May Honey Logo May Honey
Previous Next

၁၁၁။ အရင်တိုက်

“ခေါင်းဆောင် လုံချင်းယင်ပြောတာ ဟုတ်တယ်။ ဟိုခွေးကောင်က စစ်သားတွေကို ဒီကိုခေါ်လာတာပဲ ဖြစ်မှာ။ မဟုတ်ရင် ဒီလောက်မြန်စရာမရှိဘူး။ ဒီကိုရောက်နေတာ ကြာပြီဆိုတော့ ငါတို့ကို တွေ့လောက်ပြီ”   လုံချင်းယင်၏သတိပေးမှုကြောင့် တစ်ဖွဲ့လုံးသည် ဖြစ်နိုင်ချေကို ယုံကြည်သွားကြသည်။

“ဒါဆိုရင် အခုငါတို့ ဘယ်လိုလုပ်ကြမလဲ? အဆင့်လေးအမြူတေ ငါတို့မှာရှိနေတာလည်း သိနေလောက်ပြီ”
တူယွမ်ရှင်းသည် သူ့ရင်ထဲတွင် မျှော်လင့်ချက်နည်းနည်းသာ ရှိတော့သည်။

အဆင့်လေးဇွန်ဘီအမြူတေသည် အစာအများကြီးဝယ်ရသည်။ အခုခေတ်တွင် ဇွန်ဘီအမြူတေများသည် တန်ဖိုးအကြီးဆုံးအရာများ ဖြစ်ကြသည်။ သို့သော်လည်း ဒီခေတ်တွင် အင်အားသည်သာ စည်းမျည်းဖြစ်၍ ဘာတရားဉပဒေမှ မရှိတော့သည့် ခေတ်ဖြစ်နေပြီ။ အားနည်းသူများသည် အားကြီးသူများ၏ သားကောင်ဖြစ်ကြကာ အားကောင်းသူများသာ ရှင်ကျန်နိုင်မည်။ 

ထို့ကြောင့် အစာအများကြီးဝယ်ရသည့် တန်ဖိုးကြီးဇွန်ဘီအမြူတေတို့ကို လက်ဝယ်ရှိသူများသည် အခြားသူများက မျက်စိကျသည်က ပုံမှန်ပင်။ လုယက်ကာ လူသတ်ခြင်းများသည် ဇွန်ဘီအမဲလိုက်အဖွဲ့ကြားတွင် ဖြစ်လေ့ဖြစ်ထရှိသည်။ ဇွန်ဘီအမဲလိုက်အဖွဲ့များသည် အချင်းချင်း အရမ်းတော့ မရက်စက်ကြပါ။ ဇွန်ဘီအမြူတေကို ပေးလိုက်ရင်တော့ ထိုအဖွဲ့သည် အသက်ရှင်နိုင်လိမ့်မည်။

သို့သော်လည်း ဇွန်ဘီအမဲလိုက်အဖွဲ့များကို စခန်းရှိစစ်တပ်က ဓားပြတိုက်ယူရင်တော့ ထိုအဖွဲ့သည် ပျက်စီးကာ အဖွဲ့သားတိုင်း သေမည်အမှန်ပင်။ အကြောင်းပြချက်ကတော့ ရှင်းသည်။ ပိုဆိုးသည်မှာ ဟေးဒီးစခန်းတွင် ခေါင်းဆောင်အပြောင်းအလဲကြောင့် ပရမ်းပတာဖြစ်နေသည့် အချိန်လည်း ဖြစ်နေသေးသည်။ ထို့ကြောင့် မကောင်းတာများသည် ဒီအချိန်တွင် ပိုများလာသည်။

သူပြောသည်ကို ကြားသည့်အခါ လုံချင်းယင်သည် ခေါင်းကိုခါကာ
“ကိုယ့်ကိုယ်ကို လိမ်မနေနဲ့တော့။ အဆင့်လေးဇွန်ဘိအလောင်းက အပြင်မှာ။ သူတို့တွေ့သွားရင် ဘာဖြစ်မယ်ထင်လဲ?”

“ဒီနေရာမှာ ငါတို့ကတစ်ဖွဲ့တည်း။ ဒါဆိုရင် ငါတို့အပြင် အဆင့်လေးဇွန်ဘီကို သတ်သွားတယ် ထင်ခံရတဲ့သူက. . .”   တူယွမ်ရှင်းသည် သက်ပြင်းချကာ ပြောသည်။

အကုန်လုံးသည် မျက်နှာများ မည်းကျကုန်ကာ စိတ်ပျက်မှုတို့ ပေါ်လာသည်။ သို့သော်လည်း မကြာခင်တွင် အခြေအနေကို လက်ခံနိုင်သွားကြသည်။ စခန်းအပြင်ကို ထွက်လာတည်းက နောင်ရေးကောင်းဖို့ အသက်ဖြင့် စွန့်စားခြင်း ဖြစ်လေရာ ဇွန်ဘီများကသာ ဒီနေရာတွင် အန္တရာယ် မဟုတ်ကြောင်း သိကြသည်။

အခုအချိန်တွင် သူတို့အဖွဲ့၏ တိုက်ခိုက်ရေးစွမ်းရည်သည် အကုန်မကောင်းသေးသလို နှစ်ယောက်လည်း ကိုမာဝင်နေရာက မနိုးသေးသဖြင့် ဒီနှစ်ယောက်ကို စောင့်ကြည့်ဖို့ လိုသေးသည်။

“သူတို့က မတိုက်သေးမှတော့ ငါတို့အရင်တိုက်တာပေါ့။ ဒါမှပြေးဖို့ အခွင့်အရေးရှိမှာ”   လုံချင်းယင်က ပြောသည်။

“ဒါဆိုရင် သွားကြရအောင်”   တူယွမ်ရှင်းသည် အချိန်မဖြုန်းချင်တော့ပေ။

သူဒီစကားများကို ပြောပြီးသည့်အခါ အခြားသူများသည် သွားဖို့ပြင်ကြသည်။ မေ့နေသည့် နှစ်ယောက်ကို အဖွဲ့ထဲက ခန္ဓာကိုယ်တောင့်သည့် နှစ်ယောက်က သယ်လာခိုင်းသည်။ တူယွမ်ရှင်းနှင့် ချိုင်ဟုန်ချင်းတို့သည် နောက်တွင်လွယ်ထားသည့် သေနတ်များကို မြှောက်လိုက်ကာ သတိအပြည့်ဖြင့် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည်။

လုံချင်းယင်သည် သူမ၏ဓားရှည်ကို တစ်ချိန်လုံး တင်းတင်းဆုတ်ကိုင်ထားသည်။ လင်းချင်းက သူမ၏လက်နက်ကို ဇွန်ဘီအလောင်းများကြားထဲမှ ပြန်သယ်ပေးလာတာ ဖြစ်သည်။ ထို့ကြောင့် လုံချင်းယင်သည် ဇွန်ဘီအပေါ်သို့ အမြင်အနည်းငယ်ပြောင်းသွားတာ ဖြစ်သည်။ 

လုံချင်းယင်သည် ဓားရှည်ကိုကိုင်ကာ တံခါးကိုဖွင့်ရင်း အပြငအခြေအနေကို ကြည့်သည်။ အန္တရာယ်မရှိတာ သေချာမှ သူမသည် အဖွဲ့သားများ၏ အရှေ့ကနေ ဦးဆောင်ကာ ထွက်လာသည်။ သူမသည် ဓားကိုတစ်ဖက်ကကိုင်ရင်း နောက်လက်တစ်ဖက်က လက်ဝါးကိုဖြန့်ထားသည်။ မကြာခင်တွင် သူမ၏အရှေ့သို့သံထည်များရောက်လာကာ အရင်လို အရည်ပျော်ပြီးနောက် သံစူးချွန်များ သည် သူမနှင့်အတူ လေထဲမျောလိုက်လာသည်။ နောက်တွင်တော့ အဖွဲ့သားများပါကာ တူယွမ်ရှင်းသည် နောက်ဆုံးမှနေ သူတို့အား အကာအကွယ်ပေးရင်း လိုက်လာသည်။

လင်းချင်းသည် သူတို့စကားများကို ကြားထဲက ဒီအခြေအနေကို ခန့်မှန်းမိသည်။ ဒီအဖွဲ့က သတိအပြည့်ထားနေသဖြင့် နောက်လာမည့်သူများသည် လူကောင်းများ မဟုတ်လောက်ပေ။ တိုက်ပွဲသည် ဖြစ်တော့မည်ကို သူမခန့်မှန်းမိသော်လည်း တူယွမ်ရှင်းတို့ပြောသလို သူတို့နှင့် နောက်လူများသည် အင်အားတကယ်ကွာလေရာ သူတို့မှာ နိုင်ချေမရှိပေ။

လင်းချင်းသည် သူတို့ဘေးကနေ လျှောက်သွားပြီးနောက် အနားက ပြတင်းပေါက်မှ ခုန်ချလိုက်သည်။ ထို့နောက် သူမသည် မြေပြင်သို့ ချောမွေ့စွာ ဆင်းလိုက်သည်။ သူမ၏ကိုယ်သည် အရင်ကထက် အများကြီးပေါ့ပါးနေပြီ။ ခုန်ဆင်းရာတွင် အလေးချိန်မရှိသလို ဖြစ်နေသဖြင့် အန္တရာယ်မရှိသလိုပင်။ ထို့အတူ လေထဲတွင် သူမ၏အနေအထားကို ပြင်လို့တောင် ရသေးသည်။ သူမ၏ကိုယ်သည် ပိုသွက်လာလေလေ ပိုပျော်လေလေဖြစ်သည်။ 

သူမရောက်ပြီးနောက် လုံချင်းယင်တို့ကို စောင့်နေစဉ်တွင် မီတာ၂၀လောက် အကွာမှာ ပုန်းနေသည့် လူအများအနားသို့ သူမသွားလိုက်သည်။

ဒီလူတွေဆီမှ သဘာဝလွန်စွမ်းအားကို မခံစားရသဖြင့် တိုက်ခိုက်ရေးကောင်းသည့်သာမန်လူများသာဖြစ်နိုင်သည်။ ဒီလူများသည် တစ်ယောက်နှင့်တစ်ယောက် သိပ်မဝေးရာတွင် ပုန်းနေကာ ပူးပေါင်းတိုက်ခိုက်သည့် အနေအထားဖြင့် ဖြစ်သည်။ သူတို့သည် ဇွန်ဘီများကိုလည်း နောက်ကျောမလုံအောင် စိတ်ပူစရာ မလိုဘဲ ပစ်ရသေးသည်။

လင်းချင်းသည် ဒီလူများ၏အနေအထားကို အမြန်ကြည့်ပြီးသည့်အခါ သူတို့အနားမနေတော့ဘဲ သူတို့က သန်မာသည့် လူများဆီသို့ သွားလိုက်သည်။ သူမသည် ဒီကင်းလာထောက်သည့် အဖွဲ့ကို စိတ်မပူပင်မယ့် နောက်ကသဘာဝလွန် စွမ်းအားရှင်အဖွဲ့ကိုတော့ စိတ်ပူသည်။ ဒီကင်းထောက်အဖွဲ့လောက်ကိုတော့ တူယွမ်ရှင်းနှင့် လုံချင်းယင်တို့က ရှင်းပစ်နိုင်သည်။

သူတို့စကားအရ သူတို့ကို အခုခြိမ်းခြောက်နိုင်သည့်သူသည် စစ်တပ်မှလူဖြစ်ကြောင်း သူမသိလိုက်သည်။ လင်းချင်းသည် ဒီလူက ဘယ်လောက်သန်မာနေသလဲကို သိချင်သဖြင့် သွားကြည့်တာ ဖြစ်သည်။ သူမသည် လမ်းအချို့ကိုဖြတ်ကာ မီတာသုံးရာလောက်က ပစ်မှတ်ကို ကြည့်လိုက်သည်။

ထိုအဖွဲ့၏အလည်တွင် တပ်ဖက်သုံးသံချပ်ကာ ကားနှစ်စီးရပ်ထားသည်ကို တွေ့လိုက်သည်။ ထိုနှစ်စီးလုံးသည် ကျည်မတိုးသည့် သံထည်နှင့်စတီးများဖြင့်လုပ်ထားခြင်း ဖြစ်သည်။ သာမန်ဇွန်ဘီ၏လက်သည်းများသည် ဒီကားကို အစင်းရာထင်အောင်တောင် လုပ်နိုင်မှာ မဟုတ်ပေ။ ကားနှစ်စီးသည် အရမ်းကြီးကာ တစ်စီးတွင် လူ၂၀နှင့်၃၀လောက် ပါနေသည်။

လင်းချင်းသည် ဒီနေရာတွင် လူလေးဆယ်လောက်ရှိမည်ကို သိသော်လည်း ဒီကားထဲက သဘာဝလွန်စွမ်းအားရှင်များသည် အတော်လေးသန်သည်။ တစ်ယောက်ဆိုလျှင် လင်းချင်ကိုဖိအားပေးနိုင်လေရာ အဆင့်ခြောက်စွမ်းအားရှင် ဖြစ်လိမ့်မည်။

‘ဒီလက်ထောက်အဆင့်စခန်းခေါင်းဆောင်က ဒီမှာဘာလုပ်နေတာလဲ? လုံချင်းယင်ကို ထိခိုက်အောင်လုပ်ဖို့လား? လင်းဝမ်ဝမ်တို့ မိသားစုကို ကူညီတာနဲ့ အဆင့်ခြောက်နဲ့ ရင်ဆိုင်ရတာလား?’

Previous Chapter 111 of 198 Next