မီးနဂါးသည် ဆင်းလာသည်နှင့် လုံချင်းယင်လည်း လက်နှစ်ဖက်ကို မြှောက်ကာ အရှေ့သို့ တွန်းထုတ်လိုက်သည်။ သူမ၏လှုပ်ရှားမှုနောက်တွင် ရာပေါင်းများစွာက သတ္တူပစ္စည်းများသည် သူမ၏အရှေ့သို့ရောက်လာက စုပေါင်းပြီး ဒိုင်းတစ်ခုလို သူမနှင့် တူယွမ်ရှင်းကို ကာကွယ်ပေးထားသည်။
မီးနဂါးသည် မြင့်မားလွန်းသည့် အပူချိန်ဖြင့် လုံချင်းယင်၏ ဒိုင်းကိုဝင်တိုက်သည်။ ဆူညံ့သံများနှင့်အတူ မီးနဂါးသည် ရပ်သွားသော်လည်း လုံချင်းယင်ကတော့ ခြေထောက်များ ကွေးကျသွားကာ နာကျင်မှုကြောင့် ညည်းသံတောင် ထွက်လာသည်။ မကြာခင်တွင် သူမသည် ပြန်ရပ်ကာ မီးနဂါးအား ပြနတွန်းသည်။ သူမ၏မျက်နှာသည် ဖြူဖပ်နေကာ အံကိုတင်းနေအောင် ကြိတ်ထားသည်။ သွေးစက်များသည် နှုတ်ခမ်းထောင့်မှနေ အပြင်သို့ ကျဆင်းလာသည်။
“မင်းက အတော်သန်တာပဲ။ ဘယ်လောက် တောင့်ခံနိုင်မလဲ ငါသိချင်တယ်” ဟောင်ဝူသည် နှာခေါင်းရှုံ့ကာ လက်ကိုယမ်းလိုက်သည်။ မီးနဂါးသ် ကောင်းကင်သို့ပြန်တက်သွားပြီးနောက် လုံချင်းယင်နှင့် တူယွမ်ရှင်းတို့ကို ထပ်ဆင်းတိုက်ပြန်သည်။ ဒီလိုဆင်းလာစဉ်တွင် နဂါးခေါင်းကြီးသည် ပိုကြီးလာခဲ့သည်။ အော်သံသည်လည်း ပြင်းထန်သည့် ဟာရီကိန်းလိုမျိုး အော်သံဖြင့် ဖြစ်သည်။
“မဟုတ်ဘူး နင်မခံနိုင်တော့ဘူး ဖယ်တော့” တူယွမ်ရှင်းသည် နဂါးခေါင်းကြီးလာသည်ကို မြင်သည့်အခါ ပြောသည်။ သူသည် အော်ရင်းဖြင့် လုံချင်းယင်ကိုပြေးတွန်းကာ အမြန်ရှောင်လိုက်သည်။
မီးနဂါးခေါင်းကြီးသည် သူတို့အရင်ကရပ်ခဲ့သည့်နေရာတွင် ပြင်းထန်စွာကျလာကာ မိုးခြိမ်းသံလို ဆူညံ့သည့်အသံများဖြင့် သူမ၏ဒိုင်းသည် တစစီပြိုကွဲသွားသည်။ ထို့နောက် သံထည်ပစ္စည်းများသည် မြေပြင်ပေါ်သို့ ပြန့်ကျဲကာကျလာသည်။ မီးနဂါးသည် သံဒိုင်းပျက်သွားသည်နှင့် ပျောက်ကွယ်မသွားသေးဘဲ မြေပြင်တွင် ခွေလိုက်ပြီးသည့်အခါ သူ့ခေါင်းကြီးသည် ပြန်ပေါ်လို့လာသည်။
ဘေးသို့လှိမ့်ကာ ရှောင်လိုက်သည့် တူယွမ်ရှင်းနှင့် လုံချင်းယင်တို့သည် လက်ကိုအားပြုကာ မြေပြင်မှ ပြန်ထာလာသည်။ မြေပြင်ပေါ်မှ သံထည်ပစ္စည်းများသည် လုံချင်းယင်ဆီသို့ ထပ်ရောက်လာပြန်ကာ မရေတွက်နိုင်သည့် မြှားများဖြစ်သွားသည်။ သူမလက်ကိုယမ်းလိုက်သည့်အခါ ထိုမြှားများသည် ဟောင်ဝူဆီသို့ ပြေးထွက်သွားသည်။
ဟောင်တူသည် လက်ကိုအမြန်ယမ်းလိုက်ရာ ခွေနေသည့်မီးနဂါးသည် ထလာက ပါးစပ်ကိုဟပြီး မြှားအကုန်လုံးကို မြိုချလိုက်သည်။ ခနအတွင်းမှာ ပါးစပ်ဟပြီး ပြန်အန်ထုတ်သည့်အခါ လုံချင်းယင်၏ မြှားတိုင်းသည် အရည်ပျော်နေပြီ။
တစ်ချိန်တည်းတွင် လုံချင်းယင်၏ဘေးမှ တူယွမ်ရှင်းသည် လက်ကိုယမ်းလိုက်သည့်အခါ သူ့လက်ဝါးမှ လက်မောင်းတစ်ခုစာရှိသည့် လျှပ်စစ်လမ်းကြောင်းတစ်ခုထွက်လာကာ မြွေတစ်ကောင်လို ဟောင်ဝူဆီသို့ ပြေးသွားသည်။ သူတို့ကြားက အကွာအဝေးသည် မီတာနှစ်ဆယ်လောက်ပဲရှိရာ လျှပ်စစ်မြွေကလည်း မီတာနှစ်ဆယ်လောက် ရှည်လေရာ အမြီးက တူယွမ်ရှင်းလက်မှာ ရှိနေပြီးတော့ ခေါင်းသည် ဟောင်ဝူဆီသို့ ဖြတ်ခနဲ ရောက်သွားသည်။
လျှပ်စစ်မြွေသည် လုံချင်းယင်၏မြှားများကို မီးနဂါးက မမြိုခင်ပြေးသွားတာ ဖြစ်ရာ ဟောင်ဝူ၏ ခြေထောက်ကို ကိုက်ဖို့ အသင့်ဖြစ်နေသည်။ ဟောင်ဝူသည် လက်ကိုလှုပ်လိုက်ကာ မီးနဂါးသည် နှစ်ခြမ်းကွဲသွားပြီး တစ်ကောင်က တူယွမ်ရှင်း၏ လျှပ်စစ်မြွေကို ပေါက်ချလိုက်သည်။ ပေါက်ကွဲသည့် အသံများနှင့်အတူ တူယွမ်ရှင်း၏ လျှပ်စစ်မြွေသည် ပျောက်ကွယ်သွားသည်။
နှစ်ဖက်က လူများသည် သူတို့အစွမ်းများကို ပြပြီးနေကြပြီ။ ဟောင်ဝူ၏မီးနဂါးသည် ကြီးမားသွက်လက်ကာ အင်အားကြီးသလို တစ်ချိန်တည်းမှာ နှစ်ကောင်ခွဲပြီး နှစ်မျိုးတိုက်နိုင်သေးသည်။ လုံချင်းယင်၏ လှုပ်ရှားမှုများသည် လျင်မြန်သော်လည်း အားမကောင်းပေ။ ဇွန်ဘီများကို ရင်ဆိုင်ရန် လွယ်သော်လည်း အဆင့်ခြောက် ဟောင်ဝူနှင့်တော့ အနည်းငယ် ခက်ခဲနေသည်။
ဟောင်ဝူ၏ မီးနဂါးသည် လုံချင်းယင်၏ မီးမြှားများကို မြိုပြီးသည့်အခါ တူယွမ်ရှင်း၏ လျှပ်စစ်မြွေကိုလည်းလည်း ပေါက်ချနိုင်သေးသဖြင့် သီးသန့်နှစ်မျိုးတိုက်ရသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်ယောက်သည် သူ့မီးနဂါးကို မဖျက်စီးနိုင်ပေ။ ဒါသည် စွမ်းအားများကြားက ကွာခြားမှုပင်။ ထို့အတူ ဟောင်ဝူသည် သူ့၏ကြမ်းတမ်းသည့် တိုက်ခိုက်မှုကို မထုတ်ရသေးပေ။
ထို့အချိန်တွင် သေနတ်သံများက ထွက်လာသည်။ ဟောင်ဝူသည် လက်ကိုယမ်းကာ မီးနဂါးသည် သူ့ကိုယ်ကိုပတ်၍ ကျည်များကို ကာကွယ်ပေးစေသည်။ ထို့နောက် ခေါင်းကိုလှည့်ကာ ချိုင်ဟုန်ချင်းနှင့် အခြားသူများကို ကြည့်လိုက်သည်။
ချိုင်ဟုန်ချင်းသည် အဆင့်လေးဖြစ်ရာ ဒီအဆင့်ရောက်တာတောင် မကြာသေးပေ။ သူ့အစိမ်းရော်အစွမ်းသည် ထိရောက်စွာ မတိုက်ခိုက်နိုင်ပေ။ ပန်းခြံနှင့်သစ်တောလို အပင်များသည့် နေရာတွင်သာ တိုက်နိုင်တာ ဖြစ်သော်လည်း အခုစွမ်းအားကို မထိန်းချုပ်တက်သေးသဖြင့် ရန်သူကို တိုက်ခိုက်ဖို့ မလွယ်လေရာ သေနတ်ဖြင့်သာ တန်းပစ်လိုက်တာ ဖြစ်သည်။ အဆင့်ခြောက်ကို ထိခိုက်အောင် မလုပ်နိုင်တာကို သူသေချာသိသော်လည်း အာရုံလွှဲပေးခြင်းပင်။
ဟောင်ဝူခေါင်းလှည့်သွားသည်နှင့် လုံချင်းယင်သည် အံကိုကြိတ်လက်ကိုမြှောက်ကာ အနားကသံများသည် သံလိုက်လိုမျိုး သူမလက်သို့ လာကပ်လာပြီးနောက် ဟောင်ဝူဆီသို့ သံလုံးကြီးကို ပစ်လိုက်သည်။ ထိုသံလုံးသည် အချင်းမှာ တစ်မီတာနှင့် နှစ်လက်မရှိသော်လည်း သိပ်မလေးဘဲ နှစ်ရာကီလိုဂရမ်လောက်သာ ရှိသည်။
ဟောင်ဝူဆီသို့ သံလုံးကြီးသည် အမြန်ဝင်လာသည်။ ချိုင်ဟုန်ချင်းတို့ကို မီးနဂါးဖြင့်တိုက်ခိုက်ဖို့ ခိုင်းလိုက်စဉ်တွင် လုံချင်းယင်က သူ့ဆီပစ်လိုက်သည့် သံလုံးကြီးကို အာရုံခံမိသွားသည်။ ထို့ကြောင့် ချိုင်ဟုန်ချင်းတို့ကို မတိုက်တော့ဘဲ ပြန်လှည့်ကာ လက်နှစ်ဖက်မြှောက်လိုက်သည်။ ထို့နောက် မီးနဂါးသည် မျက်စိတစ်မှိတ်အတွင်း သူ့ခေါင်းထက်တွင် ပေါ်လာကာပါးစပ်ကြီး ဟထားသည်။ ဟောင်ဝူ၏ ထိန်းချုပ်မှုအောက်တွင် မီးနဂါးသည် သံလုံးကိုမြိုချလိုက်ပြီးနောက် နှစ်ခုအဖြစ် သူတို့ဘက်ကသို့ ပြန်ထွေးထုတ်လိုက်သည်။
လုံချင်းယင်သည် သူမတို့ဆီသို့ ပြန်လာနေသည့် သံလုံးကြီးများကို ကြည့်ကာ အံ့သြသွားသည်။ ဘာဖြစ်နေသလဲ သိချိန်တွင် သူမကိုယ်သည် စိတ်အတိုင်း မလှုပ်ရှားနိုင်တော့ပေ။ အခုတော့ သူမသည် ထိုသံလုံးကြီး လေထဲတွင်ပျံကာပစ်လိုက်ဖို့ အစွမ်းအများကြီး သုံးလိုက်ရလေကာ ပင်ပန်းနေသဖြင့် စိတ်နှင့်ကိုယ်က ပူးပေါင်းဆောင်ရွက်ခြင်း အားနည်းသွားသည်။ ထို့ကြောင့် သူမသည် မရှောင်တိမ်းနိုင်တော့ပေ။
“အန္တရာယ်ရှိတယ်။ ပြေး” တူယွမ်ရှင်းသည် သံလုံးကြီးကို ပြန်ထွေးလိုက်သည်ကို မြင်သည့်အခါ လုံချင်းယင် အန္တရာယ်များကြောင်း သိလိုက်သည်။ သို့သော်လည်း သူကအလှမ်းဝေးနေသဖြင့် သူမကို လှမ်းမကယ်နိုင်တော့ပေ။ ထို့ကြောင့် သံလုံးကြီးက သူမ၏ခေါင်းကို ထိမှန်တော့မှာကိုသာ အော်ဟစ်ရင်း ကြည့်လိုက်နိုင်သည်။