May Honey Logo May Honey
Previous Next

၄၄။ သေသည့်အထိ ကစားခြင်း

အရေးအကြီးဆုံးသည် နေရာလွတ်စွမ်းအားရှင်၏ နယ်မြေတွင် ရှိသမျှအားလုံးကို ထုတ်ပေးရန်လုပ်ဖို့က ပထမဦးစားပေးဖြစ်သည်။ လင်းချင်းက သူမလုပ်သည်ကို မှားသည်ဟု မထင်ပေ။ ရန်သူဆီမှ လက်နက်နှင့် အခြားအသုံးဝင်သမျှကို သိမ်းယူကာ သူမတို့အသင်းဖော်များအတွက် ပြန်ဝေမျှခြင်းကို သူမသည် ဒီကမ္ဘာမပျက်ခင်ကလည်း လုပ်ဖူးသည်။ ဒီလိုအားနည်းသည့်သူကို အနိုင်ကျင့်ရခြင်းက အနည်းငယ်ရှက်စရာဖြစ်သော်လည်း ဒီလူက သူများကို ထိခိုက်အောင် လုပ်ခဲ့သည့်သူမလား? ထို့အပြင် လင်းချင်းက သူ့ကိုသတ်ဖို့လုပ်တာလည်း မဟုတ်ပေ။

လင်းချင်းသည် မေ့နေသည့် ဒီလူကိုကြည့်လိုက်ကာ အခြားရွေးချယ်စရာမရှိသဖြင့် ခေါင်းကိုရေထဲသို့ ထပ်နှစ်လိုက်ရပြန်သည်။ မေ့သွားလိုက် ပြန်နှိုးခံရလိုက် ခနခနဖြစ်နေသည့်အခါ နေရာလွတ်စွမ်းအားရှင်သည် ပင်ပန်းလာသည်။ သူ့၏အသက်ရှုသံသည် နှေးလာသည်။ သူ့စိတ်သည်လည်း ကြည်လို့မနေတော့ပေ။

သူမရော ရှဲ့တုန်းရောက စကားမပြောနိုင်သဖြင့် လင်းချင်းသည် နေရာလွတ်စွမ်းအားရှင်ကို စာရေးပြလိုက်သည်။

‘နင့်နယ်မြေထဲမှာ ရှိသမျှ အကုန်ထုတ်ပေး!’

သို့သော်လည်း ဒီနေရာလွတ်စွမ်းအားရှင်သည် ကြောက်လွန်း၍လား ခေါင်းမကြည်၍လား ဘာကြောင့်မှန်းမသိ ဘာမှတုန့်ပြန်မလာပေ။

လင်းချင်းသည် သူ့နယ်မြေကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်သော်လည်း ဘယ်လောက်ကြိုးစားပါစေ သူမဝင်လို့မရပေ။ သူမ၏စိတ်က သူ့နယ်မြေအပေါက်ဝနှင့် နီးလာသည့်အခါ သူမ၏လမ်းကြောင်းတွင် မမြင်ရသည့် အတားအဆီးတစ်ခုက ရှိနေသလိုပင်။ ထို့ကြောင့် သူမသာမြင်သာမြင်ရသော်လည်း အထဲကဟာများကို ထိလို့မရပေ။

နောက်ဆုံးတွင် သူမသည် မတော်တဆ ဒီနေရာလွတ်စွမ်းအားရှင်ကို သေအောင်လုပ်မိသွားသည်။ လင်းချင်းသည် အသက်ရှုရပ်ကာ နှလုံးခုန်ငြိမ်သွားသည့် နေရာလွတ်စွမ်းအားရှင်ကို အချိန်အကြာကြီးကြည့်ပြီးနောက် ရှဲ့တုန်းကို ရိုးသားသည့် ရုပ်လေးဖြင့် သူမလှည့်ကြည့်လာသည်။ ထိုအချိန်တွင် ရှဲ့တုန်းသည် ဘာဖြစ်နေသလဲ လာကြည့်ချိန်ဖြစ်သည်။

‘တောင်းပန်ပါတယ်။ ငါမတော်တဆ သတ်မိသွားတယ်’

ရှဲ့တုန်းမှာ ဘယ်လိုတုန့်ပြန်ရမလဲ မသိတော့ပေ။

လင်းချင်းသည် ဒီလူက ရုတ်တရပ်ကြီး သေသွားလိမ့်မည်ဟု မထင်ခဲ့ပေ။ သူမသည် ဒီလူက မေ့မြောသွားသဖြင့် ခေါင်းကိုရေထဲနှစ်ကာ ပြန်နှိုးနေခြင်း ဖြစ်သည်။ ဒါပင်မယ့်လည်း မမျှော်လင့်သည်က ပြန်မနိုးလာတော့ပေ။ သူသေသွားသည်နှင့် သူမလည်း သူ့နယ်မြေ၏အပေါက်ကို အာရုံခံလို့မရတော့ပေ။ သူမသည် ရှဲ့တုန်းအား အနေရခက်စွာဖြင့် လှမ်းကြည့်လိုက်သည်။ ဒီလူက သူမ၏ရန်သူမဟုတ်သော်လည်း သူ့၏ရန်သူဖြစ်သည်။

ရှဲ့တုန်းက ဒါနှင့်ပတ်သတ်၍ ဘာမှမဖြစ်ပေ။ ဘာပဲဖြစ်ဖြစ် လင်းချင်းက သူ့အသက်ကို ကယ်တင်ပေးထားသည့်သူ ဖြစ်သောကြောင့်ပင်။ လင်းချင်းက မတော်တဆသတ်မိသွားသည်ကို ဘာမှမဖြစ်သော်လည်း ပစ္စည်းများမရနိုင်သဖြင့် အနည်းငယ်နှမြောမိသည်။ နေရာလွတ်စွမ်းအားရှင်သေသွားသည့်အခါ ထိုသူ၏နယ်မြေထဲမှ အရာများကို ဘယ်သူကမှ မရယူနိုင်တော့ပေ။ ထို့ကြောင့် နေရာလွတ်စွမ်းအားရှင်များကို ကာကွယ်ပေးကာ ရှင်သန်စေခြင်း ဖြစ်သည်။

လင်းချင်းသည် သေသွားသည့် နေရာလွတ်စွမ်းအားရှင်ကို ကြည့်ပြီးနောက် အဝေးကနေ သူမတို့ကိုကြည့်နေသည့် ဝူယွဲ့လင်းလေးကို လှမ်းကြည့်လိုက်သည်။ 

ဝူယွဲ့လင်းသည် လင်းချင်းနှင့် အခြားနှစ်ယောက် ပြန်ရောက်လာတည်းက ကြည့်နေခြင်း ဖြစ်သည်။ သူမသည် လင်းချင်းဘေးနားက ရှဲ့တုန်းကို ကြောက်သဖြင့် အဝေးမှာသာ ရပ်နေခြင်း ဖြစ်သ်ည။ ဇွန်ဘီဖြစ်သောကြောင့် ကြောက်ခြင်းမျိုးမဟုတ်ဘဲ ဝူယွဲ့လင်းလေးမှာ လူများနှင့် ရင်းရင်းနှီးနှီးမရှိတက်လို့သာ ဖြစ်သည်။ စခန်းတွင်လည်း သူမသည် ဝူချန်းယွဲ့နှင့် မုန့်ယွဲ့တို့လောက်သာ သူမအနားသို့ အကပ်ခံသည်။ ရှောင်ယွင့်လုံကိုတောင်မှ စကားမပြောပေ။ လင်းချင်းနှင့် ရင်းနှီးသွားခြင်းသည် သူမအတွက် ခြွင်းချက်သာဖြစ်သည်။ သို့သော်လည်း လင်းချင်းအနားကသူများနှင့် ရင်းနှီးနိုင်သည်ဆိုသည့် အဓိပ္ပာယ်မဟုတ်ပေ။ 

လင်းချင်းသည် နေရာလွတ်စွမ်းအားရှင်၏နယ်မြေကို ခံစားမိနေသေးသည်။ သူသေသွားသော်လည်း သူ့နယ်မြေသည် ပျောက်မသွားသေးဘဲ သူ့အမြူတေထဲတွင် ရှိနေသေးပုံရသည်။ သူမသည် အမြူတေကိုဆွဲထုတ်ကာ ရှာကြည့်ချင်သော်လည်း အနည်းငယ်ရိုင်းသလို ဖြစ်နေမည့်အကြောင်း သိလိုက်သည်။ သူမ၏နယ်မြေထဲတွင် ကလေးမလေး ရှိနေသေးသည်။ သူမက အခြားသူခေါင်းကို ဖောက်ထုတ်တာမျိုးကို ကလေးမလေးအား အမြင်မခံနိုင်ပေ။

သို့သော်လည်း သူမသည် နယ်မြေထဲက ထွက်လို့မရသေးသည်ဖြစ်ကာ အပြင်မှာ အဆင့်ငါးဇွန်ဘီခေါင်းဆောင်က ဟွမ်ရှောင်းနှင့် အခြားသူများသေသည့် အခန်းထဲတွင် ဘာလုပ်နေမလဲ သိရရန် မျက်လုံးကို ပိတ်လိုက်သည်။

အဆင့်ငါးဇွန်ဘီခေါင်းဆောင်အပြင် အခြားအဆင့်သုံးဇွန်ဘီနှစ်ကောင်သည်လည်း ဒေါင့်တွင် နာခံစွာ ရပ်နေသည်။ ထိုဇွန်ဘီသုံးကောင်၏ ပါးစပ်တို့သည် သွေးများဖြင့် ပေကျံနေကာ အလောင်းသုံးခုသည် မြေပြင်ပေါ်တွင် ဗိုက်ဟောင်းလောင်းဖြင့် ခေါင်းပေါက်နေသည်။

ကမ္ဘာပျက်ခေတ်တွင် ဇွန်ဘီများသည် လတ်ဆက်သည့် လူသားနှင့် သွေးများကို စားရသောက်ရသည်ကို ကြိုက်ရုံသာမက လူဦးနှောက်များကို စားရသည်ကိုလည်း အထူးသဘောကျကြသည်။ အဆင့်ငါးဇွန်ဘီသည် လူ့အတွင်းကလီစာများနှင့် ဦးနှောက်တို့ကို စားရသည်ကို နှစ်ခြိုက်သည်။ ထို့​ကြောင့် အလောင်းများသည် ကမ္ဘာပျက်ခေတ်တွင် ပြန်ရှာတွေ့ပါက ဦးနှောက်နှင့် ဗိုက်တို့သည် ပွင့်ထွက်နေလေ့ရှိကြသည်။ လူများသည် မြင်ရုံဖြင့် ဒါကဇွန်ဘီစာဖြစ်သွားသည်ကို သိကြသည်။

ကြည့်ရုံဖြင့် အဆင့်ငါးဇွန်ဘီသည် သူမကိုလာရှာခြင်း ဖြစ်ကြောင်း သိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဇွန်ဘီခေါင်းဆောင်သည် သူမပေါ်လာသည့် ပြတင်းပေါက်နားတွင် အချိန်ကြာကြာ သွားလာလို့နေသောကြောင့်ပင်။

‘ဒီဇွန်ဘီက တကယ်ဇွဲရှိတာပဲ! တကယ်ကြီး ငါ့နောက်ကို လိုက်လာတာ’

လင်းချင်းသည် အနည်းငယ်ဆွံ့အသွားသည်။

သူမအပြင်သို့ ထွက်လို့မရမှတော့ သူမ၏နယ်မြေထဲတွင်သာ လုပ်ရတော့မည်။ ကလေးမလေးကိုလည်း မမြင်စေချင်သောကြောင့် သူမသည် ဝူယွဲ့လင်း၏အမြင်ကို ရှဲ့တုန်းအား ကာထားခိုင်းလိုက်သည်. သူမသည် ရှဲ့တုန်းအား စာရေးပြလိုက်သည်။

စာဖတ်ပြီးသည်နှင့် ရှဲ့တုန်းသည် လင်းချင်း၏အနောက်သို့ လျှောက်လာပေးကာ သူမအား ကာပေးထားသည်။ သူသည် ဝူယွဲ့လင်းအား မျက်နှာချင်းဆိုင်လိုက်ကာ လင်းချင်းအား သူ့နောက်ကျောတွင် ထားလိုက်ခြင်းဖြစ်သည်။

လင်းချင်းသည် အနောက်ကိုတစ်ချက်ကြည့်လိုက်ပြီး ဝူယွဲ့လင်း မမြင်နိုင်သည် သေချာမှ သူမ၏လက်သည်းများကို ထုတ်လိုက်ကာ နေရာလွတ်စွမ်းအားရှင်၏ခေါင်းကို သေသပ်စွာခွဲလိုက်သည်။ 

ခုနတုန်းက သူမသည် ဟွမ်ရှောင်း၏ခေါင်းမှ ပြင်းထန်သည့်အရှိန်အဝါတစ်ခုကို ခံစားမိသဖြင့် သူမသည် ထိုအမြူတေကို အမြန်ထုတ်လိုက်ပြီးမှ ရှဲ့တုန်းနှင့် ဒီနေရာလွတ်စွမ်းအားရှင်ကို သူမ၏နယ်မြေထဲသို့ ပို့လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမတွင် ထိုအရှိန်အဝါကို သေချာစူးစမ်းချိန် မရလိုက်ပေ။

အခုတော့ သူမသည် ခေါင်းကိုခွဲလိုက်သည့်အခါ တူညီသည့်အရှိန်အဝါကို ရလိုက်သည်။ အခြားဇွန်ဘီများက ခေါင်းကိုစားရတာ ကြိုက်သည်မှာ မထူးဆန်းပေ။ လူဦးနှောက်၏အနံ့သည် လူ့အသားနှင့်သွေးအနံ့နှင့် မတူညီပေ။ 

လူအသွေးအသားတို့သည် ချိုမြိန်သည့်အနံ့ဖြစ်သော်လည်း ဦးနှောက်အနံ့သည် စိတ်ရှင်းစေသည့် အနံ့မျိုးဖြစ်သည်။ ထို့အတူ ဦးနှောက်သည် ပိုအရသာရှိမည့်ပုံ ပေါ်သည်။ ဘယ်သူကမှ ပြောပြစရာမလိုအောင် သူမ၏အသိစိတ်က သိနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဦးနှောက်သည် အသွေးအသားထက် ပိုဆွဲဆောင်နိုင်သည်။

လင်းချင်းသည် ဒီအနံ့ကြောင့် သူမ၏စိတ်လေးလာသလို ဖြစ်သွားရုံသာမက ရှဲ့တုန်းသည်လည်း ဒီအနံ့ကြောင့် လှည့်လာက အနံ့ကို အဝရှုနေသည်။ လင်းချင်းသည် ရှဲ့တုန်းကို လက်ဖြင့်ပြန်တွန်းလိုက်ကာ သူမကိုယ်တိုင်လည်း အသက်အောင့်လိုက်သည်။ သူမသည် အသက်ရှုစရာလိုမလိုမသိသော်လည်း အသက်ကိုအောင့်သာထားလိုက်သည်။

အမြူတေကို ထုတ်ပြီးသည့်အခါ လင်းချင်းသည် အပြင်က အဆင့်ငါးဇွန်ဘီ အခြေအနေကို တစ်ချက်ကြည့်လိုက်သည်။ ထိုအကောင်သည် ပြတင်းပေါက်ကနေ ခုန်ထွက်ဖို့ ပြင်နေပြီဖြစ်သည်။ ဇွန်ဘီထွက်သွားသည်နှင့် သူမသည် နေရာလွတ်စွမ်းအားရှင်၏ အလောင်းကို လျင်မြန်စွာ ပစ်ထုတ်လိုက်သည်။

ရှဲ့တုန်းသည် လင်းချင်းက သူမကိုယ်ကို သွက်လက်စွာ လှုပ်ရှားလိုက်သည်ကို မြင်လိုက်ပြီးနောက် သူမ၏လက်ထဲမှ အလောင်းသည် ပျောက်ကွယ်သွားခြင်းကို မျက်မြင်တွေ့လိုက်ရသည်။ သူ့မျက်လုံးထဲတွင် လင်းချင်းသည် ထွက်မသွားဘူးဟု မြင်လိုက်တာ ဖြစ်သည်။ လင်းချင်းသည်သာ သူမလည်း အပြင်ထွက်သွားကြောင်းကို သိရှိလေသည်။ သူမ၏လှုပ်ရှားမှုများက လျင်မြန်ကာ ဆက်တိုက်ဖြစ်သဖြင့် ရှဲ့တုန်း၏မျက်လုံးထဲတွင် သူမက ကိုယ်ကိုလှုပ်လိုက်သလောက်သာ မြင်ရခြင်း ဖြစ်သည်။

အဆင့်သုံးဇွန်ဘီနှစ်ကောင်သည် အခန်းထဲမှ မထွက်သေးသည်ဖြစ်ရာ လင်းချင်း၏အနံ့ကို ရလိုက်သော်လည်း သူမကိုမမြင်လိုက်ဘဲ အလောင်းတစ်ခုသာ လေထဲကနေ ပြုတ်ကျလာသည်ကို မြင်လိုက်ရသည်။ ဇွန်ဘီများ၏ မျက်လုံးထဲတွင် အလောင်းသည်လည်း အစာဖြစ်သောကြောင့် အလောင်းကိုမြင်သည်နှင့် ချက်ချင်းခုန်အုပ်ကြသည်။

လင်းချင်းကတော့ ကိုယ်ထင်တောင်မပြလိုက်ဘဲ ချက်ချင်းနယ်မြေထဲသို့ ပြန်ဝင်လာတာဖြစ်သည်။ အလောင်းကိုပစ်ပြီးမှ သူမရော ရှဲ့တုန်းရော သက်ပြင်းချနိုင်သည်။ သူတို့သည် နယ်မြေထဲမှ ဒီအနံ့မပျောက်ခင် မနေနိုင်စွာ အဝရှုမိလိုက်ကြသည်။

အနံ့၏နှောင့်ယှက်မှုမရှိတော့သည့်အခါ လင်းချင်းသည် သူမ၏လက်ထဲမှ အမြူတေကို သေချာစူးစမ်းနိုင်ပြီ ဖြစ်သည်။ သူမသည် လက်ဝါးပေါ်တွင် တင်ထားကာ အရင်လို အငွေ့ပျံသွားမည် စိုးရိမ်သဖြင့် လက်သည်းဖြင့်မထိုးရဲသေးပေ။

သို့သော်လည်း အမြူတေသည် သူမ၏လက်ဝါးပေါ်သို့ တင်လိုက်သည်နှင့် ချက်ချင်းအပူလှိုင်းတစ်ခုထွက်လာကာ အရင်က အဆင့်သုံးဇွန်ဘီအမြူတေလိုပင် သူမ၏လက်ထဲတွင် စုပ်ယူခံလိုက်ရသည်။
Previous Chapter 44 of 198 Next