May Honey Logo May Honey
Previous Next

၂၅။ ရုတ်တရက် မိုးကြိုးပစ်ခံလိုက်ရတယ်

တစ်ဖက်တွင်တော့ လင်းချင်းသည် စတော်ဘယ်ရီခင်းဆီသို့ ပြေးနေသည်။ သူမသည် ကလေးမလေး၏အဖေက ထိုစစ်တပ်ထဲတွင် ပါလာကြောင်းကို မသိပေ။
ထိုအချိန်တွင် သူမစဉ်းစားရကြပ်နေသည့် ပြဿနာကတော့

‘ကလေးမလေးကို စတော်ဘယ်ရီသီးစားဖို့ ဘယ်လိုမြူဆွယ်ရမလဲ?’

‘စတော်ဘယ်ရီသီးရဲ့ ထူးဆန်းနေတာကလွဲရင် သူ့အဖေက အပြင်စားမစားရဘူးလို့တော့ သင်မထားလောက်ပါဘူး။ စတော်ဘယ်ရီသီးက အနံ့အသက်မကောင်းဘူးဆိုပင်မယ့် နောက်ပျောက်သွားတာပဲလေ’

လင်းချင်းသည် ခနကြာလို့ ပျောက်သွားခြင်းလား သူမ၏နယ်မြေထဲကရေကန်တွင် ရေဆေးလိုက်၍ ပျောက်သွားသည်လားကိုတော့ သူမမသိပေ။

‘ကလေးမလေးက ငါပေးတဲ့ရေ သောက်ပင်မယ့် စတော်ဘယ်ရီသီးကျွေးရင် စားပါ့မလား?’

လင်းချင်းသည် ဒီလိုတွေးနေရင်း စတော်ဘယ်ရီအခင်းဆီသို့ အမြန်ပြေးနေသည်။ သို့သော်လည်း သူမအဝေးသို့ မရောက်ခင်တွင် အတားခံလိုက်ရပြန်သည်။

သူမကိုချိန်ရွယ်ထားသည့် လေထဲမှာ တန့်နေသည့် သံစူးများကိုကြည့်ရင်း လင်းချင်းသည် မရပ်၍မရတော့ပေ။
“ဘာဖြစ်လို့ ဇွန်ဘီတစ်ကောင်လဲ?”

စိတ်ရှုပ်နေသည့်အသံက နောက်ကနေ ပေါ်ထွက်လာသည်။

လင်းချင်းသည် နောက်သို့ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ငါးမီတာလောက် အကွာတွင်ရပ်နေသည့် ယောက်ျားနှစ်ယောက်ကို တွေ့လိုက်ရသည်။ သို့သော်လည်း သူတို့၏ချည်းကပ်မှုကိုတော့ လုံးဝမှန်းမရပေ။
လင်းချင်း၏ မျက်ဝန်းနက်များသည် ဝူချန်းယွဲ့ကို မှတ်မိသွားသည့်အခါ တောက်ပသွားသည်။ သူမသည် နယ်မြေထဲသို့ဝင်ကာ ကလေးမလေးကိုထုတ်ပြီး သူ့ဆီပစ်ပေးကာ ထွက်ပြေးချင်နေမိသည်။ သို့သော်လည်း ဒီလူတွေ၏ မျက်စိအောက်တွင် သူမထွက်ပြေးရမှာ မဟုတ်ပေ။ သူမလုပ်နိုင်မည်ကတော့ နယ်မြေထဲသို့ ဝင်ပုန်းနေကာ ထွက်မလာရုံပဲ ရှိလိမ့်မည်။ ကလေးမလေးကို ထုတ်ပေးရင် သူတို့နှစ်ယောက်က လှုပ်ရှားလာလိမ့်မည်။
လင်းချင်းသည် ဘာလုပ်ရမလဲ တွေးနေစဉ်တွင် ရှောင်ယွင့်လုံသည် စလှုပ်ရှားလာသည်?
လင်းချင်းသည် သူမကိုယ်ပေါ်ဖြတ်ပြေးသွားသည့် အေးစက်မှုကို ခံစားလိုက်ရသည်။ ဘာဖြစ်သလဲ သူမမသိခင်တွင် သူမ၏ကိုယ်က အလိုလိုတုန့်ပြန်လာသည်။ သူမသည် မြေပြင်ကို အားပြုခုန်လိုက်ကာ လေပေါ်သို့ မြောက်တက်သွားချိန်တွင် သူမရပ်နေသည့်နေရာသို့ သံစူးများက ထိုးစိုက်သွားကြသည်။
‘သေစမ်း သူတို့ဘာမှမပြောဘဲ တန်းတိုက်တယ် ညှိလို့နှိုင်းလို့တောင် မရပါလား”

လင်းချင်းသည် စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ သူမ၏မျက်နှာသည်လည်း ဒေါသထွက်လာကာ ရက်စက်သည့်ရုပ်ပေါက်လာသည်။

“ဂါး”

သူမသည် သွားများကိုဖြဲကာ ထိုယောက်ျားနှစ်ယောက်အား မာန်ဖီလိုက်သည်။

ဝူချန်းယွဲ့သည် သူမ၏အပြုအမူကိုကြည့်ကာ အံ့သြသွားပြီး ရှောင့်ယွင့်လုံအား

“ကြည့်ရတာ သာမန်အဆင့်သုံးဇွန်ဘီ ဟုတ်ပုံမရဘူး။ မြန်မြန်လှုပ်ရှားပြီး မင်းတိုက်တာကိုတောင် ရှောင်သွားနိုင်တယ်”

ရှောင်ယွင့်လုံသည် မျက်ခုံးပင့်တင့်ကာ တအံ့တသြဖြင့်

“ဒေါသထွက်သွားပြီ”

လင်းချင်းသည် သူမအား ထူးဆန်းသည့် ဇွန်ဘီလို ကြည့်နေကြောင်း သိလိုက်ပြီး ရှောင့်ယွင့်လုံ၏ စကားကိုကြားသည့်အခါ စိတ်လျှော့ပြီး မျက်လုံးမလှန်ဘဲ မနေနိုင်တော့ပေ။
လင်းချင်းသည် နှာခေါင်းကို တရှုံ့ရှုံ့လိုက်သည်။

‘အနံ့လေးက ကောင်းလိုက်တာ။ အဆင့်မြင့်သဘာဝလွန်စွမ်းအားရှင်တွေရဲ့ လတ်ဆက်တဲ့သွေးနံ့အသားနံ့လေးက စားလို့ကောင်းမယ့်ပုံပဲ’
သို့သော်လည်း အရှေ့က လူနှစ်ယောက်မှ အားကောင်းသည့်ခံစားချက်ကြောင့် လင်းချင်းသည် သူတို့အနံ့များကို ခိုးမရှုရဲတော့ပေ။

ဝူချန်းယွဲ့သည် သူ့သမီးကိုသာ တက်နိုင်သမျှ မြန်မြန်ရှာချင်သဖြင့် ဒီဇွန်ဘီကနေ အကြည့်လွှဲကာ ပတ်ဝန်းကျင်ကို ကြည့်နေသည်။
ရှောင်ယွင့်လုံကတော့ ဒီဇွန်ဘီကိုပဲ တစ်ချိန်လုံးကြည့်နေသည်ဖြစ်၍ လင်းချင်း၏ မျက်လုံးကိုလှန်လိုက်သည်ကို မြင်လိုက်သည်။ သူမ၏မျက်သားများကအစ အနက်ဖြစ်၍ လုံးဝမသိသာသော်လည်း အမူအရာကတော့ ဒီလိုလုပ်လိုက်ပုံပင်။ ထို့နောက် သူတို့အနံ့ကိုခိုးရှုနေကာ စားချင်သည့်ပုံပေါက်လာသည်ကိုလည်း သူမြင်လိုက်သည်။ ရှောင်ယွင့်လုံသည် အမူအယာသေးသေးလေးကစ အလွတ်မခံပဲ ကြည့်နေတာ ဖြစ်သည်။ ဒီဇွန်ဘီသည် ထူးဆန်းသလို ခံစားရသဖြင့် စိတ်ဝင်တစားကြည့်နေခြင်းပင်။
လင်းချင်းသည်လည်း အကြောင်းတစ်ချို့ကြောင့် ဒီလူနှစ်ယောက်၏ စိတ်ကိုဖတ်၍မရပေ။ သူတို့၏အစွမ်းများက အားကောင်းနေသဖြင့် သူမ၏အာရုံခံနိုင်စွမ်းကို ပိတ်ပင်ထားတာ ဖြစ်နိုင်သည်။
အရှေ့ကလူက သူမကို စိုက်ကြည့်နေသဖြင့် လင်းချင်းသည် နည်းနည်းလေးမျှ မလှုပ်ရဲပေ။ သူမလှုပ်လိုက်ပါက သူမအားသတ်သွားမည်ကို ကြောက်နေရခြင်း ဖြစ်သည်။ သူမသည် ပြန်တိုက်ရလောက်သည့်အထိ မသန်မာသေးသဖြင့် လိမ္မာစွာ ဒီတိုင်းငြိမ်ရပ်နေရုံပဲ ရှိရှာသည်။
စိတ်ထဲကနေ နယ်မြေထဲကလူကို ထုတ်လို့လည်း မရနိုင်ပေ။ သူမကိုယ်တိုင်ဝင်သွားကာ လူကိုခေါ်ထုတ်လာ၍ပဲရသည်။ ဒါကလည်း သူမ၏စွမ်းအင်အဆင့်က မမြင့်သေးသဖြင့် လုပ်မရသေးခြင်း ဖြစ်လောက်သည်။ သို့သော်လည်း သူမအဆင့်မြင့်လာသည့်အခါ စိတ်ထဲကနေ နယ်မြေကို ထိန်းချုပ်နိုင်လိမ့်မည်ဟု သူမယုံကြည်သည်။ သူမ၏စွမ်းအားများကို သူမမှန်းရသည်။
ထိုအချိန်တွင် မုန့်ယွဲ့က ရောက်လာသည်။ သူမသည် လင်းချင်းကို ကြည့်ကာ တအံ့တသြဖြင့်

“ထူးဆန်းလိုက်တာ ဘယ်လိုလုပ်ပြီး ဇွန်ဘီဖြစ်နေတာလဲ အကိုယွဲ့ သူ့ဆီမှာ လင်းလင်းရဲ့အနံ့ကို ညီမရတယ်”

ထိုစကားကိုကြားသည့်အခါ ဝူချန်းယွဲ့သည် အမူအယာပြောင်းသွားကာ စူးရှသည့်မျက်လုံးများဖြင့် လင်းချင်းအား ကြည့်လာသည်။
လင်းချင်းမှာ မုန့်ယွဲ့၏ စကားများကြောင့် ကြောင်အနေတာ ဖြစ်သည်။ ဒီမိန်းမက သူမ၏ကိုယ်မှ လင်းလင်း၏အနံ့ကို ဘယ်လိုရသဘဲ တွေးနေစဉ်တွင်ပဲ အန္တရာယ်ကို ခံစားမိကာ ကြက်သီးတွေ ထလာသည်။
“ဝုန်း”

ခရမ်းရောင် လျှပ်စီးတစ်ခုသည် ကောင်းကင်မှနေ လင်းချင်း၏ ခေါင်းပေါ်သို့ မျက်တောင်တစ်ခတ်အတွင်း ပစ်ချလိုက်သည်။ ထိုအချိန်တွင် အော်သံတစ်ခုကို ကြားလိုက်ရသည်။

“အကိုယွဲ့ မလုပ်နဲ့”
လင်းချင်းမှာ ရှောင်ဖို့အချိန်တောင် မရလိုက်ပေ။ ဘာဖြစ်သလဲ ခန့်မှန်းမိချိန်တွင် သူမ၏ခေါင်းကို မိုးကြိုးက ပစ်ချလိုက်ပြီ ဖြစ်သည်။ တစ်ကိုယ်လုံး ထုံကျဉ်သွားသလို သူမခံစားလိုက်ရသည်။ နာကျင်မှုကို မခံစားရသော်လည်း သူမသည် လှုပ်ရှားလို့ မရတော့ပေ။ ထိုအချိန်တွင် သူမ၏ကိုယ်မှ တူးနံထွက်လာသည်။
မုန့်ယွဲ့သည် ဒေါသတကြီးဖြင့် ဝူချန်းယွဲ့၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ

“အကိုယွဲ့ ဘာလုပ်တာလဲ? သူ့ကိုသတ်လိုက်တော့ ညီမက လင်းလင်းအနံ့ကို ဘယ်လိုဆက်ရှာရတော့မှာလဲ?”

ဝူချန်းယွဲ့သည် သူမအားပြုံးကာ

“စိတ်မပူပါနဲ့။ ငါ့အစွမ်းကို ငါထိန်းနိုင်ပါတယ်။ မသတ်ပါဘူး။ ခနမလှုပ်ရှားနိုင်အောင် လုပ်ထားရုံတင်”

“ဂါး”

လင်းချင်းသည် ထုံကျဉ်ရာမှ ပြန်ကောင်းလာသည်နှင့် မာန်ဖီလိုက်သည်။
‘မိုးကြိုးအပစ်ခံရတာက တကယ်မကောင်းဘူး။ ဇွန်ဘီကိုယ်ရှိလို့သာ တော်သေးတယ်။ မဟုတ်ရင် နာလွန်းလို့ သေလောက်တယ်မလား? ဇွန်ဘီတစ်ကောင်အတွက် မိုးကြိုးအပစ်ခံရတာက ပျော်ဖို့ကောင်းမနေဘူးဟဲ့’

မုန့်ယွဲ့သည် စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။ ဝူချန်းယွဲ့သည် စိတ်မထိန်းနိုင်ဘဲ ဇွန်ဘီအား ပြာချပစ်လိုက်မလား သူမစိုးရိမ်ခဲ့ရတာ ဖြစ်သည်။
သူမသည် ခေါင်းတောင်မူးနေသည်။ သူမ၏ကိုယ်က မနာကျင်သော်လည်း ခနတော့ လှုပ်ရှား၍ မရပေ။ သူမ၏ ရင်ဘတ်သည် ကျဉ်နေသဖြင့် အသက်ရှုရကြပ်လာသလိုပင်။ ထိုအရာက သူမ၏ဝိညာဉ်ထဲက ဖြစ်ပုံရသဖြင့် နေရထိုင်ရ အတော်အဆင်မပြေပေ။
‘သေစမ်း ငါက ကလေးမလေးက ဒီယောက်ျားဆီ ပြန်ပေးချင်ရုံလေးကို။ သူကငါ့ကို မိုးကြိုးနဲ့ ပစ်ချတယ် အေး ငါဆုံးဖြတ်လိုက်ပြီ ကလေးမလေးကို နင့်ကိုပြန်မပေးဘူး’

ဒီလိုတွေးပြီးသည်နှင့် လင်းချင်းသည် ထိုသုံးယောက်အား ဒေါသတကြီး မာန်ဖီလိုက်သည်။ ထိုနောက် သူမရှိနေသည်နေရာက လေထဲတွင် ပျောက်သွားသည့်အခါ ထိုသုံးယောက်သည် ကြောင်အသွားကြသည်။

“သူ. . .ပျောက်သွားတာလား?”

မုန့်ယွဲ့သည် တအံ့တသြ မေးလာသည်။

“နယ်မြေစွမ်းအင်လား?”

ရှောင်ယွင့်လုံသည် မျက်ခုံးကိုကျုံ့ကာ ရေရွတ်သည်။

“အဆင့်လေးဇွန်ဘီပဲ”

ဝူချန်းယွဲ့၏ မျက်နှာသည်လည်း မည်းသည်းသွားပြီ။

သူတို့သုံးယောက်သည် အဆင့်လေးဇွန်ဘီကို လွှတ်ပေးလိုက်မိခြင်းလား? သို့မဟုတ် ဇွန်ဘီက သူတို့ဆီက ထွက်ပြေးသွားခြင်းလား?
မုန့်ယွဲ့သည် ဘာဖြစ်သလဲ နားလည်သွားသည့်အခါ မျက်လုံးများတောက်ပလာကာ

“ဒါဆိုရင် လင်းလင်းက သူ့နယ်မြေထဲမှာ ရှိနေတာပဲ’

Previous Chapter 25 of 198 Next