May Honey Logo May Honey
Previous Next

၁၆၇။ စကားပြောတဲ့ဇွန်ဘီ

နှစ်လှမ်းလောက်လျှောက်ပြီးသည့်အခါ လင်းချင်းသည် လှည့်ကြည့်ကာ မျက်မှန်ကိုလျှောချလျှက် မျက်ဝန်းနက်များကိုပြလိုက်ရင်း ပြောသည်။   “ခေါင်းဆောင်ကိုသွားပြော ငါသူတို့ကိုပြောစရာရှိတယ်”   သူမသည်  စကားများကိုတစ်လုံးချင်း ဖြည်းဖြည်းချင်း ပြောလိုက်ပြီးနော်က ချူးလီလီနှင့်အတူ အခန်းထဲသို့ဝင်သွားသည်။ 

ရှင်းလော့နှင့် အခြားနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် မယုံနိုင်စွာဖြင့် ကြည့်နေမိကြသည်။ လုကျွင်းကျားက မသေချာစွာဖြင့်   “သူဘာပြောလိုက်တာ?”

ရှင်းလော့က   “ငါ့အထင်တော့ ခေါင်းဆောင်ကို သူ့မှာပြောစရာရှိတယ်ဆိုတာကို ငါတို့ကို ပြောခိုင်းတာလား?”

သူတို့နှစ်ယောက်သည် စုလျန်ကို သူတို့ကြားသည်အား မယုံနိုင်စွာဖြင့် ကြည့်လိုက်သည့်အခါ စုလျန်က ခေါင်းငြိမ့်ပြကာ   “ကပ္ပတိန်ကြီးကို သွားပြောရအောင်!”

လုကျွင်းကျားသည် ခနတွေးပြီးနောက် သေနတ်ကိုလွယ်လိုက်ကာ ရှင်းလော့အား   “ရှင်းလော့ မင်းအပေါ်ထပ်မှာ ကင်းစောင့်လိုက်”   ဒီလိုပြောပြီးနောက် လင်းဖန်တို့အခန်းဆီသို့ သူသွားလိုက်သည်။ ရှင်းလော့သည် ခေါင်းငြိမ့်ကာ သေနတ်ဖြင့် အပေါ်ထပ်သို့ တက်သွားသည်။    လုကျွင်းကျားသည် လင်းဖန်၏ အခန်းတံခါးနားသို့ လျှောက်သွားသည့်အခါတံခါးဝတွင် ရပ်စောင့်နေသည့် ဝေ့ကျင်းချန်အား မေးလိုက်သည်။   “ဘာဖြစ်လို့ စုလျန်က အော်နေတာလဲ?”

“သရဲတွေ့လို့”   လုကျွင်းကျားက ပြောသည်။

“ခေါင်းဆောင်ကြီး”   သူက တံခါးကိုခေါက်လိုက်သည်။

“ဝင်ခဲ့”   အခန်းထဲက ဖြေသံထွက်လာမှ လုကျွင်းကျားသည် အခန်းတံခါးကိုဖွင့်လိုက်ကာ ဝင်သွားသဖြင့် ဝေ့ကျင်းချန်သည် နားမလည်စွာဖြင့် ကျန်ခဲ့ရသည်။

လုကျွင်းကျားသည် လင်းဖန်နှင့် အခြားသူများဆီသို့ လျှောက်သွားကာ   “နေကာမျက်မှန်နဲ့ဇွန်ဘီက ရောက်လာပြီး စကားပြောချင်နေတယ်”

ထိုအခါ အကုန်လုံးက သူ့ကိုလှည့်ကြည့်ကြသည်။   “လုထန်ယုဆိုတဲ့တစ်ယောက်လား? အခုသူဘယ်မှာလဲ?”   လင်းဖန်က မေးသည်။

လုကျွင်းကျားက   “ဟုတ်ကဲ့။ ဇွန်ဘီမနှစ်ယောက်ရဲ့ အခန်းထဲမှာပါ ဒါပင်မယ့်. . .”

“ဘာဖြစ်လို့လဲ?”   လုကျွင်းကျားက စကားကိုရပ်လိုက်သည့်အခါ ကုတင်ပေါ်ကနေထကာ ဆိုဖာပေါ်တွင်ထိုင်နေသည့် ယွမ်ထန်ရှင်းက မမေးဘဲ မနေနိုင်တော့ပေ။

“အဲ့ဒါ အဲ့ဒါက မိန်းမကြီး!”   လုကျွင်းကျားက တုံ့ဆိုင်းစွာဖြင့် ဖြေသည်။   “မျက်နှာက အမာရွတ်တွေလည်း မရှိတော့ဘူး။ အခုကြည့်ရတာ သူ့မျက်လုံးကိုသာ လျစ်လျူရှုထားမယ်ဆိုရင် လူသားတစ်ယောက်လိုပဲ”

အခြားသူများသည် သူတို့၏နားကိုမယုံနိုင်စွာဖြင့် သူ့ကိုအံ့သြစွာ ကြည့်နေကြသည်။ အမြဲတမ်းရုပ်တည်ကြီးဖြစ်နေသည့် လုံချင်းယင်တောင်မှ အခြားသူများလို မျက်လုံးပြူးနေသည်။

“မိန်းမလား? မဖြစ်နိုင်တာ မနေ့က သူ့ရင်ဘတ်ကပြားနေတာကို ငါတို့အကုန်လုံးတွေ့ခဲ့တာပဲ။ အရပ်ကအရမ်းမရှည်ပင်မယ့် ရင်ဘတ်ကပြားနေတယ်လေ။ သူ့ရင်ဘတ်ပြားတာကို မြင်တာက ငါတစ်ယောက်တည်း မဟုတ်ဘူးမလား?”   ချန်းဝမ်ရှုက အခြားသူများကို မေးသည်။

လင်းဖန်၊ ယွမ်ထန်ရှင်း၊ အမျိုးသမီးလင်း၊ လုံချင်းယင်၊ လင်းဝမ်ဝမ်နှင့် လင်းရှောင်လုတို့သည် သူတို့ကိုယ်တိုင်လည်း ဇွန်ဘီ၏ပြားချပ်နေသည့် ရင်ဘတ်ကို တွေ့ခဲ့ရသဖြင့် ဘာဖြစ်နေမှန်း နားမလည်နိုင်တော့ဘဲ ခေါင်းသာငြိမ့်ပြကြသည်။

ရုတ်တရတ် လင်းဝမ်ဝမ်သည် လုံချင်းယင်အား လှည့်မေးသည်။   “ချင်းယင် နင်ကငါတို့ထက် စောပြီးတော့ အဲ့ဒီဇွန်ဘီနဲ့ တွေ့ခဲ့တာမလား? ဇွန်ဘီမမှန်းသိနေပြီးသားလား?”

လုံချင်းယင်သည် ခနငြိမ်ကျသွားပြီးနောက် အံ့သြနေသည့်မျက်နှာက ပျောက်သွားတော့သည်။   “ငါမသိခဲ့ဘူး။ ဒါပင်မယ့် ဇွန်ဘီမနဲ့မှ လုံးဝကိုမတူတာကို”

ဒီလိုပြောနေရင်း ထိုဇွန်ဘီသည် အချို့ယောက်ျားများထက်တောင် တိုသည့်ဆံပင်ရှိကာ အမာရွတ်များရှိသည့် မျက်နှာလည်းရှိသည်။ တူယွမ်ရှင်း၏ နေကာမျက်မှန်ကိုလည်း အပိုင်သိမ်းထားကာ တပ်ရသည်ကို ကြိုက်သေးသည်။ ထို့အတူ အရေးအကြီးအဆုံးမှာ ရင်ဘတ်တို့က ပြားချပ်နေခဲ့သည်။ လူတိုင်းက သူမ၏ရင်ဘတ်ပြားသည်ကို မြင်ခဲ့သည် ဖြစ်သည်။

အမျိုးသမီးလင်းက လုကျွင်းကျားကို ကြည့်ကာမေးသည်။   “ကျွင်းကျား သေချာလို့လား”

လုကျွင်းကျားသည် ခေါင်းငြိမ့်ကာ   “ဟုတ်ကဲ့။ လျန်နဲ့လော့တို့လည်း ကျွန်တော်နဲ့အတူ မြင်လိုက်တယ်”

ထိုအချိန်တွင် လင်းဖန်သည် ဇွန်ဘီက အမျိုးသမီးဆိုသည့်အခါ သူ့စိတ်ထဲတွင် အမျိုးသမီးတစ်ယောက်က ပေါ်လာသည်။    ‘ဒါက မဖြစ်နိုင်ပါဘူး!’   သူဒီလိုပြန်တွေးလိုက်သည်။

အခန်းထဲကလူများသည် သတင်းကြောင့် လန့်သွားကာ ဘာလုပ်ရမလဲကို မေ့နေချိန်တွင် စိတ်တည်ငြိမ်နေသည့် ယွမ်ထန်ရှင်းက လုကျွင်းကျားအား   “ကျွင်းကျား သူတို့တွေ့ချင်တဲ့အချိန် ငါတို့ကို လာတွေ့လို့ သွားပြောလိုက်”

“ဟုတ်ကဲ့ အခုသွားပြောလိုက်ပါ့မယ်”   လုကျွင်းကျားသည် ချက်ချင်းဖြေပြီးနောက် အခန်းအပြင်ဘက်သို့ လှည့်ထွက်သည်။ တစ်လှမ်း နှစ်လှမ်းလောက် လျှောက်ပြီးသည့်အခါ ပြန်လှည့်ကြည့်ပြီး အခြားသူများအား   “အာ! နောက်တစ်ခု ပြောစရာရှိသေးတယ်”

အခြားသူများသည် သူ့အားမျက်လုံးပြူးကြည့်ကာ   “ဘာလဲ? ပြော”

“ဟိုဟာ. . .”   လုကျင်းကျားသည် အနေရခက်စွာဖြင့်   “လုထန်ယုက စကားပြောနိုင်တယ်!”   အစတုန်းက ဒီအကြောင်းကိုပြောဖို့ သူမေ့သွားခဲ့တာ ဖြစ်သည်။

အခြားသူများသည် သူတို့နားကြားမှားသလားတွေးရင်း တိတ်ဆိတ်ကုန်သည်။ အမျိုးသမီးလင်းကတော့ နားမလည်စွာဖြင့်   “ဇွန်ဘီရော ဟုတ်ရဲ့လား?”

“ဇွန်ဘီတွေလို မျက်လုံးအနက်နဲ့ပါပဲ”   လုကျွင်းကျားက ပြန်ဖြေသည်။ သို့သော်လည်း ဇွန်ဘီဟုတ်မဟုတ်ကိုတော့ သူလည်းသေချာမဖြေတက်ပေ။

‘လူလို မျက်နှာလေးက သန့်ပြီးလှနေတဲ့ ဇွန်ဘီကို ဘယ်သူက မြင်ဖူးလို့လဲ?
မဟုတ်သေးဘူး! ဇွန်ဘီတွေက မျက်နှာက မပျက်စီးဘူးဆိုရင်တောင် ဟိုဇွန်ဘီမလေးလိုတော့ မျက်တွင်းနက်ကျနေတာတော့ ရှိတာပဲ!
လူသားတွေကို ကယ်တဲ့ဇွန်ဘီကိုရော မြင်ဖူးကြလို့လား?
ဒါလည်း မဟုတ်ပြန်ဘူး! ငါတို့လူတွေကပဲ ဇွန်ဘီတွေက လူသားစားတယ်လို့ ယုံထားတာကြီးလေ!
ဇွန်ဘီက လိင်အမျိုးအစားပြောင်းသွားတာရော မြင်ဖူးကြလို့လား?
မဟုတ်ဘူး! တခြားအဆင့်မြင့်သတ္တဝါအဖြစ် ပြောင်းသွားတယ်လို့တောင် ပြောရမလားပဲ!
စကားပြောတဲ့ ဇွန်ဘီကိုရော မြင်ဖူးကြလား?
သေချာပေါက်ကို မမြင်ဖူးဘူး!’
အခန်းထဲကလူများသည် ဒါကိုတွေးနေမိကြကာ ဒီကမ္ဘာကြီးမှာ ဘာတွေဖြစ်နေသလဲကို နားမလည်နိုင်တော့ပေ။
‘ဇွန်ဘီက စကားပြောနိုင်သည်တဲ့လား?’

“မနေ့က ဇွန်ဘီအယောင်ဆောင်နေတာလား?”   လင်းဝမ်ဝမ်က ပြောသည်။   “လူပဲဖြစ်နေမလားပဲ?”

“သူ့လက်သည်းနဲ့ တခြားဇွန်ဘီခေါင်းကို အလွယ်လေးခွဲတာ ငါမြင်ဖူးတယ်။ လူသားကတော့ ဒါမျိုးလုပ်နိုင်မယ် မထင်ဘူး။ ပြီးတော့ သူ့မျက်လုံးက မျက်တွင်းသားတွေအထိ မည်းနက်နေတာ။ အလှတပ်တဲ့မျက်ကပ်မှန်ကတောင် ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူး”   လုံချင်းယင်က တည်ငြိမ်စွာဖြင့် ပြောသည်။

“ဘွားဘွား အလှတပ်တဲ့မျက်ကပ်မှန်က ဘာကြီးလဲဟင်?”   လင်းရှောင်လုသည် သူ့အဘွားဖြစ်သူအား အသံတိုးတိုးလေးဖြင့် ကပ်မေးသည်။

“မျက်လုံးအရောင်ကို ပြောင်းအောင်လုပ်ပေးနိုင်တဲ့ မျက်ကပ်မှန်တစ်မျိုးပဲ”   အမျိုးသမီးလင်းက အသံတိုးတိုးဖြင့် ပြန်ဖြေသည်။

“ဪ ဟုတ်ကဲ့”   လုရှောင်လုသည် သေချာနားလည်ပုံမရဘဲ ပြန်ဖြေသည်။

ယွမ်ထန်ရှင်းသည် တည်ငြိမ်သည့်ရုပ်ဖြင့် လုကျွင်းကျားအား   “ဟုတ်ပြီ။ သူတို့ကို အခုသွားခေါ်လိုက်တော့”   အခြားသူများသည် ဇွန်ဘီကို ဒီလိုအခန်းထဲကနေ လျှောက်ခန့်မှန်းနေကြခြင်းထပ် မျက်မြင်တွေ့လိုက်ရသည်က ပိုကောင်းမည်ကို တွေးမိသဖြင့် ပြောလိုက်သည်။

“ဟုတ်ကဲ့”   လုကျွင်းကျားသည် ဒီတစ်ခါတော့ ပြန်လှည့်ကာ စကားများမနေတော့ဘဲ လင်းချင်းတို့အခန်းသို့ တန်းသွားလိုက်သည်။

ယွမ်ထန်ရှင်းက လုကျွင်းကျားကို ဇွန်ဘီအား သွားခေါ်ခိုင်းလိုက်မှ အခြားသူများသည် လင်းချင်းကို တွေ့ရဖို့ကို ငြိမ်ငြိမ်လေး မျှော်လင့်စောင့်စားနေကြတော့သည်။ သူတို့သည် ထိုဇွန်ဘီ၏ အမာရွတ်ကင်းရှင်းနေသည့် မျက်နှာကို တွေးမကြည့်ဘဲ မနေနိုင်ကြပေ။  
Previous Chapter 167 of 198 Next