May Honey Logo May Honey
Previous Next

၁၃၀။ မိသားစု၏အနံ့

တူယွမ်ရှင်းနှင့် လုံချင်းယင်တို့သည် လင်းချင်းနှင့် ချူးလီလီတို့က အမိုးများပေါ်ကနေ ခုန်ချကာ ဆင်းသွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ သူတို့လို လူသားများအနေဖြင့် ဒီအဆောက်အဦး၏ လှေကားမှနေသာ ပြေးဆင်း၍ရနိုင်မည်။

လူသားနှစ်ယောက်က လှေကားမှ အမြန်ပြေးဆင်းနေချိန်တွင် လင်းချင်းနှင့် ချူးလီလီတို့သည် ထိုအဖွဲ့နားသို့ ရောက်သွားပြီ။ လင်းချင်းသည် အနားက အဆောက်အဦးပေါ်ရောက်သည့်အခါ ကိုယ်ဖျောက်လိုက်သည်။ ထို့နောက် ကားများအနားသို့ ခုန်ဆင်းသွားသည်။ 

ဇွန်ဘီအုပ်ကို ရှင်းပြီးသည့်အခါ ကားထဲမှနေ လူများသည် အဖွဲ့လေးများအဖြစ် အနားတွင် သွားလာနေကြပြီ။

“အား အပေါ့သွားရမယ်။ နောက်ဆုံးမှပဲ. . .”

“ငါရောပဲ. . .”

“ပင်လယ်မြို့တော်ထဲကို ရောက်နေမှတော့ ဘာဖြစ်လို့ မလှုပ်ရှားသေးတာလဲ? ခေါင်းဆောင်ယန်က ဘာတွေတွေးနေလဲ မသိဘူး။ ဘာဖြစ်လို့ ရှင်လျှက်ဖမ်းရမှာလဲ? အကုန်သတ်လိုက်ရင် ပြီးနေတာမလား?”

“မင်းဘာသိလို့လဲ? သူကလင်းဖန်းတို့ မိသားစုကို သေစေချင်တာ မဟုတ်ဘူး။ ကြည့်ရတာ ဒီလူတွေက အသုံးဝင်သေးလို့နေမှာ”

“ဘာဖြစ်လို့လဲ? သူ့ကိုကောင်းကောင်းဆက်ဆံပေးခဲ့လို့ အရှင်ထားချင်တာလား?”

“ဟာ ပေါက်ကရတွေ ပြောမနေနဲ့။ သူက ဒီလိုလုပ်တာ အကြောင်းရှိမှာပေါ့။ ခနနားပြီး ပြန်သွားရအောင်။ မြန်မြန်လုပ်”
ဒါကိုကြားသည့်အခါ လင်းချင်းသည် ဒီလူများသည် အပေါ့သွားရန် ထွက်လာကြသည့်အဖွဲ့မှန်း သိလိုက်သည်။ လင်းချင်းသည် ယန်ကျင်းဟွာက သူမ၏မိသားစုကို တစ်ချိန်လုံး လိုက်နေခြင်းကို သိသွားသည်။ သူကရှင်လျှက်ဖမ်းချင်တာ ဖြစ်သည်။ ဒါပင်မယ့် ဘာဖြစ်လို့လဲ?

သူမသည် အဖြေမသိသဖြင့် ကားများဆီသို့ သွားလိုက်သည်။ သူမသည် အလယ်ကကားကို ရွေးလိုက်ကာ ကားခေါင်မိုးပေါ်သို့ တက်လိုက်သည်။ ထို့နောက် လှဲချကာ နားထောင်ကြည့်သည်။

“သူတို့ကို တွေ့ပြီလား?”

“တွေ့ပါပြီ ဆရာ။ သူတို့က နှစ်မိုင်အကွာက ဂိုထောင်ထဲမှာပါ”

“အရမ်းကပ်မသွားနဲ့။ လင်းဟောင်က အာရုံခံကောင်းတယ်။ သူချက်ချင်းသိသွားလိမ့်မယ်။ ငါးရာမီတာအကွာက သစ်ပင်တွေပေါ်မှအစ နေရာယူထားကြ”

“ဟုတ်ကဲ့ပါ”

“လှုပ်ရှားရမယ့်အချိန်ပဲ။ လင်းဖန်က ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားတယ်။ သူမရှိရင် ငါ့ဆီကနေ သူတို့ထွက်ပြေးရမှာ မဟုတ်တော့ဘူး”

ကားထဲက အသံများသည်တိုးသော်လည်း လင်းချင်းက ကြားလိုက်သည်။ သူမသည် မျက်ခုံးကျုံ့လိုက်သည်။ လင်းဖန်းက ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေပုံရသည်။ သူ့အသံအရဆိုလျှင် ဒီလူသည် ယန်ကျင်းဟွာ ဖြစ်လိမ့်မည်။ ဘာကြောင့်မှန်းမသိ လင်းချင်းသည် ဒီအသံကို ရင်းနှီးနေသည်။   ‘နားကြားမှားတာလား? ငါမှ ယန်ကျင်းဟွာကို မသိတာ။ ဘယ်လိုလုပ်ပြီးတော့ သူ့အသံကို ရင်းနှီးနေတာလဲ?’

ထိုအချိန်တွင်ပဲ အပေါ့သွားသည့်သူများသည် ကားပေါ်သို့ ပြန်ရောက်လာကြသည်။

ကားတံခါးများ ပိတ်သွားသည်နှင့် နှစ်မိနစ်လောက်ကြာသည့်အခါ ဘယ်ဘက်က ကားသည် မောင်ထွက်သွားသည်။ လင်းချင်းသည် ချက်ချင်းထကာ နှစ်လှမ်းလောက်ပြေးပြီးနောက် ထိုကားအပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် ယန်ကျင်းဟွာ၏ အသံထွက်လာသည့် ကားသည်လည်း ထွက်လေပြီ။ ထို့နောက် ကားအားလုံးသည် မောင်းထွက်ကြသည်။

မကြာခင်တွင် လင်းချင်းသည် ဒီကားများသည် ဦးတည်ချက်မတူကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ကားပေါ်က ခုန်ချကာ အနားက သစ်ပင်ပေါ်သို့ တက်လိုက်သည်။ ထို့နောက် အနီးဆုံး အဆောက်အဦးပေါ်သို့ ခုန်တက်သည်။ သူမသည် ဆယ်မီတာအမြင့်ကို မခုန်နိုင်သေးသော်လည်း မီတာနည်းနည်းလောက်ကတော့ သူမအတွက် လွယ်ကူသည်။

သူမသည် သုံးထပ်တိုက်ပေါ်သို့ ရောက်သည့်အခါ လက်သည်းများထုတ်လိုက်ပြီးနောက် မျောက်တစ်ကောင်လို ထိုတိုက်ဘေးမှ ပိုမြင့်သည့် အဆောက်အဦးကိုတက်သည်။ မကြာခင်တွင်ပဲ သူမည် အမိုးပေါ်သို့ ရောက်သွားကာ အမြင့်ဆုံးနေရာမှနေ ကားများ၏ လမ်းကြောင်းကို ကြည့်လိုက်သည်။ ခနကြာသည့်အခါ အလည်က ကားသည် ဖြည်းဖြည်းချင်း သွားနေသည်ကို တွေ့လိုက်ရသည်။ ကျန်သည့်ကားများက ကွေ့ပတ်သွားနေကြသော်လည်း ဦးတည်ချက်ကတော့ တစ်နေရာတည်းပင်။

သူမသည် လေထဲတွင် အနံ့ခံကြည့်သည့်အခါ ထိုဘက်မှ လူသားအနံ့ကိုရသည်။ ဆိုလိုသည်မှာ လင်းဖန်တို့မိသားစုသည် ထိုနေရာတွင် ရှိနေသည်ဆိုသည့် အဓိပ္ပါယ်ပင်။ လင်းချင်းသည် ထိုလူသားအနံ့များကို သူမအရမ်းအရမ်းကို ရင်းနှီးနေသည်။ လင်းချင်းသည် သူမ၏မိသားစုအနံ့ကို ဘယ်တုန်းကမှ အာရုံမစိုက်မိသည်မှာ အသားကျနေသောကြောင့် ဖြစ်နိုင်သည်။ သို့သော်လည်း သူမ၏အနံ့ခံအာရုံကောင်းလာသည့်အခါ မိသားစု၏အနံ့ကို သူမမှတ်မိလိုက်သည်။

ဇွန်ဘီဖြစ်လာသည့်အခါ သူမ၏အနံ့ခံအာရုံသည် အရင်ကထက် ထောင်ချီအောင် ကောင်းလာသည်။ ထို့ကြောင့် အနံ့များသည် အရမ်းသိသာသည်။ သူမသည် ဒီအနံ့များကို ရင်းနှီးနေရုံသာမကဘဲ သူတို့ဆီက အခြားအနံ့များကိုပါ အာရုံခံမိသည်။ သူမသည် သက်ဆိုင်သည့်အာရုံတစ်ခုကို ခံစားမိသည်။

‘မိသားစု’
ထိုစကားလုံးက သူမ၏စိတ်ထဲတွင် ပေါ်လာသည်။

နေကာမျက်မှန်အောက်မှ သူမ၏မျက်လုံးများသည် အစိမ်းရောင် တောက်လာသည်။ ရုတ်တရတ် သူမ၏မျက်စံများသည် စိမ်းသွားကာ အစိမ်းရောင်အလင်းသည် နေကာမျက်မှန်ကို ဖြတ်ကာထွက်လာသည်။ တစ်စုံတစ်ယောက်သာ သူမ၏အရှေ့တွင် ရပ်နေပါက နေကာမျက်မှန်ကို ဖြတ်လာသည့် အစိမ်းရောင်ဖျော့ဖျော့မျက်စံများကို လှမ်းမြင်နိုင်မှာ ဖြစ်သည်။

လင်းချင်းသည် စိတ်လှုပ်ရှားစွာဖြင့် လူသားအနံ့ရှိရာသို့ အဆောက်အဦးပေါ်မှ ခုန်ဆင်းကာ သွားလိုက်သည်။

. . .

ဂိုထောင်ထဲတွင် ယန်းကျင်းဟွာနှင့် လင်းချင်းတို့ လိုက်နေသည့် လင်းဖန်သည် ထောင့်တစ်ခုမှာ လှဲနေသည်။ ကလေးမလေးနှင့် ကလေးမျက်နှာလေးဖြင့် ချန်းဝမ်ရှုတို့သည် သူ့ဘေးတွင် စိတ်ပူစွာဖြင့် ရှိနေကြပြီးတော့ ကျန်သည့်သူများကတော့ ပူဆွေးစွာဖြင့် သူ့ကိုကြည့်နေသည်။

လင်းဟောင်နှင့် အခြားဒဏ်ရာရထားသည့် တပ်သားအချို့သည် လင်းဖန်းကို ကျောပေးကာ စောင့်နေကြသည်။ သူတို့သည် ပတ်ဝန်းကျင်ကို အာရုံစိုက်ထားသော်လည်း လင်းဖန်ကို စိတ်ပူစွာဖြင့် လှည့်ကြည့်တက်ကြသည်။

“ဖေဖေ ဖေဖေ ဘယ်လိုနေလဲ? ဖေဖေ မသေရဘူးနော်”   ကလေးမလေးသည် လင်းဖန်၏ရင်ဘတ်ကို မျက်နှာအပ်ကာ ငိုရင်းဖြင့် ပြောသည်။

လင်းဖန်သည် မလှုပ်နိုင်သော်လည်း စိတ်ကတော့ ကြည်နေသေးသည်။ သူသည် အတင်းပြုံးလိုက်ကာ သူ့သမီးအား နှစ်သိမ့်ပေးသည်။   “ရှောင်လု အဆင်ပြေပါတယ် ဖေဖေက သမီးကိုမထား. . .အဟွတ်. . .ဖူး”

သို့သော်လည်း စကားမဆုံးခင် ချောင်းဆိုးကာ ဖြူဖျော့နေသည့်မျက်နှာမှ သွေးအန်ထွက်လာသည်။ အခြားသူများသည် ကြောက်လန့်ကုန်ကြသည်။

“လင်းဖန် စကားမပြောနဲ့”

“ဖေဖေ”   လင်းရှောင်လုသည် အော်မငိုဘဲ မနေနိုင်တော့ပေ။

ချန်းဝမ်ရှုသည်လည်း မျက်ရည်များကျနေသော်လည်း သူမသည် ပြတ်သားနေသည်။ လင်းဖန်၏လက်ကို ကိုင်ထားကာ အံကြိတ်ရင်း   “သေချာပေါက်ကို အဲ့ခွေးကောင်ကို ငါသတ်မယ်။ ငါတို့ကို အရူးလုပ်နေတာ ကြာပြီ ငါတို့ကို နှစ်အကြာကြီး လိမ်ထားတာ သူ့ကိုသတ်ပစ်မယ် ငါတကယ်သတ်ပစ်မှာ”

“ဝမ်ရှု စိတ်အေးအေးထား လင်းဖန်လည်း စိတ်တိုတာပဲလေ။ အဲ့ဒါကြောင့် ယန်ကျင်းဟွာက သူ့ကိုထိခိုက်အောင်လုပ်ခွင့်ရသွားတာ။ နင်ပါထပ်ထိခိုက်လို့ မဖြစ်ဘူး ငါတို့ပင်လယ်မြို့တော်နားကို ရောက်နေပြီ။ ပြီးတော့လည်း အားဖြည့်ပေးမယ့်တပ်ဖွဲ့တွေ ရောက်လာတော့မှာ လင်းဖန်လည်း ပင်လယ်မြို့တော်ရောက်တဲ့အထိ တောင့်ခံနိုင်ရင် အဆင်ပြေမှာပါ”   လင်းဝမ်ဝမ်သည် ချန်းဝမ်ရှု၏ ပုခုံးများကိုဖက်ကာ အလျင်စလို တစ်ယောက်တည်း ထွက်တိုက်မည်စိုး၍ ပြောနေရသည်။  
Previous Chapter 130 of 198 Next