၁၂၀။ ကြင်နာချင်ယောင်ဆောင်
လင်းချင်းသည် ငရဲမီးခေါင်းဆောင်က သူမဖြစ်ခဲ့ကြောင်း ယုံကြည်သွားလေရာ အဲ့ဒီယန်ကျင်းဟွာဆိုသည့်ကောင်ကို သူမသိဖို့လိုသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမသည် မရင်းနှီးသည့်သူကို ညာလက်ရုံးခန့်မှာတော့ မဟုတ်လောက်ပေ။ သူမ၏အသိထဲတွင် ယန်ကျင်းဟွာဆိုသည့်သူ မရှိလေရာ ထိုလူက ဘယ်ကရောက်လာသလဲ သိချင်သည်။
လုံချင်းယင်က သူမစာကိုဖတ်ပြီးနောက် ဖြေသည်။ “ယန်ကျင်းဟွာကို စခန်းခေါင်းဆောင်က ကမ္ဘာပျက်ပြီးနောက်မှ တွေ့တာ။ စခန်းခေါင်းဆောင် သေမလိုဖြစ်နေတဲ့အချိန်မှာ သူကလာကယ်တာမလို့ စခန်းခေါင်းဆောင်တို့မိသားစုက သူတို့အသက်သခင်ကျေးဇူးရှင်လို့ မြင်ကြတယ်လို့ ပြောသံကြားတယ်။ ဒါပင်မယ့်လည်း စခန်းခေါင်းဆောင်မသိတာက အဲ့ဒီအချိန် ဇွန်ဘီမြို့တော်ထဲမှာ ပိတ်မိနေရာတဲ့ အကြောင်းအရင်းက ယန်းကျင်းဟွာကြောင့်”
ဒါကိုကြားသည့်အခါ လင်းချင်းသည် မျက်မှောင်ကျုံ့လိုက်သည်။ သူမအတွက် အဖြေရှာစရာ အများကြီးလိုနေပြီ။
သူမနှင့်မတူညီစွာ တူယွမ်ရှင်းသည် မျက်နှာပျက်သွားကာ လုံချင်းယင်အား မယုံနိုင်စရာ ထအော်ပြောသည်။ “ဘာလဲ? ယန်ကျင်းဟွာက စခန်းခေါင်းဆောင်ကို တမင်ထောင်ချောက်ဆင် ဖမ်းပြီးမှ လာကယ်တယ်လား? ဘာဖြစ်လို့လဲ? အဲ့ဒီအချိန်တုန်းက စခန်းခေါင်းဆောင်က မသန်မာသေးဘူးမလား? နောက်ကျရင် စခန်းထောင်မယ်ဆိုတာကို သူကကြိုအကြားအမြင်ရနေလို့လား?”
လုံချင်းယင်သည် သူ့ကိုကြည့်ကာ “မဟုတ်ဘူး။ လင်းဝမ်ဝမ်ကို လိုချင်လို့ ယန်ကျင်းဟွာက ဂွင်ဆင်တာ။ ဒီမိသားစုနဲ့ ရင်းနှီးဖို့ သူအခွင့်အရေးလိုတယ်လေ။ ငရဲမီးခေါင်းဆောင်က အားနည်းနေသေးတဲ့ အချိန်မှာ ထောင်ချောက်ဆင်ဖမ်းပြီး ပြန်ကယ်ထားတာ။ သနားဖို့ကောင်းတဲ့ ငါတို့ခေါင်းဆောင် . . .သူကတော့ ကျေးဇူးကြွေးမှတ်ပြီး အဲ့ခွေးကောင် သန်မာလာဖို့ ဘေးကိုခေါ်ထားပြီး ထောက်ပံ့ပေးနေခဲ့တာ။ ဒါပင်မယ့် အဲ့ဒီယုတ်မာတဲ့ ဆန်ကုန်မြေလေးက ခေါင်းဆောင်တို့မိသားစုရဲ့ ကျေးဇူးကို မသိတက်တဲ့အပြင် လင်းဝမ်ဝမ်ကို တချိန်လုံး လိုက်နှောင့်ယှက်နေတာ”
တူယွမ်ရှင်းသည် မျက်လုံးပြူးသွားကာ သူကြားရသည်ကို မယုံနိုင်ပေ။ “လင်းဝမ်ဝမ်နဲ့နီးစပ်ဖို့ ဒီလိုထောင်ချောက်ဆင်တာလား? ဒီလိုဆန်ကုန်မြေလေးကတော့! ခေါင်းဆောင်တို့မိသားစုက ဒါကိုမသိဘူးမလား?” သူဒေါသတကြီးဖြင့် “မဟုတ်ရင် မိသားစုဝင်လို သူ့ကိုကာကွယ်ပေးထားမှာ မဟုတ်ဘူး။ စခန်းတစ်ခုလုံးက သူ့အပေါ်ကို စခန်းခေါင်းဆောင်က ဘယ်လောက်ကောင်းလဲ ဆိုတာကို သိကြတယ်။ဒါပင်မယ့် အဲ့ဒီခွေးကောင်က ဘာပြန်လုပ်လဲ? စခန်းကိုသစ္စာဖောက်ပြီး ခေါင်းဆောင်ကို သတ်ပစ်တယ် အခုလည်း လင်းဖန်းတို့တွေကို လိုက်နေပြန်ပြီ”
တူယွမ်ရှင်းသည် မြေနဂါးစခန်းက မငြင်းနိုင်လောက်စရာ မက်လုံးများဖြင့် ဆွဲဆောင်သဖြင့် ယန်ကျင်းဟွာက သူ့အားစောင့်ရှောက်ပေးခဲ့သည့် စခန်းခေါင်းဆောင်တို့ မိသားစုကို ကျေးဇူးစွပ်လိုက်သည်ဟုသာ ထင်ခဲ့တာ ဖြစ်သည်။ သို့သော်လည်း ကျေးစွပ်သည့်ကောင်ဆိုသည်ထက် အဆိပ်ပြင်းသည့် မြွေတစ်ကောင်လို ခေါင်းဆောင်ဘေးမှာ ခွေနေရင်း အခွင့်အရေးစောင့်နေမည့်သူမှန်း အခုမှ သူသိလိုက်ရသည်။ ဒီအကြောင်းကို သိလေလေ ပိုပြီးဒေါသထွက်လေလေပင်။
လုံချင်းယင်သည် အေးစက်သည့်အပြုံးဖြင့် “သနားဖို့ကောင်းတဲ့ ခေါင်းဆောင်. . . သေသွားတဲ့အထိ ဒီခွေးကောင်က ကျေးစွပ်သွားတာကို မသိလိုက်ရှာဘူး။ ဒုစခန်းခေါင်းဆောင်အဖြစ် ရာထူးတိုးပေးခိုင်းတာတောင် ခွင့်ပြုလိုက်သေးတယ်”
လင်းချင်းသည် ဒါကိုကြားသည့်အခါ မျက်မှောင်ကုတ်ထားမိသည်။ သူမ၏အခြားသူမက ဒီလိုဖြစ်ခဲ့မည်ဟု မထင်မိပေ။ အခြားလင်းချင်းသည် ယုတ်မာသည့်ကောင်ကို ဘေးတွင်ခေါ်ထားမိကာ နောက်ဆုံးထိုလူဆီတွင် အသတ်ခံလိုက်ရသည်။ အစက ဒီအကြောင်းကို အခြားသူအကြောင်းလို သူမခံစားရတာ ဖြစ်သော်လည်း ‘အသက်သခင် ကျေးဇူးရှင်’ဆိုသည့် စကားကိုကြားသည့်အခါ သူမခေါင်းထဲတွင် တစ်ခုခုပေါ်လာသည်။ သို့သော်လည်း သေချာတွေးကြည့်သည့်အခါ ဘာမှမရပေ။ ‘ဘာဖြစ်လို့ ဒီလိုဖြစ်တာလဲ?’
“ဒီ xxxကတော့! ခေါင်းဆောင်လင်းဖန်းတို့က အခုဒါကိုသိပြီလား?” တူယွမ်ရှင်းသည် အံကြိတ်ကာ မေးသည်။
လုံချင်းယင်က ခေါင်းခါက ဖြေသည်။ “ယန်ကျင်းဟွာက သူတို့ကိုထုတ်မပြောရင် သိလောက်မယ် မထင်ဘူး။ ငါသူတို့ကို ထွက်ပြေးခိုင်းပြီးနောက်မှ ယန်းကျင်းဟွာ ပြောနေတာကို ငါကြားလာခဲ့တာ”
သူမသည် လင်းဖန်းတို့မိသားစုအား စခန်းသည် အလစ်တိုက်ခံရပြီဖြစ်ကြောင်း ပြောကာ ထွက်ပြေးစေတာ ဖြစ်သည်။ ထို့နောက်တွင်မှ မြေနဂါးစခန်းကလူများနှင့် ယန်းကျင်းဟွာတို့၏ စကားဝိုင်းကို သူမခိုးနားထောင်ခဲ့လေရာ ဒီလိုကိစ္စကို သူမသိခဲ့ရလေသည်။
အချို့လူများပြောသည်က လုံယုပိုင်က သူ့အသက်ကို ကယ်သဖြင့် ယန်ကျင်းဟွာက စခန်းကိုသစ္စာဖောက်လိုက်ရသည်။ အချို့ပြောသည်က ယန်ကျင်းဟွာအား လုံယုပိုင်က ဆွဲဆောင်ထား၍ဖြစ်သည်။ တကယ်တော့ အမှန်မဟုတ်ပေ။
အမှန်သည် လုံယုပိုင်၏ လိင်ဆက်ဆံသူများထဲမှ တစ်ယောက်သည် ယန်းကျင်းဟွာဖြစ်နေခြင်းသာ။ ယန်းကျင်းဟွာက လုံယုပိုင်ကို ကြိုက်လွန်း၍ စခန်းကို ထိုးပေးခြင်း ဖြစ်သည်။ လုံယုပိုင်သည် ယန်းကျင်းဟွာကို ဂရုမစိုက်ပေ။ သူကဟေးဒီးစခန်းကို လိုချင်၍သာ ဒီလူအား အချိုသတ်နေခြင်းဖြစ်သည်။
လုံချင်းယင်သည် ဒါတွေကိုအကုန်သိသည့် လင်းဖန်းဘက်မှ တစ်ဦးတည်းသောသူ ဖြစ်သည်။ သူမသည် လင်းဖန်းတို့အား ရှာချင်သည်မှာ ဒီအကြောင်းတွေကို ပြန်ပြောပြဖို့ ဖြစ်သည်။
“အရေးအကြီးဆုံးက အခုခေါင်းဆောင်လင်းဖန်းကို ရှာဖို့ပဲ နင်သဘောတူတယ်မလား?”
လုံချင်းယင်သည် လင်းချင်အား မေးသည်။
လင်းချင်းမှာတော့ သူမ၏အခြားသူမနှင့် ယန်းကျင်းဟွာတို့၏ ပြဿနာအကြောင်းကို တွေးနေရာ လက်ရှိအခြေအနေကို မသိနိုင်ပေ။ လုံချင်းယင်၏ မေးခွန်းကိုကြားမှ အတွေးလွန်နေသည်ကို ရပ်လိုက်ကာ ခေါင်းငြိမ့်ပြသည်။ လုံချင်းယင်ပြောသည်ကမှန်သည်။ အရေးကြီးဆုံးသည် သူမ၏မိသားစုကို ရှာဖွေဖို့သာ။
ထို့နောက် ပရိဘောဂများဆီသို့ လျှောက်သွားသည်။ လုံချင်းယင်နှင့် တူယွမ်ရှင်းတို့သည် သူမဘာလုပ်နေသလဲ မသိသဖြင့် တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ လင်းချင်းသည် သူမဝတ်ထားသည်နှင့်တူသည့် လေ့ကျင့်ရေးဝတ်စုံကို တွေ့သဖြင့် ယူလိုက်ကာ တူယွမ်ရှင်းအား ပစ်ပေးလိုက်သည်။
တူယွမ်ရှင်းသည် ဝတ်စုံကိုဖမ်းပြီးသည့်နောက် သူ့အဝတ်များအကုန်စိုနေသည်ကို သတိရသွားသည်။ ထို့နောက် ထူးဆန်းတာ တစ်ခုကို သူတွေ့လိုက်သည်။ “ဟင်?”
တူယွမ်ရှင်းသည် အဝတ်များကိုကိုင်ရင်း ရင်ဘတ်ကိုငုံ့ကြည့်ကာ လက်ဖြင့် မျက်နှာကို ကိုင်၍ ပြောသည်။ “ဝိုး! ငါ့အသားတွေက မနာတော့ဘူး! ဘာဖြစ်လို့လဲ? သေမလို ကျွမ်းသွားတာမလား? နာကျင်မှုက မရှိတော့ဘူးလား?”
သူ့စကားများသည် ရယ်ချင်စရာဖြစ်နေသော်လည်း လုံချင်းယင်နှင့် လင်းချင်းသည် အခြေအနေကို သိလိုက်သည်။ ဟောင်ဝူ၏မီးများလောင်နေသည့် သူ့အားကန်ထဲသို့ ပစ်ချလိုက်တာ ဖြစ်သည်။ အစတုန်းက သူ့အသားများသည် ကွာကျတော့မလို လောင်နေခဲ့သည်။ ဟောင်ဝူ၏မီးသည် သာမန်မီးထက်ကို အရမ်းပြင်းလေရာ ပိုထိခိုက်မှာဖြစ်သည်။ သို့သော်လည်း တူယွမ်ရှင်းသည် အခုမနာတော့ပေ။ သူ့အသားသစ်များသည် မီးလောင်ရာအောက်တွင် ပြန်ပေါ်နေသည်ကို တွေ့ရသည်။ သူထိကြည့်သည့်အခါ ယားယံမှုသာ ခံစားရသည်။
ဘယ်လိုဖြစ်မှန်း သူကမသိသော်လည်း လင်းချင်းကတော့ သိသည်။ သို့သော်လည်း ကန်ရေက သူ့ဒဏ်ရာကို ဒီလောက်မြန်လောက်ကုနိုင်မည်ဟု မထင်ခဲ့ပေ။ တူယွမ်ရှင်းသည် ရေခနစိမ်ရုံလေးဖြင့် သူ့ဒဏ်ရာများက အကုန်ပျောက်ကုန်သည်။ ဒါသည် အံ့သြစရာပင်။ လင်းချင်းသည် သူမ၏ကန်ရေမှာ မှော်အစွမ်းလိုမျိုး လူသားနှင့် ဇွန်ဘီတိုင်း၏ အနာရောဂါတိုင်းကို ကုသနိုင်သလို ခံစားရသည်။ တူယွမ်ရှင်းသည် အရမ်းကံကောင်းသလို သူမခံစားရသည်။
‘ကန်ရေထဲကို ခနစိမ်ရုံနဲ့ ပျောက်သွားတာ။ ငါ့သူဆီမှ အဖိုးအခပြန်တောင်းသင့်လား? အခုကစပြီးကန်ရေနဲ့ပဲ ကုမှဖြစ်မယ်’ လင်းချင်းသည် တွေးမိသည်။