May Honey Logo May Honey
Previous Next

၁၅၃။ ကတုံးမ

လူစုသည် ဟိုတယ်ဧည့်ကြိုခန်းကနေ ဝင်လာသည့်အခါ အထဲက ဇွန်ဘီများကို မရှင်းရသေးကြောင်း သိသွားသည်။ အဆောက်အဦးထဲတွင် ရှုပ်ပွနေသော်လည်း အပျက်အစီးတော့ မများပေ။ အများစုသည် ကျန်နေသေးကာ ဖုန်အထူကြီးတို့က အပေါ်တွင်ရှိနေတာ ဖြစ်သည်။

“ဟိုတယ်က အကြီးကြီးပဲ။ ဘယ်သူမှ ဒီလိုအသုံးဝင်တာတွေ လာမစုတာ အံ့သြစရာပဲ။ ပင်လယ်မြို့တော်စခန်းက သိပ်မဝေးဘူး။ သူတို့က ဒီနေရာကို မတွေ့တာများလား? ဒီနေရာကို မရှာရသေးတာလား?”   တူယွမ်ရှင်းက မေးသည်။ သူတို့သည် ကျိုးခရိုင်၏ မြို့တော်ဖြစ်သည့် ဟန်းကျိုးမြို့တွင်ရှိနေတာ ဖြစ်သည်။ ဒီအဆောက်အဦးသည် တစ်မြို့လုံးတွင် အမြင့်ဆုံးဖြစ်သည်။

ဟိုတယ်ကို အဆင့်မြင့်စွာ ပြင်ဆင်ထားကာ ဧည့်ကြိုခန်းက ကျောက်မီးပန်းဆွဲများသည်လည်း ယွမ်သောင်းချီမည်ဖြစ်သလို ဇွန်ဘီများ ကုတ်ခြစ်လိုက်သဖြင့် ပျက်စီးနေသည့် ပရိဘောဂများသည်လည်း အဆင့်မြင့်သည့်ကုန်ပစ္စည်းများပင်။ မကြာခင်တွင် သူတို့အဖွဲ့သည် ဇွန်ဘီများကို ရှင်းလင်းရင်း သူတို့ခနနား၍ရမည့်နေရာကို ရှာကြသည်။

. . .

ထိုအချိန်တွင် လင်းချင်း၏ကိုယ်သည် ထူးဆန်းစွာ ပြောင်းလဲနေသည်။ သူမ၏ခေါင်းမှာ အနက်ရောင်မီးခိုးများ ထွက်လာသည်မှာ တစ်ခုခုကိုမီးလောင်လာသည်နှင့် တူသည်။ ထိုမီးခိုးများသည် ရေထဲတွင် ပျံမသွားသော်လည်း သူမ၏ခေါင်းမှနေ တဖြည်းဖြည်းချင်း ဆင်းလာသည်။

စိမ်းပုပ်ရောင်စွမ်းအင်သည် ထိုမီးခိုးမည်းများကို ကြောက်ပုံရကာ သူတို့အနားရောက်လာသည်နှင့် ရှောင်ရှားကြသည်။ ထိုအချိန်တွင် လင်းချင်း၏ကိုယ်အား ရစ်ပတ်ထားသည့် နွယ်များသည်လည်း လင်းချင်းကို အမြန်လွှတ်ပေးလိုက်ကြသည်။ 

မကြာခင်တွင် လင်းချင်း၏ခေါင်းမှ ထွက်လာသည့် မီးခိုးများသည် ခေါင်းတစ်ခုလုံးကို ဖုံးလိုက်သည်နှင့် မရပ်တန့်ဘဲ သူမ၏လည်ပင်း၊ရင်ဘတ်၊ ခါးနှင့် တစ်ကိုယ်လုံးကို ရစ်ပတ်လိုက်တော့သည်။ လင်းချင်း၏ကိုယ်ကို မီးခိုးများက ရစ်ပတ်သည်နှင့် လင်းချင်းအား လွှတ်ပေးလိုက်သည့်နွယ်ပင်များသည် ကန်အောက်ခြေသို့ ပြန်ဝင်သွားကြတော့သည်။

သူမ၏ခြေထောက်များသည်လည်း အရင်လို မဟုတ်တော့ပေ။ သူမ၏နဂိုပြာဖျော့ဖျော့နှင့် အသစ်ဖြစ်လာသည့် အသားဖြူနှစ်ခုလုံးသည် ကျောက်စိမ်းဖြူတစ်လုံးကို ဖြစ်လာတော့သည်။ သူမ၏အသားတစ်ရှုးများသည် အရင်ကနှင့် လုံးဝကို မတူတော့သော်လည်း သူမကတော့ ဒါကိုမသိခဲ့ပေ။ 

အနက်မီးခိုးများသည် သူမ၏ခေါင်းထဲသို့ ပြန်တက်သွားသည့်အခါ သူမ၏ပေါင်များနှင့် ကိုယ်အထက်ပိုင်းက ပေါ်လာသည်။ သူမ၏ဗိုက်တွင် ထူးဆန်းသည့် အမြှေးပါးများဖြင့် ကာထားသည့် ဒဏ်ရာတစ်ခုက ရှိသေးသော်လည်း ထိုအရာကလွဲလျှင် တစ်ကိုယ်လုံးသည် ပြန်ကောင်းသွားကာ အသားအရည်သည် ဖြူဖွေးလာသည်။

အခုတော့ သူမသည် ရေထဲတွင် ကျောက်စိမ်းတစ်လုံးလိုဖြစ်နေကာ သူမ၏အသားအရည်အား မီးခိုးများသည် တဖြည်းဖြည်းဖျော့လာကာ အရိပ်တစ်ခုက ရေထဲတွင် ကာထားသလို ဖြစ်နေသည်။ မကြာခင်တွင် မီးခိုးများသည် လုံးဝပျောက်သွားကာ လုထန်ယု၏ လှပသည့်မျက်နှာလေးက လုံးဝကို အကောင်းအတိုင်း ပြန်ဖြစ်သွားသည်။ အမာရွတ်များသည်လည်း လုံးဝမရှိတော့ပေ။ သို့သော်လည်း အမာရွတ်များတင် ပျောက်သည်မဟုတ်ဘဲ ဆံပင်များပါ မရှိတော့ပေ။ လင်းချင်းသာ နိုးလာပါက သူမကတုံးကြီး ဖြစ်နေသည်ကို ဘယ်လိုတုန့်ပြန်မလဲ မသိပေ။

မီးခိုးများမရှိတော့မှ နွယ်များသည် ကန်အောက်ခြေကနေ ပြန်တက်လာကာ သူမ၏ကိုယ်ကို ထပ်ပတ်လိုက်သည်။ ဒီတစ်ခါတော့ နွယ်များသည် တစ်ကိုယ်လုံးကို မပတ်တော့ဘဲ သူမ၏နူးညံ့ကာ သေးသွယ်သည့်ခါးကို ရစ်ပတ်ကာ သူမ၏အသားကိုထိပြီးနောက် ပြောင်နေသည့်ခေါင်းကို ပျော်ရွှင်စွာဖြင့် ပွတ်တိုက်နေသည်။

လင်းချင်းသည် နောက်တစ်နေ့မှ နိုးလာခဲ့သည်။ သူမသည် မျက်လုံးများပြနဖွင့်သည့်အခါ မျက်စံများသည် စိမ်းတောက်နေခဲ့သည်။ မည်းနက်နေသည့် မျက်လုံးများထဲမှ အစိမ်းရောင်က ထွက်လာတာဖြစ်သည်။ ခနကြာသည့်အခါ ထိုအစိမ်းရောင်သည် တဖြည်းဖြည်းမှိန်သွားတော့သည်။

လင်ချင်းသည် မျက်တောင်ခတ်ကာ သူမ၏ကိုယ်ကို ငုံ့ကြည့်လိုက်သည်။ သူမ၏တစ်ကိုယ်လုံးသည် ပြောင်းလဲသွားပြီ ဖြစ်သည်။ ဖြူဖွေးကာ ဒဏ်ရာကင်းနေသည့် အသားအရည်ကို မြင်လိုက်ရသည်။ သူမ၏ ဗိုက်က အမြှေးပါးက ထူးဆန်းနေကာ တစ်ကိုယ်လုံးကတော့ ပုံမှန်ဖြစ်နေကာ. . .ဇွန်ဘီမဟုတ်ဘဲ လူသားတစ်ယောက်လိုပင်။

နွယ်များသည် သူမခါးကိုလွှတ်ပေးလိုက်ကာ ကန်အောက်ခြေသို့ ပြန်ဝင်သွားကြသည်။ သူမသည် လက်ကိုလှုပ်ကာ ဗိုက်ကအမြှေးပါးကို ထိကြည့်သည်။ သူမ၏လက်ချောင်းများမှ သူမ၏အမြှေးပါးကို ခံစားရသော်လည်း ဗိုက်ကတော့ ဘယ်လိုမှ မနေပေ။ သူမသည် အမြှေးပါးများကို ဖိကြည့်လိုက်သည့်အခါ ပေါက်သွားကာ အထဲတွင် ဘာမှမရှိပေ။

‘ကြည့်ရတာ ဗိုက်ကပြန်သက်သာဖို့ အတော်ကြာမယ့်ပုံပဲ။ ဒီတစ်ခါ အရမ်းအနာခံလိုက်ရပင်မယ့် အမြှေးပါးလောက်ပဲ ထွက်လာသည်။ ငါ့အတွင်းက ကလီစာတွေကရော ဘယ်တော့မှ ထပ်ပေါက်မှာလဲ?’
သူမတွေးနေမိသည်။

ထို့နောက် မျက်နှာကို ရုတ်တရတ် သတိရသွားသဖြင့် လက်ဖြင့်ထိကြည့်လေရာ ကြမ်းတမ်းသည်ကို ခံစားလိုက်ရသည်။ အမာရွတ်များ၏ ကြမ်းတမ်းမှုကို သူမခံစားရသေးသည်။ သူမသည် မျက်နှာကို ပွတ်ချကြည့်လိုက်သည့်အခါ ထင်သလိုပင် ကြမ်းတမ်းနေသည့် အသားဖတ်များသည် ကွာကျလာတော့သည်။ ကြမ်းနေသည့်အသားအရည်သည် ခွာလို့လွယ်သည်။ သူမသည် ခွာရသည်ကို သဘောကျလာပြီး မျက်နှာတွင် ကြမ်းတမ်းနေသည်များ လုံးဝမရှိတော့သည့်အထိ ခွာချလိုက်သည်။

ထို့နောက် မျက်နှာကိုထိရသည်မှာ အရမ်းချောမွေ့သည်။ သို့သော်လည်း မျက်နှာကိုထိရင်း ထူးဆန်းတာ တစ်ခုကို ခံစားလိုက်ရသည်။ ရုတ်တရပ် သူမ၏လက်များကို အပေါ်သို့ ရွေ့လိုက်သည့်အခါ ချောမွေ့နေသည့် ဦးရေပြားကို ခံစားမိလိုက်သဖြင့် ချက်ချင်းကြောင်အသွားသည်။ သူမသည် ခေါင်းကိုပွတ်ကြည့်နေသော်လည်း တစ်ခုခုမှားသလို ခံစားနေရဆဲပင်။

‘ဟမ်! သေစမ်း! ငါ့ဆံပင်တွေရော? ဘယ်. . .ဘယ်ရောက်သွားလဲ ငါ့ဆံပင်တွေ? ငါယောက်ျားဆံပင်ကေကြီး ထားနေရတာကို ပြဿနာသိပ်မရှိပင်မယ့် ငါ့ခေါင်းကြီးက အေးနေတယ်လို့ ဘာဖြစ်လို့ ခံစားနေရတာလဲ? ဘာဖြစ်လို့ ကတုံးမဖြစ်သွားရတာလဲလို့? ဆံပင်လည်းမရှိဘဲ သူများတွေနဲ့ ဘယ်လိုတွေ့ရမလဲ? မျက်နှာက ပြင်ပြီးပြီဆိုပင်မယ့် ဆံပင်က. . .’   သူမသည် အတွေးပေါင်းစုံဖြင့် ခေါင်းကို ပွတ်နေပြီးနောက် သူမသည် တကယ့်ကို ကတုံးဖြစ်သွားသည်ကို လက်ခံလိုက်ရတော့သည်။   ‘ဘာပဲဖြစ်ဖြစ်. . .ကတုံးလည်းရပါတယ်! ဒီလိုဆိုလည်း ကြည့်ကောင်းပါတယ်!’

သူမသည် သက်ပြင်းချလိုက်ကာ နွယ်ပင်များကို ငုံ့ကြည့်လိုက်သည်။
‘ငါ့ဆံပင်တွေ ဘယ်ရောက်သွားလဲ ပြောစမ်း?’

နွယ်များသည် သူမ၏အတွေးကို ကြားပုံရသဖြင့် သူမ၏နူးညံ့သည့် ရင်ဘတ်ကို ထိဖို့တက်လာသည်။ ထိုအခါမှ လင်းချင်းသည် သူမ၏ ဇွန်ဘီစားခံထားရသည့် ရင်သားများ ပြန်ပြည့်ဖြိုးလာသည်ကို သိတော့သည်။   ‘ဟမ်? ရင်သားတွေ ပြန်ပြည့်လာတာလား?’

ထို့အပြင်ရင်သားများသည် ပိုကြီးလားပုံတောင်ရသေးကာ ပျက်စီးနေသည့်အရည်ပြားတစ်လွှာက ကာထားသည်။ လင်းချင်းသည် ထိုခြောက်နေသည့် အရေပြားကို မြင်သည့်အခါ နွယ်များကို မေ့လိုက်ကာ လက်ဖြင့် ပြန်ခွာချပြန်သည်။ ထိုအခါမှ နွယ်များသည် သူမကိုရစ်ပတ်မနေတော့ဘဲ လွှတ်ပေးလိုက်သည်။

လင်းချင်းက နွယ်များကို ပြန်သတိရချိန်တွင် သူတို့က မရှိတော့ပေ။ ရေသည်လည်း စိမ်းပုပ်ရောင်စွမ်းအင်များဖြင့် ပြည့်နေကာ အရင်ကထက် ပိုများလာပုံရသည်။ သူမသည် ဟိုဟိုဒီဒီကြည့်ပြီးနောက် ပြောင်နေသည့်ခေါင်းကိုပွတ်လိုက်ပြီးမှ ရေမျက်နှာပြင်အထက်သို့ စိတ်ရှုပ်စွာဖြင့် တက်လာသည်။  
Previous Chapter 153 of 198 Next