May Honey Logo May Honey
Previous Next

၃၃။ အသင်းဖော်များ၏ သစ္စာဖောက်မှု

ကောင်းကင်မှ မီးလိုအလင်းတန်းများက ကျဆင်းနေသည်။ ထိုမီးများသည် နေ့အချိန်တွင် အမြင်ပျက်လောက်မဟုတ်သော်လည်း အရမ်းပူလောင်လွန်းသည်။ မြေပြင်တွင်တော့ နေရာတိုင်းက လောင်မြိုက်နေသလိုပင်။
ရှဲ့တုန်းနှင့် အခြားလေးယောက်တို့သည် အဖွဲ့လိုနေရာယူကာ ဇွန်ဘီအား သူတို့၏ စွမ်းအားများဖြင့် အတက်နိုင်ဆုံး ခုခံနေသည်။ ထိုအချိန်တွင် ကျန်သည့်ငါးယောက်သည် ရူးမတက် ကြောက်ရွံ့နေကာ စိတ်ပျက်ခြင်းများက မျက်လုံးထဲတွင် ပေါ်လွင်နေသည်။
ထိုအဖွဲ့သည် အဆင့်လေးတစ်ယောက်၊ အဆင့်သုံးတစ်ယောက်နှင့် အဆင့်နှစ်သုံးယောက်တို့ပါဝင်သည့် စွမ်းအားရှင်အဖွဲ့ဖြစ်သည်။ စခန်းအပြင်တွင် ထိုအဖွဲ့သည် အဆင့်လေးဇွန်ဘီကို ခုခံနိုင်မည့် အခွင့်အရေးမရှိပေ။ သို့သော်လည်း သူတို့မှာ အခုအဆင့်လေးတောင်မဟုတ်ဘဲ အဆင့်ငါးဇွန်ဘီကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။
သူတို့ငါးယောက်သည် သာမန်ဇွန်ဘီများဝိုင်းခံရပြီးနောက် အဆင့်ငါးဇွန်ဘီ၏ ထိန်းချုပ်မှုအောက်တွင် ထိုသာမန်ဇွန်ဘီများက သူတို့အား ရူးသွပ်စွာ ခုန်ကိုက်နေကြခြင်း ဖြစ်သည်။ ထိုဇွန်ဘီများသည် သူတို့အား အစာလိုမြင်ကြကာ လောဘတကြီး ပါးစပ်များကိုဖြဲလျှက် သူတို့အား ဆွဲဖြဲရန် လက်များကို ပြင်ဆင်ထားကြသည်။
ရှဲ့တုန်းနှင့် အခြားလေးယောက်သည် စက်ဝိုင်းသဖွယ် နေရာယူကာ သူတို့အားခုန်အုပ်နေသည့် ဇွန်ဘီများကို သူတို့အစွမ်းဖြင့် နှိမ်နှင်းနေကြသည်။ ဟွမ်ရှောင်း၏ လေစွမ်းအင်အကူအညီဖြင့် ရှဲ့တုန်းသည် မီးနံရံကြီးကို ဖန်တီးထားကာ သူ့၏အသင်းဖော်များနှင့် သူ့ကိုယ်သူကာကွယ်ထားသည်။ အနားကပ်လာသည့် ဇွန်ဘီများဖြင့် မီးဖြင့်လောင်ကျွမ်းကုန်ကြသည်။
ဇွန်ဘီများ၏နောက်တွင်တော့ အရိုးပေါ်အရေတင် သဏ္ဍာန်တစ်ခုသည် သတ်ချင်စိတ်ကြီးမားနေသည့် မျက်လုံးများဖြင့် တောက်ပနေသည်။ ထိုအရာသည် အသက်လေးဆယ် ငါးဆယ် လူတစ်ယောက် ဖြစ်ခဲ့ပုံရသော်လည်း ကိုယ်ကတော့ ပြောင်းလဲသွားပြီ ဖြစ်သည်။ ထိုအရွယ်တွင် ဆိုးဝါးစွာ သေဆုံးသွားကာ မူလလူပုံစံက ဘယ်လိုရှိမှန်းတောင် ပြောရန်ခက်သည့် ပုံဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် သူ့၏အနက်ရောင်မျက်လုံးများသည် အနီရောင်အလင်းဖြင့် တောက်ပလာသည်။ ထိုအလင်းသည် မျက်လုံးထဲတွင် ကန့်လန့်ဖြစ်နေသဖြင့် သူ့၏မျက်လုံးများသည် ကြမ်းတမ်းသည့် သားရဲသဖွယ် ဖြစ်နေသည်။

ထိုသတ္တဝါသည် ခြေနှစ်ချောင်းအထက်ရှိကိုယ်မှ လက်များသည် တွဲလောင်းကျနေသဖြင့် ကွေးကွေးကောက်ကောက်ကြီးရပ်နေခြင်း ဖြစ်သည်။ ထိုသတ္တဝါ၏ လက်သည်းများသည် သုံးဒက်စီမီတာလောက် ရှည်လျားကာ အလွန်မာပုံရသည်။

မျက်လုံးအနက်တွင် အနီရောင်တောက်နေသည့်အပြင် ထိုဇွန်ဘီ၏ပါးစပ်သည်လည်း နားရွက်အထိ ပြဲနေသေးသည်။ အခုက ပါးစပ်မဟသေးသော်လည်း ထိုပါးစပ်နေရာမှ သွေးကြောင့်များကြောင့်သာ မှန်း၍ရခြင်း ဖြစ်သည်။

ထိုအရာသည် သာမန်ဇွန်ဘီများကြားမှ သဘာဝလွန်စွမ်းအားရှင်များကို ကြည့်နေသည်။ သူ့၏မျက်လုံးများထဲတွင် အခြားဇွန်ဘီများထက် မလျော့နည်းသည့် စားချင်စိတ်တို့က ဖုံးကွယ်၍ မရပေ။ ဉပမာ သူ့ဘေးနှစ်ဖက်တွင် ခြံရံလျှက်ရှိသည့် ဇွန်ဘီနှစ်ကောင်ထက် ပိုလေသည်။

အဆင့်ငါးဇွန်ဘီသည် အရမ်းသန်မာသောကြောင့် အသိညဏ်ရှိဇွန်ဘီများသည် သူ့ဆန္ဒကို ဆန့်ကျင်ကာ မလုပ်ရဲကြပေ။ မဟုတ်လျှင် သူတို့သည် အသားတုံးများအဖြစ် ဆွဲဖြဲခံရကာ သူတို့၏အမြူတေသည်လည်း ပျောက်ကွယ်သွားမှာ ဖြစ်သည်။

ထိုအချိန်တွင် ရှဲ့တုန်းနှင့် အခြားလူများသည် သူတို့အရှေ့က ဇွန်ဘီများကို တည်ငြိမ်စွာဖြင့် တိုက်ခိုက်နေကြပြီး အဆင့်လေးဇွန်ဘီ၏လက်ချက်ဟုသာ မျှော်လင့်မိနေကြသည်။ စိတ်ပျက်နေကြသော်လည်း သူတို့သည် အလျှော့မပေးဘဲ ဆက်လက်တိုက်ပွဲဝင်နေကြဆဲပင်။ ရူးသွပ်နေသည့် ဇွန်ဘီများက မီးနံရံထဲသို့ တိုးဝင်နေသည့်အချိန်တွင် သူတို့ဘယ်လို ထွက်ပြေးရလဲ အကြံထုတ်နေရသည်။ သို့သော်လည်း လူတိုင်းနားလည်သည်က အဆင့်ငါးဇွန်ဘီဆီမှ သူတို့ပြေးမရကြောင်းကိုပင်။

သူတို့အဖွဲ့သည် ဆယ်ယောက်ကျော်ရှိသော်လည်း အခုတွင်တော့ သန်မာသည့် ငါးယောက်သာ ရှင်ကျန်နိုင်သေးသည်။ ကျန်သည့်အသင်းဖော်များသည် ဇွန်ဘီအုပ်၏ အစာဖြစ်သွားခဲ့ပြီ။ ထို့ကြောင့် ရှဲ့တုန်းသည် ထိုနေ့တုန်းက သူ့အသိစိတ်အရ အဖွဲ့သားများကို စစ်တပ်ဆီသို့ ခေါ်မသွားနိုင်ခြင်းအား နောင်တရနေမိသည်။ အခုတော့ သူ့အသိစိတ်သည် တကယ်ဖြစ်လာလေပြီ။ ထိုအချိန်တုန်းက အန္တရာယ်များသည့် ခံစားချက်သည် အဆင့်ငါးဇွန်ဘီ၏ ပစ်မှတ်ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

သူတို့ငါးယောက်သည် အခုတော့ ဘာစကားကမှ အသုံးမဝင်နိုင်သောကြောင့် ပါးစပ်ကို မဟကြတော့ပေ။

ထိုအချိန်တွင် ဟွမ်ရှောင်း၏ မျက်လုံးထဲတွင် ယုတ်မာသည့် ခံစားချက်က ပေါ်လာသည်။ သူ့ဘေးက ရှဲ့တုန်းကို တစ်ချက်ကြည့်ပြီးနောက် ကျန်သည့်သူများကို မျက်စိမှိတ်ပြလိုက်သည်။ ထိုလူများကလည်း နားလည်းကြောင်း ပြန်အချက်ပြကြသည်။

ရှဲ့တုန်းသည် အလွန်ပင်ပန်းနေပြီဖြစ်သည်။ သူ့၏စွမ်းအားကို အများကြီးသုံးထားရသဖြင့် အခုဆိုလျှင် ပင်ပန်းလွန်း၍ စွမ်းအင်က မထွက်တော့မတက် ဖြစ်နေပြီ။၊ သို့သော်လည်း သူ့မှာ မရပ်ရဲရှာပေ။ သူရပ်လိုက်သည်နှင့် အခြားသူများက ဇွန်ဘီအစာဖြစ်ဖို့ စက္ကန့်သုံးဆယ်တောင် ခံမည် မဟုတ်သည်ကို သူသိသောကြောင့်ပင်။

ထို့အတူ ဇွန်ဘီခေါင်းဆောင်နှင့် သူ့ဘေးမှ အသိညဏ်ရှိဇွန်ဘီများသည် အခုအထိ မလှုပ်ရှားသေးပေ။ သူတို့သည် ရှဲ့တုန်းနှင့် အဖွဲ့သားများ မောပန်းနွမ်းနယ်လာမည့်အချိန်ကိုသာ စိတ်ရှည်စွာဖြင့် သည်းခံကာ ငြိမ်စောင့်နေကြခြင်း ဖြစ်သည်။

“ငါထပ်မခံနိုင်တော့ဘူး! ငါ့အစွမ်းက ကုန်တော့မယ်။ ငါတို့ရှင်သန်ဖို့ တခြားနည်းတွေးဖို့လိုပြီ!”
ရှဲ့တုန်းသည် အလွန်ပင်ပန်းနေသော်လည်း သူ့မျက်နှာသည် တည်ငြိမ်နေဆဲဖြစ်သည်။ ချွေးများက နဖူးကနေ မေးစေ့အထိ စီးကျနေသည်။

ထိုအခါ ဟွမ်ရှောင်း၏မျက်လုံးများသည် တောက်ပသွားသည်။ သူသည် အခြားသုံးယောက်ကို အချက်ပြခေါင်းငြိမ့်လိုက်ကာ ရှဲ့တုန်းကိုကြည့်ပြီး

“အချိန်နည်းနည်းပိုနိုင်မယ့် အကြံတစ်ခုရှိတယ် ဒါပင်မယ့်. . .”

သူပြောသည်ကိုကြားသည့်အခါ ရှဲ့တုန်းသည် ဝမ်းသာသွားသည်။ ဟွမ်ရှောင်းမှာ အကြံကောင်းရှိသည်ဟု သူယုံကြည်သွားမိခြင်း ဖြစ်သည်။
“ဘာအကြံလဲ?”

သူအမြန်မေးလိုက်သည်။

အထင်သေးမှုက ဟွမ်ရှောင်း၏ မျက်နှာထက်တွင် ပေါ်လာပြီး

“အကြံကတော့. . .ခင်ဗျားကြီးကို ဒိုင်းအဖြစ်သုံးဖို့ပဲ!!!”
ပြောနေစဉ်တွင် သူ၏စွမ်းအားများကို ရုတ်သိမ်းလိုက်ကာ ရှဲ့တုန်းအား အပြင်သို့ရောက်အောင် လှည့်ကန်လိုက်သည်။ ထို့နောက်တွင်တော့ သူတို့လေးယောက်သည် အချင်းချင်းလက်တွဲကာ ပျောက်ကွယ်သွားကြသည်။

ရှဲ့တုန်းသည် ခုခံချိန်မရဘဲ ကန်ထုတ်ခံရသည်ကို ဘေးကနား ဇွန်ဘီများမြင်သော် ခနတန့်သွားကြပြီးနောက် ရှဲ့တုန်းအား ပြင်းထန်စွာ ခုန်အုပ်ကြတော့သည်။ ဟွမ်ရှောင်းနှင့် အခြားသူများသည်တော့ ဒါကိုအခွင့်အရေးလို အသုံးချကာ မျက်စိတစ်မှိတ်အတွင် ပျောက်သွားကြသည်။

ရှဲ့တုန်းသည် ကန်ထုတ်ခံလိုက်ရသဖြင့် မျက်နှာမှာ အလွန်မည်းသည်းသွားသည်။ သူ့အသင်းဖော်များက သူ့ကိုသစ္စာဖောက်လိမ့်မည်ဟု ဘယ်တုန်းကမှ သူမထင်ခဲ့ပေ။ သို့သော်လည်း ကံကောင်းသည်မှာ အထူးတပ်ဖွဲ့ထဲတွင် တာဝန်ထမ်းဆောင်ရတုန်းက အတွေ့အကြုံများကြောင့် ကန်ထုတ်ခံရသည်နှင့် အလိုအလျှောက် တုန့်ပြန်စွမ်းက ထွက်ပေါ်လာသည်။

ကန်ထုတ်ခံရသည့်အခါ လေထဲတွင် မီးလုံးများကို အလျှင်အမြန်ထုတ်လိုက်ကာ သူ့ကိုယ်သူ ကာကွယ်ထားလိုက်သည်။ သူ့ကိုခုန်အုပ်သည့် ဇွန်ဘီများသည် ထိုမီးလုံးများကြောင့် လောင်ကျွမ်းကုန်တော့သည်။

“ဟွမ်ရှောင်း!!!”
ရှဲ့တုန်းသည် မယုံကြည်နိုင်စွာဖြင့် ဟွမ်ရှောင်း၏အမည်ကို အံကြိတ်ကာ အမုန်းဖြင့် ခေါ်လိုက်သည်။

ဟွမ်ရှောင်းက သူ့ကိုမကြည်ကြောင်းကို သူအမြဲသိခဲ့သော်လည်း သစ္စာဖောက်သည့်အထိ ဆိုးဝါးလိမ့်မည်ဟု သူမထင်ခဲ့ခြင်းပေ။ ဟွမ်ရှောင်းသည် သူ့အား ဇွန်ဘီအစာတောင် လုပ်သွားခဲ့သည်။

သူတို့ထဲတွင် နေရာလွတ်စွမ်းအားရှင်တစ်ဦးပါကာ ထိုနယ်မြေတွင် လေရှိသဖြင့် သူတို့ဝင်ပုန်းနေ၍ ရသည်။ ရှဲ့တုန်းက ဒါကိုမသိခဲ့ပေ။ ဒီလူများက ဟွမ်ရှောင်းဘေးတွင်သာ အမြဲကပ်နေကြကာ သူ့ကိုဖယ်ထားခြင်း ဖြစ်သည်။ သူတို့သည် ဒီစွမ်းအားကို လျို့ဝှက်ချက်အဖြစ် ရှဲ့တုန်းအား ဖုံးကွယ်ထားကြကာ ကန်ထုတ်လိုက်ကြခြင်းပင်။

သူ့မှာတော့ ဒီလူများကို ပင်ပန်းစွာ ကာကွယ်ပေးနေခဲ့ရသော်လည်း သူတို့ကတော့ သူ့အားသွေးအေးရက်စက်စွာဖြင့် ကျေးဇူးကန်းစွာ ကန်ထုတ်လိုက်ကြသည်။ ရှဲ့တုန်းသည် အခုမှ ဒီလူများက သူ့အင်အားကုန်သည့်အထိ စောင့်နေကြကာ သူ့ကိုသေအောင်လုပ်ကြောင်း သိလိုက်ရတော့သည်။

သူတို့သည် တစ်ချိန်လုံး သူ့ကိုသတ်ရန် အကြံထုတ်ခဲ့ခြင်း ဖြစ်သည်။ သူတိုက်နေတုန်းက ဒီလူများသည် အစွမ်းကုန်ထုတ်မတိုက်ကြခြင်းကို သူအခုမှနားလည်သွားသည်။ သူ့မှာဟွမ်ရှောင်းလည်း အားပြတ်တော့မလားဟု ဖြေတွေးပေးနေခဲ့ရသော်လည်း အထင်မှားနေမိကြောင်းကို သိလိုက်ရသည်။

Previous Chapter 33 of 198 Next