May Honey Logo May Honey
Previous Next

၁၇၀။ ကယ်ချင်လို့ကယ်တာ

လင်းဖန်သည် စခန်းခေါင်းဆောင်ဖြစ်ခဲ့သည့် သူ့ညီမအနောက်သို့ မကြာခန လိုက်နေရသည်ဖြစ်ရာ သူမကိုပိုရင်းနှီးလေသည်။ စိတ်ကြည်လင်သည့် သူနှင့်ယွမ်ထန်ရှင်းတို့ နှစ်ယောက်လုံးသည် ဒီဇွန်ဘီ၏ အရှိန်အဝါမှာ လင်းချင်းနှင့် မိတ္တူကူးထားသလို တူညီနေသည်ကို သိလိုက်ကြသည်။   ‘ဒါဘယ်လိုတိုက်ဆိုင်မှုမျိုးလဲ?’

အမျိုးသမီးလင်းနှင့် လင်းဝမ်ဝမ်တို့သည် လင်းချင်း၏ အရှိန်အဝါကို မသိပေ။ လင်းဝမ်ဝမ်သည် လင်းဖန်နှင့် ယွမ်ထန်ရှင်းတို့လို ထက်မြက်သည့်အာရုံသိမရှိပေ။ အမျိုးသမီးလင်းသည် သာမန်လူဖြစ်လေရာ ဒါမျိုးတွေကို မသိပေ။ သို့သော်လည်း ဒီဇွန်ဘီက သူမအား ထူးဆန်းသည့် ခံစားမှုကို ပေးနေသည်။ လုံချင်းယင်ကတော့ လင်းမိသားစုဝင်မဟုတ်သလို ငရဲမီးခေါင်းဆောင်နှင့်လည်း အချိန်အများကြီး မဖြုန်းဖူးလေရာ ဘာထူးခြားမှုကိုမှ မသိပေ။ 

ထိုအချိန်တွင် လင်းချင်းသည် လက်ကိုလှုပ်လိုက်လေရာ သူမ၏လက်ထဲတွင် ကလစ်ဖြင့်တွဲထားသည့်စာအုပ်လေး ပေါ်လာသည်။ သူမသည် ဒီစာအုပ်ကို ချူးလီလီ၏ ပစ္စည်းပုံကြီးထဲမှာ တွေ့ခဲ့ရတာဖြစ်သည်။ သူမသည် သင့်တော်သည့်အတွင်းခံတော့ မရခဲ့ပင်မယ့် ဒီကလစ်ဖြင့်စာအုပ်ကို တွေ့ခဲ့လေရာ သူမစာရေးဖို့ ပိုအဆင်ပြေသဖြင့် ယူထားလိုက်တာ ဖြစ်သည်။ သူမသည် စကားပြောနိုင်သော်လည်း စကားပြောနှုန်းက မမြန်သေးသလို အမြန်ပြောလိုက်ရင် အသံထွက်တို့က ပလုံးပထွေးဖြစ်ကုန်သည်။ ထို့ကြောင့် အရေးကြီးအကြောင်းအရာများကို စာဖြင့်ရေးပြဖို့ ဆုံးဖြတ်ထားတာဖြစ်သည်။

လင်းချင်းက အဆင်သင့်ဖြစ်သည်ကို မြင်သည့်အခါ ယွမ်ထန်ရှင်းသည် လင်းဖန်ကို စကားပြောဖို့ အရိပ်အခြေပြလိုက်သည်။ လင်းဖန်က ခနတွေးပြီးနောက် သိချင်စိတ်ဖြင့် မေးသည်။
“လုထန်ယုမလား? ဘာဖြစ်လို့ ငါတို့ကိုကယ်တာလဲ မေးလို့ရမလား?”

ဘာဖြစ်လို့ သူတို့မိသားစုကို ကယ်တာလဲဆိုသည်ကို သိချင်သည်။ သူတို့သည် ဘယ်သူစိမ်းကိုမှ မယုံချင်ကြတော့ပေ။ကမ္ဘာပျက်ခေတ်တွင် ယုံကြည်မှုဆိုသည်က ပကာသနလိုဖြစ်သည်။ ကိုယ်နှင့်အတူ ယှဉ်တွဲတိုက်ခိုက်နေသူတောင်မှ ကိုယ့်နောက်ကျောကို ဓားဖြင့်ထိုးသွားနိုင်သည်။ မိတ်ဆွေဖြစ်မလား အသင်းဖော်များလာမထားထက် ဇွန်ဘီဖြင့် တွေ့နေရတာ ဖြစ်သည်။ အရင်ရက်အချို့ကအထိ ဇွန်ဘီတိုင်းကို သတ်သင့်သည်ဟု ယုံကြည်ထားခဲ့ကြသေးတာ ဖြစ်သည်။ လူတစ်စုကို ကယ်ဖို့အတွက်ဖြင့် တောင်ပိုင်းကို ပြန်လာခဲ့သည့် ဇွန်ဘီတစ်ကောင်၏ နေရာကနေ ရည်ရွယ်ချက်အစစ်က ဘာဖြစ်မလဲကို သူတွေးကြည့်ချင်သေးသည်။

သူတို့တွင် သူတို့၏အသက်အပြင် ဒီဇွန်ဘီများကို ဘာမှပေးနိုင်စရာ မရှိပေ။ ထို့ကြောင့် ဒီထူးဆန်းသည့် ဇွန်ဘီများက ရောက်လာသနည်း? တကယ်ကူညီချင်တာလား? သူတို့ဖြင့်သိသာ နှစ်ရက်မပြည့်သေးသဖြင့် မယုံကြည်နိုင်သေးပေ။  သို့သော်လည်း အခုအချိန်အထိတော့ ဒီဇွန်ဘီအဖွဲ့က ကူညီပေးနေကြောင်း သက်သေပြနိုင်ခဲ့သည်။ ယန်ကျင်းဟွာကို တိုက်ပေးသလို ယွမ်ထန်ရှင်းကိုလည်း ကုသပေးသည်။ ထို့အကြောင့် အခြားရည်ရွယ်ချက်ရှိမလားဟု အနည်းငယ်လောက်သာ သံသယဝင်မိတာ ဖြစ်သည်။

ယွမ်ထန်ရှင်းသည် လီကျန်းတို့ကို ရှာဖို့အတွက် ပင်လယ်မြို့တော်စခန်းသို့ ၂ရက်လောက်နေရင် သွားတော့မှာ ဖြစ်သည်။ ထို့ကြောင့် စခန်းကလူများက သူမအကြောင်း ဘာများသိသလဲကိုလည်း တစ်ခါတည်း စုံစမ်းချင်တာလည်း ပါဝင်သည်။  
သို့သော်လည်း လင်းချင်းသည် အခန်းထဲကလူအများစု၏ အတွေးများကို ဖတ်နိုင်သည်။ သူမ၏စွမ်းအားကို ထိန်းချုပ်မထားသောကြောင့် ဘေးနားမှာ ထိုင်နေသည့် ယွမ်ထန်ရှင်း၏ အတွေးများကိုသိနေနိုင်သည်။ ဒီလူများကို သူမကို အလွယ်မယုံကြောင်း နားလည်သဖြင့် သူမသည် ခနတွေးပြီးနောက် အကြောင်းပြချက် လျှောက်၍ဖန်တီးနေဖို့ မလိုကြောင်း ခံစားမိသည်။ ထို့ကြောင့် ခဲတံဖြင့် ရေးပြလိုက်သည်။   ‘အကြောင်းပြချက်မရှိဘူး။ ဒီတိုင်းကယ်ချင်လို့ကယ်လိုက်တာ’

အခြားလူများသည် ဒါကအဖြေမဟုတ်ဘူးဟု ခံစားရသည်။ ထိုအဖြေကြောင့် သူတို့ကို ကူညီရသည့်အကြောင်းကို ထပ်မမေးသင့်ကြောင် ခံစားမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဇွန်ဘီက လုပ်ချင်သည်ကို လုပ်ခွင့်ရနေသည့်သူ ဖြစ်သောကြောင့်ပင်။

လင်းဖန်နှင့် ယွမ်ထန်ရှင်းတို့သည် အချင်းချင်း ကြည့်မိလိုက်ကြသည်။ ဒီတစ်ခါတော့ ယွမ်ထန်ရှင်းက ပြောသည်။   “လုမိန်းကလေး ဘာဖြစ်လို့ ကူညီပေးနေတာလဲ မသိပင်မယ့် ကျေးဇူးတင်ပါတယ်။ မင်းရဲ့ရေက ငါတို့မှာရှိသမျှ ဆေးအားလုံးထက် တကယ်ကုသနိုင်စွမ်းမြင့်တယ်”   ‘လုမိန်းကလေး’ဟု ခေါ်စဉ်တွင် ယွမ်ထန်ရှင်းသည် လင်းချင်း၏ ကတုံးကို မကြည့်ဘဲ မနေနိုင်ပေ။ တစ်ချက်ပြုံးလိုက်ပြီးတော့ အမှုအယာအမြန်ထိန်းကာ စကားဆက်ပြောလိုက်ရခြင်း ဖြစ်သည်။

သို့သော်လည်း ယွမ်ထန်ရှင်း အရင်ကမ္ဘာမပျက်ခင်တုန်းက သူမ၏လက်ထောက်ဖြစ်ခဲ့သူ ဖြစ်လေရာ လင်းချင်းက သူ့၏ထူးဆန်းသည့်အပြုံးကို မရိပ်မိဘဲ နေမည်လား? ထို့ကြောင့် အကျင့်ပါနေသည့်အတိုင်း မျက်လုံးကို လှန်မိလိုက်ကာ ရေးပြလိုက်သည်။   ‘ရပါတယ်’

ထိုအချိန်တွင် အမျိုးသမီးလင်း၊ လင်းဝမ်ဝမ်နှင့် လင်းဖန်တို့သည် လင်းချင်း၏ လက်ရေးကို ကြည့်ကာ အတွေးနွံ့ထဲနစ်နေကြသည်။ ဒီလက်ရေးကို သေချာကြည့်လေလေ ရင်းနှီးသလို ခံစားရလေလေဖြစ်သည်။ လင်းဖန်သည် ဒီဇွန်ဘီမှာ ကိုယ့်ကိုယ်ကိုဖောက်ခွဲသွားသည့် သူ့ညီမနှင့် အရှိန်အဝါတူကြောင်း ခံစားမိနေစဉ်တွင် လက်ရေးပါတူနေကြောင်း သိလိုက်ရသည်။   ‘ဘာဖြစ်လို့ လင်းချင်းနဲ့ တူနေတာလဲ? အရှိန်အဝါတင်မဟုတ်ဘူး လက်ရေးကအစ တူနေတယ်!’

ချင်း၏လက်ရေးကြောင့် လင်းမိသားစုများ၏ မျက်နှာသည် မည်းလာကာ စိတ်ရှုပ်မှုများ ပေါ်လာသည်။ လင်းမိသားစုတင်မဟုတ်ဘဲ ယွမ်ထန်ရှင်းသည်လည်း သူမ၏လက်ရေးကို မှတ်မိနေသည်။ သို့သော်လည်း သူကဘာအမှုအယာမှ မပြတာဖြစ်သည်။ 

လင်းချင်းက သူတို့၏အတွေးများကို  သိလိုက်သဖြင့် သူမ၏လက်ရေးကို ပြန်ငုံ့ကြည့်လိုက်သည်။ အရင်က လက်ရေးပင်ဖြစ်ကြောင်း သူတို့မှတ်မိလောက်မည်ကို သိလိုက်သည်။ ဘယ်လိုတုံ့ပြန်မှုပဲဖြစ်ဖြစ် သူမက ဂရုမစိုက်ပေ။ သူမကို သံသယဝင်လာက ဖြည်းဖြည်းချင်း လက်ခံလာနိုင်ဖို့ သူမစောင့်နေနိုင်ပါသည်။

သူတို့ကို ကာကွယ်ပေးဖို့ ပိုကောင်းသည့်လမ်း ရှိသော်လည်း သူမရှိနေကြောင်းကို မသိစေဘဲ ခိုးဝှက်၍ ကာကွယ်စောင့်ရှောက်ပေးနေရခြင်းထက် သူမသည် အရဲစွန့်ကာ မိသားစုဖြင့် တိုက်ရိုက်ဆက်သွယ်လာခြင်း ဖြစ်သည်။ ဇွန်ဘီဖြစ်နေသော်လည်း သူမသည် မိသားစုဖြင့် အတူရှိနေချင်သေးသည်။

ယွမ်ထန်ရှင်းသည် မျက်တောင်တစ်ချက်ခတ်ကာ ပြောသည်။   “ငါတိုဒီမှာနေဖို့ ဆုံးဖြတ်ထားတယ်။ အနာဂတ်မှာ စခန်းသစ်ဆောက်မယ်။ ယန်ကျင်းဟွာနဲ့ လုံယုပိုင်တို့ကို လက်စားချေဖို့ အချိန်ကောင်းစောင့်ရမယ်”

နာမည်များကို တပ်ပြောစဉ်တွင် ယွမ်ထန်ရှင်း၏ ပြုံးနေသည့်မျက်နှာသည် ပျက်ယွင်းမသွားသော်လည်း မျက်လုံးထဲတွင်တော့ သတ်ချင်စိတ်များ ထင်ဟပ်နေသည်။ အခြားသူများသည်လည်း သူ့လိုဖြစ်သော်လည်း မျက်နှာများကတော့ ရှုံ့မဲ့သွားကြသည်။ သူတို့အားလုံးသည် တစ်သံမှ ထွက်မလာကြပေ။

လင်းချင်းသည် သူတို့၏စိတ်အပြောင်းအလဲကို ခံစားမိသော်လည်း ဒီ၂ယောက်အတွက် ဘာခံစားချက်မှမရှိပေ။ သို့သော်လည်း ‘အသက်သခင်ကျေးဇူးရှင်’ဟူသည့် စကားလုံးကို ပြန်တွေးမိသည်နှင့် ခေါင်းကကိုက်ချင်လာသည်။ ထို့ကြောင့် သေဆုံးသွားသည့် လင်းချင်းနှင့် သူမ၏ကြားမှ ဆက်နွယ်မှုကို ရှာဖွေရန် ခရီးထပ်သွားသင့်မည်ဖြစ်ကြောင်း ခံစားလိုက်သည်။

‘မှတ်ညဏ်ပျောက်နေတာလား? ဒါမှမဟုတ် တခြားတစ်ယောက်က ငါ့အယောင်ဆောင်နေခဲ့တာလား?’   လင်းချင်းသည် ပထမအတွေးက ဖြစ်နိုင်သော်လည်း ဒုတိယအတွေးကတော့ ဒီလိုမဟုတ်လောက်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမသည် တစ်ခုလုံးကို သိအောင်ရှာဖွေရမည်။ အရင်ဆုံးတော့ သေသွားသည့်သူမကစ၍ ရှာဖွေဖို့ ဆုံးဖြတ်လိုက်သည်။  
Previous Chapter 170 of 198 Next