိုးသမီးဇွန်ဘီသည် သူ့အားခုန်မအုပ်သလို ရန်လိုသည့်အပြုအမူလည်း မရှိသဖြင့် ဟွမ်ရှောင်းသည် ထူးဆန်းသလို ခံစားလိုက်ရသည်။ သူမသည် တိုက်ခိုက်ဖို့အတွက် လက်သည်းရှည်များကိုလည်း အသင့်ပြင်ကာ ထုတ်တောင်မထားပေ။
လူသားများသည် အဆင့်မြင့်ဇွန်ဘီများကို အမဲလိုက်ရသည်က တန်သည်ဟု ပြောနေစဉ်တွင် ဇွန်ဘီများအတွက်လည်း သဘာဝလွန်စွမ်းအားရှင်များကို ရသည်က အတူတူပင်။ လူသားများလို ဇွန်ဘီများသည်လည်း အုပ်စုဖွဲ့ကာ တိုက်ခိုက်တက်ကြသည်။ အဘယ်ကြောင့်ဆိုသော် အဆင့်သုံးဇွန်ဘီတစ်ကောင်သည် သဘာဝလွန်စွမ်းအားရှင်များနှင့် တိုက်ခိုက်ရာတွင် နိုင်ချေမှာ အရမ်းနည်းသောကြောင့် ဖြစ်သည်။
အခုအချိန်တွင် ဟွမ်ရှောင်းသည် သူ့၏အစွမ်းကြောင့် သူ့အဖွဲ့သားများကို အမီမလိုက်နိုင်အောင် အရင်ရောက်နေသည်။ အဆင့်မြင့် ဇွန်ဘီကလည်း သူ့အရှေ့မှာ ရပ်နေသဖြင့် တိုက်ခိုက်ရန် အကောင်းဆုံး အခြေအနေဖြစ်သည်။ သူမသာ သာမန်ဇွန်ဘီဖြစ်ပါက သူ့ကိုတန်းခုန်အုပ်မှာ ဖြစ်သည်။ ထို့ကြောင့် ဟွမ်ရှောင်းသည် မလှမ်းမကမ်းမှနေကာ သူ့ကိုယ်သူ တိုက်ခိုက်ဖို့ ပြင်ဆင်ချိန်ပေးထားခြင်း ဖြစ်သည်။

သို့သော်လည်း ဒီဇွန်ဘီသည် သူထင်သလို ဆာလောင်စွာ လာမတိုက်ခိုက်ပေ။ တည်ငြိမ်စွာ ရပ်နေကာ သူ့အားစိုက်လို့သာ ကြည့်နေသည်။ သူတို့သည် မတိုက်ခိုက်ရသေးသဖြင့် သူမ၏အဆင့်ကို မသိရသေးပေ။ သူမ၏ပြေးနှုန်းကြောင့်သာ အဆင့်သုံးဇွန်ဘီသာ ဖြစ်မည်ဟု ဟွမ်ရှောင်းက ထင်သည်။

လင်းချင်းသည် ဒီလူအား ငြိမ်ကြည့်နေသည်။ ဒီလူက သူ့အဖွဲ့သားတွေကို စောင့်နေသဖြင့် သူမကို မတိုက်ခိုက်သေးကြောင့် သူမသိသည်။ အဘယ်ကြောင့်ဆိုသော် ဒီလူ၏အတွေးတစ်ချို့ကို သူမခန့်မှန်းမိနေသောကြောင့် ဖြစ်သည်။ သူတို့ကြားတွင် ဝေးနေသဖြင့် သူမသေချာရှင်းရှင်းလင်းလင်း မသိရခြင်းသာ။ ထိုအတွေးကို သူမသိရသည်နှင့် သူတို့အခွင့်အရေးရဖို့ သူမသည် ဆက်စောင့်မနေချင်တော့ဘဲ သူမသွားမည့်နေရာသို့သာ လှည့်လိုက်သည်။

“ရပ်လိုက်”
အမျိုးသမီးဇွန်ဘီက လှည့်ပြေးတော့မည်ကို မြင်သည့်အခါ ဟွမ်ရှောင်းသည် သူမအားအော်လိုက်သည်။ ခြေထောက်ကိုခိုင်အောင်ရပ်ကာ လက်နှစ်ဖက်ကနေ လေဓားတို့ကို သူမဆီသို့ ပစ်လွှတ်လိုက်သည်။

လင်းချင်းသည် ဟွမ်ရှောင်း၏ တိုက်ခိုက်မှုကို သိလိုက်သဖြင့် သူမအားဖြတ်မည့် လေဓားများကို အနားမှ ကပ်ရှောင်လိုက်သည်။ ထို့နောက် လေထဲသို့ ခုန်တက်လိုက်ကာ လေထဲတွင် ဂျွမ်းထိုးလိုက်ပြီး မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။ သူမသည် ဟွမ်ရှောင်း၏ လေဓား ဆယ်စင်းကျော်ကို ရှောင်နိုင်သော်လည်း သူမ၏ဂါဝန်ကတော့ အနားများပြဲလေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုရုတ်တရက် တိုက်ခိုက်မှုကြောင့် စိတ်တိုလာတော့သည်။
‘သေလိုက် ဇွန်ဘီတိုင်းကို အလွယ်လေးနိုင်မယ် ထင်နေလား? ငါနင့် ကိုကန်ပြမယ် နင့်ကိုနင် ငါ့ကိုအနိုင်ကျင့်ရမယ်လို့ ထင်နေတော့ပေါ့လေ ဟမ်?’

သူမသည် ခါးကိုကွေးကာ ရှောင်နေစဉ် လက်သည်းများကို ထုတ်လိုက်သည်။ ထို့နောက် ခြေပြင်ကို ခြေထောက်ဖြင့် ခုန်လိုက်ကာ ဟွမ်ရှောင်းကို ခုန်အုပ်လိုက်သည်။ သူမသည် မြန်လွန်းသောကြောင့် တစ်ခါသာ ခုန်လိုက်ရသည်။
ဟွမ်ရှောင်းသည် သူနှင့်လင်းချင်းတို့အကြားက အကွာအဝေးကို တိုးလိုက်ကာ တိုက်ခိုက်နေခြင်း ဖြစ်သည်။ အမျိုးသမီးဇွန်ဘီက သူ့လေဓားတိုင်းကို သူမ၏ကိုယ်အား ပျော့ပြောင်းစွာ ကွေးညွတ်ရင်း ရှောင်နေသည်ကို မြင်သည့်အခါ အံ့သြနေမိသည်။ သူမသည် မြေပြင်ကိုအားပြုကာ သူဆီသို့ ခုန်အုပ်သည်ကိုမြင်လိုက်သည်။ သူမသည် အရမ်းမြန်လွန်းသဖြင့် အရိပ်တစ်ခုလို မျက်တောင်တစ်ခတ်အတွင်း သူ့မျက်စိအရှေ့သို့ ရောက်လာသည်။
‘မကောင်းတော့ဘူး’

ဟွမ်ရှောင်းသည် အန္တရယ်ကို ရင်ထဲမှ ခံစားမိကာ သူအမှားလုပ်မိကြောင်းကို သိသွားပြီး ချက်ချင်းပြန်ဆုတ်ရန် လုပ်သည်။

သို့သော်လည်း သူသည်တွေဝေနေကာ လေအစွမ်းကိုသုံးပြီး ပြန်ပြေးရမည်ကို မေ့လျော့သွားကာ သူ့ကိုယ်တစ်ပတ်လည်ကိုသာ လေနံရံတစ်ခု ဖန်တီးလိုက်ပြီး ဘာမှမလုပ်ဘဲ ရပ်နေသည်။ ထိုလေနံရံသည် လင်းချင်းက သူမ၏လက်သည်းများဖြင့် ဆွဲဖြဲရာတွင် နှစ်စက္ကန့်လောက်သာ ခံလေသည်။
ထို့နောက် ဟွမ်ရှောင်းသည် ဘာဖြစ်သွားသလဲ မသိလိုက်ပေ။ သူသိလိုက်ချိန်မှာတော့ သူသည်အထိုးခံလိုက်ရပြီး ဖြစ်သည်။ ထိုခနအတွင်းတွင် လင်းချင်းသည် သူ့အားအဝေးသို့ ရောက်အောင် ပိတ်ကန်ပစ်လိုက်သည်။
ထို့နောက်တွင်တော့ ဟွမ်ရှောင်းသည် မြေပြင်တွင် လိမ့်သွားသည်။ သူအမြန်ထလိုက်ကာ မသိစိတ်အရ သူ့ကိုယ်က ဒဏ်ရာများကိုကြည့်ရင်း နာသွားသည့် လက်မောင်းကို ပိတ်မိနေသည်။

‘ငါသာ အနာဖြစ်သွားရင် ဇွန်ဘီဖြစ်ရမယ့် ကံကြမ္မာကို ရှောင်မရဘူး’

သူ့တစ်ကိုယ်လုံးကိုကြည့်ရာတွင် ခြစ်ရာလုံးဝမရှိပေ။ အကန်ခံလိုက်ရသောကြောင့်ကာ ဗိုက်ကအရမ်းနာနေခြင်းသာ

‘မရှိဘူးလား? မရှိ. . .မရှိဘူးပဲ တော်ပါသေးတယ်’

ဟွမ်ရှောင်းသည့် သူ့ကံကိုသူမယုံနိုင် ဖြစ်သွားသည်။ သူကိုယ့်သူ ဇွန်ဘီခြစ်ရာရှိမရှိ ထပ်စစ်ဆေးကြည့်နေစဉ်တွင်ပဲ ရုတ်တရက် အေးသွားကာ သူ့အဝတ်များသည် ခြေထောက်ပေါ်သို့ အကုန်ပြဲကျသွားတော့သည်။ သူငုံ့ကြည့်လိုက်သည့်အခါ သူ့အသားမှာ အကုန်ပေါ်နေလေပြီ။ ဟွမ်ရှောင်းသည် ကြောင်အသွားသည်။
‘သေလိုက်ပါတော့ကွာ’

ချက်ချင်းပင် ဒူးကိုကွေးလိုက်ကာ သူ့ဗိုက်အောက်ကနေရာကို လက်နှစ်ဖက်ဖြင့် အမြန်ဖုံးလိုက်ရသည်။ ထို့နောက် စိတ်ရှုပ်စွာဖြင့် ခေါင်းမော့ကြည့်လိုက်သည့်အခါ ဇွန်ဘီမရှိတော့ဘဲ နောက်ကျမှ ရောက်လာသည့် သူ့အဖွဲ့သားများပဲ ရှိတော့သည်။

“ဟာ ချီးပဲ ဟွမ်ရှောင်း မင်းဘာဖြစ်သွားတာလဲကွာ?”

အခြားအဖွဲ့သားများသည် သူတို့ရောက်လာသည့်အခါ ဟွမ်ရှောင်းမှာ ကိုယ်တီးလုံး ဖြစ်နေသည်။ သူတို့အထဲက တစ်ယောက်သည် ရယ်ချင်စိတ်ကို မထိန်းနိုင်ပဲ ရယ်နေရင်းမှ ဒီလိုမေးလာသည်။

‘သေပါပြီ ငါတွင်းတစ်ခုထဲသာ ဝင်ပုန်းနေချင်တယ်’

ဟွမ်ရှောင်းသည် တွေးနေမိသည်။ သူသည် ရှက်ရွံ့စွာဖြင့် ဘာကိုမှမပြောနိုင်ဘဲ မျက်နှာကိုလှည့်ထားသည်။

အခြားသူများသည် ရယ်နေရင်းမှ အသိပြန်ဝင်လာကာ တစ်ယောက်က သူ့အပေါ်ထပ်ကို ချွတ်ကာ ဟွမ်ရှောင်းသို့ ရယ်နေရင်း ပေးလိုက်သည်။
Previous Chapter 22 of 198 Next